ဟားဗားနားသံ႐ုံးဖြင့္ပြဲမွာ ရွိေနတဲ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ |
က်ဴးဘားႏိုင္ငံ ဟားဗားနားၿမိဳ႕မွာ ျမန္မာသံ႐ုံး ရွိလာၿပီ ျဖစ္ပါတယ္။
သံ႐ုံးယာယီတာဝန္ခံတစ္ေယာက္ အပါအဝင္ ႐ုံးအဖြဲ႕ အင္အား ၃ ေယာက္နဲ႔ စတင္တည္ေထာင္လိုက္တဲ့ က်ဴးဘားဆိုင္ရာ ျမန္မာ သံ႐ုံးဟာ ဗဟိုအေမရိကနဲ႔ ကာရစ္ဘီယန္ ေဒသမွာ ထားရွိတဲ့ ပထမဆုံး ျမန္မာသံ႐ုံး ျဖစ္ပါတယ္။
ဦးေက်ာ္ၫြန္႔ဦးကို သံ႐ုံးယာယီတာဝန္ခံ အျဖစ္ တာဝန္ေပးထားပါတယ္။
ဟာဗားနားမွာ ၂ဝ၁၉၊ ေအာက္တိုဘာ ၄ ရက္ တုန္းက ျပဳလုပ္ခဲ့တဲ့ သံ႐ုံးဖြင့္ပြဲ အခမ္းအနားမွာ ျမန္မာ အစိုးရရဲ႕ က်ဴးဘားႏိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ ျဖစ္တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြလည္း ရွိေနခဲ့ပါတယ္။
ရန္ကုန္မွာေတာ့ က်ဴးဘားသံ႐ုံး မရွိေသးပါဘူး။ ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ရွိတဲ့ က်ဴးဘားသံ႐ုံးကပဲ ျမန္မာနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြ ပူးတြဲ တာဝန္ ယူေနပါတယ္။
က်ဴးဘားရဲ႕ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈ နာမည္ေကာင္းရ |
က်ဴးဘားနဲ႔ ဆက္ဆံေရး ဘယ္အပိုင္းေတြမွာ ျမန္မာ အာ႐ုံစိုက္လဲ
အေမရိကန္၊ နယူးေယာက္ၿမိဳ႕ ကုလသမဂၢ အေထြေထြညီလာခံကို သြားတက္တဲ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြဟာ ေအာက္တိုဘာ ၂ ရက္ကေန ၅ ရက္ အထိ ၄ ရက္တာ အတြင္းမွာေတာ့ နယူးေယာက္ကေန ဟာဗားနားကို သြားခဲ့ပါတယ္။
သံ႐ုံးဖြင့္ပြဲတက္ဖို႔ သက္သက္မဟုတ္ပဲ ျမန္မာအစိုးရရဲ႕ က်ဴးဘားဆိုင္ရာ အထူးကိုယ္စားလွယ္ အေနတဲ့ တရားဝင္ ခရီး သြားတာ ျဖစ္ပါတယ္။
အဲဒီ ခရီးစဥ္မွာ က်ဴးဘား ဒုသမၼတ ႐ိုဘတ္တို မိုရားလက္စ္နဲ႔ ေတြ႕ခဲ့သလို၊ က်န္းမာေရးဝန္ႀကီး ဟိုေဆး မီရင္းဒါ ၊ ႏိုင္ငံျခားေရးဝန္ႀကီး ဘ႐ူႏို ပရီးယား တို႔နဲ႔လည္း သီးျခားစီ ေတြ႕ပါတယ္။
ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးေတြ တိုးျမႇင့္မယ္ဆိုတဲ့ ေယဘုယ် အခ်က္မ်ိဳးေတြထဲ က်န္းမာေရး က႑မွာေတာ့ ျမန္မာဘက္က အာ႐ုံစိုက္ေနတဲ့ လကၡဏာမ်ိဳးေတြ ေတြ႕ေနရပါတယ္။
ေဆးသုေတသနမွာလည္း တိုင္းျပည္က ရင္းႏွီးျမႇဳပ္ႏွံတဲ့ က်ဴးဘား |
ဟားဗားနားမွာ ျမန္မာ သံ႐ုံးမရွိခင္ က်ဴးဘားနဲ႔ ဆက္ဆံေရးကို ပူးတြဲ တာဝန္ယူ ခဲ့တဲ့ နယူးေယာက္ အေျခစိုက္ ကုလသမဂၢ ဆိုင္ရာ ျမန္မာ သံအမတ္ ဦးေဟာက္ဒိုစြမ္းကလည္း က်ဴးဘားရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ အဆင့္အတန္း၊ ေဆးပညာနဲ႔ ေဆးသုေတသန အဆင့္အတန္းဟာ အင္မတန္ေကာင္းတယ္ ဆိုၿပီး ဘီဘီစီကို ေျပာပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ စစ္တမ္းေတြအရ က်ဴးဘားႏိုင္ငံရဲ႕ ပ်မ္းမွ် သက္တမ္း အမ်ိဳးသား ၇၇ ႏွစ္၊ အမ်ိဳးသမီး ၈၁ ႏွစ္ ရွိၿပီး၊ ဒါဟာ အေမရိကန္ထက္ ပိုျမင့္ပါတယ္။
ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈ က႑မွာတင္မက ပညာေရး၊ ဇီဝနည္းပညာ၊ က်န္းမာေရးနဲ႔ ကုန္သြယ္ေရး စတဲ့ နယ္ပယ္ အစုံမွာလည္း ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔ က်ဴးဘား-ျမန္မာ ႏွစ္ႏိုင္ငံၾကား နားလည္မႈ စာခြၽန္လႊာေတြ လက္မွတ္ ထိုးထားႏွင့္ၿပီး ျဖစ္ပါတယ္။
ဘက္မလိုက္လႈပ္ရွားမႈထဲ အတူပါဝင္တဲ့ က်ဴးဘားနဲ႔ ျမန္မာ |
က်ဴးဘားနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံစလုံး ပါဝင္ ပတ္သက္ေနတဲ့ ႏိုင္ငံတကာ လႈပ္ရွားမႈေတြ ရွိပါတယ္။
အထင္ရွားဆုံးကေတာ့ the Non-Aligned Movement (NAM) လို႔ ေခၚတဲ့ ႏိုင္ငံျခားေရးမွာ ၾကားေနတဲ့ ဘက္မလိုက္ ႏိုင္ငံမ်ား အဖြဲ႕ဝင္ေတြ ျဖစ္ပါတယ္။
ဒါ့အျပင္ လက္တင္အေမရိကႏိုင္ငံေတြနဲ႔ အာရွ အေရွ႕ပိုင္း ႏိုင္ငံေတြၾကား ဖိုရမ္ (FEALAC) မွာလည္း ျမန္မာနဲ႔က်ဴးဘားတို႔ဟာ ေဆြးေႏြးဘက္ေတြ ျဖစ္ပါတယ္။
ကမာၻ႔ ရာသီဥတုေျပာင္းလဲေနတဲ့ ျပႆနာကို ထိန္းခ်ဳပ္ကိုင္တြယ္ေရး ပဲရစ္ ႏိုင္ငံတကာ စာခ်ဳပ္မွာလည္း ႏွစ္ႏိုင္ငံစလုံး လက္မွတ္ထိုးထားသလို၊ အႏုျမဴလက္နက္ေတြ အလုံးစုံ တားျမစ္ေရး ကုလသမဂၢ စာခ်ဳပ္ကိုလည္း ေထာက္ခံၾကတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။
သံ႐ုံးထားရွိဖို႔ က်ဴးဘားကို ဘာလို႔ ေ႐ြးရတာလဲ
က်ဴးဘား အစိုးရမီဒီယာေတြရဲ႕ ေျပာဆိုခ်က္အရ ျမန္မာနဲ႔ သံတမန္ ဆက္ဆံေရးကို ၁၉၇၆ ေအာက္တိုဘာ ၁၂ မွာ စတင္ထူေထာင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ သံဆက္ဆံေရး ၄၃ ႏွစ္တာကာလမွာ ဟားဗားနားမွာ ျမန္မာသံ႐ုံး ရွိလာတာ ျဖစ္ပါတယ္။
ျမန္မာနဲ႔ က်ဴးဘားရဲ႕ သံဆက္ဆံေရးဟာ ဆိုရွယ္လစ္ေခတ္၊ တပ္မေတာ္ အစိုးရေခတ္ အဆက္အဆက္ ေကာင္းမြန္ခဲ့ၿပီး အရင္းႏွီးဆုံး ႏိုင္ငံထဲ ပါဝင္တယ္လို႔ ဦးေဟာက္ဒိုစြမ္းက ဆိုပါတယ္။
"ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံျခားေရး မူဝါဒကိုက ႏိုင္ငံတိုင္းနဲ႔ ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္း ေဆာင္႐ြက္ဖို႔ ျဖစ္ပါတယ္။ ခ်က္ႏိုင္ငံမွာလည္း ျမန္မာ သံ႐ုံး ေလာေလာလတ္လတ္ ဖြင့္ႏိုင္ခဲ့တယ္။ က်ဴးဘားနဲ႔ ျမန္မာ သံအဆက္အသြယ္ ရွိခဲ့တာ ကာလ ၾကာပါၿပီ။ အဲဒီေဒသတြင္းမွာ က်ဴးဘားဟာ ျမန္မာနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈ အရွိဆုံး ႏိုင္ငံျဖစ္ပါတယ္။ သံ႐ုံးဖြင့္ဖို႔လည္း ျမန္မာဘက္က စဥ္းစားေနခဲ့ပါတယ္။"
"လက္တင္အေမရိကဆိုရင္ ဘရာဇီးမွာ ဖြင့္ထားေပမယ့္ အလယ္ပိုင္း အေမရိကနဲ႔ ကာရစ္ဘီယန္ ေဒသမွာေတာ့ ျမန္မာ သံ႐ုံး မရွိေသးတဲ့ အေျခအေနမွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို အေျခခံၿပီး က်ဴးဘားမွာ သံ႐ုံးဖြင့္လိုက္တာ ျဖစ္ပါတယ္။" လို႔ ဦးေဟာက္ဒိုစြမ္းက ေျပာပါတယ္။
ဘန္ေကာက္အေျခစိုက္ က်ဴးဘားသံအမတ္ ျမန္မာျပည္ကို လာခဲ့စဥ္။ ၂ဝ၁၈၊ ေဖေဖၚဝါရီ။ |
အေမရိကန္ရဲ႕ စီးပြားေရး၊ ႏိုင္ငံေရး ဖိအားေတြေၾကာင့္ ဘ႑ာေရးဆိုင္ရာ အက်ပ္အတည္း ေတြ႕ေနတဲ့ က်ဴးဘား အေနနဲ႔ သံ႐ုံးသစ္ ဖြင့္ဖို႔ အခက္အခဲ ရွိေနတယ္လို႔ ဦးေဟာက္ဒိုစြမ္းက သုံးသပ္ပါတယ္။
လက္ရွိမွာေတာ့ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ရွိတဲ့ က်ဴးဘားသံ႐ုံးက ျမန္မာနဲ႔ သံဆက္ဆံေရးကို ပူးတြဲ တာဝန္ယူထားပါတယ္။
ဘက္မလိုက္ထဲက ျမန္မာထြက္ခဲ့တဲ့ က်ဴးဘားနဲ႔ဆက္စပ္ေနတဲ့ သမိုင္းတစ္ကြက္
ႏိုင္ငံတကာ မ်က္ႏွာစာမွာ ျမန္မာနဲ႔ က်ဴးဘားဟာ ဘက္မလိုက္ႏိုင္ငံမ်ား အဖြဲ႕ လႈပ္ရွားမႈ နဲ႔အတူ ပူးေပါင္း ေဆာင္႐ြက္ခဲ့တာေတြ၊ ထိေတြ႕ရင္းႏွီးမႈေတြ ရွိခဲ့ေပမယ့္၊ ဘက္မလိုက္ အဖြဲ႕ထဲကေန ၁၉၇၉ မွာ ျမန္မာ ႏုတ္ထြက္ခဲ့တဲ့ အေၾကာင္းကေတာ့ က်ဴးဘားနဲ႔ ဆက္စပ္ေနပါတယ္။
ဘက္မလိုက္ ႏိုင္ငံေတြရဲ႕ ၁၉၇၉ ထိပ္သီးညီလာခံကို ဟာဗားနားမွာ က်င္းပပါတယ္။
အဲဒီအခ်ိန္ ကမာၻ႔ႏိုင္ငံေရးဟာ အေမရိကန္ ဦးေဆာင္တဲ့ အေနာက္အုပ္စု၊ ဆိုဗီယက္ ဦးေဆာင္တဲ့ အေရွ႕အုပ္စု ဆိုၿပီး ကြဲျပားေနခ်ိန္၊ စစ္ေအးခတ္ကာလလို႔ ရည္ၫႊန္း ေခၚေနခ်ိန္ ျဖစ္ပါတယ္။
ႏိုင္င္ငံျခားေရးမွာ ဘက္မလိုက္ေရးမူကို က်င့္သုံးဖို႔ စတင္လႈပ္ရွားခဲ့တဲ့ ႏိုင္ငံေတြထဲ အီဂ်စ္၊ အိႏၵိယ၊ အင္ဒိုနီးရွား စတဲ့ႏိုင္ငံေတြနဲ႔အတူ ျမန္မာလည္း ပါဝင္ပါတယ္။
ဟားဗားနားညီလာခံမွာေတာ့ အိမ္ရွင္ သဘာပတိ က်ဴးဘားရဲ႕ ရပ္တည္မႈဟာ ဆိုဗီယက္ရဲ႕ လႊမ္းမိုးမႈ ခံေနရၿပီး ဆိုဗီယက္ကဘက္ ယိမ္းလြန္းေနတယ္ ဆိုၿပီး ျမန္မာက သုံးသပ္ခဲ့ပါတယ္။
အဓိကကေတာ့ အစၥေရး-ပါလက္စတိုင္း အေရးမွာ ဆိုဗီယက္မူျဖစ္တဲ့ ပါလက္စတိုင္း လြတ္ေျမာက္ေရးကို အသားေပးတဲ့ မူကို က်ဴးဘားအစိုးရကလည္း ေထာက္ခံေနတာ ျဖစ္ပါတယ္။
ဘက္မလိုက္ပဲ ေနရမယ့္ မူကေန ေသြဖီေနတယ္လို႔ ယူဆတဲ့ ျမန္မာဟာ ၁၉၇၉ မွာ ဘက္မလိုက္ ႏိုင္ငံေတြအဖြဲ႕ကေန ထြက္ခဲ့ပါတယ္။ ၁၉၉ဝ ျပည့္ေက်ာ္ ႏွစ္ေတြရဲ႕ အေစာပိုင္းကာလမွပဲ ဘက္မလိုက္ လႈပ္ရွားမႈထဲ ျမန္မာ ျပန္ဝင္တာ ျဖစ္ပါတယ္။
သံဆက္ဆံေရး အေကာင္းဆုံး အေျခအေနမွာ ရွိေနတဲ့ က်ဴးဘားနဲ႔ျမန္မာ |
က်ဴးဘားေပၚ အေမရိကန္က ခ်မွတ္ထားတဲ့ စီးပြားေရး ဆိုင္ရာ ပိတ္ဆို႔မႈေတြကို အဆုံးသတ္ေရးကိုလည္း ကုလသမဂၢ အေထြေထြ ညီလာခံမွာ ႏွစ္ေပါင္း ၂၇ ႏွစ္၊ ၂၈ ႏွစ္ၾကာ ျမန္မာက အစဥ္အဆက္ ေထာက္ခံခဲ့တယ္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုစြမ္းက ဆိုပါတယ္။
ျမန္မာ ရင္ဆိုင္ေနရတဲ့ လူ႔အခြင့္အေရး ဆိုင္ရာ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ျမန္မာဘက္က ရပ္တည္ေပးတဲ့ ႏိုင္ငံေတြထဲမွာ က်ဴးဘား ပါဝင္တယ္လို႔ ဆိုပါတယ္။
ဒါဟာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ အေပးအယူ သေဘာမ်ိဳး မဟုတ္ပဲ၊ ကိုယ္စီ ကိုင္စြဲထားတဲ့ ႏိုင္ငံျခားေရးမူေတြအရ ရပ္တည္ၾကတာ ျဖစ္တယ္လို႔လည္း ဦးေဟာက္ဒိုစြမ္းက ေျပာပါတယ္။
က်ဴးဘားမွာ သံ႐ုံးရွိလာတဲ့အတြက္ ျမန္မာအေနနဲ႔ တျခား လက္တင္အေမရိက၊ ဗဟိုအေမရိကနဲ႔ ကာရစ္ဘီယန္ ေဒသ ႏိုင္ငံေတြနဲ႔ပါ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ သံတမန္ေရးအရ လက္လွမ္းမွီႏိုင္လာလိမ့္မယ္လို႔ ဦးေဟာက္ဒိုစြမ္းက ေျပာပါတယ္။
BBC Burmese
https://www.bbc.com
------------
Unicode
ကျူးဘားမှာ သံရုံးဖွင့်ဖို့ မြန်မာဘာ့ကြောင့် ရွေးချယ်ရတာလဲ
Image caption ဟားဗားနားသံရုံးဖွင့်ပွဲမှာ ရှိနေတဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေ
ကျူးဘားနိုင်ငံ ဟားဗားနားမြို့မှာ မြန်မာသံရုံး ရှိလာပြီ ဖြစ်ပါတယ်။
သံရုံးယာယီတာဝန်ခံတစ်ယောက် အပါအဝင် ရုံးအဖွဲ့ အင်အား ၃ ယောက်နဲ့ စတင်တည်ထောင်လိုက်တဲ့ ကျူးဘားဆိုင်ရာ မြန်မာ သံရုံးဟာ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန် ဒေသမှာ ထားရှိတဲ့ ပထမဆုံး မြန်မာသံရုံး ဖြစ်ပါတယ်။
ဦးကျော်ညွန့်ဦးကို သံရုံးယာယီတာဝန်ခံ အဖြစ် တာဝန်ပေးထားပါတယ်။
ဟာဗားနားမှာ ၂ဝ၁၉၊ အောက်တိုဘာ ၄ ရက် တုန်းက ပြုလုပ်ခဲ့တဲ့ သံရုံးဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ အစိုးရရဲ့ ကျူးဘားနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေလည်း ရှိနေခဲ့ပါတယ်။
ရန်ကုန်မှာတော့ ကျူးဘားသံရုံး မရှိသေးပါဘူး။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ ကျူးဘားသံရုံးကပဲ မြန်မာနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပူးတွဲ တာဝန် ယူနေပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျူးဘားရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု နာမည်ကောင်းရ
ကျူးဘားနဲ့ ဆက်ဆံရေး ဘယ်အပိုင်းတွေမှာ မြန်မာ အာရုံစိုက်လဲ
အမေရိကန်၊ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားတက်တဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေဟာ အောက်တိုဘာ ၂ ရက်ကနေ ၅ ရက် အထိ ၄ ရက်တာ အတွင်းမှာတော့ နယူးယောက်ကနေ ဟာဗားနားကို သွားခဲ့ပါတယ်။
သံရုံးဖွင့်ပွဲတက်ဖို့ သက်သက်မဟုတ်ပဲ မြန်မာအစိုးရရဲ့ ကျူးဘားဆိုင်ရာ အထူးကိုယ်စားလှယ် အနေတဲ့ တရားဝင် ခရီး သွားတာ ဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်မှာ ကျူးဘား ဒုသမ္မတ ရိုဘတ်တို မိုရားလက်စ်နဲ့ တွေ့ခဲ့သလို၊ ကျန်းမာရေးဝန်ကြီး ဟိုဆေး မီရင်းဒါ ၊ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ပရီးယား တို့နဲ့လည်း သီးခြားစီ တွေ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်မယ်ဆိုတဲ့ ယေဘုယျ အချက်မျိုးတွေထဲ ကျန်းမာရေး ကဏ္ဍမှာတော့ မြန်မာဘက်က အာရုံစိုက်နေတဲ့ လက္ခဏာမျိုးတွေ တွေ့နေရပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆေးသုတေသနမှာလည်း တိုင်းပြည်က ရင်းနှီးမြှုပ်နှံတဲ့ ကျူးဘား
ကျန်းမာရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေ အကြောင်း ကျူးဘား ကျန်းမာရေး ဝန်ကြီးနဲ့ ဦးကျော်တင့်ဆွေတို့ ဆွေးနွေးခဲ့ကြတဲ့ အထဲ၊ ဆေးနဲ့ ဆေးပစ္စည်း ထုတ်လုပ်ရေး လိုမျိုး တိတိကျကျ အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။
ဟားဗားနားမှာ မြန်မာ သံရုံးမရှိခင် ကျူးဘားနဲ့ ဆက်ဆံရေးကို ပူးတွဲ တာဝန်ယူ ခဲ့တဲ့ နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုစွမ်းကလည်း ကျူးဘားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း၊ ဆေးပညာနဲ့ ဆေးသုတေသန အဆင့်အတန်းဟာ အင်မတန်ကောင်းတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းတွေအရ ကျူးဘားနိုင်ငံရဲ့ ပျမ်းမျှ သက်တမ်း အမျိုးသား ၇၇ နှစ်၊ အမျိုးသမီး ၈၁ နှစ် ရှိပြီး၊ ဒါဟာ အမေရိကန်ထက် ပိုမြင့်ပါတယ်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာတင်မက ပညာရေး၊ ဇီဝနည်းပညာ၊ ကျန်းမာရေးနဲ့ ကုန်သွယ်ရေး စတဲ့ နယ်ပယ် အစုံမှာလည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျူးဘား-မြန်မာ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထိုးထားနှင့်ပြီး ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘက်မလိုက်လှုပ်ရှားမှုထဲ အတူပါဝင်တဲ့ ကျူးဘားနဲ့ မြန်မာ
နိုင်ငံခြားရေးမူ နှစ်နိုင်ငံ ရပ်တည်ချက်
ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံစလုံး ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေ ရှိပါတယ်။
အထင်ရှားဆုံးကတော့ the Non-Aligned Movement (NAM) လို့ ခေါ်တဲ့ နိုင်ငံခြားရေးမှာ ကြားနေတဲ့ ဘက်မလိုက် နိုင်ငံများ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် လက်တင်အမေရိကနိုင်ငံတွေနဲ့ အာရှ အရှေ့ပိုင်း နိုင်ငံတွေကြား ဖိုရမ် (FEALAC) မှာလည်း မြန်မာနဲ့ကျူးဘားတို့ဟာ ဆွေးနွေးဘက်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့ ရာသီဥတုပြောင်းလဲနေတဲ့ ပြဿနာကို ထိန်းချုပ်ကိုင်တွယ်ရေး ပဲရစ် နိုင်ငံတကာ စာချုပ်မှာလည်း နှစ်နိုင်ငံစလုံး လက်မှတ်ထိုးထားသလို၊ အနုမြူလက်နက်တွေ အလုံးစုံ တားမြစ်ရေး ကုလသမဂ္ဂ စာချုပ်ကိုလည်း ထောက်ခံကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
သံရုံးထားရှိဖို့ ကျူးဘားကို ဘာလို့ ရွေးရတာလဲ
ကျူးဘား အစိုးရမီဒီယာတွေရဲ့ ပြောဆိုချက်အရ မြန်မာနဲ့ သံတမန် ဆက်ဆံရေးကို ၁၉၇၆ အောက်တိုဘာ ၁၂ မှာ စတင်ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သံဆက်ဆံရေး ၄၃ နှစ်တာကာလမှာ ဟားဗားနားမှာ မြန်မာသံရုံး ရှိလာတာ ဖြစ်ပါတယ်။
မြန်မာနဲ့ ကျူးဘားရဲ့ သံဆက်ဆံရေးဟာ ဆိုရှယ်လစ်ခေတ်၊ တပ်မတော် အစိုးရခေတ် အဆက်အဆက် ကောင်းမွန်ခဲ့ပြီး အရင်းနှီးဆုံး နိုင်ငံထဲ ပါဝင်တယ်လို့ ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒကိုက နိုင်ငံတိုင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ချက်နိုင်ငံမှာလည်း မြန်မာ သံရုံး လောလောလတ်လတ် ဖွင့်နိုင်ခဲ့တယ်။ ကျူးဘားနဲ့ မြန်မာ သံအဆက်အသွယ် ရှိခဲ့တာ ကာလ ကြာပါပြီ။ အဲဒီဒေသတွင်းမှာ ကျူးဘားဟာ မြန်မာနဲ့ ချစ်ကြည်ရင်းနှီးမှု အရှိဆုံး နိုင်ငံဖြစ်ပါတယ်။ သံရုံးဖွင့်ဖို့လည်း မြန်မာဘက်က စဉ်းစားနေခဲ့ပါတယ်။"
"လက်တင်အမေရိကဆိုရင် ဘရာဇီးမှာ ဖွင့်ထားပေမယ့် အလယ်ပိုင်း အမေရိကနဲ့ ကာရစ်ဘီယန် ဒေသမှာတော့ မြန်မာ သံရုံး မရှိသေးတဲ့ အခြေအနေမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို အခြေခံပြီး ကျူးဘားမှာ သံရုံးဖွင့်လိုက်တာ ဖြစ်ပါတယ်။" လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် CUBADIPLOMATICA
Image caption ဘန်ကောက်အခြေစိုက် ကျူးဘားသံအမတ် မြန်မာပြည်ကို လာခဲ့စဉ်။ ၂ဝ၁၈၊ ဖေဖေါ်ဝါရီ။
အပြန်အလှန်အနေနဲ့ ရန်ကုန်မှာ ကျူးဘားသံရုံး ဖွင့်ဖို့ကတော့ ကျူးဘားအစိုးရမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။
အမေရိကန်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ဖိအားတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း တွေ့နေတဲ့ ကျူးဘား အနေနဲ့ သံရုံးသစ် ဖွင့်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဦးဟောက်ဒိုစွမ်းက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရှိတဲ့ ကျူးဘားသံရုံးက မြန်မာနဲ့ သံဆက်ဆံရေးကို ပူးတွဲ တာဝန်ယူထားပါတယ်။
ဘက်မလိုက်ထဲက မြန်မာထွက်ခဲ့တဲ့ ကျူးဘားနဲ့ဆက်စပ်နေတဲ့ သမိုင်းတစ်ကွက်
နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနဲ့ ကျူးဘားဟာ ဘက်မလိုက်နိုင်ငံများ အဖွဲ့ လှုပ်ရှားမှု နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ၊ ထိတွေ့ရင်းနှီးမှုတွေ ရှိခဲ့ပေမယ့်၊ ဘက်မလိုက် အဖွဲ့ထဲကနေ ၁၉၇၉ မှာ မြန်မာ နုတ်ထွက်ခဲ့တဲ့ အကြောင်းကတော့ ကျူးဘားနဲ့ ဆက်စပ်နေပါတယ်။
ဘက်မလိုက် နိုင်ငံတွေရဲ့ ၁၉၇၉ ထိပ်သီးညီလာခံကို ဟာဗားနားမှာ ကျင်းပပါတယ်။
အဲဒီအချိန် ကမ္ဘာ့နိုင်ငံရေးဟာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု၊ ဆိုဗီယက် ဦးဆောင်တဲ့ အရှေ့အုပ်စု ဆိုပြီး ကွဲပြားနေချိန်၊ စစ်အေးခတ်ကာလလို့ ရည်ညွှန်း ခေါ်နေချိန် ဖြစ်ပါတယ်။
နိုင်င်ငံခြားရေးမှာ ဘက်မလိုက်ရေးမူကို ကျင့်သုံးဖို့ စတင်လှုပ်ရှားခဲ့တဲ့ နိုင်ငံတွေထဲ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေနဲ့အတူ မြန်မာလည်း ပါဝင်ပါတယ်။
ဟားဗားနားညီလာခံမှာတော့ အိမ်ရှင် သဘာပတိ ကျူးဘားရဲ့ ရပ်တည်မှုဟာ ဆိုဗီယက်ရဲ့ လွှမ်းမိုးမှု ခံနေရပြီး ဆိုဗီယက်ကဘက် ယိမ်းလွန်းနေတယ် ဆိုပြီး မြန်မာက သုံးသပ်ခဲ့ပါတယ်။
အဓိကကတော့ အစ္စရေး-ပါလက်စတိုင်း အရေးမှာ ဆိုဗီယက်မူဖြစ်တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးကို အသားပေးတဲ့ မူကို ကျူးဘားအစိုးရကလည်း ထောက်ခံနေတာ ဖြစ်ပါတယ်။
ဘက်မလိုက်ပဲ နေရမယ့် မူကနေ သွေဖီနေတယ်လို့ ယူဆတဲ့ မြန်မာဟာ ၁၉၇၉ မှာ ဘက်မလိုက် နိုင်ငံတွေအဖွဲ့ကနေ ထွက်ခဲ့ပါတယ်။ ၁၉၉ဝ ပြည့်ကျော် နှစ်တွေရဲ့ အစောပိုင်းကာလမှပဲ ဘက်မလိုက် လှုပ်ရှားမှုထဲ မြန်မာ ပြန်ဝင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် CUBADIPLOMATICA
Image caption သံဆက်ဆံရေး အကောင်းဆုံး အခြေအနေမှာ ရှိနေတဲ့ ကျူးဘားနဲ့မြန်မာ
လက်ရှိမှာတော့ ကျူးဘားနဲ့ မြန်မာကြား သိသာထင်ရှားတဲ့ နိုင်ငံခြားရေး မူဝါဒ ကွဲလွဲတာမျိုး မတွေ့ရပါဘူး။
ကျူးဘားပေါ် အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကို အဆုံးသတ်ရေးကိုလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ်ကြာ မြန်မာက အစဉ်အဆက် ထောက်ခံခဲ့တယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။
မြန်မာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာဘက်က ရပ်တည်ပေးတဲ့ နိုင်ငံတွေထဲမှာ ကျူးဘား ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါဟာ နှစ်နိုင်ငံကြား အပြန်အလှန် အပေးအယူ သဘောမျိုး မဟုတ်ပဲ၊ ကိုယ်စီ ကိုင်စွဲထားတဲ့ နိုင်ငံခြားရေးမူတွေအရ ရပ်တည်ကြတာ ဖြစ်တယ်လို့လည်း ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။
ကျူးဘားမှာ သံရုံးရှိလာတဲ့အတွက် မြန်မာအနေနဲ့ တခြား လက်တင်အမေရိက၊ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန် ဒေသ နိုင်ငံတွေနဲ့ပါ ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ရေးအရ လက်လှမ်းမှီနိုင်လာလိမ့်မယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။
BBC Burmese
https://www.bbc.com
က်ဴးဘားမွာ သံ႐ုံးဖြင့္ဖို႔ ျမန္မာဘာ့ေၾကာင့္ ေ႐ြးခ်ယ္ရတာလဲ
Reviewed by THITHTOOLWIN
on
01:39
Rating: