ထုိင္းေရာက္ တရား၀င္ျမန္မာလုပ္သားတခ်ဳိ႕ အခြင့္အေရး အျပည့္မရလုိ႔ ေနရပ္ျပန္

ဓါတ္ပံု- ေအာက္တိုဘာလ ၈ ရက္ေန႔က နစ္နာေၾကးျပန္ရတဲ့ MOU အလုပ္သမား၇ ဦးႏွင့္ သူတို႔အမႈအတြက္ လိုက္လံေဆာင္ရြက္ေပးသူမ်ား
ထိုင္းႏိုင္ငံထဲကုိႏွစ္ႏုိ္င္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔လာတဲ့ အလုပ္သမားေတြဟာ စာခ်ဳပ္ပါ စည္းမ်ဥ္းအတိုင္း ကုမၸဏီေတြဘက္က လိုက္နာက်င့္သံုးတာမရွိတာေၾကာင့္ အခက္အခဲမ်ိဳးစံုနဲ႔ ရင္ဆုိင္ေနရၿပီး ေနရပ္ျပန္လာသူ ဒီရက္ပုိင္းအတြင္း ၇၀ နီးပါးေလာက္ျဖစ္ေနပါတယ္။

အလုပ္သမားညြန္ၾကားမူဦးစီးဌာနနဲ႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြရဲ႕ ကူညီေပးမႈနဲ႔ နစ္နာေၾကးရၿပီး ေျပလည္သြားသူတခ်ဳိ႕ ရွိေပမယ့္ မေျပလည္သူေတြလည္း ရွိပါတယ္။ ဒီအေၾကာင္းကုိေတာ့ ထိုင္းအေျခစုိက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာသတင္းေပးပို႔ ထားပါတယ္။

ထုိင္းနဲ႔ ျမန္မာႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MoU နဲ႔လာၾကတဲ့ အလုပ္သမားေတြဟာ ၂၀၁၉ခုႏွစ္ထဲမွာ သိန္းဂဏန္းနဲ႔ ခ်ီျပီး ကုမၸဏီေတြက စာခ်ဳပ္ပါစည္းကမ္းေတြမလုိက္နာပဲ အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ေနရပ္ျပန္သူျပန္ ၾကရသလုိ၊ ဖမ္းဆီးခံရသူေတြလည္း ရွိေနတာပါ။ အခုဆိုရင္ ထုိင္းျမန္မာနယ္စပ္၊ ျမ၀တီျမိဳ႕ကုိ ဒီရက္အတြင္း ျပန္လာတဲ့ အုပ္စု ၇အုပ္စုေလာက္ရွိၿပီး လူဦးေရ ၇၀ ေလာက္ နယ္စပ္ကုိျပန္ဆင္းလာတာရွိတယ္လို႔ နယ္စပ္ေရာက္ အလုပ္သမားေတြကုိ အကူညီေပးေနတဲ့ ေအေအစီမဟာမိတ္အဖဲြ႕က ကုိရဲမင္းက ေျပာျပပါတယ္။

“လူက ၇၀ေလာက္ရွိတယ္ ျပႆနာေတြကဘာေတြလဲဆိုတေတာ့ စာခ်ဳပ္ပါ စည္ကမ္းကို ခ်ိဳးေဖာက္ခံရတာေတြ၊ အလုပ္ေနရာမတူတာေတြ ၊ အလုပ္ေနရာ တမ်ိဳးျပီး တမ်ိဳးေျပာင္းခံ ေနရတယ္။ ဒီေန႔ဆိုရင္ေတာ့ လူဦးေရ ၇ဦး တရား၀င္ပုိ႔ထားတဲ့ ေအဂ်င္စီတခုကပဲ တႏွစ္လံုးမွာအလုပ္ေတြမမွန္ဘူး၊ ေနရာေတြေျပာင္းရတယ္ အဲဒီ ၇ဦးကိုေတာ့ ကုမၸဏီက နစ္နာေၾကး တဦးကုိ က်ပ္ ၈သိန္းျပန္ေပးတယ္ ။ တခ်ဳိ႕အဖဲြ႕ေတြလည္း အဆင္မေျပျဖစ္ျပီး နယ္စပ္ကုိေရာက္ၿပီးမွ ျပန္ညိွႏိွဳင္းျပီး ျပန္တက္တာတဖဲြ႔ ႏွစ္ဖဲြ႔ကေတာ့ရွိတယ္။ အဲဒါကေတာ့ ျဖစ္ေတာင့္ျဖစ္ခဲပါ။ အမ်ားအားျဖင့္ အေပၚမွာလည္း အဆင္မေျပဘူး အလုပ္သမားေတြက နယ္စပ္ဆင္းလာၿပီးကတည္းက ကုမၸဏီကုိ အယံုအၾကည္မရွိဘူး။ ကုမၸဏီက ထုိင္းမွာ အလုပ္သြင္းေပးဖို႔က မလြယ္ေတာ့ဘူး ။ အဲဒီမွာ အလုပ္သမားေတြနဲ႔ က်ေနာ္တုိ ့က ကုမၸဏီနဲ႔ နစ္နာေၾကးရဖို႔အတြက္ ညွိႏိႈင္းေပးတယ္ ညိွႏိႈင္းးမရေတာ့လည္း တရားစဲြဖို႕ ဘာဖို႔ေတြလည္းရွိၾကတာေပါ့”

လြန္ခဲ့တဲ့ ၄လခန္႔က ထုိင္းကုိ MOU နဲ႔ လာခဲ့ၿပီး ေလယာဥ္ကြင္းေဆာက္လုပ္ေရးလို႔ဆိုၿပီး ေခၚလာေပမဲ့ ထုိင္းေရာက္တဲ့အခါမွာ စာခ်ဳပ္ပါ စည္းကမ္းအတုိင္း မလုပ္ရပဲ ႀကံဳရာက်ပမ္းအလုပ္ေတြ လုပ္ခိုင္းတာ၊ လစာကိုပံုမွန္မေပးတာေၾကာင့္ နယ္စပ္ျပန္ေၾကာင္း ျမန္မာအလုပ္သမားတဦးက သူ႔ကုိယ္ေတြ႔အျဖစ္အပ်က္ကုိ အခုလို ေျပာျပပါတယ္။

“ျပန္လာတဲ့အေၾကာင္းရင္းကေတာ့ေလ က်ေနာ္တို႔ကို သူေဌးက ေလယာဥ္ကြင္းေဆာက္လုပ္ေရးဆိုၿပီးပုိ႔ခဲ့တယ္။ အဲဒီ ေနရာကို က်ေနာ္တို ့မေရာက္ခဲ့ဘူး၊ မေရာက္ပဲ က်ေနာ္တို ့ဟုိေနရာေျပာင္း ဒီေနရာေျပာင္းနဲ႔ ၃ ေနရာ ၄ေနရာကို ေျပာင္းခဲ့ရတယ္ အဆင္မေျပေတာ့ က်ေနာ္တို ့ေအာက္ကုိ ျပန္ဆင္းလာရတာပါ။”

ကုမၸဏီကို ေပးထားတဲ့ ေငြေၾကးအတုိင္း နစ္နာေၾကး ရဖို ့ျပန္လည္ေတာင္းခံခဲ့ေပမယ့္ အခုထိေတာ့ ေျပလည္မူမရေသးတာေၾကာင့္ ျမ၀တီၿမိဳ႕မွာပဲ ဆက္ေစာင့္ေနရတယ္လုိ႔ လည္း ျမန္မာအလုပ္သမားက ေျပာျပပါတယ္။

“ကုမၸဏီက ဖူးျပည့္ေသာ္ကုမၸဏီပါ သူတိုကုိ ပုိက္ဆံခ်ည္းပဲေပးထားတာ ၉သိန္းခဲြသမားရွိတယ္။၈သိန္းခဲြ သမားရွိတယ္။ က်ေနာ္ဆို ၁၀သိန္းေပးထားတာ ။ စာအုပ္မပါပဲနဲ႕ သူတို႔ကုိျပန္ေတာင္းေတာ့ ဟုိေန႔ေရႊ႕လိုက္ ဒီေန႔ေရႊ႕လိုက္လုပ္ေနတယ္။ အခုထိ ေရႊ႕ေနတုန္းပဲ။ ၅သိန္းေပးမယ္ဆုိတာ မေပးေသးဘူး ဆယ္သိန္းေတာင္းတယ္ ဆိုတာ လမ္းစရိတ္ေတြ မပါေသးဘူး။ သူတို ့ ကုမၸဏီကုိ က်ေနာ္တို ့က သြင္းထားတာခ်ည္းပဲ ဆယ္သိန္း ရွိတယ္”

ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ MOU နဲ႔လာေပမယ့္ ကုမၸဏီေတြက စာခ်ဳပ္ပါ စည္ကမ္းေတြအတိုင္း လုပ္ေဆာင္တာမရွိပဲ ေနရာေပါင္းစံုကုိ ပုိ႔ထားတဲ့အတြက္ ထိုင္းႏိုင္ငံ အဖဲြစံုနဲ႔ စစ္ဆင္ေရးေတြလုပ္ ဖမ္းဆီး တဲ့အခါမွာ အလုပ္ေနရာမတူေတြေၾကာင့္ ဖမ္းဆီးေထာင္ခ်ခံေနရတဲ့ MOU အလုပ္သမားေတြလည္း ရွိေနတာပါ။ အခုဆုိရင္ ၃ လအတြင္း ျမန္မာအလုပ္သမား ၁၀၀၀ေက်ာ္ကုိ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ထုိင္းအာဏာပုိင္ေတြကလည္း ေျပာဆိုခဲ့ပါတယ္။

...................

{Unicode}

ထိုင်းရောက် တရားဝင်မြန်မာလုပ်သားတချို့ အခွင့်အရေး အပြည့်မရလို့နေရပ်ပြန်

ထိုင်းနိုင်ငံထဲကိုနှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့လာတဲ့ အလုပ်သမားတွေဟာ စာချုပ်ပါ စည်းမျဉ်းအတိုင်း ကုမ္ပဏီတွေဘက်က လိုက်နာကျင့်သုံးတာမရှိတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး နေရပ်ပြန်လာသူ ဒီရက်ပိုင်းအတွင်း ၇၀ နီးပါးလောက်ဖြစ်နေပါတယ်။

အလုပ်သမားညွန်ကြားမူဦးစီးဌာနနဲ့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေရဲ့ ကူညီပေးမှုနဲ့ နစ်နာကြေးရပြီး ပြေလည်သွားသူတချို့ ရှိပေမယ့် မပြေလည်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာသတင်းပေးပို့ ထားပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံသဘောတူစာချုပ် MoU နဲ့လာကြတဲ့ အလုပ်သမားတွေဟာ ၂၀၁၉ခုနှစ်ထဲမှာ သိန်းဂဏန်းနဲ့ ချီပြီး ကုမ္ပဏီတွေက စာချုပ်ပါစည်းကမ်းတွေမလိုက်နာပဲ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်ပြန်သူပြန် ကြရသလို၊ ဖမ်းဆီးခံရသူတွေလည်း ရှိနေတာပါ။ အခုဆိုရင် ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့ကို ဒီရက်အတွင်း ပြန်လာတဲ့ အုပ်စု ၇အုပ်စုလောက်ရှိပြီး လူဦးရေ ၇၀ လောက် နယ်စပ်ကိုပြန်ဆင်းလာတာရှိတယ်လို့ နယ်စပ်ရောက် အလုပ်သမားတွေကို အကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပြပါတယ်။

“လူက ၇၀လောက်ရှိတယ် ပြဿနာတွေကဘာတွေလဲဆိုတတော့ စာချုပ်ပါ စည်ကမ်းကို ချိုးဖောက်ခံရတာတွေ၊ အလုပ်နေရာမတူတာတွေ ၊ အလုပ်နေရာ တမျိုးပြီး တမျိုးပြောင်းခံ နေရတယ်။ ဒီနေ့ဆိုရင်တော့ လူဦးရေ ၇ဦး တရားဝင်ပို့ထားတဲ့ အေဂျင်စီတခုကပဲ တနှစ်လုံးမှာအလုပ်တွေမမှန်ဘူး၊ နေရာတွေပြောင်းရတယ် အဲဒီ ၇ဦးကိုတော့ ကုမ္ပဏီက နစ်နာကြေး တဦးကို ကျပ် ၈သိန်းပြန်ပေးတယ် ။ တချို့အဖွဲ့တွေလည်း အဆင်မပြေဖြစ်ပြီး နယ်စပ်ကိုရောက်ပြီးမှ ပြန်ညှိနှိုင်းပြီး ပြန်တက်တာတဖွဲ့ နှစ်ဖွဲ့ကတော့ရှိတယ်။ အဲဒါကတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ အများအားဖြင့် အပေါ်မှာလည်း အဆင်မပြေဘူး အလုပ်သမားတွေက နယ်စပ်ဆင်းလာပြီးကတည်းက ကုမ္ပဏီကို အယုံအကြည်မရှိဘူး။ ကုမ္ပဏီက ထိုင်းမှာ အလုပ်သွင်းပေးဖို့က မလွယ်တော့ဘူး ။ အဲဒီမှာ အလုပ်သမားတွေနဲ့ ကျနော်တို့က ကုမ္ပဏီနဲ့ နစ်နာကြေးရဖို့အတွက် ညှိနှိုင်းပေးတယ် ညှိနှိုင်းးမရတော့လည်း တရားစွဲဖို့ ဘာဖို့တွေလည်းရှိကြတာပေါ့”

လွန်ခဲ့တဲ့ ၄လခန့်က ထိုင်းကို MoU နဲ့ လာခဲ့ပြီး လေယာဉ်ကွင်းဆောက်လုပ်ရေးလို့ဆိုပြီး ခေါ်လာပေမဲ့ ထိုင်းရောက်တဲ့အခါမှာ စာချုပ်ပါ စည်းကမ်းအတိုင်း မလုပ်ရပဲ ကြုံရာကျပမ်းအလုပ်တွေ လုပ်ခိုင်းတာ၊ လစာကိုပုံမှန်မပေးတာကြောင့် နယ်စပ်ပြန်ကြောင်း မြန်မာအလုပ်သမားတဦးက သူ့ကိုယ်တွေ့အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

“ပြန်လာတဲ့အကြောင်းရင်းကတော့လေ ကျနော်တို့ကို သူဌေးက လေယာဉ်ကွင်းဆောက်လုပ်ရေးဆိုပြီးပို့ခဲ့တယ်။ အဲဒီ နေရာကို ကျနော်တို့မရောက်ခဲ့ဘူး၊ မရောက်ပဲ ကျနော်တို့ဟိုနေရာပြောင်း ဒီနေရာပြောင်းနဲ့ ၃ နေရာ ၄နေရာကို ပြောင်းခဲ့ရတယ် အဆင်မပြေတော့ ကျနော်တို့အောက်ကို ပြန်ဆင်းလာရတာပါ။”

ကုမ္ပဏီကို ပေးထားတဲ့ ငွေကြေးအတိုင်း နစ်နာကြေး ရဖို့ပြန်လည်တောင်းခံခဲ့ပေမယ့် အခုထိတော့ ပြေလည်မူမရသေးတာကြောင့် မြဝတီမြို့မှာပဲ ဆက်စောင့်နေရတယ်လို့ လည်း မြန်မာအလုပ်သမားက ပြောပြပါတယ်။

“ကုမ္ပဏီက ဖူးပြည့်သော်ကုမ္ပဏီပါ သူတိုကို ပိုက်ဆံချည်းပဲပေးထားတာ ၉သိန်းခွဲသမားရှိတယ်။၈သိန်းခွဲ သမားရှိတယ်။ ကျနော်ဆို ၁၀သိန်းပေးထားတာ ။ စာအုပ်မပါပဲနဲ့ သူတို့ကိုပြန်တောင်းတော့ ဟိုနေ့ရွှေ့လိုက် ဒီနေ့ရွှေ့လိုက်လုပ်နေတယ်။ အခုထိ ရွှေ့နေတုန်းပဲ။ ၅သိန်းပေးမယ်ဆိုတာ မပေးသေးဘူး ဆယ်သိန်းတောင်းတယ် ဆိုတာ လမ်းစရိတ်တွေ မပါသေးဘူး။ သူတို့ ကုမ္ပဏီကို ကျနော်တို့က သွင်းထားတာချည်းပဲ ဆယ်သိန်း ရှိတယ်”

နှစ်နိုင်ငံ သဘောတူစာချုပ် MOU နဲ့လာပေမယ့် ကုမ္ပဏီတွေက စာချုပ်ပါ စည်ကမ်းတွေအတိုင်း လုပ်ဆောင်တာမရှိပဲ နေရာပေါင်းစုံကို ပို့ထားတဲ့အတွက် ထိုင်းနိုင်ငံ အဖွဲစုံနဲ့ စစ်ဆင်ရေးတွေလုပ် ဖမ်းဆီး တဲ့အခါမှာ အလုပ်နေရာမတူတွေကြောင့် ဖမ်းဆီးထောင်ချခံနေရတဲ့ MOU အလုပ်သမားတွေလည်း ရှိနေတာပါ။ အခုဆိုရင် ၃ လအတွင်း မြန်မာအလုပ်သမား ၁၀၀၀ကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကလည်း ပြောဆိုခဲ့ပါတယ်။

ေအးေအးမာ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ထုိင္းေရာက္ တရား၀င္ျမန္မာလုပ္သားတခ်ဳိ႕ အခြင့္အေရး အျပည့္မရလုိ႔ ေနရပ္ျပန္ ထုိင္းေရာက္ တရား၀င္ျမန္မာလုပ္သားတခ်ဳိ႕ အခြင့္အေရး အျပည့္မရလုိ႔ ေနရပ္ျပန္ Reviewed by THITHTOOLWIN on 23:47 Rating: 5
Powered by Blogger.