လူငယ္တစ္ဦးကို ဓားျဖင့္ခုတ္ခဲ့သူမ်ားထဲမွ တစ္ဦးအား ဖမ္းမိထား


မႏၲေလး၊ ေအာက္တိုဘာ ၂၁

မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဂၤလာမႏၲေလး Ocean Super Centre ရွိ အမ်ားသုံးအိမ္သာမွာ လူငယ္တစ္ဦးကို တ႐ုတ္လူမ်ိဳးဟု ယူဆရေသာ လူငယ္ ၁၀ ဦးခန႔္က ဓားနဲ႔ဝိုင္းဝန္းထိုးခုတ္မႈ ျဖစ္ပြားခဲ့ၿပီး၊ အဲ့ဒီျဖစ္စဥ္မွာ ပါဝင္ခဲ့တဲ့ က်ဴးလြန္သူ တစ္ဦးကို ဖမ္းဆီးရမိထားတယ္လို႔ အမွတ္ ၁၁ နယ္ေျမရဲစခန္းက ဆိုပါတယ္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၈ ရက္ေန႔ နံနက္ ၁၀ နာရီခန႔္က မဂၤလာမႏၲေလး Ocean Super Centre ရွိ အမ်ားသုံး အိမ္သာထဲမွာ ကိုေအာင္ညီညီမင္းအား ယခင္က ရန္ၿငိဳးရန္စရွိဖူးသူ တ႐ုတ္လူမ်ိဳးဟု ယူဆရေသာ လူငယ္ ၁၀ ဦးခန႔္က ဓားျဖင့္ဝိုင္း ဝန္းခုတ္ခဲ့တာျဖစ္ၿပီး၊ ေအာက္တိုဘာလ ၁၉ ရက္ေန႔ ညေနပိုင္းက က်ဴး လြန္သူမ်ားထဲမွ လူငယ္ တစ္ဦးကို ဖမ္းဆီးရမိထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဓားျဖင့္ ဝိုင္းဝန္းခုတ္ခဲ့ရမႈေၾကာင့္ ကိုေအာင္ညီညီမင္း၌ ဆီးခုံအထက္တြင္ ျပတ္ရွဒဏ္ရာ၊ ညာဒူးဘက္ျပတ္ရွဒဏ္ရာ၊ ဝဲဘက္ေျခသလုံး၊ ဝဲဘက္ေပါက္တြင္ တစ္ခ်က္၊ ဘယ္လက္ဖဝါးတြင္ တစ္ခ်က္၊ ဘယ္တံေတာင္ေကြးတြင္တစ္ခ်က္နဲ႔ ဝဲဘက္ပဖုံးတို႔မွာ ဓားဒဏ္ရာေတြ အသီးသီးရရွိခဲ့တာေၾကာင့္ မႏၲေလးျပည္သူ႔ေဆးႀကီးမွာ တင္ပို႔ကုသထားပါတယ္။

ယင္းျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေအာင္ညီညီမင္းရဲ႕ ဖခင္ျဖစ္သူက တိုင္တန္းတဲ့အတြက္ က်ဴးလြန္သူ လူငယ္ ၁၀ ဦးခန႔္ကို အမွတ္ ၁၁ နယ္ေျမတြင္ (ပ)၅၉၀/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆/၁၁၄ အရ အမႈဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။

မင္းေခါင္
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
ရွှေတြိဂံဒေသသတင်းလွှာ
· 6 hrs ·

လူငယ်တစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သူများထဲမှ တစ်ဦးအား ဖမ်းမိထား
================================================

မန္တလေး၊ အောက်တိုဘာ ၂၁

မန္တလေး၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး Ocean Super Centre ရှိ အများသုံးအိမ်သာမှာ လူငယ်တစ်ဦးကို တရုတ်လူမျိုးဟု ယူဆရသော လူငယ် ၁၀ ဦးခန့်က ဓားနဲ့ဝိုင်းဝန်းထိုးခုတ်မှု ဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကျူးလွန်သူ တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ အမှတ် ၁၁ နယ်မြေရဲစခန်းက ဆိုပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာမန္တလေး Ocean Super Centre ရှိ အများသုံး အိမ်သာထဲမှာ ကိုအောင်ညီညီမင်းအား ယခင်က ရန်ငြိုးရန်စရှိဖူးသူ တရုတ်လူမျိုးဟု ယူဆရသော လူငယ် ၁၀ ဦးခန့်က ဓားဖြင့်ဝိုင်း ဝန်းခုတ်ခဲ့တာဖြစ်ပြီး၊ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကျူး လွန်သူများထဲမှ လူငယ် တစ်ဦးကို ဖမ်းဆီးရမိထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓားဖြင့် ဝိုင်းဝန်းခုတ်ခဲ့ရမှုကြောင့် ကိုအောင်ညီညီမင်း၌ ဆီးခုံအထက်တွင် ပြတ်ရှဒဏ်ရာ၊ ညာဒူးဘက်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ခြေသလုံး၊ ဝဲဘက်ပေါက်တွင် တစ်ချက်၊ ဘယ်လက်ဖဝါးတွင် တစ်ချက်၊ ဘယ်တံတောင်ကွေးတွင်တစ်ချက်နဲ့ ဝဲဘက်ပဖုံးတို့မှာ ဓားဒဏ်ရာတွေ အသီးသီးရရှိခဲ့တာကြောင့် မန္တလေးပြည်သူ့ဆေးကြီးမှာ တင်ပို့ကုသထားပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ အောင်ညီညီမင်းရဲ့ ဖခင်ဖြစ်သူက တိုင်တန်းတဲ့အတွက် ကျူးလွန်သူ လူငယ် ၁၀ ဦးခန့်ကို အမှတ် ၁၁ နယ်မြေတွင် (ပ)၅၉၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မင်းခေါင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လူငယ္တစ္ဦးကို ဓားျဖင့္ခုတ္ခဲ့သူမ်ားထဲမွ တစ္ဦးအား ဖမ္းမိထား လူငယ္တစ္ဦးကို ဓားျဖင့္ခုတ္ခဲ့သူမ်ားထဲမွ တစ္ဦးအား ဖမ္းမိထား Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.