ခိုင်ကမ်း၌ မော်တော်ဆိုင်ကယ်က လမ်းဘေးရှိဓာတ်တိုင်တိုက်မိ တစ်ဦး သေဆုံး


ခိုင်ကမ်း အောက်တိုဘာ ၁

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့၌ ကလေးမြို့ဖက်မှ မောင်းနှင်လာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင် တိုက်မိ၍ နောက်မှလိုက်ပါလာသူသေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကလေးမြို့ ၊ လှိုင်သာယာရပ်ကွက်မှ ကလေး-တီးတိန် ကားလမ်းအတိုင်း မောင်းနှင်လာသော ၆၅ယ/-----KENBO-125 ဆိုင်ကယ်သည် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄နာရီ ၅ဝမိနစ်အချိန်တွင် ခိုင်ကမ်းမြို့ အဝင် အမှတ် (၁) ရပ်ကွက် တံတားအနီးတွင် ကျင့်ခန့်မုန်မောင်းနှင်လာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်အားတိုက်မိ၍ နောက်လိုက်ပါလာသူ( အမည်မသိ)အသက် (၃၅) နှစ်ခန့်သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းသည် စိုးရိမ်ရသည့် ဒဏ်ရာဖြင့် ကလေးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ခိုင်ကမ်း ( ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခိုင်ကမ်း၌ မော်တော်ဆိုင်ကယ်က လမ်းဘေးရှိဓာတ်တိုင်တိုက်မိ တစ်ဦး သေဆုံး ခိုင်ကမ်း၌ မော်တော်ဆိုင်ကယ်က လမ်းဘေးရှိဓာတ်တိုင်တိုက်မိ တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.