ပညာေရးနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ကန္လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီး ျမန္မာလာေရာက္

အေမရိကန္ျပည္ေထာင္စု ပညာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Marie Royce
ျမန္မာႏုိင္ငံက ေက်ာင္းသား၊ လူငယ္ေတြ အေမရိကန္အစုိးရရဲ႕ ကူညီေထာက္ပံ့ေပးမႈနဲ႔ ပညာသင္ၾကားခြင့္ရၾကၿပီး ကုိယ္တုိင္ တုိးတက္ေရးအတြက္ နယ္ပယ္ က႑စုံမွာ ျပန္လည္လုပ္ကုိင္ၿပီး ေကာင္ျမင္မႈရေနၾကတာကုိ ျမင္ရတဲ့အတြက္ ၀မ္းသာမိေၾကာင္း ဒီကေန႔ ရန္ကုန္ၿမိဳ႕ အေမရိကန္စင္တာမွာ ျပဳလုပ္တဲ့ ေတြ႔ဆုံပြဲအတြင္း အေမရိကန္ျပည္ေထာင္စု ပညာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Marie Royce က ေျပာၾကားလုိက္ပါတယ္။ ကာလတုိ၊ ကာလရွည္ ပညာသင္ၾကားႏုိင္မယ့္ အစီအစဥ္ေတြ လက္ရွိထက္ ပုိၿပီး တုိးခ်ဲ႕လုပ္ေဆာင္ႏုိင္ေအာင္ သူ႔အေနနဲ႔ ႀကိဳးစားေဆာင္ရြက္သြားမယ္လုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scott Marciel ကလည္း ေျပာပါတယ္။ ဒီကေန႔က်င္းပတဲ့ အခမ္းအနားမွာ ကုိယ္တုိင္သတင္းသြားယူခဲ့တဲ့ ကုိေဇာ္၀င္းလႈိင္က အျပည့္အစုံကုိ ဆက္ၿပီး ေျပာျပေပးပါမယ္။

အေမရိကန္အစုိးရရဲ႕ ေထာက္ပံ့မႈနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ သြားေရာက္ ပညာသင္ၾကားခဲ့သူေတြ၊ ယဥ္ေက်းမႈဖလွယ္ေရးအစီအစဥ္နဲ႔ သြားေရာက္ခဲ့ၾကသူေတြ၊ သက္ဆုိင္ရာ ဘာသာရပ္အလုိက္ ကာလတုိ သြားေရာက္ေလ့လာခြင့္ရခဲ့သူေတြ စုစည္းၿပီး အေမရိကန္ျပည္ေထာင္စု ပညာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Marie Royce နဲ႔ ေတြ႔ဆုံပြဲ အခမ္းအနားကုိ ဒီကေန႔ ရန္ကုန္ၿမိဳ႕ အေမရိကန္စင္တာမွာ က်င္းပခဲ့ပါတယ္။

ပညာေရးနဲ႔ တျခား Professional လုပ္ငန္းခြင္နယ္ပယ္မွာ ပုိမုိ ထုိးေဖာက္ႏုိင္ၿပီး ေအာင္ျမင္မႈရႏုိင္ေအာင္ အေမရိကန္အစုိးရက ကူညီေပးႏုိင္ခဲ့တဲ့ ရလဒ္ကုိ ေတြ႔ရတဲ့အတြက္ ၀မ္းေျမာက္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scott Marciel က ေျပာပါတယ္။

ဒါေၾကာင့္လည္း အနာဂတ္မွာ အလားတူ ပညာေရးနဲ႔ လက္ေတြ႔လုပ္ငန္းခြင္အတြက္ အက်ဳိးျဖစ္ေစမယ့္ အကူအညီေတြ ဒီထက္မက ေပးႏုိင္ေရးအတြက္ အခုေရာက္ေနတဲ့ လက္ေထာက္၀န္ႀကီး Marie Royce ကုိ တင္ျပသြားမယ္လုိ႔ သံအမတ္ႀကီး Scott Marciel က ေျပာပါတယ္။

Scott Marciel။ ။ “ျမန္မာႏုိင္ငံအတြင္းမွာ လက္ေတြ႔ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေအာင္ လက္ေတြ႔လုပ္ေဆာင္ေနၾကတဲ့သူေတြနဲ႔ လက္ေထာက္၀န္ႀကီးကုိ က်ေနာ္ေတြ႔ ေတြ႔ဆုံေပးမွာ ျဖစ္ပါတယ္။ အဲဒီလုိ ေတြ႔လုိက္ျခင္းအားျဖင့္ အေမရိကန္က ကူညီေပးခဲ့တာေတြဟာ တကယ္ကုိ အက်ဳိးျဖစ္ထြန္းေစတယ္ဆုိကုိ သူမကုိယ္တုိင္ ျမင္ေတြ႔ခြင့္ ရသြားပါလိမ့္မယ္။ ဒါေၾကာင့္ ဒီအစီအစဥ္ေတြအတြက္ ဘ႑ာေငြေၾကး ေထာက္ပ့ံမႈေတြ ပုိၿပီးရလာေအာင္ အတတ္ႏုိင္ဆုံး သူနဲ႔လက္တြဲၿပီး က်ေနာ္တုိ႔ ပူးေပါင္း လုပ္ေဆာင္သြားမွာပါ။ ေငြကေတာ့ ေလာက္တယ္ဆုိတာ မရွိပါဘူး။ ဒါေပမယ့္ ဒီအစီအစဥ္ေတြကုိ အခုေနာက္ပုိင္းမွာ က်ေနာ္တုိ႔ ေတာ္ေတာ္ေလး တုိးခ်ဲ႕ႏုိင္ခဲ့ပါတယ္။ ဒီလုိ အက်ဳိးရွိတဲ့အစီအစဥ္ေတြ ဆက္ၿပီး လုပ္သြားႏုိင္ေရးဟာ က်ေနာ္တုိ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္ပါတယ္။”

လက္ေထာက္၀န္ႀကီး Marie Royce ဟာ တကမၻာလုံးမွာရွိတဲ့ ပညာေရးနဲ႔ ယဥ္ေက်းမႈဆုိင္ရာ အစီအစဥ္ေတြနဲ႔ အဲဒီအစီအစဥ္ေတြကုိ အေမရိကန္အစုိးရက ဘယ္လုိ ရံပုံေငြ ေထာက္ပံ့ရမယ္ဆုိတာေတြကုိ ႀကီးၾကပ္ကြပ္ကဲရသူလည္း ျဖစ္ပါတယ္။

အခမ္းအနားကုိ တက္ေရာက္လာတဲ့ လူငယ္ေတြက သူတုိ႔ သြားေရာက္ခဲ့တဲ့ အစီအစဥ္ တခုခ်င္းစီရဲ႕ ေခါင္းစဥ္ေအာက္မွာ လက္ရွိ လုပ္ေဆာင္ေနတဲ့ နယ္ပယ္၊ က႑အသီးသီးအေၾကာင္း ခင္းက်င္းျပသထားၾကတာေတြကုိ လုိက္လံ ၾကည့္ရႈခဲ့ၿပီးတဲ့ေနာက္ ေတြ႔ျမင္ ၾကားသိရတဲ့ တုိးတက္မႈ အေျခအေနေတြကုိ ေက်နပ္အားရမိေၾကာင္း လက္ေထာက္၀န္ႀကီး Marie Royce က ေျပာၾကားခဲ့ပါတယ္။

Marie Royce။ ။ “ဒီေန႔အခမ္းအနားကုိ တက္လာၾကသူေတြထဲက လုပ္ေဆာင္ေနၾကတဲ့ စိတ္၀င္စားစရာ အစီအစဥ္ေတြကုိ က်မ နားေထာင္ခြင့္ ရခဲ့ပါတယ္။ အဲဒီအထဲမွာ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ ေရရွည္တည္တန္႔ႏုိင္မယ့္ အစီအစဥ္ေတြ၊ စြန္႔ဦးတီထြင္ စီးပြားလုပ္ကုိင္ေဆာင္ရြက္မႈ၊ ပညာေရး၊ လူမႈအသုိင္း၀ုိင္း တုိးတက္ေျပာင္းလဲလာေအာင္ ထိေတြ႔ေဆာင္ရြက္မႈေတြ ပါ၀င္ပါတယ္။ မေန႔ညကလည္း လူငယ္ ၅ သန္းေလာက္ ပထမဆုံးအႀကိမ္ မဲေပးခြင့္ရၾကမယ့္ အေျခအေနေတြကုိ က်မတုိ႔ ေဆြးေႏြးခဲ့ၾကပါေသးတယ္။ ဒါဟာ အင္မတန္ အားေကာင္းတဲ့ လုပ္ေဆာင္မႈေတြျဖစ္ပါတယ္။ ဒီကိစၥမွာ ပါ၀င္လုပ္ေဆာင္ေနၾကသူေတြအေနနဲ႔ ဆက္လက္ၿပီးေတာ့ တက္တက္ၾကြၾကြနဲ႔ လုပ္ကုိင္ေဆာင္ရြက္ၾကဖုိ႔ က်မ တုိက္တြန္းလုိပါတယ္။ အခုလုိ လာၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ဒီမွာ မပါရေသးသူေတြအေနနဲ႔ အနာဂတ္မွာ ပါ၀င္ၾကဖုိ႔ က်မ တုိက္တြန္းလုိပါတယ္။”

မေန႔ ေအာက္တုိဘာ ၂ ရက္ေန႔ကေတာ့ မႏၱေလး ဂ်က္ဖာဆင္စင္တာက လူငယ္ေတြအပါအ၀င္ တက္ၾကြတဲ့ လူငယ္ေတြနဲ႔ ေတြ႔ဆုံၿပီး ျမန္မာႏိုင္ငံ ေရြးေကာက္ပြဲနဲ႔ ဒီမိုကေရစီအေရးပါပံုကုိ ရန္ကုန္ၿမိဳ႕ အေမရိကန္စင္တာမွာ ျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ က်င္းပတဲ့အခမ္းအနားကုိေတာ့ YSEALI ၊ SEAYLP နဲ႔ Full Bright စတဲ့ လူငယ္၊ ေက်ာင္းသားအစီအစဥ္ေတြနဲ႔ အေမရိကန္မွာ ပညာသင္ခဲ့သူေတြ၊ ကာလတုိ သြားေရာက္ေလ့လာခြင့္ ရခဲ့သူလူငယ္ ၁၀၀ ေက်ာ္ေလာက္ တက္ေရာက္ၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဒီအစီအစဥ္ေတြမွာ ပါ၀င္ခဲ့ၾကတဲ့ လူငယ္အေတာ္မ်ားမ်ားဟာ ကေန႔အခ်ိန္မွာ အမ်ားအက်ဳိးျပဳ ပရဟိတလုပ္ငန္းေတြ၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြအျပင္ ကုိယ္ပုိင္စီးပြားေရးနယ္ပယ္ အသီးသီးမွာလည္း ေအာင္ျမင္မႈရေနၾကတဲ့သူေတြ အမ်ားအျပား ပါ၀င္တာကုိ ေတြ႔ရပါတယ္။

SEAYLP - အေရွ႕ေတာင္အာရွလူငယ္ေခါင္းေဆာင္အစီအစဥ္ကုိ ၂၀၁၇ ခုႏွစ္မွာ တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ အဲဒီအစီအစဥ္မွာ ပါ၀င္တဲ့ ျမန္မာလူငယ္ေတြ စုစည္းၿပီး အခုခ်ိန္မွာ လူငယ္ေတြအတြက္ အသိပညာေပးသင္တန္းေတြ ႏုိင္ငံအႏွံ႔ လုပ္ေဆာင္ေပးႏုိင္တဲ့အေၾကာင္း ကုိေက်ာ္ေဇာ္လင္းက ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ကက်ေတာ့ ဖြံ႔ၿဖိဳးမႈနည္းတဲ့ ေနရာေတြက ေက်ာင္းသား၊ ေက်ာင္းသူေတြကုိ ပရဟိတ လုိက္ၿပီးေတာ့ စာသင္ေပးတယ္ ခင္ဗ်။ က်ေနာ္တုိ႔သင္ေပးတဲ့ဘာသာရပ္ေတြက ၅ မ်ဳိး ရွိပါတယ္။ ပထမတခုကေတာ့ စိတ္ဓါတ္ျမင့္တင္ေရးေပါ့ ၊ Youth motivation သင္တယ္။ ေနာက္တခုက Gender study ေပါ့။ ေနာက္တခုကက်ေတာ့ Domestic violence ေပါ့ ၊ အိမ္တြင္းအၾကမ္းဖက္မႈအေၾကာင္းေတြလည္း သင္တယ္။ ေနာက္တခုကက်ေတာ့ က်န္းမာေရး Health အေနနဲ႔ သင္ၿပီးေတာ့ ၊ သဘာ၀ပတ္၀န္း ထိန္းသိမ္းေရး Environmental awareness ကုိလည္း က်ေနာ္တုိ႔ သင္ေပးတယ္ခင္ဗ်။”

အလားတူဘဲ အေမရိကန္သမၼတေဟာင္း Barack Obama တည္ေထာင္ခဲ့တဲ့ YSEALI အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္အစီအစဥ္မွာ ပါ၀င္ခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုမွာ သြားေရာက္ေလ့လာခြင့္ရခဲ့တဲ့ အေတြ႔အႀကံဳေတြေၾကာင့္ အခုခ်ိန္မွာ ကေလးငယ္ေတြဖတ္ဖုိ႔ ပုံျပင္စာအုပ္ေတြ ပုံႏွိပ္ထုတ္ေ၀တဲ့ကုမၸဏီကုိ တည္ေထာင္ႏုိင္တဲ့အဆင့္အထိ ေရာက္လာတဲ့အေၾကာင္း မအိပြင့္ရီဇန္ကလည္း ေျပာပါတယ္။

သူတုိ႔ရဲ႕ Third Story ကေလးပုံျပင္စာအုပ္ေတြ ဘယ္လုိ ျဖစ္ေပၚလာတယ္ဆုိတာနဲ႔ ပတ္သက္လုိ႔ သူက အခုလုိ ရွင္းျပပါတယ္။

“Third Story လုိ႔ နံမည္ေပးျဖစ္ရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ တုိင္းရင္းသားတခုနဲ႔တခု၊ ဘာသာတခုနဲ႔တခုမွာ ဘယ္သူပုိေကာင္းတယ္၊ ဘယ္သူကေတာ့ မေကာင္းဘူးဆုိတဲ့ဟာမ်ဳိး မဟုတ္ဘဲနဲ႔ တတိယပုံျပင္တခုအေနနဲ႔ ၊ တတိယဇာတ္လမ္းတခုအေနနဲ႔ ဒီလူေတြဟာ အတူတကြ ယွဥ္တြဲၿပီးေတာ့ ေအးေအးေဆးေဆး ေနလုိ႔ရတယ္ဆုိတဲ့ Solution - အေျဖတခုကုိ ရွာေပးခ်င္တာေပါ့ေနာ္။”

အေမရိကန္လက္ေထာက္၀န္ႀကီး Marie Royce ဟာ ညေနပုိင္းမွာ ေရႊတိဂုံဘုရွားကုိ သြားေရာက္ၿပီး မနက္ျဖန္ ေသာၾကာေန႔မွာ ျမန္မာႏုိင္ငံကေန ျပန္လည္ ထြက္ခြာမွာ ျဖစ္ပါတယ္ခင္ဗ်ား။

[Unicode Version]

မြန်မာနိုင်ငံက ကျောင်းသား၊ လူငယ်တွေ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ ပညာသင်ကြားခွင့်ရကြပြီး ကိုယ်တိုင် တိုးတက်ရေးအတွက် နယ်ပယ် ကဏ္ဍစုံမှာ ပြန်လည်လုပ်ကိုင်ပြီး ကောင်မြင်မှုရနေကြတာကို မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce က ပြောကြားလိုက်ပါတယ်။ ကာလတို၊ ကာလရှည် ပညာသင်ကြားနိုင်မယ့် အစီအစဉ်တွေ လက်ရှိထက် ပိုပြီး တိုးချဲ့လုပ်ဆောင်နိုင်အောင် သူ့အနေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel ကလည်း ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ အခမ်းအနားမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြပေးပါမယ်။

အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ သွားရောက် ပညာသင်ကြားခဲ့သူတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နဲ့ သွားရောက်ခဲ့ကြသူတွေ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကာလတို သွားရောက်လေ့လာခွင့်ရခဲ့သူတွေ စုစည်းပြီး အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce နဲ့ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ကျင်းပခဲ့ပါတယ်။

ပညာရေးနဲ့ တခြား Professional လုပ်ငန်းခွင်နယ်ပယ်မှာ ပိုမို ထိုးဖောက်နိုင်ပြီး အောင်မြင်မှုရနိုင်အောင် အမေရိကန်အစိုးရက ကူညီပေးနိုင်ခဲ့တဲ့ ရလဒ်ကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel က ပြောပါတယ်။

ဒါကြောင့်လည်း အနာဂတ်မှာ အလားတူ ပညာရေးနဲ့ လက်တွေ့လုပ်ငန်းခွင်အတွက် အကျိုးဖြစ်စေမယ့် အကူအညီတွေ ဒီထက်မက ပေးနိုင်ရေးအတွက် အခုရောက်နေတဲ့ လက်ထောက်ဝန်ကြီး Marie Royce ကို တင်ပြသွားမယ်လို့ သံအမတ်ကြီး Scott Marciel က ပြောပါတယ်။

Scott Marciel။ ။ “မြန်မာနိုင်ငံအတွင်းမှာ လက်တွေ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် လက်တွေ့လုပ်ဆောင်နေကြတဲ့သူတွေနဲ့ လက်ထောက်ဝန်ကြီးကို ကျနော်တွေ့ တွေ့ဆုံပေးမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့လိုက်ခြင်းအားဖြင့် အမေရိကန်က ကူညီပေးခဲ့တာတွေဟာ တကယ်ကို အကျိုးဖြစ်ထွန်းစေတယ်ဆိုကို သူမကိုယ်တိုင် မြင်တွေ့ခွင့် ရသွားပါလိမ့်မယ်။ ဒါကြောင့် ဒီအစီအစဉ်တွေအတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုတွေ ပိုပြီးရလာအောင် အတတ်နိုင်ဆုံး သူနဲ့လက်တွဲပြီး ကျနော်တို့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ ငွေကတော့ လောက်တယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဒီအစီအစဉ်တွေကို အခုနောက်ပိုင်းမှာ ကျနော်တို့ တော်တော်လေး တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီလို အကျိုးရှိတဲ့အစီအစဉ်တွေ ဆက်ပြီး လုပ်သွားနိုင်ရေးဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။”

လက်ထောက်ဝန်ကြီး Marie Royce ဟာ တကမ္ဘာလုံးမှာရှိတဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်တွေနဲ့ အဲဒီအစီအစဉ်တွေကို အမေရိကန်အစိုးရက ဘယ်လို ရံပုံငွေ ထောက်ပံ့ရမယ်ဆိုတာတွေကို ကြီးကြပ်ကွပ်ကဲရသူလည်း ဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ လူငယ်တွေက သူတို့ သွားရောက်ခဲ့တဲ့ အစီအစဉ် တခုချင်းစီရဲ့ ခေါင်းစဉ်အောက်မှာ လက်ရှိ လုပ်ဆောင်နေတဲ့ နယ်ပယ်၊ ကဏ္ဍအသီးသီးအကြောင်း ခင်းကျင်းပြသထားကြတာတွေကို လိုက်လံ ကြည့်ရှုခဲ့ပြီးတဲ့နောက် တွေ့မြင် ကြားသိရတဲ့ တိုးတက်မှု အခြေအနေတွေကို ကျေနပ်အားရမိကြောင်း လက်ထောက်ဝန်ကြီး Marie Royce က ပြောကြားခဲ့ပါတယ်။

Marie Royce။ ။ “ဒီနေ့အခမ်းအနားကို တက်လာကြသူတွေထဲက လုပ်ဆောင်နေကြတဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေကို ကျမ နားထောင်ခွင့် ရခဲ့ပါတယ်။ အဲဒီအထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည်တည်တန့်နိုင်မယ့် အစီအစဉ်တွေ၊ စွန့်ဦးတီထွင် စီးပွားလုပ်ကိုင်ဆောင်ရွက်မှု၊ ပညာရေး၊ လူမှုအသိုင်းဝိုင်း တိုးတက်ပြောင်းလဲလာအောင် ထိတွေ့ဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။ မနေ့ညကလည်း လူငယ် ၅ သန်းလောက် ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမယ့် အခြေအနေတွေကို ကျမတို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါဟာ အင်မတန် အားကောင်းတဲ့ လုပ်ဆောင်မှုတွေဖြစ်ပါတယ်။ ဒီကိစ္စမှာ ပါဝင်လုပ်ဆောင်နေကြသူတွေအနေနဲ့ ဆက်လက်ပြီးတော့ တက်တက်ကြွကြွနဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကျမ တိုက်တွန်းလိုပါတယ်။ အခုလို လာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီမှာ မပါရသေးသူတွေအနေနဲ့ အနာဂတ်မှာ ပါဝင်ကြဖို့ ကျမ တိုက်တွန်းလိုပါတယ်။”

မနေ့ အောက်တိုဘာ ၂ ရက်နေ့ကတော့ မန္တလေး ဂျက်ဖာဆင်စင်တာက လူငယ်တွေအပါအဝင် တက်ကြွတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီအရေးပါပုံကို ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့အခမ်းအနားကိုတော့ YSEALI ၊ SEAYLP နဲ့ Full Bright စတဲ့ လူငယ်၊ ကျောင်းသားအစီအစဉ်တွေနဲ့ အမေရိကန်မှာ ပညာသင်ခဲ့သူတွေ၊ ကာလတို သွားရောက်လေ့လာခွင့် ရခဲ့သူလူငယ် ၁၀၀ ကျော်လောက် တက်ရောက်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီအစီအစဉ်တွေမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်အတော်များများဟာ ကနေ့အချိန်မှာ အများအကျိုးပြု ပရဟိတလုပ်ငန်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပြင် ကိုယ်ပိုင်စီးပွားရေးနယ်ပယ် အသီးသီးမှာလည်း အောင်မြင်မှုရနေကြတဲ့သူတွေ အများအပြား ပါဝင်တာကို တွေ့ရပါတယ်။

SEAYLP - အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်အစီအစဉ်ကို ၂၀၁၇ ခုနှစ်မှာ တက်ရောက်ခဲ့ပြီးတဲ့နောက် အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ မြန်မာလူငယ်တွေ စုစည်းပြီး အခုချိန်မှာ လူငယ်တွေအတွက် အသိပညာပေးသင်တန်းတွေ နိုင်ငံအနှံ့ လုပ်ဆောင်ပေးနိုင်တဲ့အကြောင်း ကိုကျော်ဇော်လင်းက ရှင်းပြပါတယ်။

“ကျနော်တို့ကကျတော့ ဖွံ့ဖြိုးမှုနည်းတဲ့ နေရာတွေက ကျောင်းသား၊ ကျောင်းသူတွေကို ပရဟိတ လိုက်ပြီးတော့ စာသင်ပေးတယ် ခင်ဗျ။ ကျနော်တို့သင်ပေးတဲ့ဘာသာရပ်တွေက ၅ မျိုး ရှိပါတယ်။ ပထမတခုကတော့ စိတ်ဓါတ်မြင့်တင်ရေးပေါ့ ၊ Youth motivation သင်တယ်။ နောက်တခုက Gender study ပေါ့။ နောက်တခုကကျတော့ Domestic violence ပေါ့ ၊ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းတွေလည်း သင်တယ်။ နောက်တခုကကျတော့ ကျန်းမာရေး Health အနေနဲ့ သင်ပြီးတော့ ၊ သဘာဝပတ်ဝန်း ထိန်းသိမ်းရေး Environmental awareness ကိုလည်း ကျနော်တို့ သင်ပေးတယ်ခင်ဗျ။”

အလားတူဘဲ အမေရိကန်သမ္မတဟောင်း Barack Obama တည်ထောင်ခဲ့တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ သွားရောက်လေ့လာခွင့်ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့် အခုချိန်မှာ ကလေးငယ်တွေဖတ်ဖို့ ပုံပြင်စာအုပ်တွေ ပုံနှိပ်ထုတ်ဝေတဲ့ကုမ္ပဏီကို တည်ထောင်နိုင်တဲ့အဆင့်အထိ ရောက်လာတဲ့အကြောင်း မအိပွင့်ရီဇန်ကလည်း ပြောပါတယ်။

သူတို့ရဲ့ Third Story ကလေးပုံပြင်စာအုပ်တွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ရှင်းပြပါတယ်။

“Third Story လို့ နံမည်ပေးဖြစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားတခုနဲ့တခု၊ ဘာသာတခုနဲ့တခုမှာ ဘယ်သူပိုကောင်းတယ်၊ ဘယ်သူကတော့ မကောင်းဘူးဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ တတိယပုံပြင်တခုအနေနဲ့ ၊ တတိယဇာတ်လမ်းတခုအနေနဲ့ ဒီလူတွေဟာ အတူတကွ ယှဉ်တွဲပြီးတော့ အေးအေးဆေးဆေး နေလို့ရတယ်ဆိုတဲ့ Solution - အဖြေတခုကို ရှာပေးချင်တာပေါ့နော်။”

အမေရိကန်လက်ထောက်ဝန်ကြီး Marie Royce ဟာ ညနေပိုင်းမှာ ရွှေတိဂုံဘုရှားကို သွားရောက်ပြီး မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်ခင်ဗျား။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ပညာေရးနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ကန္လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီး ျမန္မာလာေရာက္ ပညာေရးနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ကန္လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီး ျမန္မာလာေရာက္ Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.