လားရိႈးမွာ ရြာသူႀကီးတစ္ဦး လုပ္ၾကံခံရ

ေသနတ္နဲ႔ ပစ္ခတ္လို႔ ေသဆံုးသြားခဲ့တဲ့ မန္ေကာင္းေက်းရြာသူႀကီးအေလာင္းကို ၂၀၁၉၊ ေအာက္တိုဘာ ၁၆ ရက္ေန႔က လားရႈိးေဆးရံုကို သယ္လာစဥ္ / ဓါတ္ပံု - လားရႈိးလူငယ္လူမႈကူညီေရး
Zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ နားကြမ္းလံုေက်းရြာအုပ္စု မန္ေကာင္းေက်းရြာသူႀကီးကို လက္နက္ကိုင္တစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္လို႔ ေသဆံုးသြားခဲ့ပါတယ္။

မန္ေကာင္းေက်းရြာသူႀကီး ဦးမာကူးဟာ သူတိုရဲ ႔ ေတာင္ယာတဲမွာ မိသားစုေတြနဲ႔အတူရွိေနခ်ိန္မွာ လူတစ္ေယာက္က လားဟူဘာသာစကားနဲ ့လာေရာက္ႏိႈးတာေၾကာင့္ အျပင္ကိုထြက္ၾကည့္တဲ့အခ်ိန္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတာျဖစ္တယ္လို ့ လားရႈိးၿမိဳ႕ အမွတ္ ၁ ရဲစခန္းက ဒုရဲမွဴး ျမင့္ေက်ာ္ က ေျပာပါတယ္။

ေက်းရြာသူႀကီးဟာ လားဟူတိုင္းရင္းသားတစ္ဦးျဖစ္ၿပီး အသက္ ၆၀ အရြယ္ရွိသူျဖစ္ပါတယ္။

ေသဆံုးခ်ိန္မွာ ဦးေခါင္း၊ ရင္ဘတ္၊ လည္ပင္းနဲ ့တင္ပါးေတြမွာ စုစုေပါင္း ေသနတ္က်ည္ဆံ ေျခာက္ခ်က္ ထိမွန္ခဲ့တဲ့ဒဏ္ရာေတြနဲ႔ ေနရာမွာပဲ ေသဆံုးေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

မန္ေကာင္းေက်းရြာဟာ လားရႈိး-နမၼတူ ကားလမ္းကေန အတြင္းပိုင္းကို ၀င္သြားရတာျဖစ္ၿပီး လားရႈိးၿမိဳ႕နဲ ့ ဆယ့္သံုးမိုင္ေလာက္ကြာေ၀းပါတယ္။

ေက်းရြာသူႀကီး ေသနတ္ပစ္ခံရတယ္ဆိုတဲ့သတင္းေၾကာင့္ ရဲတပ္ဖြဲ႕တာ၀န္ရွိသူေတြနဲ႔ လားရႈိးလူငယ္မ်ားပရဟိတအသင္းက မေန႔က ေန႔လယ္ပိုင္းမွာ မန္ေကာင္းရြာကို သြားေရာက္ခဲ့ၿပီး ေသဆံုးသူ ေက်းရြာသူႀကီးအေလာင္းကို လားရႈိးေဆးရံုကို သယ္ေဆာင္လာတာျဖစ္ပါတယ္။

ေက်းရြာဟာ လမ္းပန္းဆက္သြယ္ေရးခက္ခဲလို႔ တစ္နာရီခြဲေလာက္ ေက်းရြာအထိ ေျခလ်င္ခရီးနဲ႔သြားခဲ့ရၿပီး အေလာင္းကို သယ္ေဆာင္လာခဲ့ၾကရတာလို႔ လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္းက စိုင္း၀သုန္ က ေျပာပါတယ္။

မန္ေကာင္းေက်းရြာဟာ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ ့TNLA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအျပင္ ေဒသတြင္းဌာေနျပည္သူ႔စစ္တပ္ဖြဲ႔ေတြ တပ္မေတာ္ စစ္ေၾကာင္းေတြလည္း မၾကာခဏ သြားလာလႈပ္ရွားေလ့ရွိတဲ့ေနရာလည္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
Unicode
လားရှိုးမှာ ရွာသူကြီးတစ်ဦး လုပ်ကြံခံရ

သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့တဲ့ မန်ကောင်းကျေးရွာသူကြီးအလောင်းကို ၂၀၁၉၊ အောက်တိုဘာ ၁၆ ရက်နေ့က လားရှိုးဆေးရုံကို သယ်လာစဉ်
ဓါတ်ပုံ - လားရှိုးလူငယ်လူမှုကူညီရေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု မန်ကောင်းကျေးရွာသူကြီးကို လက်နက်ကိုင်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။

မန်ကောင်းကျေးရွာသူကြီး ဦးမာကူးဟာ သူတိုရဲ့ တောင်ယာတဲမှာ မိသားစုတွေနဲ့အတူရှိနေချိန်မှာ လူတစ်ယောက်က လားဟူဘာသာစကားနဲ့လာရောက်နှိုးတာကြောင့် အပြင်ကိုထွက်ကြည့်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ လားရှိုးမြို့ အမှတ် ၁ ရဲစခန်းက ဒုရဲမှူး မြင့်ကျော် က ပြောပါတယ်။

ကျေးရွာသူကြီးဟာ လားဟူတိုင်းရင်းသားတစ်ဦးဖြစ်ပြီး အသက် ၆၀ အရွယ်ရှိသူဖြစ်ပါတယ်။

သေဆုံးချိန်မှာ ဦးခေါင်း၊ ရင်ဘတ်၊ လည်ပင်းနဲ့တင်ပါးတွေမှာ စုစုပေါင်း သေနတ်ကျည်ဆံ ခြောက်ချက် ထိမှန်ခဲ့တဲ့ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးနေတာဖြစ်တယ်လို့ ပြောပါတယ်။

မန်ကောင်းကျေးရွာဟာ လားရှိုး-နမ္မတူ ကားလမ်းကနေ အတွင်းပိုင်းကို ဝင်သွားရတာဖြစ်ပြီး လားရှိုးမြို့နဲ့ ဆယ့်သုံးမိုင်လောက်ကွာဝေးပါတယ်။

ကျေးရွာသူကြီး သေနတ်ပစ်ခံရတယ်ဆိုတဲ့သတင်းကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ လားရှိုးလူငယ်များပရဟိတအသင်းက မနေ့က နေ့လယ်ပိုင်းမှာ မန်ကောင်းရွာကို သွားရောက်ခဲ့ပြီး သေဆုံးသူ ကျေးရွာသူကြီးအလောင်းကို လားရှိုးဆေးရုံကို သယ်ဆောင်လာတာဖြစ်ပါတယ်။

ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ တစ်နာရီခွဲလောက် ကျေးရွာအထိ ခြေလျင်ခရီးနဲ့သွားခဲ့ရပြီး အလောင်းကို သယ်ဆောင်လာခဲ့ကြရတာလို့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက စိုင်းဝသုန် က ပြောပါတယ်။

မန်ကောင်းကျေးရွာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ဒေသတွင်းဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်မတော် စစ်ကြောင်းတွေလည်း မကြာခဏ သွားလာလှုပ်ရှားလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လားရိႈးမွာ ရြာသူႀကီးတစ္ဦး လုပ္ၾကံခံရ လားရိႈးမွာ ရြာသူႀကီးတစ္ဦး လုပ္ၾကံခံရ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.