အရပ္သားေတြကို စစ္တပ္က ေျမျမႇဳပ္မိုင္း ေဖာ္ခိုင္းလို႔ တေယာက္ေသဆုံးတယ္လို႔ဆို

Reuters
Zawgyi
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နားက ႐ြာတ႐ြာအနီးမွာ ေျမျမႇဳပ္မိုင္းေထာင္ထားတာကို တပ္မေတာ္စစ္ေၾကာင္း တခုက ေတြ႕ခဲ့ၿပီး အနီးအနားက အရပ္သား ၂ ေယာက္ကို မိုင္းေဖာ္ခိုင္းတဲ့အတြက္ တေယာက္ေသဆုံးၿပီး တေယာက္ ဒဏ္ရာရ သြားခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ဘီဘီစီ ကို ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕ရဲ႕ အေရွ႕ဘက္ တမိုင္အကြာေလာက္မွာရွိတဲ့ ႐ြာေဟာင္းေတာေက်း႐ြာ တံတားအနီးမွာ ေအာက္တိုဘာလ ၃၀ ရက္ မနက္ ၈ နာရီေလာက္က ဒီအျဖစ္အပ်က္ ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

ဒီျဖစ္ရပ္ကို အနီးကပ္ မ်က္ျမင္ေတြ႕ခဲ့သူ အရပ္သားတေယာက္က တပ္မေတာ္က တပ္ၾကပ္တေယာက္က အဲဒီ အရပ္သားႏွစ္ေယာက္ကို မိုင္းေဖာ္ခိုင္းတာလို႔ ဘီဘီစီကို ေျပာပါတယ္။

သူက "သူတို႔ (ေရာက္ေနတဲ့ေနရာ)နဲ႔ မိုင္းရွိတဲ့ေနရာနဲ႔ နီးတယ္၊ ကြၽန္ေတာ္တို႔က အေနာက္နားက်တယ္၊ အဲဒါသူတို႔ကို ေခၚၿပီး မိုင္းေဖာ္ခိုင္းတာ" လို႔ ေျပာပါတယ္။

ေဖာ္ခိုင္းတဲ့သူေတြက မျငင္းဘူးလားလို႔ ဆိုတဲ့ အေမးကိုေတာ့ စစ္တပ္က တပ္ၾကပ္က အဲဒီလူေတြကို "ခင္ဗ်ားတို႔ ဒါေတြလုပ္လည္းလုပ္တတ္တယ္၊ ေဖာ္လည္းေဖာ္တတ္တယ္၊ ေဖာ္ခိုင္းရင္ေဖာ္၊ မေဖာ္ရင္ ပစ္သတ္မယ္" လို႔ စြပ္စြဲၿခိမ္းေျခာက္တာေတြ ၾကားရတယ္လို႔ သူက ေျဖပါတယ္။

အရပ္သားကို မိုင္းေဖာ္ခိုင္းတယ္ဆိုတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဘီဘီစီက ေမးျမန္းရာမွာေတာ့ သူက အဲဒီအေၾကာင္း သူမသိရေသးဘူး လို႔ ဆိုပါတယ္။

ေျမျမႇဳပ္မိုင္းေဖာ္ခိုင္းခံရၿပီး ေပါက္ကြဲလို႔ ေသဆုံးသူက အမ်ိဳးသားက ေျမာက္ဦးၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ကျဖစ္ၿပီး ေျမာက္ဦးကို အျပန္လမ္းမွာ အခုလို ျဖစ္ခဲ့တာလို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

ဒဏ္ရာေတြရသြားသူကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ပီေခ်ာင္း လင့္စင္႐ြာသစ္က ျဖစ္ၿပီး ေလးၿမိဳ႕ေခ်ာင္းမွာ ေက်ာက္သြားေကာက္ေနတဲ့သူ ျဖစ္တယ္လို႔ သူကေျပာပါတယ္။

ဒဏ္ရာရသူကို ေျမာက္ဦးေဆး႐ုံကို ပို႔လိုက္ၾကတယ္လို႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပား၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ ေနရာေတြမွာ အခုရက္ပိုင္းအတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြားေနၾကပါတယ္။

BBC Burmese
https://www.bbc.com
----------------
Unicode
အရပ်သားတွေကို စစ်တပ်က မြေမြှုပ်မိုင်း ဖော်ခိုင်းလို့ တယောက်သေဆုံးတယ်လို့ဆို

ဓာတ်ပုံ မူပိုင် Reuters

ရခိုင်ပြည်နယ် မြောက်ဦးမြို့နားက ရွာတရွာအနီးမှာ မြေမြှုပ်မိုင်းထောင်ထားတာကို တပ်မတော်စစ်ကြောင်း တခုက တွေ့ခဲ့ပြီး အနီးအနားက အရပ်သား ၂ ယောက်ကို မိုင်းဖော်ခိုင်းတဲ့အတွက် တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီ ကို ပြောပါတယ်။

မြောက်ဦးမြို့ရဲ့ အရှေ့ဘက် တမိုင်အကွာလောက်မှာရှိတဲ့ ရွာဟောင်းတောကျေးရွာ တံတားအနီးမှာ အောက်တိုဘာလ ၃၀ ရက် မနက် ၈ နာရီလောက်က ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ဒီဖြစ်ရပ်ကို အနီးကပ် မျက်မြင်တွေ့ခဲ့သူ အရပ်သားတယောက်က တပ်မတော်က တပ်ကြပ်တယောက်က အဲဒီ အရပ်သားနှစ်ယောက်ကို မိုင်းဖော်ခိုင်းတာလို့ ဘီဘီစီကို ပြောပါတယ်။

သူက "သူတို့ (ရောက်နေတဲ့နေရာ)နဲ့ မိုင်းရှိတဲ့နေရာနဲ့ နီးတယ်၊ ကျွန်တော်တို့က အနောက်နားကျတယ်၊ အဲဒါသူတို့ကို ခေါ်ပြီး မိုင်းဖော်ခိုင်းတာ" လို့ ပြောပါတယ်။

ဖော်ခိုင်းတဲ့သူတွေက မငြင်းဘူးလားလို့ ဆိုတဲ့ အမေးကိုတော့ စစ်တပ်က တပ်ကြပ်က အဲဒီလူတွေကို "ခင်ဗျားတို့ ဒါတွေလုပ်လည်းလုပ်တတ်တယ်၊ ဖော်လည်းဖော်တတ်တယ်၊ ဖော်ခိုင်းရင်ဖော်၊ မဖော်ရင် ပစ်သတ်မယ်" လို့ စွပ်စွဲခြိမ်းခြောက်တာတွေ ကြားရတယ်လို့ သူက ဖြေပါတယ်။

အရပ်သားကို မိုင်းဖော်ခိုင်းတယ်ဆိုတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းရာမှာတော့ သူက အဲဒီအကြောင်း သူမသိရသေးဘူး လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းဖော်ခိုင်းခံရပြီး ပေါက်ကွဲလို့ သေဆုံးသူက အမျိုးသားက မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်ကဖြစ်ပြီး မြောက်ဦးကို အပြန်လမ်းမှာ အခုလို ဖြစ်ခဲ့တာလို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဒဏ်ရာတွေရသွားသူကတော့ ကျောက်တော်မြို့နယ် ပီချောင်း လင့်စင်ရွာသစ်က ဖြစ်ပြီး လေးမြို့ချောင်းမှာ ကျောက်သွားကောက်နေတဲ့သူ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒဏ်ရာရသူကို မြောက်ဦးဆေးရုံကို ပို့လိုက်ကြတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် နေရာတွေမှာ အခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။

BBC Burmese
https://www.bbc.com
အရပ္သားေတြကို စစ္တပ္က ေျမျမႇဳပ္မိုင္း ေဖာ္ခိုင္းလို႔ တေယာက္ေသဆုံးတယ္လို႔ဆို အရပ္သားေတြကို စစ္တပ္က ေျမျမႇဳပ္မိုင္း ေဖာ္ခိုင္းလို႔ တေယာက္ေသဆုံးတယ္လို႔ဆို Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.