ျမန္မာစစ္ဘက္နဲ႔ စီးပြားေရးဆက္ဆံမႈ ေနာက္ထပ္ကုမၸဏီတခု ရပ္ဆိုင္း


(Zawgyi/Unicode)

ျမန္မာစစ္တပ္ပိုင္ကုမၸဏီကို ၀န္ေဆာင္မႈလုပ္ငန္းအတြက္ အသံုးျပဳေနတာ ရပ္ဆိုင္းေတာ့မယ့္အေၾကာင္း အမည္မေဖာ္လိုတဲ့ ဥေရာပကုမၸဏီႀကီးတခုက ၿဗိတိန္အေျခစိုက္ Burma Campaign UK ကို အေၾကာင္းၾကားခဲ့တယ္လို႔ အဖဲြ႔ၫႊန္ၾကားေရးမွဴး Mark Farmaner က ဗီြအိုေအကို အဂၤါေန႔က အတည္ျပဳ ေျပာဆိုပါတယ္။ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးလုပ္ငန္းပိုင္း ပတ္သက္ ေနတဲ့၊ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးထိခိုက္ေစတဲ့ ႏိုင္ငံတကာကုမၸဏီေတြကို နာမည္ပ်က္စာရင္းထဲထည့္္ဖို႔ Burma Campaign UK ကျပဳစုေနတာမွာ ၈၃ ခုနီးပါးရွိေနၿပီး အခု ဥေရာပကုမၸဏီႀကီးကိုလည္း စာရင္းထဲမွာ ထည့္ဖို႔ရွိေၾကာင္း အေၾကာင္းၾကားခဲ့တာကို ကုမၸဏီဘက္က တုံ႔ျပန္ခဲ့တာျဖစ္တယ္လို႔ Mark Farmaner ကေျပာပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လုိ႔ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းတာမွာ သူက အခုလို စေျပာပါတယ္။

Mark Farmaner။ ။ ဒီကေန႔ ဥေရာပကုမၸဏီႀကီးတခုကေန က်ေနာ္တို႔ကို အေၾကာင္းၾကားခဲ့ပါတယ္။ ဒီကုမၸဏီဟာ ၀န္ေဆာင္မႈလုပ္ငန္းအတြက္ ျမန္မာစစ္တပ္ပိုင္ ကုမၸဏီတခုကို အသံုးျပဳေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဆက္ၿပီး အသံုးျပဳေတာ့မွာ မဟုတ္သလို ေနာက္ပိုင္း ျမန္မာျပည္မွာ ရွိေနတဲ့ သူတို႔ ကုမၸဏီအေနနဲ႔ ဆက္လက္ၿပီးစီးပြားေရး လုပ္ကိုင္ရာမွာ စစ္တပ္ပိုင္ကုမၸဏီမွန္သမွ်နဲ႔ ဆက္စပ္လုပ္ကိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါဟာ က်ေနာ္တို႔အတြက္ ေကာင္းတဲ့ သတင္းပါ။ ဒါေပမယ့္ ဘယ္ကုမၸဏီ ျဖစ္တယ္ဆိုတာကိုေတာ့ လွ်ဳိ႕၀ွက္ထားဖို႔ က်ေနာ္တို႔ သေဘာတူထားပါတယ္။ ကုမၸဏီေတြနဲ႔ က်ေနာ္တို႔ သေဘာတူညီခ်က္က စစ္တပ္နဲ႔ စီးပြားေရးပူးေပါင္းလုပ္ကိုင္မႈကို သူတို႔ ရပ္ဆိုင္းမယ္ဆိုရင္ အမည္ပ်က္စာရင္းထဲ အမ်ားျပည္သူ သိေအာင္ ထည့္သြင္းမွာမဟုတ္ဘူးဆိုတဲ့ အခ်က္ျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ ျမန္မာစစ္တပ္နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့တာ ဒါမွမဟုတ္ ရပ္ဆိုင္းေတာ့မယ့္ ကုမၸဏီေတြက ဘယ္လို ကုမၸဏီ အမ်ဳိးအစားေတြလဲရွင့္။

Mark Farmaner ။ ။ စစ္တပ္နဲ႔ စီးပြားေရးအရ ဆပ္စပ္ေနတာေတြကို ရပ္ဆိုင္းခဲ့တဲ့ ကုမၸဏီ ေတြဆိုရင္ က်ေနာ္တို႔ ေတြ႕ျမင္ရတဲ့အထဲမွာ- ေငြေၾကး၀န္ေဆာင္မႈလုပ္ငန္း၊ သတင္းမီဒီယာ၊ ဆက္သြယ္ေရး၊ စိုက္ပ်ဳိးေရးနဲ႕ လက္နက္ပစၥည္း စတဲ့က႑ေတြထဲက ျဖစ္ပါတယ္။ အခုလို က်ယ္ျပန္တဲ့ က႑ေပါင္းစံုက စီးပြားေရးကုမၸဏီေတြဟာ စစ္တပ္နဲ႔ဆက္စပ္လုပ္ကိုင္ေနတာေတြကို အဆံုးသတ္ခဲ့ၾကပါၿပီ။ ၿပီးခဲ့တဲ့ သတင္းပတ္ကဆိုရင္ ICC ႏိုင္ငံတကာရာဇ၀တ္ခံုရံုးမွာ ျမန္မာနဲ႔ဆိုင္တဲ့ အမႈကို တင္သြင္းတဲ့ အထဲမွာ ႏိုင္ငံတကာကုမၸဏီေတြအေနနဲ႔ စစ္တပ္နဲ႔ စီးပြားေရးအရ ဆက္စပ္လုပ္ကိုင္မယ္ဆိုရင္ စစ္တပ္က က်ဴးလြန္တဲ့ ႏိုင္ငံတကာျပစ္မႈကို ေငြေၾကးအရ အကူအညီေပးေနတာျဖစ္တယ္ဆိုတဲ့ အခ်က္ပါ၀င္ပါတယ္။ တကယ္လို႔ ကုမၸဏီေတြဘက္က စစ္တပ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြအတြက္ အေထာက္အပံ့ေပးခဲ့မယ္ဆိုရင္ သူတို႔ပါ ႏိုင္ငံတကာျပစ္မႈေတြမွာ ႀကံရာပါအျဖစ္ သက္ေရာက္မွာပါ။

အင္ၾကင္းႏိုင္။ ။ ဒီေနရာမွာ ICC က ဒီစီးပြားေရးကုမၸဏီေတြကို ဘယ္လိုစီရင္ ကိုင္တြယ္ႏိုင္မွာ လဲရွင့္။

Mark Farmaner။ ။ ဘယ္လိုျဖစ္မလဲဆိုရင္ ပထမအဆင့္ ကုမၸဏီေတြကို အကဲျဖတ္ဖို႔အတြက္ ICC တရားလိုေရွ႕ေနကေန ႀကိဳတင္ပဏာမ စံုစမ္းစစ္ေဆးဖို႔ တရားရံုးရဲ႕ ခြင့္ျပဳခ်က္ေတာင္းခံၿပီး စံုစမ္းစစ္ေဆးမႈအျပည့္အ၀ အရင္လုပ္မလားဆိုတာကို ICC ခံုရံုးကေန စဥ္းစားေနပါတယ္။ ေနာက္တဆင့္ကေတာ့- တရားရံုးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ICC တရားလိုေရွ႕ေနကေန ျပစ္မႈကို က်က်နန အျပည့္အ၀စံုစမ္းစစ္ေဆးတဲ့အခါမွာ သက္ေသအေထာက္အထားယူဖို႔၊ ဘယ္သူက ျပစ္မႈက်ဴးလြန္သလဲဆိုတာကို ၾကည့္ၿပီး ဒီလူေတြကို အေရးယူဖို႔ အမႈေတြကို တည္ေဆာက္မလား ဆိုတာပဲ ျဖစ္ပါတယ္။ ဆိုေတာ့ ICC ရာဇ၀တ္ခံုရံုးအေနနဲ႔ စံုစမ္းစစ္ေဆးမႈ အျပည့္အ၀လုပ္တဲ့အခါမွာ ဒီကုမၸဏီေတြကိုပါ စံုစမ္းစစ္ေဆးမလားဆိုတာကို က်ေနာ္တို႔ ေစာင့္ၾကည့္ ရမွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ Burma Campaign UK ရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးအရ ဆက္စပ္မႈေတြကို ရုပ္သိမ္းသြားတဲ့ ကုမၸဏီေပါင္း ေျခာက္ခုရွိေနၿပီလို႔ ေဖၚျပထားပါတယ္။ အဲဒီအခ်က္ကို ထပ္ၿပီး ရွင္းျပေပးလို႔ရမလား။

Mark Farmaner။ ။ ျမန္မာစစ္တပ္နဲ႔ သူတို႔ပတ္သက္ေနတာေတြကို ရပ္ဆိုင္းလိုက္တဲ့ ကုမၸဏီေပါင္း ေျခာက္ခုရွိပါတယ္။ အဲဒီေျခာက္ခုထဲမွာ ႏွစ္ခုက နာမည္ပ်က္စာရင္းထဲ ရွိေနေတာ့ က်ေနာ္တို႔ ဖယ္ရွားလိုက္ပါတယ္။ ေနာက္ေလးခုကေတာ့ နာမည္ပ်က္စာရင္းထဲ မထည့္ခင္ အီးေမးလ္နဲ႔ ႀကိဳတင္အေၾကာင္းတဲ့ အခ်ိန္မွာ သူတို႔ကုမၸဏီေတြအေနနဲ႔ စစ္တပ္နဲ႔ ဆက္စပ္ၿပီး လုပ္ကိုင္ေတာ့မွာ မဟုတ္ဘူးလို႕ ကတိေပးအေၾကာင္းျပန္လာတဲ့အတြက္ အမ်ားျပည္သူသိေအာင္ သူတို႔ကုမၸဏီေတြရဲ႕ အမည္ေတြကို က်ေနာ္တို႔ မေဖာ္ျပခဲ့ေတာ့ပါဘူး။

အင္ၾကင္းႏိုင္။ ။ ၿဗိတိန္အစိုးရရဲ႕ ႏိုင္ငံတကာဖြံၿဖိဳးတိုးတက္မႈ အကူအညီေပးေရးအဖဲြ႔ (DFID) ကေန သူတို႔ေထာက္ပံ့တဲ့ အကူအညီေတြကို ျမန္မာစစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ မပတ္သက္ဖို႔၊ သတိထားဖို႔ မိတ္ဖက္အဖဲြ႔ေတြျဖစ္တဲ့ ကုလသမဂၢအပါအ၀င္ အျခားအဖဲြ႔ေတြကို တရား၀င္စာေရးသား ေပးပို႔ခဲ့တယ္ဆိုၿပီး ၿဗိတိန္ပါလီမန္မွာ ဒီလအေစာပိုင္းက အစိုးရဘက္က အတည္ျပဳေျပာခဲ့တယ္လို႔ သိရပါတယ္။ ဒီအေပၚမွာ Burma Campaign UK ရဲ႕သေဘာထား သိပါရေစရွင့္။

Mark Farmaner။ ။ ကုလသမဂၢ ဒါမွမဟုတ္ ကုမၸဏီတခု ဒါမွမဟုတ္ ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ ရန္ပံုေငြေပးတဲ့အခါ ျမန္မာစစ္တပ္ကုမၸဏီတခုနဲ႔ ဆက္စပ္ ၿပီး ဒီေငြထဲကေန ဘယ္လိုနည္းနဲ႔မွ အသံုးမျပဳရဘူးဆိုတဲ့ ကန္႔သတ္ခ်က္မ်ဳိး သူတို႔ခ်မထားပါဘူး။ အခုေတာ့ ျမန္မာစစ္တပ္နဲ႔ ဆက္စပ္တဲ့ ဘယ္ကုမၸဏီကိုမွ အသံုးျပဳမေနဘူးဆိုတာ စစ္ေဆးဖို႔လိုတယ္ဆိုၿပီး ျမန္မာႏုိင္္ငံတြင္းက သူတို႔ရဲ႕ မိတ္ဘက္ အဖြဲ႔အစည္းေတြကို စာနဲ႔အေၾကာင္းၾကားထားတယ္ဆိုတာ က်ေနာ္တို႔သိရတာပါ။ ဒါဟာ ျမန္မာစစ္ဘက္နဲ႔ ဆက္စပ္တဲ့ ကုမၸဏီ ေတြနဲ႔ မပတ္သက္ေရး အလွဴရွင္အားလံုးမွာ မူဝါဒတခုက်လာေစဖို႔အတြက္ သိပ္ကိုအေရးပါၿပီးထူးျခားတဲ့ ျဖစ္ထြန္းမႈတခုျဖစ္ပါတယ္။”

ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္း FFM အဖဲြ႔ကလည္း စက္တင္ဘာလက ထုတ္ျပန္ထားတဲ့ ျမန္မာတပ္မေတာ္ရဲ႕ စီးပြားေရးအက်ဳိးအျမတ္မ်ားဆိုတဲ့ အစီရင္ခံစာထဲမွာ- တပ္မေတာ္နဲ႔ တိုက္ရိုက္ ဒါမွမဟုတ္ သြယ္၀ိုက္ၿပီး လုပ္ကိုင္ေနတဲ့ ႏိုင္ငံတကာ စီးပြားေရးကုမၸဏီေပါင္း အနည္းဆံုး (၄၄)ခုထဲ ၿဗိတိန္အေျခစိုက္ ေရေၾကာင္းသြားလာေရးဆိုင္ရာ navigation နည္းပညာေတြ အဓိက ထုတ္လုပ္ ေရာင္းခ်တဲ့ Veripos ကုမၸဏီ၊ ေနာ္ေ၀းအေျခစိုက္ ဆက္သြယ္ေရး၀န္ေဆာင္မႈ ကုမၸဏီတခုျဖစ္တဲ့ Jotron ကုမၸဏီ စတဲ့ ျမန္မာစစ္တပ္ကို နည္းပညာေတြေရာင္းခ်ေနတဲ့ ကုမၸဏီတခ်ဳိ႕လည္း ပါ၀င္ခဲ့ပါတယ္။

..................

မြန်မာစစ်ဘက်နဲ့ စီးပွားရေးဆက်ဆံမှု နောက်ထပ်ကုမ္ပဏီတခု ရပ်ဆိုင်း

(Zawgyi/Unicode)

မြန်မာစစ်တပ်ပိုင်ကုမ္ပဏီကို ဝန်ဆောင်မှုလုပ်ငန်းအတွက် အသုံးပြုနေတာ ရပ်ဆိုင်းတော့မယ့်အကြောင်း အမည်မဖော်လိုတဲ့ ဥရောပကုမ္ပဏီကြီးတခုက ဗြိတိန်အခြေစိုက် Burma Campaign UK ကို အကြောင်းကြားခဲ့တယ်လို့ အဖွဲ့ညွှန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အင်္ဂါနေ့က အတည်ပြု ပြောဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းပိုင်း ပတ်သက် နေတဲ့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်စေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို နာမည်ပျက်စာရင်းထဲထည့်ဖို့ Burma Campaign UK ကပြုစုနေတာမှာ ၈၃ ခုနီးပါးရှိနေပြီး အခု ဥရောပကုမ္ပဏီကြီးကိုလည်း စာရင်းထဲမှာ ထည့်ဖို့ရှိကြောင်း အကြောင်းကြားခဲ့တာကို ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ Mark Farmaner ကပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

Mark Farmaner။ ။ ဒီကနေ့ ဥရောပကုမ္ပဏီကြီးတခုကနေ ကျနော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတခုကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဆက်ပြီး အသုံးပြုတော့မှာ မဟုတ်သလို နောက်ပိုင်း မြန်မာပြည်မှာ ရှိနေတဲ့ သူတို့ ကုမ္ပဏီအနေနဲ့ ဆက်လက်ပြီးစီးပွားရေး လုပ်ကိုင်ရာမှာ စစ်တပ်ပိုင်ကုမ္ပဏီမှန်သမျှနဲ့ ဆက်စပ်လုပ်ကိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့အတွက် ကောင်းတဲ့ သတင်းပါ။ ဒါပေမယ့် ဘယ်ကုမ္ပဏီ ဖြစ်တယ်ဆိုတာကိုတော့ လျှို့ဝှက်ထားဖို့ ကျနော်တို့ သဘောတူထားပါတယ်။ ကုမ္ပဏီတွေနဲ့ ကျနော်တို့ သဘောတူညီချက်က စစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ကိုင်မှုကို သူတို့ ရပ်ဆိုင်းမယ်ဆိုရင် အမည်ပျက်စာရင်းထဲ အများပြည်သူ သိအောင် ထည့်သွင်းမှာမဟုတ်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာ ဒါမှမဟုတ် ရပ်ဆိုင်းတော့မယ့် ကုမ္ပဏီတွေက ဘယ်လို ကုမ္ပဏီ အမျိုးအစားတွေလဲရှင့်။

Mark Farmaner ။ ။ စစ်တပ်နဲ့ စီးပွားရေးအရ ဆပ်စပ်နေတာတွေကို ရပ်ဆိုင်းခဲ့တဲ့ ကုမ္ပဏီ တွေဆိုရင် ကျနော်တို့ တွေ့မြင်ရတဲ့အထဲမှာ- ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ သတင်းမီဒီယာ၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ လက်နက်ပစ္စည်း စတဲ့ကဏ္ဍတွေထဲက ဖြစ်ပါတယ်။ အခုလို ကျယ်ပြန်တဲ့ ကဏ္ဍပေါင်းစုံက စီးပွားရေးကုမ္ပဏီတွေဟာ စစ်တပ်နဲ့ဆက်စပ်လုပ်ကိုင်နေတာတွေကို အဆုံးသတ်ခဲ့ကြပါပြီ။ ပြီးခဲ့တဲ့ သတင်းပတ်ကဆိုရင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ မြန်မာနဲ့ဆိုင်တဲ့ အမှုကို တင်သွင်းတဲ့ အထဲမှာ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်လုပ်ကိုင်မယ်ဆိုရင် စစ်တပ်က ကျူးလွန်တဲ့ နိုင်ငံတကာပြစ်မှုကို ငွေကြေးအရ အကူအညီပေးနေတာဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ တကယ်လို့ ကုမ္ပဏီတွေဘက်က စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် အထောက်အပံ့ပေးခဲ့မယ်ဆိုရင် သူတို့ပါ နိုင်ငံတကာပြစ်မှုတွေမှာ ကြံရာပါအဖြစ် သက်ရောက်မှာပါ။

အင်ကြင်းနိုင်။ ။ ဒီနေရာမှာ ICC က ဒီစီးပွားရေးကုမ္ပဏီတွေကို ဘယ်လိုစီရင် ကိုင်တွယ်နိုင်မှာ လဲရှင့်။

Mark Farmaner။ ။ ဘယ်လိုဖြစ်မလဲဆိုရင် ပထမအဆင့် ကုမ္ပဏီတွေကို အကဲဖြတ်ဖို့အတွက် ICC တရားလိုရှေ့နေကနေ ကြိုတင်ပဏာမ စုံစမ်းစစ်ဆေးဖို့ တရားရုံးရဲ့ ခွင့်ပြုချက်တောင်းခံပြီး စုံစမ်းစစ်ဆေးမှုအပြည့်အ၀ အရင်လုပ်မလားဆိုတာကို ICC ခုံရုံးကနေ စဉ်းစားနေပါတယ်။ နောက်တဆင့်ကတော့- တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ ICC တရားလိုရှေ့နေကနေ ပြစ်မှုကို ကျကျနန အပြည့်အဝစုံစမ်းစစ်ဆေးတဲ့အခါမှာ သက်သေအထောက်အထားယူဖို့၊ ဘယ်သူက ပြစ်မှုကျူးလွန်သလဲဆိုတာကို ကြည့်ပြီး ဒီလူတွေကို အရေးယူဖို့ အမှုတွေကို တည်ဆောက်မလား ဆိုတာပဲ ဖြစ်ပါတယ်။ ဆိုတော့ ICC ရာဇဝတ်ခုံရုံးအနေနဲ့ စုံစမ်းစစ်ဆေးမှု အပြည့်အဝလုပ်တဲ့အခါမှာ ဒီကုမ္ပဏီတွေကိုပါ စုံစမ်းစစ်ဆေးမလားဆိုတာကို ကျနော်တို့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်မှုတွေကို ရုပ်သိမ်းသွားတဲ့ ကုမ္ပဏီပေါင်း ခြောက်ခုရှိနေပြီလို့ ဖေါ်ပြထားပါတယ်။ အဲဒီအချက်ကို ထပ်ပြီး ရှင်းပြပေးလို့ရမလား။

Mark Farmaner။ ။ မြန်မာစစ်တပ်နဲ့ သူတို့ပတ်သက်နေတာတွေကို ရပ်ဆိုင်းလိုက်တဲ့ ကုမ္ပဏီပေါင်း ခြောက်ခုရှိပါတယ်။ အဲဒီခြောက်ခုထဲမှာ နှစ်ခုက နာမည်ပျက်စာရင်းထဲ ရှိနေတော့ ကျနော်တို့ ဖယ်ရှားလိုက်ပါတယ်။ နောက်လေးခုကတော့ နာမည်ပျက်စာရင်းထဲ မထည့်ခင် အီးမေးလ်နဲ့ ကြိုတင်အကြောင်းတဲ့ အချိန်မှာ သူတို့ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ဆက်စပ်ပြီး လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ ကတိပေးအကြောင်းပြန်လာတဲ့အတွက် အများပြည်သူသိအောင် သူတို့ကုမ္ပဏီတွေရဲ့ အမည်တွေကို ကျနော်တို့ မဖော်ပြခဲ့တော့ပါဘူး။

အင်ကြင်းနိုင်။ ။ ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာဖွံဖြိုးတိုးတက်မှု အကူအညီပေးရေးအဖွဲ့ (DFID) ကနေ သူတို့ထောက်ပံ့တဲ့ အကူအညီတွေကို မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ မပတ်သက်ဖို့၊ သတိထားဖို့ မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ ကုလသမဂ္ဂအပါအဝင် အခြားအဖွဲ့တွေကို တရားဝင်စာရေးသား ပေးပို့ခဲ့တယ်ဆိုပြီး ဗြိတိန်ပါလီမန်မှာ ဒီလအစောပိုင်းက အစိုးရဘက်က အတည်ပြုပြောခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ Burma Campaign UK ရဲ့သဘောထား သိပါရစေရှင့်။

Mark Farmaner။ ။ ကုလသမဂ္ဂ ဒါမှမဟုတ် ကုမ္ပဏီတခု ဒါမှမဟုတ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ရန်ပုံငွေပေးတဲ့အခါ မြန်မာစစ်တပ်ကုမ္ပဏီတခုနဲ့ ဆက်စပ် ပြီး ဒီငွေထဲကနေ ဘယ်လိုနည်းနဲ့မှ အသုံးမပြုရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုး သူတို့ချမထားပါဘူး။ အခုတော့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ ဘယ်ကုမ္ပဏီကိုမှ အသုံးပြုမနေဘူးဆိုတာ စစ်ဆေးဖို့လိုတယ်ဆိုပြီး မြန်မာနိုင်ငံတွင်းက သူတို့ရဲ့ မိတ်ဘက် အဖွဲ့အစည်းတွေကို စာနဲ့အကြောင်းကြားထားတယ်ဆိုတာ ကျနော်တို့သိရတာပါ။ ဒါဟာ မြန်မာစစ်ဘက်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ တွေနဲ့ မပတ်သက်ရေး အလှူရှင်အားလုံးမှာ မူဝါဒတခုကျလာစေဖို့အတွက် သိပ်ကိုအရေးပါပြီးထူးခြားတဲ့ ဖြစ်ထွန်းမှုတခုဖြစ်ပါတယ်။”

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်း FFM အဖွဲ့ကလည်း စက်တင်ဘာလက ထုတ်ပြန်ထားတဲ့ မြန်မာတပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ်များဆိုတဲ့ အစီရင်ခံစာထဲမှာ- တပ်မတော်နဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး လုပ်ကိုင်နေတဲ့ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီပေါင်း အနည်းဆုံး (၄၄)ခုထဲ ဗြိတိန်အခြေစိုက် ရေကြောင်းသွားလာရေးဆိုင်ရာ navigation နည်းပညာတွေ အဓိက ထုတ်လုပ် ရောင်းချတဲ့ Veripos ကုမ္ပဏီ၊ နော်ဝေးအခြေစိုက် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်တဲ့ Jotron ကုမ္ပဏီ စတဲ့ မြန်မာစစ်တပ်ကို နည်းပညာတွေရောင်းချနေတဲ့ ကုမ္ပဏီတချို့လည်း ပါဝင်ခဲ့ပါတယ်။

အင္ၾကင္းႏိုင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာစစ္ဘက္နဲ႔ စီးပြားေရးဆက္ဆံမႈ ေနာက္ထပ္ကုမၸဏီတခု ရပ္ဆိုင္း ျမန္မာစစ္ဘက္နဲ႔ စီးပြားေရးဆက္ဆံမႈ ေနာက္ထပ္ကုမၸဏီတခု ရပ္ဆိုင္း Reviewed by THITHTOOLWIN on 23:55 Rating: 5
Powered by Blogger.