ျမန္မာ အလုပ္သမားခံစားခြင့္ အေျခအေန

ျမန္မာမီးရထား အလုပ္သမားမ်ား
ျမန္မာႏုိင္ငံက အလုပ္သမားေတြအတြက္ လူမႈဖူလံုုေရးလုုပ္ငန္းစဥ္ေတြ ေခတ္နဲ႔အညီ လုုပ္ကိုုင္ႏိုုင္ေရးနဲ႔ က်န္းမာေရးခံစားခြင့္ေတြ ဒီထက္ေပးႏိုုင္ေရးတုိ႔အတြက္ လုုပ္ငန္းေတြကိုု အဆင့္ျမွင့္တင္ဖိုု႔ စတင္ စမ္းသပ္လုုပ္ေဆာင္ေနၿပီလိုု႔ လူမႈဖူလံုုေရးအဖြဲ႔ ညႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာပါတယ္။

အျပည္ျပည္ဆိုုင္ရာ အလုုပ္သမားအဖြဲ႔ခ်ဳပ္ ILO ရဲ႕ အကူအညီနဲ႔ ေဆာင္ရြက္ေနတယ္ ဆုိေပမယ့္လည္း ဒီေျပာင္းလဲမႈေတြဟာ ႏုိင္ငံတကာအဆင့္မီဖုိ႔ လုိအပ္ေၾကာင္း အလုပ္သမားအခြင့္အေရး လႈပ္ရွားသူေတြက ေထာက္ျပၾကပါတယ္။ ဒီသတင္းကိုုေတာ့ ဗီြအိုုေအ ျမန္မာပိုုင္းသတင္းေထာက္ေမခက စုုစည္းတင္ျပသြားမွာပါ။

လူမႈဖူလံုုေရးရဲ႕ တျခား အလုပ္သမားဆုိင္ရာ လုုပ္ငန္းစဥ္ေတြ ေခတ္နဲ႔အညီ လုုပ္ႏိုုင္ေရး၊ က်န္းမာေရးခံစားခြင့္ေတြ ဒီထက္ပိုေပးႏိုုင္ေရးတို႔အတြက္ အခုုလိုု ျပဳျပင္ေျပာင္းလဲဖိုု႔ လုုပ္ေဆာင္တာျဖစ္တယ္လိုု႔ လူမႈဖူလံုုေရး အဖြဲ႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္ေအးက ေျပာပါတယ္။

“က်ေနာ္တို႔ Medical Reform မွာျပင္ပလူနာေဆးကုသတဲ့ ဟာကိုအရင္သြားတာေပါ့။ ျပင္ပ ေဆးခန္း ေတြနဲ႔စာခ်ဳပ္ခ်ဳပ္ၿပီး Piliot သြားေနပါၿပီ။ ေနာက္ဆို ဘယ္လိုပံုစံနဲ႔သြား မလဲထြက္လာပါလိမ့္မယ္။ ေနာက္ ဆရာဝန္ဌားၿပီးေတာ့ဒီထက္ပိုမို CAREလုပ္ေပး ႏိုင္ေအာင္ ႏိုင္ငံတကာ ေမာ္ဒယ္တခုသြားဖို႔အတြက္ က်ေနာ္တို႔ ILO နဲ႔လုပ္ေနတာပါ။ပုဂၢလိကနဲ႔ပူးေပါင္းေဆာင္ရြက္တာေတြလည္းရန္ကုန္မွာဆိုရင္ စမ္းသပ္လုပ္ ေဆာင္ေနပါတယ္။ Model တခုအေနနဲ႔ပူးေပါင္းတယ္ အဲဒါေအာင္ျမင္ရင္ဒီထက္တိုးခ်ဲ႕ လုပ္ေဆာင္သြားမယ္။”

လူမႈဖူလံုုေရးလုုပ္ငန္းေတြမွာ အလုုပ္သမားခံစားခြင့္နဲ႔ ပတ္သတ္တဲ့ စီမံခန္႔ခြဲေရးပိုုင္း ၾကန္႔ၾကာမႈေတြမျဖစ္ေအာင္ အဆင့္ျမွင့္ဖိုု႔ လိုအပ္္ေနတယ္လို႔ သူကေျပာပါတယ္။

“အလုပ္သမားေတြ ဖ်ားနာတယ္၊ နာမက်န္းျဖစ္တယ္၊ မီးဖြားတယ္ဆိုရင္က်ေနာ္တို႔ဆီမွာ အက်ိဳး ခံစားခြင့္ ထုတ္ေပးရတာရွိတယ္ေလ။ အဲလုပ္ငန္းစဥ္က မ်ားတယ္။ မ်ားေတာ့ ေစာင့္ရတာ ၾကာတာေပါ့ဗ်ာ။ အဲဒါေတြ ေျဖေလ်ာ့မယ္ဆိုၿပီးေတာ့ လုပ္တယ္။ ဥပမာ အဆင့္ ၅၆ဆင့္မွာ ၃၁ဆင့္ေလာက္ထိ ေျဖေလ်ာ့လိုက္တယ္။ ခုအဲဒါကိ္ုလဲ Pilot အေနနဲ႔စမ္းထားတယ္။ ရန္ကုန္လိႈင္သာယာမွာေကာ၊ မႏၱေလး ျပည္ႀကီးတခြန္မွာပါ စမ္းထားတယ္။ ဒီဇင္ဘာဆို၆လျပည္႔ပါၿပီ။ ဒါရဲ႕ Result ၾကည္႔မယ္ ဘာေတြထပ္ျပင္မလဲ မျပင္ဘူးဆိုလဲ ဒီတိ္ုင္းေျဖေလ်ာ့တဲ့လုပ္ငန္းစဥ္နဲ႔ဆိုရင္ အလုပ္သမားေတြ အေနနဲ႔ သူတို႔ခံစားခြင့္ေတြ ကို လြယ္လြယ္ကူကူနဲ႔ ခံစားရရွိေစမွာျဖစ္ပါတယ္။”

အလုပ္သမားေတြရဲ႕ဘ၀ ျမင့္တင္ေရးအပါအ၀င္ အခု လူမႈဖူလုံေရးအဖြဲ႔က လုပ္ေဆာင္ေနတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြဟာ အစုိးရတာ၀န္ရွိသူေတြအျပင္ ျမန္မာႏုိင္ငံအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္က တာ၀န္ရွိသူေတြနဲ႔ လေပါင္းမ်ားစြာ ေဆြးေႏြး ညွိႏႈိင္းၿပီးမွ ထြက္ေပၚလာတာ ျဖစ္တယ္ပါတယ္။

ျပဳျပင္ေျပာင္းလဲမႈေတြမွာ အလုုပ္သမားေတြ အမွန္တကယ္ ရရွိႏိုုင္မယ့္ အေျခအေနေတြ ျဖစ္ေအာင္ ဖန္တီးေပးဖိုု႔လိုုတယ္လိုု႔ ျမန္မာႏိုုင္ငံလံုုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ဥကၠဌ ဦးေမာင္ေမာင္ ေျပာပါတယ္။

“ လူမႈဖူလံုေရးသြားရင္ ေဆးမရဘူး၊ ဆရာဝန္မရဘူး ဆိုတာကစလို႔ ျပင္ဖို႔ႀကိဳးစားတယ္။ ဝန္ႀကီးဌာန ဘက္က သူတိ္ု႔ရွိ္တဲ့ေငြနဲ႔ ေဆးရံုေတြမႏိုင္ဘူး၊ သူတို႔အခုေပးေနတဲ့ လုပ္အားခနဲ႔ဆရာဝန္ေတြ မရလို႔ေပါ့။ အဲဒီအခါမွာ သူတို႔က ကန္ထရိုက္ျပန္ေပးတာေပါ့ေနာ္။ ဒါကိုလည္း အလုပ္သမားေတြ သံုးေနပါတယ္။ လူမႈဖူလံုေရးကလုပ္တဲ့ ျပဳျပင္ေျပာင္းလဲမႈက က်ေနာ္တို႔ေျပာတာ ကေတာ့ ႏိုင္ငံတကာ ျဖစ္ဖို႔လိုတယ္။ အကုန္ပါႏိုင္ဖို႔လိုတယ္။ ေမြးခ်ိန္ကေန ေသတဲ့အခ်ိန္ထိ လူမႈကာ ကြယ္ေရးျဖစ္ဖို႔လိုတယ္။”

လူမႈဖူလံုုေရး အဖြဲ႔ထုုတ္ျပန္ထားခ်က္အရ လူမႈဖူလံုုေရး အဖြဲ႔ဝင္ထားတဲ့ အလုုပ္သမားဦးေရ ၁.၄သန္းရွိၿပီး အလုုပ္သမား ေဆးရံုု ၃ရံုုနဲ႔ ေဆးခန္းေပါင္း ၁၀၀ ေက်ာ္က က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနတယ္လိုု႔ ထုုတ္ျပန္ထားပါတယ္။ ဒီျပဳျပင္ေျပာင္းလဲေရးလုပ္ေနတဲ့ က႑ ၄ခုအတြက္ စမ္းသပ္ကာလကို ၆လ သတ္မွတ္ထားၿပီး လာမယ့္ ဒီဇင္ဘာမွာ စမ္းသပ္ကာလ ကုန္ဆံုးမွာျဖစ္ပါတယ္။

..................

{Unicode}

မြန်မာ အလုပ်သမားခံစားခွင့် အခြေအနေ

မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းစဉ်တွေ ခေတ်နဲ့အညီ လုပ်ကိုင်နိုင်ရေးနဲ့ ကျန်းမာရေးခံစားခွင့်တွေ ဒီထက်ပေးနိုင်ရေးတို့အတွက် လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ စတင် စမ်းသပ်လုပ်ဆောင်နေပြီလို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတယ် ဆိုပေမယ့်လည်း ဒီပြောင်းလဲမှုတွေဟာ နိုင်ငံတကာအဆင့်မီဖို့ လိုအပ်ကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်မေခက စုစည်းတင်ပြသွားမှာပါ။

လူမှုဖူလုံရေးရဲ့ တခြား အလုပ်သမားဆိုင်ရာ လုပ်ငန်းစဉ်တွေ ခေတ်နဲ့အညီ လုပ်နိုင်ရေး၊ ကျန်းမာရေးခံစားခွင့်တွေ ဒီထက်ပိုပေးနိုင်ရေးတို့အတွက် အခုလို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောပါတယ်။

“ကျနော်တို့ Medical Reform မှာပြင်ပလူနာဆေးကုသတဲ့ ဟာကိုအရင်သွားတာပေါ့။ ပြင်ပ ဆေးခန်း တွေနဲ့စာချုပ်ချုပ်ပြီး Piliot သွားနေပါပြီ။ နောက်ဆို ဘယ်လိုပုံစံနဲ့သွား မလဲထွက်လာပါလိမ့်မယ်။ နောက် ဆရာဝန်ဌားပြီးတော့ဒီထက်ပိုမို CAREလုပ်ပေး နိုင်အောင် နိုင်ငံတကာ မော်ဒယ်တခုသွားဖို့အတွက် ကျနော်တို့ ILO နဲ့လုပ်နေတာပါ။ပုဂ္ဂလိကနဲ့ပူးပေါင်းဆောင်ရွက်တာတွေလည်းရန်ကုန်မှာဆိုရင် စမ်းသပ်လုပ် ဆောင်နေပါတယ်။ Model တခုအနေနဲ့ပူးပေါင်းတယ် အဲဒါအောင်မြင်ရင်ဒီထက်တိုးချဲ့ လုပ်ဆောင်သွားမယ်။”

လူမှုဖူလုံရေးလုပ်ငန်းတွေမှာ အလုပ်သမားခံစားခွင့်နဲ့ ပတ်သတ်တဲ့ စီမံခန့်ခွဲရေးပိုင်း ကြန့်ကြာမှုတွေမဖြစ်အောင် အဆင့်မြှင့်ဖို့ လိုအပ်နေတယ်လို့ သူကပြောပါတယ်။

“အလုပ်သမားတွေ ဖျားနာတယ်၊ နာမကျန်းဖြစ်တယ်၊ မီးဖွားတယ်ဆိုရင်ကျနော်တို့ဆီမှာ အကျိုး ခံစားခွင့် ထုတ်ပေးရတာရှိတယ်လေ။ အဲလုပ်ငန်းစဉ်က များတယ်။ များတော့ စောင့်ရတာ ကြာတာပေါ့ဗျာ။ အဲဒါတွေ ဖြေလျော့မယ်ဆိုပြီးတော့ လုပ်တယ်။ ဥပမာ အဆင့် ၅၆ဆင့်မှာ ၃၁ဆင့်လောက်ထိ ဖြေလျော့လိုက်တယ်။ ခုအဲဒါကိုလဲ Pilot အနေနဲ့စမ်းထားတယ်။ ရန်ကုန်လှိုင်သာယာမှာကော၊ မန္တလေး ပြည်ကြီးတခွန်မှာပါ စမ်းထားတယ်။ ဒီဇင်ဘာဆို၆လပြည့်ပါပြီ။ ဒါရဲ့ Result ကြည့်မယ် ဘာတွေထပ်ပြင်မလဲ မပြင်ဘူးဆိုလဲ ဒီတိုင်းဖြေလျော့တဲ့လုပ်ငန်းစဉ်နဲ့ဆိုရင် အလုပ်သမားတွေ အနေနဲ့ သူတို့ခံစားခွင့်တွေ ကို လွယ်လွယ်ကူကူနဲ့ ခံစားရရှိစေမှာဖြစ်ပါတယ်။”

အလုပ်သမားတွေရဲ့ဘ၀ မြင့်တင်ရေးအပါအဝင် အခု လူမှုဖူလုံရေးအဖွဲ့က လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အစိုးရတာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ လပေါင်းများစွာ ဆွေးနွေး ညှိနှိုင်းပြီးမှ ထွက်ပေါ်လာတာ ဖြစ်တယ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ အလုပ်သမားတွေ အမှန်တကယ် ရရှိနိုင်မယ့် အခြေအနေတွေ ဖြစ်အောင် ဖန်တီးပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင် ပြောပါတယ်။

“ လူမှုဖူလုံရေးသွားရင် ဆေးမရဘူး၊ ဆရာဝန်မရဘူး ဆိုတာကစလို့ ပြင်ဖို့ကြိုးစားတယ်။ ဝန်ကြီးဌာန ဘက်က သူတို့ရှိတဲ့ငွေနဲ့ ဆေးရုံတွေမနိုင်ဘူး၊ သူတို့အခုပေးနေတဲ့ လုပ်အားခနဲ့ဆရာဝန်တွေ မရလို့ပေါ့။ အဲဒီအခါမှာ သူတို့က ကန်ထရိုက်ပြန်ပေးတာပေါ့နော်။ ဒါကိုလည်း အလုပ်သမားတွေ သုံးနေပါတယ်။ လူမှုဖူလုံရေးကလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုက ကျနော်တို့ပြောတာ ကတော့ နိုင်ငံတကာ ဖြစ်ဖို့လိုတယ်။ အကုန်ပါနိုင်ဖို့လိုတယ်။ မွေးချိန်ကနေ သေတဲ့အချိန်ထိ လူမှုကာ ကွယ်ရေးဖြစ်ဖို့လိုတယ်။”

လူမှုဖူလုံရေး အဖွဲ့ထုတ်ပြန်ထားချက်အရ လူမှုဖူလုံရေး အဖွဲ့ဝင်ထားတဲ့ အလုပ်သမားဦးရေ ၁.၄သန်းရှိပြီး အလုပ်သမား ဆေးရုံ ၃ရုံနဲ့ ဆေးခန်းပေါင်း ၁၀၀ ကျော်က ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ကဏ္ဍ ၄ခုအတွက် စမ်းသပ်ကာလကို ၆လ သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာမှာ စမ်းသပ်ကာလ ကုန်ဆုံးမှာဖြစ်ပါတယ်။

ေမခ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ အလုပ္သမားခံစားခြင့္ အေျခအေန ျမန္မာ အလုပ္သမားခံစားခြင့္ အေျခအေန Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.