ဖန္ႁပြန္သေႏၶသားနည္းလမ္းနဲ႔ ကေလးမယူခင္ သိထားသင့္တဲ့ (၅) ခ်က္


ကေလးမရေသးတာက သားသမီးေမွ်ာ္လင့္ေနတဲ့ အိမ္ေထာင္ရွင္ေတြအတြက္ေတာ့ အားနည္းခ်က္တစ္ခုလို ျဖစ္ေနရတဲ့ကိစၥပါ။ ကေလးယူဖို႔ ဆရာဝန္ျပၿပီး အႀကံျပဳခ်က္ယူတယ္၊ ႀကိဳးစားတယ္ဆိုေပမယ့္ အခ်ိန္ၾကာလာၿပီး မေအာင္ျမင္တဲ့အခါ ဖန္ႁပြန္သေႏၶသား(IVF)နည္းလမ္းက အဆင္ေျပႏိုင္ပါတယ္။

ဖန္ႁပြန္သေႏၶသားနည္းလမ္းကို မခံယူခင္ ဒီအခ်က္ေလးေတြေတာ့ အရင္စဥ္းစားထားသင့္ပါတယ္။ IVF အေၾကာင္း အခ်က္အလက္ေတြကို ေလ့လာသိရွိေအာင္ တတ္ႏိုင္သေလာက္ႀကိဳးစားဖို႔က မိဘေလာင္းေတြအတြက္ အေရးႀကီးပါတယ္။ အေကာင္းဆုံးရလဒ္ရႏိုင္ဖို႔ ကိုယ့္မွာဒီအခ်က္ေတြ ျပည့္စုံေနၿပီလား ဆန္းစစ္ပါ။

(၁) လုပ္ငန္းစဥ္ကို ေလ့လာပါ

IVF ကို ေ႐ြးခ်ယ္ဖို႔မဆုံးျဖတ္ခင္ ေဆးပညာလုပ္ငန္းစဥ္ေတြနဲ႔ ဘာၿပီးရင္ဘာဆက္လုပ္မွာလဲဆိုတာေတြ အဆင့္ဆင့္ကိုသိေအာင္ လုပ္ထားပါ။ သိလိုတာရွိရင္ ဆရာဝန္ကို ေသခ်ာေမးျမန္းပါ။ ဒါမွ စိတ္ကိုေရာ၊ လူက်န္းမာေရးအတြက္ေရာ အေကာင္းဆုံး ႀကိဳတင္ျပင္ဆင္ေျပာင္းလဲမႈေတြ လုပ္ႏိုင္မွာပါ။ ေအာင္ျမင္ႏိုင္တဲ့ႏႈန္းကေတာ့ ေဆးခန္း၊ ေဆး႐ုံတစ္ခုနဲ႔တစ္ခုမတူႏိုင္လို႔ ေအာင္ျမင္ႏိုင္ဖို႔ အခြင့္အလမ္း ရာခိုင္ႏႈန္းေတြကို ေမးျမန္းဖို႔ကို တြန္႔ေႏွးမေနပါနဲ႔။

(၂) တတ္ႏိုင္သေလာက္ က်န္းမာေရးေကာင္းေအာင္ေနပါ

လူက်န္းမာေအာင္ဂ႐ုစိုက္တာက ကေလးယူတာ ေအာင္ျမင္ဖို႔ အေကာင္းဆုံးႀကိဳတင္ျပင္ဆင္မႈပါ။ စိတ္ေရာကိုယ္ပါက်န္းမာတဲ့ အမ်ိဳးသမီးေတြဟာ IVF သေႏၶယူဖို႔ ေအာင္ျမင္ႏိုင္ေျခအျမင့္ဆုံးျဖစ္တယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ အဝလြန္ေနတဲ့အမ်ိဳးသမီးေတြမွာေတာ့ ရလဒ္ပိုေကာင္းေစဖို႔ ကိုယ္အေလးခ်ိန္ကိုအရင္ ညႇိသင့္ပါတယ္။

(၃) အခ်ိန္က အေရးႀကီးတယ္

ဖန္ႁပြန္သေႏၶယူတာက ခႏၶာကိုယ္မွာေရာ၊ စိတ္ပိုင္းဆိုင္ရာမွာပါ ဖိစီးမႈမ်ားပါတယ္။ ဒါ့ေၾကာင့္ ဘဝမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဖိစီးေနခ်ိန္ ဒါမွမဟုတ္ ႀကီးမားတဲ့အေျပာင္းအလဲ တစ္ခုခုရွိေနခ်ိန္အတြင္း ဖန္ႁပြန္သေႏၶကို မႀကိဳးစားသင့္ေသးပါဘူး။

(၄) အားေပးေထာက္ကူမႈ ခိုင္မာပါေစ

မိခင္ေလာင္းအတြက္ စိတ္ေရာကိုယ္ပါက်န္းမာေအာင္ ႀကိဳးစားေနခ်ိန္ ေဘးကေနပံ့ပိုးအားေပးမယ့္ မိသားစု၊ သူငယ္ခ်င္းေတြရွိေနတာ အင္အားတစ္ရပ္ပါပဲ။ အနားမလာႏိုင္ေတာင္ အဆက္အသြယ္လုပ္ၿပီး ကိုယ့္ကိုစိတ္ပိုင္းဆိုင္ရာအားေပးမယ့္ အေဖာ္ျပဳမယ့္သူေတြ ရွိေနပါေစ။

(၅) အေကာင္းျမင္စိတ္ထားပါ၊ ျဖစ္လာတဲ့ရလဒ္ကို လက္ခံႏိုင္ေအာင္ ျပင္ဆင္ထားပါ

အသက္ ၃၅ ႏွစ္ေအာက္ အမ်ိဳးသမီးေတြဟာ သဘာဝအတိုင္းေရာ၊ ေဆးပညာအကူအညီ နည္းလမ္းေတြနဲ႔ပါ ကေလးရႏိုင္ေျခ အျမင့္ဆုံးျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ဒီအသက္ထက္ေက်ာ္သြားရင္ ကေလးရႏိုင္ေျခက သိသိသာသာက်ဆင္းသြားပါတယ္။ တျခားအေၾကာင္းရင္းေတြေၾကာင့္လည္း သက္ေရာက္မႈရွိႏိုင္တာမို႔ မျဖစ္မေနေအာင္ျမင္မွျဖစ္မယ္ဆိုတဲ့ စိတ္ထက္ တတ္ႏိုင္သေလာက္ ႀကိဳးစားၾကမယ္၊ ရလဒ္ကို လက္ခံေပးမယ္ဆိုတဲ့စိတ္က ပိုေကာင္းပါတယ္။ ဖန္ႁပြန္သေႏၶသား ႀကိဳးစားရာမွာ အေကာင္းျမင္စိတ္ရယ္၊ ယုံၾကည္မႈရယ္ ရွိေနရင္ ေအာင္ျမင္ဖို႔ ပိုအဆင္ေျပႏိုင္ပါတယ္။ က်န္တဲ့အပိုင္းက အသက္အ႐ြယ္၊ ကိုယ္အေလးခ်ိန္၊ ေနထိုင္စားေသာက္မႈ အေလ့အက်င့္ေတြနဲ႔ ဆိုင္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
Unicode
ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးမရသေးတာက သားသမီးမျှော်လင့်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်တော့ အားနည်းချက်တစ်ခုလို ဖြစ်နေရတဲ့ကိစ္စပါ။ ကလေးယူဖို့ ဆရာဝန်ပြပြီး အကြံပြုချက်ယူတယ်၊ ကြိုးစားတယ်ဆိုပေမယ့် အချိန်ကြာလာပြီး မအောင်မြင်တဲ့အခါ ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။

ဖန်ပြွန်သန္ဓေသားနည်းလမ်းကို မခံယူခင် ဒီအချက်လေးတွေတော့ အရင်စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင် တတ်နိုင်သလောက်ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်ရနိုင်ဖို့ ကိုယ့်မှာဒီအချက်တွေ ပြည့်စုံနေပြီလား ဆန်းစစ်ပါ။

(၁) လုပ်ငန်းစဉ်ကို လေ့လာပါ

IVF ကို ရွေးချယ်ဖို့မဆုံးဖြတ်ခင် ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲဆိုတာတွေ အဆင့်ဆင့်ကိုသိအောင် လုပ်ထားပါ။ သိလိုတာရှိရင် ဆရာဝန်ကို သေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။ အောင်မြင်နိုင်တဲ့နှုန်းကတော့ ဆေးခန်း၊ ဆေးရုံတစ်ခုနဲ့တစ်ခုမတူနိုင်လို့ အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ရာခိုင်နှုန်းတွေကို မေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။

(၂) တတ်နိုင်သလောက် ကျန်းမာရေးကောင်းအောင်နေပါ

လူကျန်းမာအောင်ဂရုစိုက်တာက ကလေးယူတာ အောင်မြင်ဖို့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှုပါ။ စိတ်ရောကိုယ်ပါကျန်းမာတဲ့ အမျိုးသမီးတွေဟာ IVF သန္ဓေယူဖို့ အောင်မြင်နိုင်ခြေအမြင့်ဆုံးဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာတော့ ရလဒ်ပိုကောင်းစေဖို့ ကိုယ်အလေးချိန်ကိုအရင် ညှိသင့်ပါတယ်။

(၃) အချိန်က အရေးကြီးတယ်

ဖန်ပြွန်သန္ဓေယူတာက ခန္ဓာကိုယ်မှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဖိစီးမှုများပါတယ်။ ဒါ့ကြောင့် ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ကြီးမားတဲ့အပြောင်းအလဲ တစ်ခုခုရှိနေချိန်အတွင်း ဖန်ပြွန်သန္ဓေကို မကြိုးစားသင့်သေးပါဘူး။

(၄) အားပေးထောက်ကူမှု ခိုင်မာပါစေ

မိခင်လောင်းအတွက် စိတ်ရောကိုယ်ပါကျန်းမာအောင် ကြိုးစားနေချိန် ဘေးကနေပံ့ပိုးအားပေးမယ့် မိသားစု၊ သူငယ်ချင်းတွေရှိနေတာ အင်အားတစ်ရပ်ပါပဲ။ အနားမလာနိုင်တောင် အဆက်အသွယ်လုပ်ပြီး ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာအားပေးမယ့် အဖော်ပြုမယ့်သူတွေ ရှိနေပါစေ။

(၅) အကောင်းမြင်စိတ်ထားပါ၊ ဖြစ်လာတဲ့ရလဒ်ကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေဟာ သဘာဝအတိုင်းရော၊ ဆေးပညာအကူအညီ နည်းလမ်းတွေနဲ့ပါ ကလေးရနိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအသက်ထက်ကျော်သွားရင် ကလေးရနိုင်ခြေက သိသိသာသာကျဆင်းသွားပါတယ်။ တခြားအကြောင်းရင်းတွေကြောင့်လည်း သက်ရောက်မှုရှိနိုင်တာမို့ မဖြစ်မနေအောင်မြင်မှဖြစ်မယ်ဆိုတဲ့ စိတ်ထက် တတ်နိုင်သလောက် ကြိုးစားကြမယ်၊ ရလဒ်ကို လက်ခံပေးမယ်ဆိုတဲ့စိတ်က ပိုကောင်းပါတယ်။ ဖန်ပြွန်သန္ဓေသား ကြိုးစားရာမှာ အကောင်းမြင်စိတ်ရယ်၊ ယုံကြည်မှုရယ် ရှိနေရင် အောင်မြင်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့အပိုင်းက အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နေထိုင်စားသောက်မှု အလေ့အကျင့်တွေနဲ့ ဆိုင်ပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဖန္ႁပြန္သေႏၶသားနည္းလမ္းနဲ႔ ကေလးမယူခင္ သိထားသင့္တဲ့ (၅) ခ်က္ ဖန္ႁပြန္သေႏၶသားနည္းလမ္းနဲ႔ ကေလးမယူခင္ သိထားသင့္တဲ့ (၅) ခ်က္ Reviewed by THITHTOOLWIN on 02:41 Rating: 5
Powered by Blogger.