ေခးနင္းဆရာေတာ္လုပ္ၾကံခံရတဲ့ သတင္းေၾကာင္႔ ေဒသခံေတြ စိုးရိမ္

Zawgyi
 လားရွိဳးျမို႕အနီးမွာ သီတင္းသံုးတဲ႔ ေခးနင္းဆရာေတာ္ကို ေသနတ္သမားႏွစ္ဦးက လုပ္ၾကံတဲ႔ သတင္းေၾကာင္႔ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္ အခုႏွစ္ပိုင္းေတြ အတြင္း ရွမ္းျပည္ေျမာက္ပိုင္းမွာ ဆရာေတာ္ေတြလုပ္ၾကံခံရတာ ဒုတိယအၾကိမ္ျဖစ္ေနတာမို႔ ေဒသခံေတြ ပိုျပီး မလံုမျခံဳခံစားေနရပါတယ္။

ေခးနင္းဆရာေတာ္ဟာ ေက်ာက္မဲနယ္ ဇာတိျဖစ္ျပီး ပေလာင္တိုင္းရင္းသား ဆရာေတာ္ တပါးပါ။ ေဒသခံေတြ ေျပာျပခ်က္အရ ဆရာေတာ္ဟာ ေက်ာင္းထိုင္တာဝန္ယူတဲ႔ကိစၥနဲ႔ ပတ္သက္ျပီး ေက်ာင္းပတ္ဝန္းက်င္ရြာတခ်ိဳ႕က ေဒသခံေတြနဲ႔ မေက်မလည္ျဖစ္ေနတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။

ဆရာေတာ္ရဲ႕ ေက်ာင္းအနီး ပတ္ဝန္းက်င္ဟာ ရွမ္းလူမ်ိဳးေဒသခံေတြ ေနထိုင္တာ မ်ားတာေၾကာင္႔ အခုျပႆနာဟာ လူမ်ိဳးေရးအသြင္ျပႆနာမ်ိဳး ျဖစ္လာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။ ေနာက္တခုကေတာ႔ အဲ႔ဒီေဒသတခုလံုးမွာ လက္နက္ကိုင္အဖြဲ႔ အနည္းဆံုးေလးဖြဲ႔ေလာက္ လႈပ္ရွားေနတာျဖစ္ပါတယ္။

ရွမ္းလက္နက္ကိုင္အဖြဲ႔ခ်င္း နယ္ေျမလုတဲ႔ တိုက္ပြဲေတြ ျဖစ္ခဲ႔သလို တအာင္းပေလာင္အဖြဲ႔နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး RCSS အဖြဲ႔ေတြ မၾကာခဏ တိုက္ေနၾကပါတယ္ ။တခါ SSPP ရွမ္းျပည္တိုးတက္ေရးတပ္ဖြဲ႔နဲ႔ တအာင္းပေလာင္ TNLA ႏွစ္ဖြဲ႔ေပါင္းျပီး ရွမ္းျပည္ျပန္လည္ထူေထာင္ေရး RCSS နဲ႔ အစိုးရတပ္ကို တိုက္တာမ်ိဳးအျပင္ အစိုးရတပ္ဖြဲ႔ေတြနဲ႔ RCSS ေပါင္းျပီး SSPPနဲ႔ TNLA ကို တိုက္တာမ်ိဳးစသျဖင့္ အေတာ္ေလးကို မ်က္စိလည္ေလာက္ေအာင္ တိုက္ခိုက္မႈေတြျဖစ္ေနတဲ႔ ေဒသျဖစ္ပါတယ္။

ထူးျခားတာကေတာ႔ ေဒသတြင္းေနထိုင္သူ ရွမ္းလူမ်ိဳးေတြ တအာင္းပေလာင္ေတြဟာ ဘာသာတရား အလြန္ကိုင္းရွိဳင္းၾကတာပါ။ ေဒသတြင္း ဘုန္းေတာ္ၾကီးေက်ာင္းေတြက ေက်ာင္းထိုင္ဆရာေတာ္ေတြဟာ ရပ္ရြာအေပၚ အေတာ္ေလး ၾသဇာေညာင္း ၾကပါတယ္။

ဒါေပမဲ႔ မႏွစ္က ေက်ာက္မဲမွာ ေသနတ္အပစ္ခံရၿပီး ပ်ံလြန္ေတာ္မူခဲ႔ရတဲ႔ ေက်ာက္မဲေရႊက်င္ေက်ာင္းတိုက္ဆရာေတာ္ကိုလည္း အလားတူ ဆိုင္ကယ္သမားႏွစ္ဦးက လာျပီး လုပ္ၾကံခဲ႔တာပါ။

ေရႊက်င္ေက်ာင္းတိုက္ ဆရာေတာ္ဟာ ရွမ္းဆရာေတာ္တပါးျဖစ္ျပီး အဲ႔ဒီအခ်ိန္က SSPP ရွမ္းတပ္ဖဲြ႔နဲ႔ RCSS ရွမ္းတပ္ဖြဲ႔တို႔ တိုက္ခိုက္ေနတဲ႔ ကိစၥကို ေဝဖန္ေျပာဆို္ခဲ႔ျပီး မၾကာခင္ေသနတ္ပစ္ခံရတာျဖစ္ပါတယ္။ ဒါေၾကာင္႔ မွန္းဆေျပာဆို ေဝဖန္မႈေတြ အမ်ိဳးမ်ိဳးထြက္ခဲ႔ပါတယ္။

အဓိက ကေတာ႔ ခုလိုၾသဇာေညာင္းတဲ႔ ဆရာေတာ္ေတြကိုယ္တိုင္ ၾကက္ကေလး ငွက္ကေလးမ်ားကို သတ္ျဖတ္သလို လုပ္ၾကံခံေနရရင္ အကာအကြယ္မဲ့ ေဒသခံေတြဆို ေျပးစရာ ေျမမရွိ ပုန္းစရာေနရာမရွိ ျဖစ္ေနရျပီလို႔ ေျပာဆိုေနၾကတာပါ။ ဒါေၾကာင့္ လူမႈေရးအဖြဲ႔ေတြက ေဒသတြင္း တရားဥပေဒ စိုးမိုးဖို႔ အေရးၾကီးဆံုး ျဖစ္တယ္လို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
-----------
Unicode
ခေးနင်းဆရာတော်လုပ်ကြံခံရတဲ့ သတင်းကြောင့် ဒေသခံတွေ စိုးရိမ်

 လားရှိုးမြို့အနီးမှာ သီတင်းသုံးတဲ့ ခေးနင်းဆရာတော်ကို သေနတ်သမားနှစ်ဦးက လုပ်ကြံတဲ့ သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ် အခုနှစ်ပိုင်းတွေ အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ ဆရာတော်တွေလုပ်ကြံခံရတာ ဒုတိယအကြိမ်ဖြစ်နေတာမို့ ဒေသခံတွေ ပိုပြီး မလုံမခြုံခံစားနေရပါတယ်။

ခေးနင်းဆရာတော်ဟာ ကျောက်မဲနယ် ဇာတိဖြစ်ပြီး ပလောင်တိုင်းရင်းသား ဆရာတော် တပါးပါ။ ဒေသခံတွေ ပြောပြချက်အရ ဆရာတော်ဟာ ကျောင်းထိုင်တာဝန်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပတ်ဝန်းကျင်ရွာတချို့က ဒေသခံတွေနဲ့ မကျေမလည်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဆရာတော်ရဲ့ ကျောင်းအနီး ပတ်ဝန်းကျင်ဟာ ရှမ်းလူမျိုးဒေသခံတွေ နေထိုင်တာ များတာကြောင့် အခုပြဿနာဟာ လူမျိုးရေးအသွင်ပြဿနာမျိုး ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ နောက်တခုကတော့ အဲ့ဒီဒေသတခုလုံးမှာ လက်နက်ကိုင်အဖွဲ့ အနည်းဆုံးလေးဖွဲ့လောက် လှုပ်ရှားနေတာဖြစ်ပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့ချင်း နယ်မြေလုတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို တအာင်းပလောင်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS အဖွဲ့တွေ မကြာခဏ တိုက်နေကြပါတယ် ။တခါ SSPP ရှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့နဲ့ တအာင်းပလောင် TNLA နှစ်ဖွဲ့ပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS နဲ့ အစိုးရတပ်ကို တိုက်တာမျိုးအပြင် အစိုးရတပ်ဖွဲ့တွေနဲ့ RCSS ပေါင်းပြီး SSPPနဲ့ TNLA ကို တိုက်တာမျိုးစသဖြင့် အတော်လေးကို မျက်စိလည်လောက်အောင် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။

ထူးခြားတာကတော့ ဒေသတွင်းနေထိုင်သူ ရှမ်းလူမျိုးတွေ တအာင်းပလောင်တွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းကြတာပါ။ ဒေသတွင်း ဘုန်းတော်ကြီးကျောင်းတွေက ကျောင်းထိုင်ဆရာတော်တွေဟာ ရပ်ရွာအပေါ် အတော်လေး သြဇာညောင်း ကြပါတယ်။

ဒါပေမဲ့ မနှစ်က ကျောက်မဲမှာ သေနတ်အပစ်ခံရပြီး ပျံလွန်တော်မူခဲ့ရတဲ့ ကျောက်မဲရွှေကျင်ကျောင်းတိုက်ဆရာတော်ကိုလည်း အလားတူ ဆိုင်ကယ်သမားနှစ်ဦးက လာပြီး လုပ်ကြံခဲ့တာပါ။

ရွှေကျင်ကျောင်းတိုက် ဆရာတော်ဟာ ရှမ်းဆရာတော်တပါးဖြစ်ပြီး အဲ့ဒီအချိန်က SSPP ရှမ်းတပ်ဖွဲ့နဲ့ RCSS ရှမ်းတပ်ဖွဲ့တို့ တိုက်ခိုက်နေတဲ့ ကိစ္စကို ဝေဖန်ပြောဆိုခဲ့ပြီး မကြာခင်သေနတ်ပစ်ခံရတာဖြစ်ပါတယ်။ ဒါကြောင့် မှန်းဆပြောဆို ဝေဖန်မှုတွေ အမျိုးမျိုးထွက်ခဲ့ပါတယ်။

အဓိက ကတော့ ခုလိုသြဇာညောင်းတဲ့ ဆရာတော်တွေကိုယ်တိုင် ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ်သလို လုပ်ကြံခံနေရရင် အကာအကွယ်မဲ့ ဒေသခံတွေဆို ပြေးစရာ မြေမရှိ ပုန်းစရာနေရာမရှိ ဖြစ်နေရပြီလို့ ပြောဆိုနေကြတာပါ။ ဒါကြောင့် လူမှုရေးအဖွဲ့တွေက ဒေသတွင်း တရားဥပဒေ စိုးမိုးဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ေခးနင္းဆရာေတာ္လုပ္ၾကံခံရတဲ့ သတင္းေၾကာင္႔ ေဒသခံေတြ စိုးရိမ္ ေခးနင္းဆရာေတာ္လုပ္ၾကံခံရတဲ့ သတင္းေၾကာင္႔ ေဒသခံေတြ စိုးရိမ္ Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.