မိုဘိုင္းလ္ဖုန္း စြဲလမ္းလြန္တဲ့ စိတ္ေရာဂါ သင့္မွာရွိေနၿပီလား

Zawgyi
ဒီဘက္ေခတ္ႀကီးထဲမွာ မိုဘိုင္းလ္ဖုန္းကို လူတိုင္းနီးပါး အသုံးျပဳေနၾကပါၿပီ။ ဆက္သြယ္ဖို႔၊ စကားေျပာဆိုဖို႔၊ ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာေတြအတြက္ အေျဖရွာဖို႔၊ မိတ္ေဆြအသစ္ေတြ ရွာေဖြဖို႔ အရင္ကလို အခ်ိန္ကုန္၊ လူပင္ပန္းခံစရာ မလိုပဲ အင္တာနက္ဖြင့္လိုက္႐ုံနဲ႔ အလြယ္တကူ လုပ္လို႔ရေနပါၿပီ။ ဒါဟာ မေကာင္းတဲ့ ကိစၥေတာ့ မဟုတ္ေပမယ့္ တခ်ိဳ႕လူေတြအတြက္ေတာ့ လိုတာထက္ပိုၿပီး စြဲလမ္းသြားတဲ့အခါ စိတ္ေရာဂါအေျခအေနအျပင္ က်န္းမာေရးနဲ႔ ေန႔စဥ္ဘဝကိုပါ ထိခိုက္လာႏိုင္ပါတယ္။

က်ား၊ မ မေ႐ြး၊ လူငယ္ေတြမွာ ေတြ႕ရတတ္တဲ့ ျပႆနာတစ္မ်ိဳးျဖစ္ၿပီး ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ပဲ ၾကာလာတဲ့အခါ ကိုယ့္ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကိုပါ ထိခိုက္ေစပါတယ္။ ျပင္းထန္တဲ့ စိတ္ေရာဂါအေျခအေနမ်ိဳး တစ္ခုမဟုတ္တာေၾကာင့္ ဒီလို မိုဘိုင္းလ္ဖုန္း စြဲလမ္းတဲ့ စိတ္ေရာဂါကို ကိုယ္တိုင္ျဖစ္ေစ၊ နားလည္တတ္ကြၽမ္းတဲ့ ပညာရွင္နဲ႔ျဖစ္ေစ တိုင္ပင္ေဆြးေႏြးၿပီး ကုသေပ်ာက္ကင္းႏိုင္ပါတယ္။

မိုဘိုင္းလ္ဖုန္း စြဲလမ္းတဲ့ စိတ္ေရာဂါလကၡဏာေတြက ဘာေတြလဲ။
၁။ အၿမဲတမ္း ဖုန္းကို ဖြင့္ၾကည့္ဖို႔ စိတ္က ေတာင္းဆိုေနတာ၊ ျပင္းျပတဲ့ စိတ္ဆႏၵေတြ ျဖစ္ေပၚလာတာ

၂။ ဖုန္းကို အသုံးမျပဳပဲ မေနႏိုင္တာ၊ ဖုန္းသုံးခ်င္စိတ္ကို ဘယ္လိုမွ ထိန္းခ်ဳပ္လို႔ မရတာ

၃။ ဖုန္းက ကိုယ့္အနားမွာ မရွိရင္၊ ဖုန္းမသုံးရရင္ ေနမထိ ထိုင္မသာျဖစ္တာ

၄။ စိတ္ပူပန္၊ စိတ္ညစ္၊ စိတ္ဓါတ္က်တိုင္း ဖုန္းကို အၿမဲဖြင့္ၾကည့္ၿပီး အသုံးျပဳခ်င္စိတ္ ျဖစ္လာတာ

၅။ ဖုန္းထဲမွာ စိတ္က အာ႐ုံဝင္စားသြားၿပီး အခ်ိန္ကုန္လို႔ ကုန္သြားမွန္းေတာင္ မသိေတာ့တာ

၆။ ဖုန္းမၾကာခဏ အသုံးျပဳတဲ့အတြက္ အခ်စ္ေရး၊ အလုပ္အကိုင္၊ ေက်ာင္း၊ ပညာေရးမွာ ျပႆနာေတြ ႀကဳံလာတာ

၇။ ဖုန္းအသစ္ထြက္တိုင္း ဝယ္ခ်င္စိတ္ ျပင္းျပလြန္းတာ

၈။ ဆက္သြယ္မႈဧရိယာျပင္ပ ေရာက္ေနတဲ့အခါ၊ အင္တာနက္ လိုင္းမမိတဲ့အခ်ိန္မွာ ေဒါသျဖစ္တာ၊ စိတ္ညစ္တာ၊ စိတ္ဓါတ္က်တာ၊ အိပ္မေပ်ာ္ႏိုင္ျဖစ္တာ၊ စိတ္ထဲမွာ ေနလို႔ ထိုင္လို႔ မေကာင္းတာေတြဟာ စြဲလမ္းစိတ္ရဲ႕ လကၡဏာေတြပဲ ျဖစ္ပါတယ္။

မိုဘိုင္းလ္ဖုန္း စြဲလမ္းမႈေၾကာင့္ ျဖစ္လာႏိုင္တဲ့ က်န္းမာေရး ျပႆနာေတြ
ဖုန္းကို ေန႔စဥ္ေန႔တိုင္း လိုအပ္တာထက္ ပိုၿပီး အသုံးျပဳတဲ့အခါ စိတ္ကိုသာမက ခႏၶာကိုယ္ကိုပါ မ်ားစြာထိခိုက္လာေစႏိုင္ပါတယ္။

၁။ မ်က္စိက်န္းမာေရး
မ်က္စိ ေညာင္းကိုက္တာ၊ မ်က္စိနာတာ၊ ပူစပ္ၿပီး ယားယံတာ၊ မ်က္စိအျမင္အာ႐ုံ မႈန္လာတာ၊ မ်က္စိေညာင္းတာ၊ ေခါင္းမူးလာတာေတြဟာ ဖုန္းကို မ်က္စိနဲ႔ အၿမဲအားစိုက္ၿပီး ၾကည့္ေနသူေတြမွာ မၾကာခဏေတြ႕ရတတ္တဲ့ ျပႆနာေတြ ျဖစ္ပါတယ္။

၂။ အ႐ိုးအေၾကာ
ေခါင္းကို အၿမဲေအာက္စိုက္ၿပီး ဖုန္းကို ငုံ႔ၾကည့္ေနရတာေၾကာင့္ ဇက္ေၾကာတက္တာ၊ ပုခုံး၊ အ႐ိုးအဆစ္ေတြ နာက်င္ကိုက္ခဲတာ၊ က်ီးေပါင္းတက္တာ၊ အထိုင္မ်ားၿပီး လႈပ္ရွားမႈနည္းတဲ့အတြက္ အ႐ိုးအဆစ္ေတြ ေပ်ာ့ေခြလာတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

၃။ ဖ်ားနာျခင္း
ဖုန္းရဲ႕ စကရင္ မ်က္ႏွာျပင္မွာ သင္ထင္ထားတာထက္ေတာင္ ပိုးေပါင္းမ်ားစြာ ကပ္ၿငိေနႏိုင္ပါတယ္။ ဖုန္းကို အသုံးျပဳၿပီး လက္မေဆးပဲ ပါးစပ္၊ မ်က္လုံး၊ ႏွာေခါင္းကို ပြတ္သပ္ကိုင္တြယ္မိတဲ့အခါ ဒီပိုးေတြဟာ ကိုယ္ခႏၶါထဲကို ဝင္ေရာက္သြားပါတယ္။ ဖ်ားနာျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ျခင္း၊ အေရျပားျပႆနာေတြ၊ အနာထဲ ပိုးဝင္ၿပီး အနာရင္းတာေတြ ျဖစ္ေစႏိုင္ပါတယ္။

၄။ ယာဥ္တိုက္မႈျဖစ္ျခင္း
ယာဥ္ေမာင္းတဲ့သူေတြ မၾကာခဏ ျဖစ္တတ္တဲ့ မေတာ္တဆမႈေတြရဲ႕ အေၾကာင္းရင္းထဲမွာ ဖုန္းအသုံးျပဳျခင္းဟာလည္း တစ္ခုအပါအဝင္ပါပဲ။ ဖုန္းမ်က္ႏွာျပင္ကို အာ႐ုံစိုက္ေနမိတဲ့အခါ ယာဥ္ေမာင္းကိုေရာ၊ တျခား လမ္းသြားလမ္းလာ ျပည္သူေတြကိုပါ ဒုကၡေရာက္ေစႏိုင္ပါတယ္။

၅။ ေယာက္်ားေလးေတြ မ်ိဳးေအာင္ႏိုင္စြမ္းကို ထိခိုက္ေစျခင္း
ဖုန္းကေန ထြက္လာတဲ့ ဓါတ္ေရာင္ျခည္လႈိင္းေတြဟာ အမ်ိဳးသားေတြရဲ႕ သုက္ေကာင္ေရကို နည္းေစၿပီး မ်ိဳးေအာင္ႏိုင္စြမ္းကို ထိခိုက္ေစႏိုင္တယ္။ သုက္ပိုးေတြကို အားနည္းေစၿပီး ၿမဳံသြားႏိုင္သည္အထိ ဒုကၡေပးႏိုင္ပါတယ္။

၆။ ညအိပ္မေပ်ာ္ျခင္း
ဖုန္းကို အသုံးျပဳေနရတာေၾကာင့္ေရာ၊ ညအေမွာင္ထဲမွာ ဖုန္းအလင္းေရာင္ကို အၾကာႀကီးၾကည့္ေနတဲ့အခါ မ်က္စိကို ထိခိုက္ေစတဲ့အျပင္ အိပ္ခ်ိန္မမွန္တာ၊ အိပ္ေရးမဝတာ၊ အိပ္စက္ဖို႔ အခ်ိန္ၾကာျမင့္တာေတြ ျဖစ္ႏိုင္ပါတယ္။

၇။ တျခားေသာ စိတ္က်န္းမာေရး
စိတ္ဓါတ္က်ျခင္း၊ စိုးရိမ္ပူပန္လြန္ စြဲလမ္းတတ္တဲ့ စိတ္ေရာဂါေတြအျပင္ အခ်စ္ေရး၊ ေမတၱာေရးမွာ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

အေကာင္းဆုံးကေတာ့ မိမိကိုယ္ကို ျဖစ္ေစ၊ ကိုယ့္အနီးပတ္ဝန္းက်င္မွာ ဒီလို ဖုန္းအသုံးျပဳဖို႔ စြဲလမ္းစိတ္ လကၡဏာရွိတဲ့သူေတြကို နားလည္တတ္ကြၽမ္းတဲ့ စိတ္ေရာဂါ ကုထုံးပညာရွင္ေတြနဲ႔ ေသခ်ာတိုင္ပင္ျပသၿပီး ကုသၾကည့္လို႔ ရပါတယ္။ တရားထိုင္တာ၊ ေယာဂက်င့္တာ၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ၊ အားကစားလုပ္တာ၊ စာအုပ္ဖတ္တာ အစရွိသျဖင့္ ကိုယ့္ရဲ႕ စိတ္အာ႐ုံကို လႊဲေပးႏိုင္မယ့္ အလုပ္ေတြ ေ႐ြးလုပ္ေပးလို႔လည္း အဆင္ေျပေစပါတယ္။ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝကို ထိခိုက္မႈမရွိေသးသမွ်ေတာ့ သိပ္ျပင္းထန္တဲ့ စိတ္ေရာဂါအေျခအေနလို႔ သတ္မွတ္လို႔ မရေသးပါဘူး။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
Unicode
မိုဘိုင်းလ်ဖုန်း စွဲလမ်းလွန်တဲ့ စိတ်ရောဂါ သင့်မှာရှိနေပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက်ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။

ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။

မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။
၁။ အမြဲတမ်း ဖုန်းကို ဖွင့်ကြည့်ဖို့ စိတ်က တောင်းဆိုနေတာ၊ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတာ

၂။ ဖုန်းကို အသုံးမပြုပဲ မနေနိုင်တာ၊ ဖုန်းသုံးချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတာ

၃။ ဖုန်းက ကိုယ့်အနားမှာ မရှိရင်၊ ဖုန်းမသုံးရရင် နေမထိ ထိုင်မသာဖြစ်တာ

၄။ စိတ်ပူပန်၊ စိတ်ညစ်၊ စိတ်ဓါတ်ကျတိုင်း ဖုန်းကို အမြဲဖွင့်ကြည့်ပြီး အသုံးပြုချင်စိတ် ဖြစ်လာတာ

၅။ ဖုန်းထဲမှာ စိတ်က အာရုံဝင်စားသွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိတော့တာ

၆။ ဖုန်းမကြာခဏ အသုံးပြုတဲ့အတွက် အချစ်ရေး၊ အလုပ်အကိုင်၊ ကျောင်း၊ ပညာရေးမှာ ပြဿနာတွေ ကြုံလာတာ

၇။ ဖုန်းအသစ်ထွက်တိုင်း ဝယ်ချင်စိတ် ပြင်းပြလွန်းတာ

၈။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတဲ့အခါ၊ အင်တာနက် လိုင်းမမိတဲ့အချိန်မှာ ဒေါသဖြစ်တာ၊ စိတ်ညစ်တာ၊ စိတ်ဓါတ်ကျတာ၊ အိပ်မပျော်နိုင်ဖြစ်တာ၊ စိတ်ထဲမှာ နေလို့ ထိုင်လို့ မကောင်းတာတွေဟာ စွဲလမ်းစိတ်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်း စွဲလမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ
ဖုန်းကို နေ့စဉ်နေ့တိုင်း လိုအပ်တာထက် ပိုပြီး အသုံးပြုတဲ့အခါ စိတ်ကိုသာမက ခန္ဓာကိုယ်ကိုပါ များစွာထိခိုက်လာစေနိုင်ပါတယ်။

၁။ မျက်စိကျန်းမာရေး
မျက်စိ ညောင်းကိုက်တာ၊ မျက်စိနာတာ၊ ပူစပ်ပြီး ယားယံတာ၊ မျက်စိအမြင်အာရုံ မှုန်လာတာ၊ မျက်စိညောင်းတာ၊ ခေါင်းမူးလာတာတွေဟာ ဖုန်းကို မျက်စိနဲ့ အမြဲအားစိုက်ပြီး ကြည့်နေသူတွေမှာ မကြာခဏတွေ့ရတတ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၂။ အရိုးအကြော
ခေါင်းကို အမြဲအောက်စိုက်ပြီး ဖုန်းကို ငုံ့ကြည့်နေရတာကြောင့် ဇက်ကြောတက်တာ၊ ပုခုံး၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ကျီးပေါင်းတက်တာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အတွက် အရိုးအဆစ်တွေ ပျော့ခွေလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၃။ ဖျားနာခြင်း
ဖုန်းရဲ့ စကရင် မျက်နှာပြင်မှာ သင်ထင်ထားတာထက်တောင် ပိုးပေါင်းများစွာ ကပ်ငြိနေနိုင်ပါတယ်။ ဖုန်းကို အသုံးပြုပြီး လက်မဆေးပဲ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကို ပွတ်သပ်ကိုင်တွယ်မိတဲ့အခါ ဒီပိုးတွေဟာ ကိုယ်ခန္ဓါထဲကို ဝင်ရောက်သွားပါတယ်။ ဖျားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ အရေပြားပြဿနာတွေ၊ အနာထဲ ပိုးဝင်ပြီး အနာရင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

၄။ ယာဉ်တိုက်မှုဖြစ်ခြင်း
ယာဉ်မောင်းတဲ့သူတွေ မကြာခဏ ဖြစ်တတ်တဲ့ မတော်တဆမှုတွေရဲ့ အကြောင်းရင်းထဲမှာ ဖုန်းအသုံးပြုခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေမိတဲ့အခါ ယာဉ်မောင်းကိုရော၊ တခြား လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။

၅။ ယောက်ျားလေးတွေ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေခြင်း
ဖုန်းကနေ ထွက်လာတဲ့ ဓါတ်ရောင်ခြည်လှိုင်းတွေဟာ အမျိုးသားတွေရဲ့ သုက်ကောင်ရေကို နည်းစေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်။ သုက်ပိုးတွေကို အားနည်းစေပြီး မြုံသွားနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

၆။ ညအိပ်မပျော်ခြင်း
ဖုန်းကို အသုံးပြုနေရတာကြောင့်ရော၊ ညအမှောင်ထဲမှာ ဖုန်းအလင်းရောင်ကို အကြာကြီးကြည့်နေတဲ့အခါ မျက်စိကို ထိခိုက်စေတဲ့အပြင် အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ အိပ်စက်ဖို့ အချိန်ကြာမြင့်တာတွေ ဖြစ်နိုင်ပါတယ်။

၇။ တခြားသော စိတ်ကျန်းမာရေး
စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်လွန် စွဲလမ်းတတ်တဲ့ စိတ်ရောဂါတွေအပြင် အချစ်ရေး၊ မေတ္တာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒီလို ဖုန်းအသုံးပြုဖို့ စွဲလမ်းစိတ် လက္ခဏာရှိတဲ့သူတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြသပြီး ကုသကြည့်လို့ ရပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာ၊ စာအုပ်ဖတ်တာ အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်အာရုံကို လွှဲပေးနိုင်မယ့် အလုပ်တွေ ရွေးလုပ်ပေးလို့လည်း အဆင်ပြေစေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှုမရှိသေးသမျှတော့ သိပ်ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေလို့ သတ်မှတ်လို့ မရသေးပါဘူး။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မိုဘိုင္းလ္ဖုန္း စြဲလမ္းလြန္တဲ့ စိတ္ေရာဂါ သင့္မွာရွိေနၿပီလား မိုဘိုင္းလ္ဖုန္း စြဲလမ္းလြန္တဲ့ စိတ္ေရာဂါ သင့္မွာရွိေနၿပီလား Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.