နတ်တလင်းမြို့နယ်၌ လူတစ်ဦးအသတ်ခံရ


နတ်တလင်း အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်နတ်တလင်းမြို့သာဇီရပ်ကွက်အောင်ရတနာလမ်းနေဒေါ်စန်းဌေးက အောက်တိုဘာ ၂ရက် နံနက်၁ဝနာရီ၁၅မိနစ်၌ ခင်ပွန်းဖြစ်သူဦးဝင်းဇော် အသတ်ခံရကြောင်း နတ်တလင်းမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် ည ၉နာရ်ီခန့်တွင် ဦးဝင်းဇော်နေအိမ်၌ရှိ နေစဉ်ကိုသက်ဦး ၂၉နှစ် သာဓုကန်ရွာ ကျွန်းကလေးအုပ်စုနေသူမှာနေအိမ်သို့ ရောက်ရှိလာပြီး ဦးဝင်းဇော်နှင့်အတူ အရက်အတူသောက်ကြ၍ဦးဝင်းဇော်မှ ကိုသက်ဦးအား၎င်း၏ရွာသို့လိုက်ပို့မည်ဟု ဇနီးဖြစ်သူအား ပြော၍ နေအိမ်မှထွက်သွား ခဲ့ကြောင်း၊ အောက်တိုဘာ၂ရက် နံနက်၇နာရီခွဲ အချိန်ခန့်တွင် တစ်လမ်းတည်းနေဦးညွှန်သိန်း(ဆိုင်ကယ် ကယ်ရီ)မောင်းသူမှသာဓုကန်-မှန်တန်းရွာချင်းဆက်လမ်းဘေးလယ်ကွင်း အတွင်းဦးဝင်းဇော်မှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပြောပြသိရှိ ရသဖြင့် ခင်ပွန်းဖြစ်သူကိုသတ်သွားသူအားစုံစမ်းဖေါ်ထုတ် အရေးယူ ပေးရန်ဒေါ်စန်းဌေးက တရားလိုပြုလုပ်တိုင်ကြားခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖေါ်ထုတ်ဖမ်းဆီးရမိရေးအတွက်မြို့မ ရဲစခန်းမှုးဒုရဲမှုးအောင်ကျော်ကျော်နှင့်အဖွဲ့ကသေဆုံးသူနှင့်အတူတူအရက်သောက်ခဲ့သည့်ကိုသက်ဦးအားစစ်ဆေးဆောင်ရွက်ခြင်း၊ ကျန်သက် သေများအားစစ်ဆေးခြင်းနှင့်တရားခံအမြန်ဆုံးဖေါ်ထုတ်ဖမ်းဆီးရမိရေးသက်ဆိုင်ရာအုပ်ချုပ်ရေးမှုးများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မြင့် နတ်တလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နတ်တလင်းမြို့နယ်၌ လူတစ်ဦးအသတ်ခံရ နတ်တလင်းမြို့နယ်၌ လူတစ်ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.