ကင္မ႐ြန္းမွာ မိုးအႀကီးအက်ယ္႐ြာၿပီး ေျမၿပိဳမႈျဖစ္ပြားတာေၾကာင့္ လူ ၄၂ ဦးေသဆုံး

Zawgyi
ဒူအားလာ၊ ေအာက္တိုဘာ-၃၀-၂၀၁၉

ကင္မ႐ြန္းႏိုင္ငံ အေနာက္ပိုင္းမွာ မိုးအႀကီးအက်ယ္႐ြာသြန္းၿပီး ေျမၿပိဳမႈျဖစ္ပြားခဲ့တာေၾကာင့္ တစ္ညတည္း လူ ၄၂ ဦးထက္မနည္းေသဆုံးသြားတယ္လို႔ ကင္မ႐ြန္းႏိုင္ငံပိုင္ သတင္းဌာနက ေအာက္တိုဘာ ၂၉ ရက္မွာေဖာ္ျပပါတယ္။

ႏိုင္ငံအေနာက္ပိုင္း ကုန္းျမင့္ေဒသရွိ ဘာဖိုဆမ္ၿမိဳ႕မွာ ေျမၿပိဳမႈေၾကာင့္ ပ်က္စီးသြားတဲ့ ေနအိမ္အပ်က္အစီး ေတြမွာ ကယ္ဆယ္ေရးသမားေတြက ရွာေဖြေရးေတြ တစ္ေနကုန္လုပ္ေဆာင္ေနပါတယ္။ ေတြ႕ရွိခဲ့တဲ့ အေလာင္းေတြထဲမွာ ကေလးငယ္ ၂၆ ဦးပါ၀င္တယ္လို႔ အဲဒီသတင္းဌာနကေဖာ္ျပထားပါတယ္။

အပ်က္အစီးေတြၾကားမွာ ေသဆုံးသူေတြရဲ႕ အေလာင္းေတြရွိေနေသးတယ္လို႔ ယုံၾကည္ရပါတယ္။ ည ၁၀ နာရီ၀န္းက်င္ေလာက္မွာ ဆူညံသံေတြၾကားရၿပီး ဖုန္လုံးေတြကိုျမင္ခဲ့ရၿပီးေနာက္ အဲဒါေတြေပ်ာက္ကြယ္သြားခ်ိန္မွာ ေတာင္ၿပိဳက်လာတာကို ျမင္လိုက္ရတယ္လို႔ ေျမၿပိဳမႈကေန လြတ္ေျမာက္ခဲ့တဲ့ Albert Kenge ကေျပာပါတယ္။

အာဖရိကအလယ္ပိုင္းမွာ မိုးရာသီကုန္ၿပီးျဖစ္ေပမယ့္လည္း မိုးအႀကီးအက်ယ္ဆက္လက္႐ြာသြန္းေနၿပီး ကင္မ႐ြန္းႏိုင္ငံရဲ႕ အိမ္နီးခ်င္း ဗဟိုအာဖရိကသမၼတႏိုင္ငံမွာလည္း ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားေနတာေၾကာင့္ လူသုံးေသာင္းနီးပါး အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။

ဒါ့အျပင္ ေတာင္ဆူဒန္ႏိုင္ငံမွာလည္း ပုံမွန္မဟုတ္တဲ့ မိုး႐ြာသြန္းမႈေတြေၾကာင့္ ေဆး႐ုံနဲ႔လမ္းေတြပ်က္စီးခဲ့ၿပီး လူ တစ္သန္းနီးပါးအတြက္ အစာအေသာက္နဲ႔ ေသာက္သုံးေရးရရွိဖို႔ အခက္အခဲေတြျဖစ္ေပၚေနေၾကာင္း ယူနီဆက္ဖ္က ၿပီးခဲ့တဲ့ သီတင္းပတ္က ထုတ္ျပန္ထားပါတယ္။

မ်ိဳးဆက္ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------------
Unicode

ကင်မရွန်းမှာ မိုးအကြီးအကျယ်ရွာပြီး မြေပြိုမှုဖြစ်ပွားတာကြောင့် လူ ၄၂ ဦးသေဆုံး

ဒူအားလာ၊ အောက်တိုဘာ-၃၀-၂၀၁၉

ကင်မရွန်းနိုင်ငံ အနောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် တစ်ညတည်း လူ ၄၂ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ကင်မရွန်းနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၉ ရက်မှာဖော်ပြပါတယ်။

နိုင်ငံအနောက်ပိုင်း ကုန်းမြင့်ဒေသရှိ ဘာဖိုဆမ်မြို့မှာ မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီး တွေမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေ တစ်နေကုန်လုပ်ဆောင်နေပါတယ်။ တွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေးငယ် ၂၆ ဦးပါဝင်တယ်လို့ အဲဒီသတင်းဌာနကဖော်ပြထားပါတယ်။

အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရဲ့ အလောင်းတွေရှိနေသေးတယ်လို့ ယုံကြည်ရပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဆူညံသံတွေကြားရပြီး ဖုန်လုံးတွေကိုမြင်ခဲ့ရပြီးနောက် အဲဒါတွေပျောက်ကွယ်သွားချိန်မှာ တောင်ပြိုကျလာတာကို မြင်လိုက်ရတယ်လို့ မြေပြိုမှုကနေ လွတ်မြောက်ခဲ့တဲ့ Albert Kenge ကပြောပါတယ်။

အာဖရိကအလယ်ပိုင်းမှာ မိုးရာသီကုန်ပြီးဖြစ်ပေမယ့်လည်း မိုးအကြီးအကျယ်ဆက်လက်ရွာသွန်းနေပြီး ကင်မရွန်းနိုင်ငံရဲ့ အိမ်နီးချင်း ဗဟိုအာဖရိကသမ္မတနိုင်ငံမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် လူသုံးသောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် တောင်ဆူဒန်နိုင်ငံမှာလည်း ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကြောင့် ဆေးရုံနဲ့လမ်းတွေပျက်စီးခဲ့ပြီး လူ တစ်သန်းနီးပါးအတွက် အစာအသောက်နဲ့ သောက်သုံးရေးရရှိဖို့ အခက်အခဲတွေဖြစ်ပေါ်နေကြောင်း ယူနီဆက်ဖ်က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။

မျိုးဆက် (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကင္မ႐ြန္းမွာ မိုးအႀကီးအက်ယ္႐ြာၿပီး ေျမၿပိဳမႈျဖစ္ပြားတာေၾကာင့္ လူ ၄၂ ဦးေသဆုံး ကင္မ႐ြန္းမွာ မိုးအႀကီးအက်ယ္႐ြာၿပီး ေျမၿပိဳမႈျဖစ္ပြားတာေၾကာင့္ လူ ၄၂ ဦးေသဆုံး Reviewed by THITHTOOLWIN on 23:37 Rating: 5
Powered by Blogger.