

Zawgyi






--------------
Unicode
ရွှေတြိဂံဒေသသတင်းလွှာ

အောင်ပန်းမှာ အသက်၄၈နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တောင်ကြီး၊ အောက်တိုဘာ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊အောင် ပန်းမြို့မှာ အောက်တိုဘာ၁၈ရက်၊ညပိုင်းအချိန်က အသက်၄၈နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ နာရေး ကူညီမှုအသင်း (အောင်ပန်း)ထံမှ သိရပါတယ်။

အောင်ပန်းမြို့၊ လေးအိမ်ကုန်းကျေးရွာနေ ဦးဉာဏ် ရွှင်(၄၈ နှစ်)က အောက်တိုဘာလ၁၈ ရက်၊ ည၁၁ နာရီအချိန်ခန့်မှာ သူ့နေအိမ်အပေါ်ထပ်မှာ ကြိုးဆွဲချသေဆုံးခဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဦးဉာဏ်ရွှင်ကြိုးဆွဲချသေဆုံးနေတာကို ကျေးရွာနေပြည်သူတစ်ဦးက စတင်မြင်တွေ့ခဲ့တာဖြစ်ပြီး အ လောင်းကို နာရေးကူညီမှုအသင်း(အောင်ပန်း)ကားနဲ့အောင်ပန်းပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး အောင်ပန်းနယ်မြေ ရဲစခန်းမှာ သေမှုသေခင်းအရ အမှုဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- နာရေးကူညီမှုအသင်း(အောင်ပန်း)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အောင်ပန်းမှာ အသက်၄၈နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး အောင်ပန်းမှာ အသက်၄၈နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.