ပ်ားရည္နဲ႔ ဆံေကသာကို ေပါင္းတင္ၾကရေအာင္


Zawgyi

အသားအေရကို ထိန္းသိမ္းတဲ့အိမ္သုံးပစၥည္းေတြထဲမွာ ပ်ားရည္ဟာလည္း အလြန္နာမည္ႀကီးပါတယ္။ အေရျပားအတြင္းထဲထိ စိမ့္ဝင္မႈအားေကာင္းသလို အသားအေရအတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြကိုလည္း ေပးစြမ္းႏိုင္တယ္။ လုပ္ရတာလည္း လြယ္ကူသလို အခ်ိန္မကုန္ အလုပ္မရႈပ္တဲ့အတြက္ ကိုယ့္အိမ္မွာပဲ အခ်ိန္ခဏေလးေပးၿပီး အသားအေရထိန္းသိမ္းလို႔ရတယ္။

ပ်ားရည္ကို အမ်ားစုက မ်က္ႏွာေပါင္းတင္တဲ့ေနရာမွာ သုံးတဲ့ သဘာဝ Mask အျဖစ္ အသုံးျပဳၾကပါတယ္။ အခ်ိန္ ၁၀ မိနစ္ေလာက္ေပးၿပီး မ်က္ႏွာမွာ ကပ္ထား႐ုံနဲ႔ ဝက္ၿခံအဖုအပိမ့္ေတြကို သက္သာေစၿပီး အမည္းစက္ေတြကို ဖယ္ရွားေပးတယ္။ အဆီျပန္ျခင္းကင္းၿပီး ႏူးညံ့ေခ်ာေမြ႕တဲ့ မ်က္ႏွာအသားအေရကို ရေစတယ္။ အိုမင္းရင့္ေရာ္ျခင္းကို တားဆီးေပးၿပီး အသားအေရကိုလည္း ျဖဴစင္ဝင္းပလာေစပါတယ္။

အရင္ေဆာင္းပါးေတြတုန္းက ပ်ားရည္ကို အသုံးျပဳၿပီး မ်က္ႏွာအသားအေရထိန္းသိမ္းလို႔ရတဲ့ နည္းလမ္းေတြအေၾကာင္း ေျပာျပခဲ့ၿပီးၿပီဆိုေတာ့ ဒီေဆာင္းပါးေလးမွာ ဆံေကသာအတြက္ ပ်ားရည္ကို ဘယ္လိုအသုံးျပဳႏိုင္မလဲဆိုတာနဲ႔ သူ႔ရဲ႕ အားသာခ်က္ေတြကို ေျပာျပေပးသြားပါမယ္။

ပ်ားရည္နဲ႔ ဆံသားေပါင္းတင္ျခင္း ေကာင္းက်ိဳး

ဆံေကသာကို ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ၿပီးတဲ့ေနာက္ ေပ်ာ့ေဆးအျဖစ္နဲ႔လည္း အသုံးျပဳၾကသလို ေခါင္းမေလွ်ာ္ခင္မွာ အရင္ေပါင္းတင္တာမ်ိဳးေတြလည္း ရွိပါတယ္။ ဘယ္လိုပုံစံပဲ သုံးပါေစ ပ်ားရည္နဲ႔ ဦးေရျပားေပါင္းတင္မယ္ဆိုရင္

• ေျခာက္ေသြ႕ေနတဲ့ ဦးေရျပားနဲ႔ ဆံသားကို ႏူးညံ့ေပ်ာ့ေပ်ာင္းလာေစတယ္

• ဆံသားက်ိဳးေၾကပ်က္စီးျခင္းကို ေလ်ာ့နည္းေစတယ္

• ဆံသားကို ေတာက္ပလာေစတယ္

• ဆံပင္ေပါက္ျမန္ေစၿပီး ဦးေရျပားကို အားျဖည့္ေပးတယ္

• ဆံပင္ႏွစ္ခြျဖစ္တာ၊ ဆံပင္အနားသားေကာက္တာေတြကို ေလ်ာ့နည္းေစတယ္

• ဦးေရျပားကို အစိုဓာတ္ျဖည့္ေပးႏိုင္ပါတယ္

ကဲ ဒါဆိုရင္ ပ်ားရည္နဲ႔ ဦးေရျပားကို ေပါင္းတင္ဖို႔ ဘာေတြလိုအပ္မလဲဆိုတာ ေျပာျပေပးမယ္ေနာ္။

၁။ ေျခာက္ေသြ႕ၾကမ္းတမ္းၿပီး က်ိဳးေၾကေနတဲ့ ဆံသားေတြအတြက္

အရင္ဆုံး ေခါင္းမေလွ်ာ္ရေသးရင္ ေရနည္းနည္းစြတ္ထားေပးပါ။ ပ်ားရည္ ခြက္တစ္ဝက္၊ သံလြင္ဆီ သို႔မဟုတ္ အုန္းဆီ တစ္ဇြန္းစာကို သမေအာင္ ေရာၿပီး ေမႊထားေပးပါ။ ၿပီးရင္ ေမႊထားတဲ့ ပ်ားရည္အႏွစ္ကို မီးဖိုမွာ မိနစ္ ၂၀ခန္႔ အပူေပးဖို႔လိုပါတယ္။ ေအးသြားၿပီဆိုေတာ့မွ ဦးေရျပားနဲ႔ ဆံသားေတြကို ေနရာအႏွံ႔သုတ္လိမ္းၿပီး ႏွိပ္နယ္ေပးပါ။ ႏွိပ္တဲ့အခါ ဦးေရျပားကို လက္ေခ်ာင္း၊ လက္မနဲ႔ဖိၿပီး စက္ဝိုင္းပုံသ႑ာန္ ႏွိပ္ေပးပါ။ ေခါင္းကိုေရမစိုေစတဲ့ ေခါင္းစြပ္၊ ဒါမွမဟုတ္ ပလတ္စတစ္အိတ္နဲ႔ ေခါင္းကို စြပ္ထားၿပီး နာရီဝက္ခန္႔ၾကာမွ ေရနဲ႔ေျပာင္စင္ေအာင္ ေလာင္းၿပီး ေခါင္းျပန္ေလွ်ာ္ေပးပါ။

၂။ ဆံသားေတာက္ပေစဖို႔၊ ဦးေရျပားကို သန္႔စင္ေပးဖို႔အတြက္

ခုေျပာျပေပးမယ့္ နည္းလမ္းကေတာ့ ဒိန္ခ်ဥ္ ခြက္တစ္ဝက္၊ ပ်ားရည္ ၄ဇြန္း၊ အုန္းဆီ ၂ဇြန္းကို သမေအာင္ ေရာေမႊေပးပါ။ ၁၅ မိနစ္ခန္႔ အပူေပးၿပီးရင္ အေအးခံထားပါ။ အေပၚမွာ ေျပာခဲ့သလိုပဲ ဦးေရျပားကို ေရနည္းနည္းစြတ္ၿပီးေတာ့မွ ပ်ားရည္အႏွစ္နဲ႔ သုတ္လိမ္းေပးရမွာပါ။ နာရီဝက္ေလာက္ ဒီအတိုင္းထားၿပီးမွ ေရနဲ႔ေျပာင္စင္ေအာင္ေဆး၊ ၿပီးရင္ ေခါင္းျပန္ေလွ်ာ္ေပး ရမွာပါ။

၃။ ဦးေရျပား မၾကာခဏ ယားယံေနတတ္တယ္ဆိုရင္

ငွက္ေပ်ာသီး ၂လုံးေလာက္ကို ေက်ညက္ေနေအာင္ ေခ်ၿပီးသြားရင္ ပ်ားရည္ ၂ဇြန္း၊ သံလြင္ဆီ ၂ဇြန္းေရာေမႊေပးရပါမယ္။ ဆံပင္ရွည္တဲ့သူေတြဆိုရင္ ဆီ ပိုထည့္ၿပီး ေမႊရပါမယ္။ ဦးေရျပားေနရာအႏွံ႔သုတ္လိမ္းၿပီး ယားလြန္းတဲ့ေနရာမွာ ႏွိပ္ေပးရင္း ျဖည္းျဖည္းခ်င္းကုတ္ေပးပါ။ ၿပီးသြားမွ ဒီအတိုင္းထားထားၿပီး ၁၀မိနစ္ေလာက္ေနရင္ ေရနဲ႔ျပန္ေလာင္းၿပီး ေခါင္းျပန္ေလွ်ာ္ေပးပါ။

၄။ ဆံပင္သန္ဖို႔အတြက္

ၾကက္ဥတစ္လုံးကိုအရင္ေခါက္ၿပီး ပ်ားရည္ ၂ဇြန္း၊ အုန္းဆီ ၂ဇြန္း ထည့္ေမႊေပးပါ။ ဦးေရျပားနဲ႔ ဆံသားေတြကို ေသခ်ာပြတ္လိမ္းၿပီးသြားရင္ ဆံသားေတြကို အရင္းမွ အဖ်ားထိ ျဖည္းျဖည္းခ်င္း ပြတ္ဆြဲေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးသြားရင္ ေရက်က္ေႏြးနဲ႔ ေခါင္းျပန္ေလွ်ာ္ေပးပါ။

ပ်ားရည္ကို ဘယ္လိုအသားအေရပိုင္ရွင္မ်ိဳးမဆို သုံးလို႔ရေပမယ့္ ဓာတ္မတည့္တဲ့သူေတြ၊ သုံးၿပီး ၅မိနစ္ေလာက္မွာ အင္ပ်ဥ္ထလာတာ၊ မခံမရပ္ႏိုင္ေအာင္ ယားလာတယ္ဆိုရင္ေတာ့ ဆက္မသုံးသင့္ပါဘူး။

ေရးသားသူ Ye Myo Myat
 ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
Unicode

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသားအရေကို ထိန်းသိမ်းတဲ့အိမ်သုံးပစ္စည်းတွေထဲမှာ ပျားရည်ဟာလည်း အလွန်နာမည်ကြီးပါတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းသလို အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ လုပ်ရတာလည်း လွယ်ကူသလို အချိန်မကုန် အလုပ်မရှုပ်တဲ့အတွက် ကိုယ့်အိမ်မှာပဲ အချိန်ခဏလေးပေးပြီး အသားအရေထိန်းသိမ်းလို့ရတယ်။

ပျားရည်ကို အများစုက မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတဲ့ သဘာဝ Mask အဖြစ် အသုံးပြုကြပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး မျက်နှာမှာ ကပ်ထားရုံနဲ့ ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးတယ်။ အဆီပြန်ခြင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာအသားအရေကို ရစေတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပလာစေပါတယ်။

အရင်ဆောင်းပါးတွေတုန်းက ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ ဆံကေသာအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာနဲ့ သူ့ရဲ့ အားသာချက်တွေကို ပြောပြပေးသွားပါမယ်။

ပျားရည်နဲ့ ဆံသားပေါင်းတင်ခြင်း ကောင်းကျိုး

ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့နောက် ပျော့ဆေးအဖြစ်နဲ့လည်း အသုံးပြုကြသလို ခေါင်းမလျှော်ခင်မှာ အရင်ပေါင်းတင်တာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လိုပုံစံပဲ သုံးပါစေ ပျားရည်နဲ့ ဦးရေပြားပေါင်းတင်မယ်ဆိုရင်

• ခြောက်သွေ့နေတဲ့ ဦးရေပြားနဲ့ ဆံသားကို နူးညံ့ပျော့ပျောင်းလာစေတယ်

• ဆံသားကျိုးကြေပျက်စီးခြင်းကို လျော့နည်းစေတယ်

• ဆံသားကို တောက်ပလာစေတယ်

• ဆံပင်ပေါက်မြန်စေပြီး ဦးရေပြားကို အားဖြည့်ပေးတယ်

• ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်အနားသားကောက်တာတွေကို လျော့နည်းစေတယ်

• ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်

ကဲ ဒါဆိုရင် ပျားရည်နဲ့ ဦးရေပြားကို ပေါင်းတင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ပြောပြပေးမယ်နော်။

၁။ ခြောက်သွေ့ကြမ်းတမ်းပြီး ကျိုးကြေနေတဲ့ ဆံသားတွေအတွက်

အရင်ဆုံး ခေါင်းမလျှော်ရသေးရင် ရေနည်းနည်းစွတ်ထားပေးပါ။ ပျားရည် ခွက်တစ်ဝက်၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ တစ်ဇွန်းစာကို သမအောင် ရောပြီး မွှေထားပေးပါ။ ပြီးရင် မွှေထားတဲ့ ပျားရည်အနှစ်ကို မီးဖိုမှာ မိနစ် ၂၀ခန့် အပူပေးဖို့လိုပါတယ်။ အေးသွားပြီဆိုတော့မှ ဦးရေပြားနဲ့ ဆံသားတွေကို နေရာအနှံ့သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါ ဦးရေပြားကို လက်ချောင်း၊ လက်မနဲ့ဖိပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ခေါင်းကိုရေမစိုစေတဲ့ ခေါင်းစွပ်၊ ဒါမှမဟုတ် ပလတ်စတစ်အိတ်နဲ့ ခေါင်းကို စွပ်ထားပြီး နာရီဝက်ခန့်ကြာမှ ရေနဲ့ပြောင်စင်အောင် လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။

၂။ ဆံသားတောက်ပစေဖို့၊ ဦးရေပြားကို သန့်စင်ပေးဖို့အတွက်

ခုပြောပြပေးမယ့် နည်းလမ်းကတော့ ဒိန်ချဉ် ခွက်တစ်ဝက်၊ ပျားရည် ၄ဇွန်း၊ အုန်းဆီ ၂ဇွန်းကို သမအောင် ရောမွှေပေးပါ။ ၁၅ မိနစ်ခန့် အပူပေးပြီးရင် အအေးခံထားပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ ဦးရေပြားကို ရေနည်းနည်းစွတ်ပြီးတော့မှ ပျားရည်အနှစ်နဲ့ သုတ်လိမ်းပေးရမှာပါ။ နာရီဝက်လောက် ဒီအတိုင်းထားပြီးမှ ရေနဲ့ပြောင်စင်အောင်ဆေး၊ ပြီးရင် ခေါင်းပြန်လျှော်ပေး ရမှာပါ။

၃။ ဦးရေပြား မကြာခဏ ယားယံနေတတ်တယ်ဆိုရင်

ငှက်ပျောသီး ၂လုံးလောက်ကို ကျေညက်နေအောင် ချေပြီးသွားရင် ပျားရည် ၂ဇွန်း၊ သံလွင်ဆီ ၂ဇွန်းရောမွှေပေးရပါမယ်။ ဆံပင်ရှည်တဲ့သူတွေဆိုရင် ဆီ ပိုထည့်ပြီး မွှေရပါမယ်။ ဦးရေပြားနေရာအနှံ့သုတ်လိမ်းပြီး ယားလွန်းတဲ့နေရာမှာ နှိပ်ပေးရင်း ဖြည်းဖြည်းချင်းကုတ်ပေးပါ။ ပြီးသွားမှ ဒီအတိုင်းထားထားပြီး ၁၀မိနစ်လောက်နေရင် ရေနဲ့ပြန်လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။

၄။ ဆံပင်သန်ဖို့အတွက်

ကြက်ဥတစ်လုံးကိုအရင်ခေါက်ပြီး ပျားရည် ၂ဇွန်း၊ အုန်းဆီ ၂ဇွန်း ထည့်မွှေပေးပါ။ ဦးရေပြားနဲ့ ဆံသားတွေကို သေချာပွတ်လိမ်းပြီးသွားရင် ဆံသားတွေကို အရင်းမှ အဖျားထိ ဖြည်းဖြည်းချင်း ပွတ်ဆွဲပေးပါ။ မိနစ် ၂၀ လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ခေါင်းပြန်လျှော်ပေးပါ။

ပျားရည်ကို ဘယ်လိုအသားအရေပိုင်ရှင်မျိုးမဆို သုံးလို့ရပေမယ့် ဓာတ်မတည့်တဲ့သူတွေ၊ သုံးပြီး ၅မိနစ်လောက်မှာ အင်ပျဉ်ထလာတာ၊ မခံမရပ်နိုင်အောင် ယားလာတယ်ဆိုရင်တော့ ဆက်မသုံးသင့်ပါဘူး။
ပ်ားရည္နဲ႔ ဆံေကသာကို ေပါင္းတင္ၾကရေအာင္ ပ်ားရည္နဲ႔ ဆံေကသာကို ေပါင္းတင္ၾကရေအာင္ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.