ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံထိပ္သီး ညီလာခံတက္မည္

၂၀၁၉ ဇြန္လတုန္းက ေဒၚေအာင္ဆန္းစုၾကည္ ASEAN ထိပ္သီးအစည္းအေဝး တက္ေရာက္ရန္ ထိုင္းႏိုင္ငံသို႔ထြက္ခြာ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအသင္း ASEAN ရဲ႕ ၃၅ၾကိမ္ေျမာက္ ထိပ္သီးအစည္းအေဝးတက္ဖုိ႔ မနက္ျဖန္မွာ ထြက္ခြာေတာ့မွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အာဆီယံထိပ္သီး စည္းေ၀းပဲြအျပင္ တျခား ဆက္ႏြယ္ေနတဲ့ စည္းေ၀းပြဲေတြကုိ တက္တာအျပင္ ဒီ ထိပ္သီးစည္းေ၀းပြဲကုိ လာတက္ၾကတဲ့ သက္ဆုိင္ရာ ႏုိင္ငံအသီးသီးက ေခါင္းေဆာင္ေတြနဲ႔လည္း သီးျခားေတြ႔ဆံုသြားဖို႔ရွိပါတယ္။ လက္ရွိမွာ ရခုိင္ျပည္နယ္အတြင္း ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြေၾကာင့္ ျမန္မာႏုိင္ငံဟာ ႏုိင္ငံတကာရဲ႕ အာရုံစုိက္၊ ဖိအားေပးမႈေတြ ရင္ဆုိင္ေနရတာေၾကာင့္ အာဆီယံလုိ ေဒသတြင္းႏုိင္ငံေတြ႔ရဲ႕ ေထာက္ခံမႈရလာေအာင္ နည္းလမ္းသစ္ေတြ ရွာေဖြ လုပ္ေဆာင္ဖုိ႔ လုိအပ္ေၾကာင္း ႏုိင္ငံေရးေလ့လာသူေတြက ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္ထက္က တင္ျပေပးပါမယ္။

အာဆီယံထိပ္သီးအစည္းအေဝးမွာ ကိုရီးယားကြ်န္းဆြယ္ျပႆနာ၊ ေတာင္တရုတ္ပင္လယ္ ျပႆနာ၊ သဘာဝပတ္ဝန္းက်င္ ကိစၥေတြ၊ ျပီးေတာ႔ WTO အေျပာင္းအလဲကိစၥ အပါအဝင္ ရခုိင္ျပည္နယ္ကေန တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာ ျပႆနာေတြက ပံုမွန္အေလးထား ေဆြးေႏြးရတဲ႔ ကိစၥေတြ ျဖစ္ပါတယ္။

ႏိုင္ငံတကာ ဖိအားေတြ ရွိေနတဲ႔ ျမန္မာႏိုင္ငံဟာ အာဆီယံထိပ္သီးအစည္းအေဝးပြဲမွာ နည္းလမ္းသစ္ေတြနဲ႔ ခ်ဥ္းကပ္ေဆြးေႏြး၊ အေျဖရွာသင့္ေၾကာင္း မဟာဗ်ဴဟာႏွင့္ မူဝါဒေလ႔လာေရးအဖြဲ႔ ISP ရဲ႕ ျပင္ပဆက္သြယ္၊ ဆက္ဆံေရး တာဝန္ခံ ဦးေအာင္သူျငိမ္းက ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ႏုိ္င္ငံရဲ႕ ျပႆနာဆိုတာကေတာ႔ အာဆီယံထဲမွာ အေရးၾကီးတဲ႔ကိစၥေတာ႔ ဟုတ္တယ္၊ ဒါေပမဲ႔ ေဒသတခုလံုးနဲ႔ ျခံဳလိုက္လို႔ရွိရင္ သူတို႔က ပိုျပီးေတာ႔ အေရးၾကီးတဲ႔ကိစၥေတြ ရွိတယ္လို႔ ယူဆႏိုင္တာေပါ႔။ ေယဘုယ်ေျပာရင္ေတာ႔ အာဆီယံႏို္င္ငံေတြက က်ေနာ္တုိ႔ကို ဖိအားေပးခ်င္တဲ႔ သေဘာထားမရွိပါဘူး။ အာဆီယံရဲ႕ သေဘာထားကေတာ႔ သူတို႔ ဘယ္လိုဝိုင္းကူေပးရမလဲ ဆိုတဲ႔ ဟာမ်ိဳးပါပဲ။ ဆိုေတာ႔ ဒီကိစၥမွာ သူတို႔ရဲ႕အခန္းက႑ ရွိမလား၊ သူတို႔ဝိုင္းကူ ေပးရမယ္ဆိုရင္ သူတို႔ဘက္က ကူေပးခ်င္တယ္ ဆိုတဲ႔ဟာပဲ။ အဲဒီေတာ႔ က်ေနာ္ျမင္တာကေတာ႔ ႏို္င္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ အေနနဲ႔ အခုလက္ရွိ ညီလာခံ သြားတယ္ဆိုပါစို႔၊ က်ေနာ္တို႔ဘက္က အဆိုျပဳခ်က္ေတြ၊ နည္းလမ္းသစ္ေတြေပါ႔ဗ်ာ ဒီလိုေဆြးေႏြးႏို္င္ရင္ေတာ႔ ေကာင္းမယ္လို႔ ထင္ပါတယ္။”

ရခိုင္ျပည္နယ္ အေရးကိစၥကို အေရွ႕ေတာင္အာရွႏုိ္င္ငံအသင္းျဖစ္တဲ႔ အာစီယံက ကူညီဖုိ႔ ၾကိဳးစားေနေၾကာင္း ဇန္နဝါရီ ၁၈ရက္က ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ျမိဳ႕မွာလုပ္တဲ႔ အာဆီယံ ႏိုင္ငံျခားေရးဝန္ၾကီးေတြရဲ႕ ၂ရက္ၾကာအစည္းအေဝးမွာ ဥကၠ႒တာဝန္ယူထားတဲ႔ ထိုင္းႏို္င္ငံက ေျပာခဲ႔တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ လတ္တေလာ ေရာက္ေနတဲ့ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ အေမရိကန္လက္ေထာက္ ႏို္င္ငံျခားေရးဝန္ၾကီးဟာလည္း သူ႔ရဲ႕ အာရွခရီးစဥ္ မေန႔ ေအာက္တိုဘာ ၂၈ရက္ေန႔က ရခိုင္ျပည္နယ္၊ စစ္ေတြျမိဳ႕ကို သြားခဲ့ၿပီး ရခိုင္ေျမာက္ပိုင္း ပဋိပကၡအပါအဝင္၊ စစ္ေရွာင္ေတြအေရးကိစၥကိုလည္း အေလးထား ေဆြးေႏြးခဲ့သလုိ ဒီကေန႔လည္း ေနျပည္ေတာ္မွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံၿပီး တျခားကိစၥရပ္ေတြ အပါအ၀င္ ရခုိင္ ပဋိပကၡကုိ ထပ္မံ ေဆြးေႏြးခဲ့ပါတယ္။ အေမရိကန္လက္ေထာက္၀န္ႀကီးဟာ ထုိင္းႏုိင္ငံမွာ က်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးစည္းေ၀းပြဲကုိ တက္ဖုိ႔ရွိေနတာေၾကာင့္ သူ႔႔ရဲ႕ ဒီခရီးစဥ္ဟာ ျမန္မာႏုိင္ငံအတြက္ အေရးပါတဲ့ ခရီးစဥ္တခုျဖစ္တယ္လုိ႔ ဆုိႏုိင္ပါတယ္။

အာဆီယံႏုိ္င္ငံေတြၾကားမွာ ေဆြးေႏြးေနၾကျဖစ္တဲ႔ RCEP လို႔ေခၚတဲ႔ ေဒသဆိုင္ရာ ဘက္စံုစီးပြားေရးမိတ္ဖက္ ပူးေပါင္းေဆာင္ရြက္မႈကိစၥေတြလည္း ရွိပါတယ္။ အာဆီယံႏို္င္ငံမွာ စီးပြားေရးဖြံ႔ျဖိဳးဖို႔ အားယူေနတဲ႔ CLMV လို႔ေခၚတဲ႔ ကေမာၻဒီးယား၊ လာအို၊ ျမန္မာ၊ ဗီယက္နမ္ႏို္င္ငံမွာ ျမန္မာႏိုင္ငံဟာ ျပည္တြင္းေရး ျပႆနာေတြေၾကာင့္ ပိုျပီးၾကိဳးစားရဦးမယ့္ အေနအထားျဖစ္တယ္လို႔ ႏိုင္ငံေရး၊ စီးပြားေရးပညာရွင္ေတြက ေထာက္ျပၾကပါတယ္။ ႏိုင္ငံေတာ္စီးပြားေရးအၾကံေပး ေဒါက္တာေအာင္ထြန္းသက္ကေတာ႔ ျမန္မာႏိုင္ငံအေနနဲ႔ စီးပြားေရးအင္အားၾကီး ႏွစ္နို္င္ငံၾကားမွာရွိလို႔ အားသာခ်က္ေတြ ရွိေနေၾကာင္း ေထာက္ျပပါတယ္။

“ ဆရာတို႔ အင္အားၾကီးႏိုင္ငံ ၂ခုျဖစ္တဲ႔တရုတ္နဲ႔ အိႏၵိယနဲ႔ ခ်ိတ္ဆက္ေနတဲ႔ နယ္စပ္ျဖစ္ေနတဲ႔ ႏိုင္ငံျဖစ္တယ္။ အဲဒီေတာ႔ ဆရာတို႔မွာ သူမ်ားေတြမွာ မရွိတဲ႔၊ လာအိုတို႔ ဗီယက္နမ္တို႔ ထိုင္းနဲ႔နယ္စပ္ ျဖစ္ေနေပမဲ႔ ဆရာတို႔က အိႏၵိယနဲ႔ နယ္စပ္ျဖစ္တယ္။ အဲဒီေတာ႔ အဲဒီအခြင့္အေရးဟာ ဆရာတို႔အတြက္ အခြင့္အေရးပဲ။ အဲဒီေတာ႔ လူၾကီးေတြ အဲလိုေဆြးေႏြးလိမ့္မယ္လို႔ ေအာက္ေမ႔ပါတယ္၊ လုပ္လို႔ရမယ့္ဟာေတြ။”

အာဆီယံလြတ္လပ္ေသာ ကုန္သြယ္မႈဆိုင္ရာ သေဘာတူညီမႈ AFTA ကိုသြားတဲ႔အခါ ျမန္မာႏို္င္ငံအေနနဲ႔ ေဒသတြင္းႏို္င္ငံေတြနဲ႔ ပိုျပီးပူးေပါင္း ေဆာင္ရြက္သင့္ေၾကာင္း စီးပြားေရးပညာရွင္ေတြက ေထာက္ျပပါတယ္။ အာဆီယံႏုိင္ငံေတြအခ်င္းခ်င္း ေဆြးေႏြးအေျဖရွာမွသာလ်ွင္ အခ်င္းခ်င္း ကုန္သြယ္ေရးမွာ နစ္နာမႈမရွိဘဲ မ်ွမ်ွတတေဆာင္ရြက္ႏိုင္မွာလို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က အခုလိုသံုးသပ္ပါတယ္။

“ ျမန္မာႏိုင္ငံဟာ CLMV အပါအဝင္၊ အဓိကေတာ႔ထိုင္းေပါ႔ အဲဒါက်ေတာ႔ မဲေခါင္ႏို္င္ငံေတြေပါ႔၊ ဂ်ပန္ႏို္င္ငံနဲ႔လည္း စာခ်ဳပ္ေတြဘာေတြ လုပ္ထားတာရွိေတာ႔ အဲဒီအပိုင္း ပူးေပါင္းေဆာင္ရြက္ေရးဟာ က်ေနာ္တို႔ ေရရွည္အတြက္ဆိုရင္ အမ်ားၾကီးတိုးျပီး လုပ္သင့္တယ္လို႔ ထင္တယ္။ အဲဒီလို လုပ္မွသာလ်ွင္၊ က်ေနာ္တို႔ အခုဆိုရင္ AFTA ေတြဘာေတြျဖစ္လာျပီးေတာ႔ အခြန္ကင္းလြတ္ခြင့္ေတြ ေပးလာတဲ႔အခါ ဒီဟာေတြက ကိုယ့္တိုင္းျပည္မွာ နစ္နာတယ္။ မွန္မွန္ကန္ကန္ ေျဖရွင္းႏုိင္တဲ႔ အေျခအေနလည္း မရွိေသးဘူး။ CLMV+Thai ေပါ႔ေနာ္ အဲဒါကို ၾကိဳးစားႏိုင္လို႔ရွိရင္၊ ထိုင္းရဲ႕ အေထာက္အကူ ေပါ႔ေနာ္ CLMV က က်န္တဲ႔ ဖြံ႔ျဖိဳးေနတဲ႔ အင္ဒိုနီးရွား ဒါေတြနဲ႔ အျပန္လွန္အေပါ႔ေနာ္ မ်ွတတဲ႔အေျခအေန တခုကို က်ေနာ္တို႔ သြားႏုိင္မယ္။ အဲဒါ အေရးၾကီးတယ္။”

အဖြဲ႔ဝင္ႏိုင္ငံတခုခ်င္းစီရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္ မစြက္ဖက္ရဘူးဆိုတဲ႔ ေပၚလစီကို အာဆီယံအဖြဲ႔က ခ်မွတ္ထားတာေၾကာင့္ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ႔ ရိုဟင္ဂ်ာ ပဋိပကၡနဲ႔ပတ္သက္လို႔ အေစာပုိင္းမွာ ၀င္ေရာက္ စြက္ဖက္တာမ်ဳိး မရွိခဲ့ေပမယ့္ အခုေနာက္ပုိင္းမွာေတာ့ မေလးရွားနဲ႔ အင္ဒုိနီးရွားလုိ မြတ္စလင္ အမ်ားစုေနထုိင္တဲ့ ႏုိင္ငံေတြရဲ႕ ဖိအားေပးမႈေတြေၾကာင့္ အဖြဲ႔ရဲ႕ ရည္တည္ခ်က္ အနည္းငယ္ ေျပာင္းလဲလာတာကုိ ေတြ႔႔ရပါတယ္။

ျမန္မာအစုိးရကေတာ့ ရုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံေပမယ့္ တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားၾကသူေတြကုိ ျပန္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္အပါအ၀င္ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။

..............

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး ညီလာခံတက်မည်

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတက်ဖို့ မနက်ဖြန်မှာ ထွက်ခွာတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီး စည်းဝေးပွဲအပြင် တခြား ဆက်နွယ်နေတဲ့ စည်းဝေးပွဲတွေကို တက်တာအပြင် ဒီ ထိပ်သီးစည်းဝေးပွဲကို လာတက်ကြတဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံသွားဖို့ရှိပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်၊ ဖိအားပေးမှုတွေ ရင်ဆိုင်နေရတာကြောင့် အာဆီယံလို ဒေသတွင်းနိုင်ငံတွေ့ရဲ့ ထောက်ခံမှုရလာအောင် နည်းလမ်းသစ်တွေ ရှာဖွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ထက်က တင်ပြပေးပါမယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ ကိုရီးယားကျွန်းဆွယ်ပြဿနာ၊ တောင်တရုတ်ပင်လယ် ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ ပြီးတော့ WTO အပြောင်းအလဲကိစ္စ အပါအဝင် ရခိုင်ပြည်နယ်ကနေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ပြဿနာတွေက ပုံမှန်အလေးထား ဆွေးနွေးရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ ဖိအားတွေ ရှိနေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဆွေးနွေး၊ အဖြေရှာသင့်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ ISP ရဲ့ ပြင်ပဆက်သွယ်၊ ဆက်ဆံရေး တာဝန်ခံ ဦးအောင်သူငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့နိုင်ငံရဲ့ ပြဿနာဆိုတာကတော့ အာဆီယံထဲမှာ အရေးကြီးတဲ့ကိစ္စတော့ ဟုတ်တယ်၊ ဒါပေမဲ့ ဒေသတခုလုံးနဲ့ ခြုံလိုက်လို့ရှိရင် သူတို့က ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်လို့ ယူဆနိုင်တာပေါ့။ ယေဘုယျပြောရင်တော့ အာဆီယံနိုင်ငံတွေက ကျနော်တို့ကို ဖိအားပေးချင်တဲ့ သဘောထားမရှိပါဘူး။ အာဆီယံရဲ့ သဘောထားကတော့ သူတို့ ဘယ်လိုဝိုင်းကူပေးရမလဲ ဆိုတဲ့ ဟာမျိုးပါပဲ။ ဆိုတော့ ဒီကိစ္စမှာ သူတို့ရဲ့အခန်းကဏ္ဍ ရှိမလား၊ သူတို့ဝိုင်းကူ ပေးရမယ်ဆိုရင် သူတို့ဘက်က ကူပေးချင်တယ် ဆိုတဲ့ဟာပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ အခုလက်ရှိ ညီလာခံ သွားတယ်ဆိုပါစို့၊ ကျနော်တို့ဘက်က အဆိုပြုချက်တွေ၊ နည်းလမ်းသစ်တွေပေါ့ဗျာ ဒီလိုဆွေးနွေးနိုင်ရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ် အရေးကိစ္စကို အရှေ့တောင်အာရှနိုင်ငံအသင်းဖြစ်တဲ့ အာစီယံက ကူညီဖို့ ကြိုးစားနေကြောင်း ဇန်နဝါရီ ၁၈ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ရက်ကြာအစည်းအဝေးမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ထိုင်းနိုင်ငံက ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာလည်း သူ့ရဲ့ အာရှခရီးစဉ် မနေ့ အောက်တိုဘာ ၂၈ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားခဲ့ပြီး ရခိုင်မြောက်ပိုင်း ပဋိပက္ခအပါအဝင်၊ စစ်ရှောင်တွေအရေးကိစ္စကိုလည်း အလေးထား ဆွေးနွေးခဲ့သလို ဒီကနေ့လည်း နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တခြားကိစ္စရပ်တွေ အပါအဝင် ရခိုင် ပဋိပက္ခကို ထပ်မံ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်လက်ထောက်ဝန်ကြီးဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ဖို့ရှိနေတာကြောင့် သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အာဆီယံနိုင်ငံတွေကြားမှာ ဆွေးနွေးနေကြဖြစ်တဲ့ RCEP လို့ခေါ်တဲ့ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေလည်း ရှိပါတယ်။ အာဆီယံနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးဖို့ အားယူနေတဲ့ CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းရေး ပြဿနာတွေကြောင့် ပိုပြီးကြိုးစားရဦးမယ့် အနေအထားဖြစ်တယ်လို့ နိုင်ငံရေး၊ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။ နိုင်ငံတော်စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကတော့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြားမှာရှိလို့ အားသာချက်တွေ ရှိနေကြောင်း ထောက်ပြပါတယ်။

“ ဆရာတို့ အင်အားကြီးနိုင်ငံ ၂ခုဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယနဲ့ ချိတ်ဆက်နေတဲ့ နယ်စပ်ဖြစ်နေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ ဆရာတို့မှာ သူများတွေမှာ မရှိတဲ့၊ လာအိုတို့ ဗီယက်နမ်တို့ ထိုင်းနဲ့နယ်စပ် ဖြစ်နေပေမဲ့ ဆရာတို့က အိန္ဒိယနဲ့ နယ်စပ်ဖြစ်တယ်။ အဲဒီတော့ အဲဒီအခွင့်အရေးဟာ ဆရာတို့အတွက် အခွင့်အရေးပဲ။ အဲဒီတော့ လူကြီးတွေ အဲလိုဆွေးနွေးလိမ့်မယ်လို့ အောက်မေ့ပါတယ်၊ လုပ်လို့ရမယ့်ဟာတွေ။”

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု AFTA ကိုသွားတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုပြီးပူးပေါင်း ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။ အာဆီယံနိုင်ငံတွေအချင်းချင်း ဆွေးနွေးအဖြေရှာမှသာလျှင် အချင်းချင်း ကုန်သွယ်ရေးမှာ နစ်နာမှုမရှိဘဲ မျှမျှတတဆောင်ရွက်နိုင်မှာလို့ စီးပွားရေးပညာရှင် ဦးမင်းခင်က အခုလိုသုံးသပ်ပါတယ်။

“ မြန်မာနိုင်ငံဟာ CLMV အပါအဝင်၊ အဓိကတော့ထိုင်းပေါ့ အဲဒါကျတော့ မဲခေါင်နိုင်ငံတွေပေါ့၊ ဂျပန်နိုင်ငံနဲ့လည်း စာချုပ်တွေဘာတွေ လုပ်ထားတာရှိတော့ အဲဒီအပိုင်း ပူးပေါင်းဆောင်ရွက်ရေးဟာ ကျနော်တို့ ရေရှည်အတွက်ဆိုရင် အများကြီးတိုးပြီး လုပ်သင့်တယ်လို့ ထင်တယ်။ အဲဒီလို လုပ်မှသာလျှင်၊ ကျနော်တို့ အခုဆိုရင် AFTA တွေဘာတွေဖြစ်လာပြီးတော့ အခွန်ကင်းလွတ်ခွင့်တွေ ပေးလာတဲ့အခါ ဒီဟာတွေက ကိုယ့်တိုင်းပြည်မှာ နစ်နာတယ်။ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။ CLMV+Thai ပေါ့နော် အဲဒါကို ကြိုးစားနိုင်လို့ရှိရင်၊ ထိုင်းရဲ့ အထောက်အကူ ပေါ့နော် CLMV က ကျန်တဲ့ ဖွံ့ဖြိုးနေတဲ့ အင်ဒိုနီးရှား ဒါတွေနဲ့ အပြန်လှန်အပေါ့နော် မျှတတဲ့အခြေအနေ တခုကို ကျနော်တို့ သွားနိုင်မယ်။ အဲဒါ အရေးကြီးတယ်။”

အဖွဲ့ဝင်နိုင်ငံတခုချင်းစီရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ ပေါ်လစီကို အာဆီယံအဖွဲ့က ချမှတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ ပဋိပက္ခနဲ့ပတ်သက်လို့ အစောပိုင်းမှာ ဝင်ရောက် စွက်ဖက်တာမျိုး မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင် အများစုနေထိုင်တဲ့ နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် အဖွဲ့ရဲ့ ရည်တည်ချက် အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံထိပ္သီး ညီလာခံတက္မည္ ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံထိပ္သီး ညီလာခံတက္မည္ Reviewed by THITHTOOLWIN on 01:33 Rating: 5
Powered by Blogger.