သူရဦးေရႊမန္း ယာဥ္ေမာင္းက တရားစြဲထားတဲ့အမႈ ပလပ္ခံရ

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ၊ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္နဲ႔ နုိင္ငံေရးေလ့လာသံုးသပ္သူ ဦးဘုိဘိုေက်ာ္ျငိမ္း။
Zawgyi
ျပန္ၾကားေရး၀န္ႀကီးေဟာင္း ဦးရဲထြဋ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြနဲ႔ ဦးဘိုဘိုေက်ာ္ၿငိမ္းတို႔ သံုးဦးကို ႏိုင္လြတ္လံု ပုဒ္မ ၁၀ နဲ႔ သူရဦးေရႊမန္း ယာဥ္ေမာင္းက တရားစြဲထားတဲ့ကိစၥမွာ ျပစ္မႈမေျမာက္တာေၾကာင့္ တရားစြဲတင္မွာ မဟုတ္ေၾကာင္း ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ ပတၱာရဲစခန္းက ယာယီစခန္းမွဴး ဒုတိယရဲအုပ္ ေဇာ္လင္းထက္က ေျပာပါတယ္။

ဦးရဲထြဋ္၊ ဦးလွေဆြနဲ႔ ဦးဘိုဘိုေက်ာ္ၿငိမ္းတို႔ သံုးဦးတို႔က လူထုမီဒီယာနဲ႔ အင္တာဗ်ဳးမွာ သူရဦးေရႊမန္းကုိ ေ၀ဖန္ေျပာဆိုခဲ့တာေတြေၾကာင့္ သူတို႔ သံုးဦးကို ႏိုင္ငံသားမ်ားနဲ႔ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ လံုျခံဳမႈဥပေဒ ပုဒ္မ ၁၀ နဲ႔ အေရးယူေပးဖို႔ သူရဦးေရႊမန္းရဲ႕ ယာဥ္ေမာင္းျဖစ္သူ ဦးမ်ိဳးမင္းလတ္က အမႈဖြင့္တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

အဲဒီအမႈနဲ႔႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က ဥပေဒပိုင္းဆိုင္ရာ အၾကံေတာင္းခံရာမွာ ဥပေဒအၾကံေပးက အမႈမေျမာက္ဘူးလို႔ အေၾကာင္းျပန္လာတာေၾကာင့္ တရားစြဲတင္ႏိုင္တဲ့အေျခအေန မရွိဘူးလို႔ ပတၱာနယ္ေျမရဲစခန္း ယာယီစခန္းမွဴး ဒုရဲအုပ္ ေဇာ္လင္းထက္ ကေျပာပါတယ္။

ျပန္ၾကားေရး၀န္ႀကီးေဟာင္း ဦးရဲထြဋ္ကေတာ့ အမႈကို ပိတ္သိမ္းလိုက္တယ္လို႔ အေၾကာင္းၾကားလာတာမ်ိဳး မရွိေသးေၾကာင္းနဲ႔ ကိုယ္ေျပာထားတဲ့ စကားကို ကိုယ္တာ၀န္ယူတဲ့အတြက္ တရားရံုးမွာ ရင္ဆိုင္ဖို႔ျပင္ဆင္ထားၿပီးေၾကာင္းေျပာပါတယ္။

ဒါ့အျပင္ အမႈကိုဆက္မလုပ္ေတာ့ဘူးဆိုရင္ သူရဦးေရႊမန္း အပါအ၀င္ သူနဲ႔ ပတ္သက္သူေတြကို တရားရံုးက သက္ေသအျဖစ္နဲ႔ေခၚၿပီး သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ ေမးခြန္းထုတ္ႏိုင္မယ့္ အခြင့္အေရး ဆံုးရံႈးသြားတယ္လို႔ ျမင္မိေၾကာင္းလည္း ဦးရဲထြဋ္က ေျပာပါတယ္။

အမႈပိတ္သိမ္းရမယ့္ အေျခအေန ျဖစ္ေနတာနဲ႔ ပတ္သက္ၿပီး သူရဦးေရႊမန္းနဲ႔ သူ႔ရဲ႕ ယာဥ္ေမာင္းကို RFA က ေမးျမန္းဖုိ႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ႏိုင္လြတ္လံုပုဒ္မ ၁၀ နဲ႔ တရားစြဲအေရးယူခံရၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း တရားရံုးက ဆံုးျဖတ္ခဲ့ရင္ အနိမ့္ဆံုးေထာင္ဒဏ္ ေျခာက္လ ကေန အမ်ားဆံုး ေထာင္ဒဏ္ သံုးႏွစ္နဲ႔ ေငြက်ပ္ သံုးသိန္းကေန ၁၅ သိန္းထိ ဒဏ္ေငြခ်မွတ္ခံရမယ္လို႔ ဥပေဒက ျပဌာန္းထားပါတယ္။

RFA Burmese
https://www.rfa.org
------------------
Unicode
သူရဦးရွှေမန်း ယာဉ်မောင်းက တရားစွဲထားတဲ့အမှု ပလပ်ခံရ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်း။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ သူရဦးရွှေမန်း ယာဉ်မောင်းက တရားစွဲထားတဲ့ကိစ္စမှာ ပြစ်မှုမမြောက်တာကြောင့် တရားစွဲတင်မှာ မဟုတ်ကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းက ယာယီစခန်းမှူး ဒုတိယရဲအုပ် ဇော်လင်းထက်က ပြောပါတယ်။

ဦးရဲထွဋ်၊ ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးတို့က လူထုမီဒီယာနဲ့ အင်တာဗျုးမှာ သူရဦးရွှေမန်းကို ဝေဖန်ပြောဆိုခဲ့တာတွေကြောင့် သူတို့ သုံးဦးကို နိုင်ငံသားများနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုဥပဒေ ပုဒ်မ ၁၀ နဲ့ အရေးယူပေးဖို့ သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းဖြစ်သူ ဦးမျိုးမင်းလတ်က အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဥပဒေပိုင်းဆိုင်ရာ အကြံတောင်းခံရာမှာ ဥပဒေအကြံပေးက အမှုမမြောက်ဘူးလို့ အကြောင်းပြန်လာတာကြောင့် တရားစွဲတင်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ပတ္တာနယ်မြေရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ် ဇော်လင်းထက် ကပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ အမှုကို ပိတ်သိမ်းလိုက်တယ်လို့ အကြောင်းကြားလာတာမျိုး မရှိသေးကြောင်းနဲ့ ကိုယ်ပြောထားတဲ့ စကားကို ကိုယ်တာဝန်ယူတဲ့အတွက် တရားရုံးမှာ ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးကြောင်းပြောပါတယ်။

ဒါ့အပြင် အမှုကိုဆက်မလုပ်တော့ဘူးဆိုရင် သူရဦးရွှေမန်း အပါအဝင် သူနဲ့ ပတ်သက်သူတွေကို တရားရုံးက သက်သေအဖြစ်နဲ့ခေါ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားတယ်လို့ မြင်မိကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

အမှုပိတ်သိမ်းရမယ့် အခြေအနေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းနဲ့ သူ့ရဲ့ ယာဉ်မောင်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ တရားစွဲအရေးယူခံရပြီး ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် အနိမ့်ဆုံးထောင်ဒဏ် ခြောက်လ ကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေကျပ် သုံးသိန်းကနေ ၁၅ သိန်းထိ ဒဏ်ငွေချမှတ်ခံရမယ်လို့ ဥပဒေက ပြဌာန်းထားပါတယ်။

RFA Burmese
https://www.rfa.org
သူရဦးေရႊမန္း ယာဥ္ေမာင္းက တရားစြဲထားတဲ့အမႈ ပလပ္ခံရ သူရဦးေရႊမန္း ယာဥ္ေမာင္းက တရားစြဲထားတဲ့အမႈ ပလပ္ခံရ Reviewed by THITHTOOLWIN on 23:48 Rating: 5
Powered by Blogger.