ေညာင္ေ႐ႊမွာ သားအရင္းျဖစ္သူမွ ဖခင္ကို အရက္ မူးၿပီး ဓားနဲ႔ထိုးသတ္တဲ့အတြက္ ဖခင္ျဖစ္သူေသဆုံး

ဓါတ္ပုံ-Lay Nge

ေတာင္ႀကီး၊ ေအာက္တိုဘာ ၂၁

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ တုံးလ ည္ေက်း႐ြာအုပ္စု၊ ေတာင္ပို႔ႀကီးေက်း႐ြာမွာ ေအာ က္တိုဘာလ၂၁ရက္၊ နံနက္ပိုင္းအခ်ိန္က သားအရ င္းျဖစ္သူမွ ဖခင္ကိုအ ရက္မူးၿပီး ဓားနဲ႔ထိုးသတ္တဲ့အတြက္ ဖခင္ျဖစ္သူေသဆုံးခဲ့တယ္လို႔ နမ့္ပန္နယ္ ေျမရဲစခန္းထံမွ သိရပါတယ္။

ဓါတ္ပုံ-Lay Nge

ေတာင္ပို႔ႀကီးေက်း႐ြာမွာ စန္းမြန္း၊ ၃၄ႏွစ္က ေနအိမ္ကို အရက္ေသစာေသာက္စားၿပီး ျပန္လာတဲ့အခ်ိန္မွာ ဖခင္ျဖစ္သူ ဦးဝင္း၊ ၅၅ႏွစ္နဲ႔ စကားမ်ားရန္ျဖစ္တဲ့အတြက္ စန္းမြန္းက ဖခင္ျဖစ္သူကို ဓါးနဲ႔လိုက္ထိုးရာ ဖခင္ျဖစ္သူက ေနအိမ္မွ ေလွနဲ႔ ထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။

ဓါတ္ပုံ-Lay Nge

"ဒီေကာင္က ဆန္ကုန္ေျမေလးေကာင္ပါ။ သူ႔အေမကလည္း သူ႔သားခဏခဏ ျပသာနာရွာလို႔ အိမ္ကထြက္သြားတာ ၇လေလာက္ရွိေနၿပီ။ အဲဒီညမွာ သူကအရက္မူးၿပီးျပန္လာတာေပါ့။ အိမ္မွာသူ႔အေဖနဲ႔စကားမ်ားရန္ျဖစ္တယ္။ သူကသူ႔အ‌ေဖကိုေနာက္ကေန ဓားနဲ႔လိုက္ထိုးတယ္။ သူ႔အေဒၚအိမ္မွာ လိုက္မွီတယ္။ ရင္ၫႊန႔္ကို ထိုးမိေတာ့ အဲဒီေနရာမွာပဲ ဆုံးသြားတယ္"လို႔ နမ့္ပန္နယ္ေျမစခန္းမႉး ရဲအုပ္ေနလင္းေအာင္က ေ႐ႊႀတိဂံသတင္းဌာနကိုေျပာပါတယ္။

ယင္းကဲ့သို႔ထြက္ေျပးရာမွာ စန္းမြန္းရဲ႕အေဒၚအိမ္အေရာက္မွာ အိမ္ေပၚတက္ေျပးစဥ္ စန္းမြန္းက အ ႐ိုးအသြား၁၄လက္မခန႔္ရွိဓါးနဲ႔ ဦးဝင္းရဲ႕ရင္ၫႊန႔္ကို ထိုးလိုက္တဲ့အတြက္ ဖခင္ျဖစ္သူဦးဝင္းက အခင္း ျဖစ္ေနရာမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စန္းမြန္း၊ ၃၄ႏွစ္ကိုနမ့္ပန္နယ္ေျမရဲစခန္းမွာ (ပ)၄၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မွ ၃၀၂အရ အမႈဖြင့္အေရးယူထားၿပီး အေသး စိတ္ကို စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
Unicode
ညောင်ရွှေမှာ သားအရင်းဖြစ်သူမှ ဖခင်ကို အရက် မူးပြီး ဓားနဲ့ထိုးသတ်တဲ့အတွက် ဖခင်ဖြစ်သူသေဆုံး

တောင်ကြီး၊ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တုံးလ ည်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာမှာ အော က်တိုဘာလ၂၁ရက်၊ နံနက်ပိုင်းအချိန်က သားအရ င်းဖြစ်သူမှ ဖခင်ကိုအ ရက်မူးပြီး ဓားနဲ့ထိုးသတ်တဲ့အတွက် ဖခင်ဖြစ်သူသေဆုံးခဲ့တယ်လို့ နမ့်ပန်နယ် မြေရဲစခန်းထံမှ သိရပါတယ်။

တောင်ပို့ကြီးကျေးရွာမှာ စန်းမွန်း၊ ၃၄နှစ်က နေအိမ်ကို အရက်သေစာသောက်စားပြီး ပြန်လာတဲ့အချိန်မှာ ဖခင်ဖြစ်သူ ဦးဝင်း၊ ၅၅နှစ်နဲ့ စကားများရန်ဖြစ်တဲ့အတွက် စန်းမွန်းက ဖခင်ဖြစ်သူကို ဓါးနဲ့လိုက်ထိုးရာ ဖခင်ဖြစ်သူက နေအိမ်မှ လှေနဲ့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

"ဒီကောင်က ဆန်ကုန်မြေလေးကောင်ပါ။ သူ့အမေကလည်း သူ့သားခဏခဏ ပြသာနာရှာလို့ အိမ်ကထွက်သွားတာ ၇လလောက်ရှိနေပြီ။ အဲဒီညမှာ သူကအရက်မူးပြီးပြန်လာတာပေါ့။ အိမ်မှာသူ့အဖေနဲ့စကားများရန်ဖြစ်တယ်။ သူကသူ့အ‌ဖေကိုနောက်ကနေ ဓားနဲ့လိုက်ထိုးတယ်။ သူ့အဒေါ်အိမ်မှာ လိုက်မှီတယ်။ ရင်ညွှန့်ကို ထိုးမိတော့ အဲဒီနေရာမှာပဲ ဆုံးသွားတယ်"လို့ နမ့်ပန်နယ်မြေစခန်းမှူး ရဲအုပ်နေလင်းအောင်က ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

ယင်းကဲ့သို့ထွက်ပြေးရာမှာ စန်းမွန်းရဲ့အဒေါ်အိမ် အရောက်မှာ အိမ်ပေါ်တက်ပြေးစဉ် စန်းမွန်းက အ ရိုးအသွား၁၄လက်မခန့်ရှိဓါးနဲ့ ဦးဝင်းရဲ့ရင်ညွှန့်ကို ထိုးလိုက်တဲ့အတွက် ဖခင်ဖြစ်သူဦးဝင်းက အခင်း ဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စန်းမွန်း၊ ၃၄နှစ်ကိုနမ့်ပန်နယ်မြေရဲစခန်းမှာ (ပ)၄၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မှ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး အသေး စိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-Lay Nge
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေညာင္ေ႐ႊမွာ သားအရင္းျဖစ္သူမွ ဖခင္ကို အရက္ မူးၿပီး ဓားနဲ႔ထိုးသတ္တဲ့အတြက္ ဖခင္ျဖစ္သူေသဆုံး ေညာင္ေ႐ႊမွာ သားအရင္းျဖစ္သူမွ ဖခင္ကို အရက္ မူးၿပီး ဓားနဲ႔ထိုးသတ္တဲ့အတြက္ ဖခင္ျဖစ္သူေသဆုံး Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.