အတိုင္ပင္ခံ ဂ်ပန္ခရီးစဥ္ ေဝဖန္ဆႏၵျပမႈေတြ ရင္ဆိုင္ရ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ ဂ်ပန္ခရီးစဥ္ (Myanmar State Counsellor Office
Zawgyi
ရိုဟင္ဂ်ာေတြနဲ႔ အျခားတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္ညွင္းပမ္းမႈေတြအတြက္ တာ၀န္ခံမႈရွိလာေစေရး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဂ်ပန္ခရီးစဥ္အတြင္း ဂ်ပန္အစိုးရအေနနဲ႔ တိုက္ရိုက္တိုက္တြန္းဖို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖဲြ႔ႀကီးက တနဂၤေႏြေန႔က ေတာင္းဆိုလိုက္ပါတယ္။

ဒီအေတာအတြင္း ဂ်ပန္ေရာက္ ရခိုင္တိုင္းရင္းသားေတြကလည္း ပဋိပကၡေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ အရပ္သားေတြကို ျမန္မာတပ္မေတာ္ဘက္က ဥပေဒမဲ့ ဖမ္းဆီးမႈေတြကို ရပ္တန္႔ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ ခရီးစဥ္မွာ ဆႏၵျပၾကဖို႔ရွိပါတယ္။

မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို တင္ျပမွာပါ။

ဂ်ပန္ဧကရာဇ္ နာရူဟီတိုရဲ႕ ထီးနန္းတက္ပဲြ အခမ္းအနားကို တက္ေရာက္ဖို႔ ဂ်ပန္ႏိုင္ငံကို တနဂၤေႏြေန႔ ေအာက္တိုဘာလ ၂၀ ရက္ေန႔က ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ဟာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈစြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ကန္႔ကြက္၊ ဆႏၵျပမႈ ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ျမန္မာစစ္တပ္ရဲ႕ အက်ဴိးစီးပြား ဒါမွမဟုတ္ လူမ်ဳိးစုလက္နက္ကိုင္တပ္ဖဲြ႕ေတြနဲ႔ တိုက္ပဲြေတြအတြက္ အသံုးျပဳဖို႔ အေထာက္အကူျဖစ္ေစတဲ့ ဂ်ပန္စီးပြားေရးရင္းႏွီးျမွဳပ္နွံမႈေတြ မလုပ္ဖို႔ နယူးေရာက္ အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးက မေန႔ တနဂၤေႏြေန႔က ေတာင္းဆိုလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ခရီးစဥ္အတြင္း ေအာက္တိုဘာလ (၂၁)ရက္ တနလၤာေန႔မွာ ဂ်ပန္ျပည္ပ ကုန္သြယ္ေရး အဖဲြ႔အစည္းက ဦးစီးၿပီး ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ စီးပြားေရး အခြင့္အလမ္းေတြ ျမွင့္တင္ေရး ေဆြးေႏြးပဲြကို က်င္းပခဲ့တာပါ။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ အဖဲြ႔၀င္သစ္အျဖစ္ ျပန္ၿပီး အေရြးခံရတဲ့ ဂ်ပန္ႏိုင္ငံအေနနဲ႔ လူ႕အခြင့္အေရးကို အေျခခံတဲ့ ႏိုင္ငံျခားေရးမူ၀ါဒနဲ႔အညီ ႏိုင္ငံတကာဥပေဒ ခ်ဳိးေဖာက္မႈေတြရွိေနတဲ့ ျမန္မာႏိုင္ငံမွာ သူ႔ႏိုင္ငံရဲ႕ ကုမၸဏီေတြအေနနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတါ မလုပ္ဖို႔ တိုက္တြန္းသင့္ေၾကာင္း HRW အာရွေရးရာ လက္ေထာက္ညႊန္ၾကားေရးမွဴး Phil Robertson က ဗီြအိုေအကို ေျပာပါတယ္။

“လူ႔အခြင့္အေရးကို လစ္လ်ဴျပဳၿပီး ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈကို အားေပးတာဟာ ရိုဟင္ဂ်ာေတြကို ဖိႏွိပ္တဲ့ အလြန္ဆိုးရြားလွတဲ့ ျပစ္မႈက်ဴးလြန္မႈေတြကို ေနာက္ထပ္ ဖံုးဖိဖာေထးဖို႔ ျမန္မာအစိုးရနဲ႔ စစ္တပ္ကို အားေပးအားေျမွာက္ျပုတာပဲ ျဖစ္ပါလိမ့္မယ္။ သူတို ဖံုးဖိဖာေထးထားတဲ့ ျပစ္မႈက်ဴးလြန္မႈေတြအတြက္ တရားစီရင္မႈကို စစ္ေခါင္းေဆာင္ေတြကို ေရွာင္လႊဲခဲ့ရံုသာမကပဲ တိုင္းျပည္ရဲ႕ စီးပြားေရးနဲ႔ ဒီမိုကေရစီ တိုးတက္ေရးကိုလည္း ဒီစစ္ေခါင္းေဆာင္ေတြက စနစ္တက် ဖ်က္စီးခဲ့တာပါ။”

တနဂၤေႏြေန႔က ထုတ္ျပန္တဲ့ HRW ရဲ႕ ေၾကညာခ်က္မွာလည္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ေတြအတြက္ ျမန္မာအစိုးရဘက္က တာ၀န္ခံမႈ၊ တာ၀န္ယူမႈ ရွိလာေရး ဖိအားေပးဖို႔ ဂ်ပန္ဘက္က ပ်က္ကြက္ေနတယ္လို႔ ေထာက္ျပထားပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာနဲ႔ အျခားတိုင္းရင္းသားေတြအေပၚ က်ဴးလြန္ခဲ့တဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ၊ လူသားထုအေပၚ ျပစ္မႈက်ဴးလြန္မႈနဲ႔ စစ္ရာဇ၀တ္မႈေတြအတြက္ အေရးယူစံုစမ္းစစ္ေဆးရမယ့္ စစ္ေခါင္းေဆာင္ေတြထဲပါေနတဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ ေအာက္တိုဘာလအေစာပိုင္း ဂ်ပန္ခရီးစဥ္အတြင္း ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe ေတြ႕ဆံုခဲ့တဲ့အေပၚမွာလည္း HRW က ေ၀ဖန္ထားပါတယ္။ ျမန္မာဘက္ကေ ရိုဟင္ဂ်ာ ဆိုတဲ့ အေခၚအေ၀ၚကို အသိအမွတ္ျပဳျခင္းမရွိပါဘူး။

မနက္ျဖန္ အဂၤါေန႔မွာ က်င္းပမယ့္ ဂ်ပန္ဧကရာဇ္ ထီးနန္းတက္ပဲြအခမ္းအနားမတိုင္ခင္ ဒီကေန႔ တနလၤာေန႔မွာ တိုက်ဳိၿမိဳ႕က ျမန္မာသံရံုးေရွ႕မွာ ေဒသစံေတာ္ခ်ိန္ ညေန ၃နာရီခဲြကေန ၄ နာရီခဲြထိ ရခိုင္တိုင္းရင္းသားေတြက ေဒၚေအာင္ဆန္းစုၾကည္ကို ဆႏၵျပၾကမွာျဖစ္ပါတယ္။ သူတို႔ဆႏၵျပတဲ့ အေၾကာင္းရင္းကို ရခိုင္လူငယ္အစည္းအရံုး-ဂ်ပန္ဥကၠဌ ေက်ာ္သန္းလႈိင္က ဗီြအိုေအကို ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုုၾကည္ကေန ရခိုင္တပ္မေတာ္ AA ကို အႏိုင္က်င့္ဖို႔အတြက္ လုပ္ခဲ့လို႔ ရခုိင္ျမန္မာစစ္ပြဲ ျဖစ္လာတယ္၊ စစ္ပြဲဒုကၡသည္ေတြျဖစ္လာၿပီး ဒီစစ္ပြဲမွာ ဘာမွ မဆိုင္တဲ့ အရပ္သားေတြ ၁၀၀ ေက်ာ္ေလာက္ ေသဆံုးၿပီးျဖစ္တယ္။ ဘာမွ မဆိုင္တဲ့ ရြာကိုလည္း ေနထိုင္ေနရင္းလွမ္းပစ္လို႔ ျမန္မာစစ္တပ္က လုပ္လို႔ ၁၀၀ ေက်ာ္ေလာက္ေသဆံုးတာေတြျဖစ္တယ္။ လူ ၃၀၀ ေက်ာ္ကိုလည္း မတရားဖမ္းဆီးထားတယ္ ရခိုင္တပ္မေတာ္ AA ကဆိုၿပီး။ ၿပီးရင္ ရြာေတြမီးရိႈ႕လုပ္တာ ၊ လူေတြေျပးရတာ ၇ ေသာင္းေက်ာ္ေလာက္ျဖစ္ေနၿပီ ဒါေၾကာင့္ ဒီေန႔ ၀ိုင္းၿပီး က်ေနာ္တို႔ ဆႏၵျပရတာ ျဖစ္ပါတယ္။”

ဂ်ပန္ဧကရာဇ္ထီးနန္းတက္ပဲြမွာ ကမၻာအရပ္ရပ္က ေခါင္းေဆာင္ေတြနဲ႔ ထင္ရွားတဲ့ ဧည့္သည္ေပါင္း ၄၀၀ ေလာက္တက္ေရာက္မယ့္အခ်ိန္မွာ ရခိုင္ျပည္သူေတြ အတိဒုကၡေရာက္ေနၾကတာကို သိရွိသြားဖို႔ ဆႏၵျပသူေတြက ေမွ်ာ္လင့္ေၾကာင္း ေက်ာ္သန္းလႈိင္က ဆိုပါတယ္။

.................

{Unicode}

အတိုင်ပင်ခံ ဂျပန်ခရီးစဉ် ဝေဖန်ဆန္ဒပြမှုတွေ ရင်ဆိုင်ရ


ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် တာဝန်ခံမှုရှိလာစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရအနေနဲ့ တိုက်ရိုက်တိုက်တွန်းဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးက တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေကလည်း ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို မြန်မာတပ်မတော်ဘက်က ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ခရီးစဉ်မှာ ဆန္ဒပြကြဖို့ရှိပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို တနင်္ဂနွေနေ့ အောက်တိုဘာလ ၂၀ ရက်နေ့က ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်၊ ဆန္ဒပြမှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာစစ်တပ်ရဲ့ အကျိူးစီးပွား ဒါမှမဟုတ် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွက် အသုံးပြုဖို့ အထောက်အကူဖြစ်စေတဲ့ ဂျပန်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက မနေ့ တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း အောက်တိုဘာလ (၂၁)ရက် တနင်္လာနေ့မှာ ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့အစည်းက ဦးစီးပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်သစ်အဖြစ် ပြန်ပြီး အရွေးခံရတဲ့ ဂျပန်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ သူ့နိုင်ငံရဲ့ ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတေါ မလုပ်ဖို့ တိုက်တွန်းသင့်ကြောင်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေးကို လစ်လျူပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတာဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်တဲ့ အလွန်ဆိုးရွားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေကို နောက်ထပ် ဖုံးဖိဖာထေးဖို့ မြန်မာအစိုးရနဲ့ စစ်တပ်ကို အားပေးအားမြှောက်ပြုတာပဲ ဖြစ်ပါလိမ့်မယ်။ သူတို ဖုံးဖိဖာထေးထားတဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် တရားစီရင်မှုကို စစ်ခေါင်းဆောင်တွေကို ရှောင်လွှဲခဲ့ရုံသာမကပဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးကိုလည်း ဒီစစ်ခေါင်းဆောင်တွေက စနစ်တကျ ဖျက်စီးခဲ့တာပါ။”

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် မြန်မာအစိုးရဘက်က တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာရေး ဖိအားပေးဖို့ ဂျပန်ဘက်က ပျက်ကွက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ အခြားတိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ပြစ်မှုကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူစုံစမ်းစစ်ဆေးရမယ့် စစ်ခေါင်းဆောင်တွေထဲပါနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အောက်တိုဘာလအစောပိုင်း ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe တွေ့ဆုံခဲ့တဲ့အပေါ်မှာလည်း HRW က ဝေဖန်ထားပါတယ်။ မြန်မာဘက်ကေ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပမယ့် ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲအခမ်းအနားမတိုင်ခင် ဒီကနေ့ တနင်္လာနေ့မှာ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲကနေ ၄ နာရီခွဲထိ ရခိုင်တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြကြမှာဖြစ်ပါတယ်။ သူတို့ဆန္ဒပြတဲ့ အကြောင်းရင်းကို ရခိုင်လူငယ်အစည်းအရုံး-ဂျပန်ဥက္ကဌ ကျော်သန်းလှိုင်က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကနေ ရခိုင်တပ်မတော် AA ကို အနိုင်ကျင့်ဖို့အတွက် လုပ်ခဲ့လို့ ရခိုင်မြန်မာစစ်ပွဲ ဖြစ်လာတယ်၊ စစ်ပွဲဒုက္ခသည်တွေဖြစ်လာပြီး ဒီစစ်ပွဲမှာ ဘာမှ မဆိုင်တဲ့ အရပ်သားတွေ ၁၀၀ ကျော်လောက် သေဆုံးပြီးဖြစ်တယ်။ ဘာမှ မဆိုင်တဲ့ ရွာကိုလည်း နေထိုင်နေရင်းလှမ်းပစ်လို့ မြန်မာစစ်တပ်က လုပ်လို့ ၁၀၀ ကျော်လောက်သေဆုံးတာတွေဖြစ်တယ်။ လူ ၃၀၀ ကျော်ကိုလည်း မတရားဖမ်းဆီးထားတယ် ရခိုင်တပ်မတော် AA ကဆိုပြီး။ ပြီးရင် ရွာတွေမီးရှို့လုပ်တာ ၊ လူတွေပြေးရတာ ၇ သောင်းကျော်လောက်ဖြစ်နေပြီ ဒါကြောင့် ဒီနေ့ ဝိုင်းပြီး ကျနော်တို့ ဆန္ဒပြရတာ ဖြစ်ပါတယ်။”

ဂျပန်ဧကရာဇ်ထီးနန်းတက်ပွဲမှာ ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ ဧည့်သည်ပေါင်း ၄၀၀ လောက်တက်ရောက်မယ့်အချိန်မှာ ရခိုင်ပြည်သူတွေ အတိဒုက္ခရောက်နေကြတာကို သိရှိသွားဖို့ ဆန္ဒပြသူတွေက မျှော်လင့်ကြောင်း ကျော်သန်းလှိုင်က ဆိုပါတယ်။

အင္ၾကင္းႏုုိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အတိုင္ပင္ခံ ဂ်ပန္ခရီးစဥ္ ေဝဖန္ဆႏၵျပမႈေတြ ရင္ဆိုင္ရ အတိုင္ပင္ခံ ဂ်ပန္ခရီးစဥ္ ေဝဖန္ဆႏၵျပမႈေတြ ရင္ဆိုင္ရ Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.