သင္ေထာက္ကူဓာတ္သင္ပုန္း ေက်ာင္းေတြမွာ အခမဲ့ျဖန္႔ဖို႔စီစဥ္

အေမရိကန္ႏုိင္ငံက The Schwab Foundation for Social Entrepreneurship ရဲ႕ လူမႈစြန္႔ဦးတီထြင္ဆုရခဲ့တဲ့ မလွလွ၀င္း ကို ၂၀၁၉ ေအာက္တိုဘာ ၈ ရက္ေန႔ကေတြ႕ရစဥ္
Photo: Zarni Htun/RFA

Zawgyi

ျမန္မာႏုိင္ငံမွာ ပညာေရးသင္ေထာက္ကူျပဳ ဖုန္း Application တစ္ခုျဖစ္တဲ႔ ဓာတ္သင္ပုန္းကို တီထြင္တ့ဲ 360ed ကုမၸဏီက မလွလွ၀င္းကို အေမရိကန္ႏုိင္ငံ The Schwab Foundation for Social Entrepreneurship က ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၄ ရက္မွာ လူမႈစြန္႔ဦးတီထြင္ဆု ခ်ီးျမင့္ခဲ့ပါတယ္။

အဲဒီလို နည္းပညာေတြကို တီထြင္ဖန္တီးႏုိင္တာေၾကာင့္ ဆုေပးတာထက္ အဲဒီနည္းပညာနဲ႔ လူမႈအက်ိဳးျပဳ လုပ္ငန္းေတြကို လုပ္ႏုိင္တာေၾကာင့္လို႔ သိရပါတယ္။

"သူတုိ႔ ဘာေၾကာင့္ေပးလဲဆုိေတာ့ နည္းပညာအဆင့္ျမင့္တာဆုိရင္ ဂူလ္ဂယ္ကို ေပးမွာေပါ့။ သူတုိ႔က ဘာကို ၾကည့္တာလဲဆုိရင္ ဒီနည္းပညာနဲ႔ လူသားအက်ိဳးျပဳတာကို ၾကည့္တာ။ က်မတုိ႔ ျမန္မာႏုိင္ငံက လူငယ္ေတြ ထြင္ထားတဲ့ ပစၥည္းေလးေတြက ျမန္မာျပည္တင္မဟုတ္ဘူး၊ ကမာၻမွာပါ အက်ိဳးရွိတာကိုေတြ႔ေတာ့ ဆုေခၚေပးတာ။"

360ed ကုမၸဏီက တီထြင္လုိက္တဲ့ အဲဒီသင္ေထာက္ကူျပဳ ဓာတ္သင္ပုန္း Application ဟာဆုိရင္ ျမန္မာႏုိင္ငံရဲ႕ ပညာေရး သင္ရိုးညႊန္းတမ္းေတြျဖစ္တဲ႔ ရူပေဗဒ၊ ဓာတုေဗဒနဲ႔ ဇီ၀ေဗဒ စတဲ့ သိပၸံဘာသာရပ္ေတြ အပါအ၀င္ အဂၤလိပ္စာေတြကိုပါ ကေလးေတြ၊ ေက်ာင္းသားေတြ သင္ၾကားမႈအတြက္ အေထာက္ကူျပဳေအာင္ ထုတ္လုပ္ထား တာျဖစ္ပါတယ္။

အဲဒီ Application ကို စာသားေတြ၊ အရုပ္ေတြ၊ အသံထြက္ေတြပါ သဘာ၀နဲ႔ အနီးစပ္ဆံုးတူတဲ့ ပံုရိပ္ေရာင္နည္းပညာ တီတြင္ထားတာျဖစ္ပါတယ္။

"ဟိုက္ဒရိုဂ်င္နဲ႔ ေအာက္ဆီဂ်င္ ေပါင္းလိုက္တဲ႔အခါ H2O ဓာတ္ေပါင္းထြက္လာတယ္။ ဒါေတြက ျမန္မာမွာေတာင္ မကဘူး။ ကမာၻမွာပါမရွိေသးလုိ႔ ဆုေခၚေပးတာ။"

သတင္းေထာက္ေတြကို ေျပာျပတဲ႔အထဲမွာေတာ့ အခုခ်ိန္မွာ 360ed ကုမၸဏီကေန ဓာတ္သင္ပုန္း Application ကိုးခု ထုတ္ထားၿပီး အဲဒီထဲက အဂၤလိပ္-ျမန္မာအသံထြက္ Grade 1 အဂၤလိပ္ဘာသာ ကို ရန္ကုန္ၿမိဳ႕က ေက်ာင္းေပါင္း ၂၀ မွာ အခမဲ့ျဖန္႔ေ၀ထားတယ္၊ အလယ္တန္းနဲ႔ တကၠသိုလ္၀င္တန္း ဘာသာစံုေတြကိုေတာ့ ၁၄၅၀၀ နဲ႔ ေရာင္းတယ္လုိ႔ သိရပါတယ္။

ေနာက္ပိုင္းမွာ Grade 1 ကေန Grade 12 အထိ ဘာသာရပ္ေပါင္းစံုအတြက္ Application ေတြ ထုတ္သြားမွာျဖစ္ေပမဲ့ အခမဲ့ျဖန္႔ေ၀ႏုိင္ဖုိ႔အတြက္ေတာ့ ပူးေပါင္းပါ၀င္ေပးမယ့္ အဖြဲ႔အစည္းေတြ လိုအပ္ေနတာျဖစ္ပါတယ္။

"က်ေနာ္တုိ႔ စီစဥ္ထားတာေတြ Grade ေတြအလိုက္ လုပ္သြားဖို႔ စီစဥ္ထားတာရွိတယ္။ အဲဒီလိုလုပ္ဖို႔လည္း ပါတနာေတြ ရွာေနတာရွိတယ္။ Free ဆက္ၿပီး ေပးသြားလို႔ရေအာင္ေပါ့။"

The Schwab Foundation ဟာ ဖန္တီးမႈစြမ္းရည္ျမင့္တဲ့၊ အဆင့္အတန္း ခြဲျခားမႈမရွိတဲ့၊ ေမတၱာေရွ႕ထားတဲ့၊ စြန္႔ဦးတီထြင္စြမ္းရွိတဲ့ စီးပြားေရး၊ လူသားနဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အေတြးအျမင္ေတြကိုျမင့္မားေအာင္ လုပ္ေဆာင္ေနတဲ့ စြန္႔ဦးတီထြင္သူေတြကို ဆုေပးတဲ့အဖြဲ႔အစည္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org

Unicode

အမေရိကန်နိုင်ငံက The Schwab Foundation for Social Entrepreneurship ရဲ့ လူမှုစွန့်ဦးတီထွင်ဆုရခဲ့တဲ့ မလှလှဝင်း ကို ၂၀၁၉ အောက်တိုဘာ ၈ ရက်နေ့ကတွေ့ရစဉ်
Photo: Zarni Htun/RFA

မြန်မာနိုင်ငံမှာ ပညာရေးသင်ထောက်ကူပြု ဖုန်း Application တစ်ခုဖြစ်တဲ့ ဓာတ်သင်ပုန်းကို တီထွင်တဲ့ 360ed ကုမ္ပဏီက မလှလှဝင်းကို အမေရိကန်နိုင်ငံ The Schwab Foundation for Social Entrepreneurship က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ လူမှုစွန့်ဦးတီထွင်ဆု ချီးမြင့်ခဲ့ပါတယ်။
အဲဒီလို နည်းပညာတွေကို တီထွင်ဖန်တီးနိုင်တာကြောင့် ဆုပေးတာထက် အဲဒီနည်းပညာနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်နိုင်တာကြောင့်လို့ သိရပါတယ်။

"သူတို့ ဘာကြောင့်ပေးလဲဆိုတော့ နည်းပညာအဆင့်မြင့်တာဆိုရင် ဂူလ်ဂယ်ကို ပေးမှာပေါ့။ သူတို့က ဘာကို ကြည့်တာလဲဆိုရင် ဒီနည်းပညာနဲ့ လူသားအကျိုးပြုတာကို ကြည့်တာ။ ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေ ထွင်ထားတဲ့ ပစ္စည်းလေးတွေက မြန်မာပြည်တင်မဟုတ်ဘူး၊ ကမ္ဘာမှာပါ အကျိုးရှိတာကိုတွေ့တော့ ဆုခေါ်ပေးတာ။"

360ed ကုမ္ပဏီက တီထွင်လိုက်တဲ့ အဲဒီသင်ထောက်ကူပြု ဓာတ်သင်ပုန်း Application ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒ စတဲ့ သိပ္ပံဘာသာရပ်တွေ အပါအဝင် အင်္ဂလိပ်စာတွေကိုပါ ကလေးတွေ၊ ကျောင်းသားတွေ သင်ကြားမှုအတွက် အထောက်ကူပြုအောင် ထုတ်လုပ်ထား တာဖြစ်ပါတယ်။

အဲဒီ Application ကို စာသားတွေ၊ အရုပ်တွေ၊ အသံထွက်တွေပါ သဘာဝနဲ့ အနီးစပ်ဆုံးတူတဲ့ ပုံရိပ်ရောင်နည်းပညာ တီတွင်ထားတာဖြစ်ပါတယ်။

"ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ပေါင်းလိုက်တဲ့အခါ H2O ဓာတ်ပေါင်းထွက်လာတယ်။ ဒါတွေက မြန်မာမှာတောင် မကဘူး။ ကမ္ဘာမှာပါမရှိသေးလို့ ဆုခေါ်ပေးတာ။"

သတင်းထောက်တွေကို ပြောပြတဲ့အထဲမှာတော့ အခုချိန်မှာ 360ed ကုမ္ပဏီကနေ ဓာတ်သင်ပုန်း Application ကိုးခု ထုတ်ထားပြီး အဲဒီထဲက အင်္ဂလိပ်-မြန်မာအသံထွက် Grade 1 အင်္ဂလိပ်ဘာသာ ကို ရန်ကုန်မြို့က ကျောင်းပေါင်း ၂၀ မှာ အခမဲ့ဖြန့်ဝေထားတယ်၊ အလယ်တန်းနဲ့ တက္ကသိုလ်ဝင်တန်း ဘာသာစုံတွေကိုတော့ ၁၄၅၀၀ နဲ့ ရောင်းတယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ Grade 1 ကနေ Grade 12 အထိ ဘာသာရပ်ပေါင်းစုံအတွက် Application တွေ ထုတ်သွားမှာဖြစ်ပေမဲ့ အခမဲ့ဖြန့်ဝေနိုင်ဖို့အတွက်တော့ ပူးပေါင်းပါဝင်ပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။

"ကျနော်တို့ စီစဉ်ထားတာတွေ Grade တွေအလိုက် လုပ်သွားဖို့ စီစဉ်ထားတာရှိတယ်။ အဲဒီလိုလုပ်ဖို့လည်း ပါတနာတွေ ရှာနေတာရှိတယ်။ Free ဆက်ပြီး ပေးသွားလို့ရအောင်ပေါ့။"

The Schwab Foundation ဟာ ဖန်တီးမှုစွမ်းရည်မြင့်တဲ့၊ အဆင့်အတန်း ခွဲခြားမှုမရှိတဲ့၊ မေတ္တာရှေ့ထားတဲ့၊ စွန့်ဦးတီထွင်စွမ်းရှိတဲ့ စီးပွားရေး၊ လူသားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်တွေကိုမြင့်မားအောင် လုပ်ဆောင်နေတဲ့ စွန့်ဦးတီထွင်သူတွေကို ဆုပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
သင္ေထာက္ကူဓာတ္သင္ပုန္း ေက်ာင္းေတြမွာ အခမဲ့ျဖန္႔ဖို႔စီစဥ္ သင္ေထာက္ကူဓာတ္သင္ပုန္း ေက်ာင္းေတြမွာ အခမဲ့ျဖန္႔ဖို႔စီစဥ္ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.