ကြတ္ခိုင္အနီး ျမန္မာစစ္တပ္နဲ႔ တေအာင္းအဖြဲ႔ တိုက္ပြဲျဖစ္

Zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အနီးမွာ တပ္မေတာ္နဲ႔ တေအာင္း လက္နက္ကုိင္အဖြဲ႕ တုိ႔ ဒီမနက္ ၆နာရီဝန္းက်င္မွာ တုိက္ပြဲျဖစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႏွစ္ဘက္ ပစ္ခတ္မႈေတြေၾကာင့္ အနီးနားက ေဒသခံတခ်ိဳ႕ ၿမိဳ႕ေပၚက ရပ္ကြက္ဆီ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ၿပီး အိမ္ျပန္ဖို႔အတြက္ အေျခအေနေ စာင့္ၾကည့္ေနတယ္လို႔ ဆိုပါတယ္။ အခုေနာက္ဆုံးျဖစ္သြားတဲ့ တုိက္ပြဲ အေျခအေနနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ဘက္ကေတာ့ အတည္ျပဳ ေျပာဆုိျခင္း မရွိပါဘူး။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာရွိတဲ့ မန္ဂ်တ္ရြာနားက ေတာင္ေပၚမွာ ဒီမနက္ ၆နာရီ ဝန္းက်င္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္သံေတြၾကားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီနားက ရြာခံ ၃၄ဦးကေတာ့ ကြတ္ခုိင္ၿမိဳ႕ေပၚက ရပ္ကြက္ ၂ ဘက္ကို ထြက္ေျပး တိမ္းေရွာင္ေနၾကၿပီး၊ အသက္ႀကီးသူေတြကေတာ့ ရြာထဲမွာ အိမ္ေစာင့္ေနခဲ့တယ္လို႔ မန္ဂ်တ္ရြာခံ ဦးအိုက္ခိုက ေျပာပါတယ္။

“ရြာမွာေတာ့ ဘာမွမျဖစ္ေသးဘူး။ ရြာသူ၊ ရြာသားေတြေတာ့ ၿမိဳ႕တြင္းသြားေျပးရင္း ခုိနားေနတာေပါ့။ ခုအိမ္ေစာင့္ ဘုိးဘြားေတြပဲ ရွိေတာ့တယ္။ တအိမ္တေယာက္ ပံုစံေပါ့။”

ဒီမနက္မွာျဖစ္ခဲ့တဲ့ တုိက္ပြဲ နဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အေျခအေနမသိရွိေသးဘူးလို႔ ဆုိပါတယ္။ ဒါေပမယ့္ အပစ္ရပ္စဲေရး (NCA) လက္မွတ္ထုိးတာ ၄ႏွစ္ျပည့္ခဲ့တဲ့ မေန႔ကေတာ့ တပ္မေတာ္နဲ႔ MNDAA ၊ TNLA တုိ႔ၾကား တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

“ေအာက္တိုဘာလ ၁၅ရက္တုန္းကေတာ့ က်ေတာ္တို႔ နမ့္စလပ္ေတာင္ၾကားဘက္မွာ ထိေတြ႕မႈ ျဖစ္ပြားခဲ့တာေလးရွိတယ္။ MNDAA နဲ႔ TNLA နဲ႔ ပူးေပါင္းအင္အားျဖစ္တယ္။ ညေန ၄နာရီေလာက္မွာ။”

တိုက္ပြဲျဖစ္ေနခ်ိန္ အနီးမွာရွိတဲ့ မသန္စြမ္းေက်ာင္းက ေက်ာင္းသားေတြကေတာ့ ဗံုးခိုက်င္းထဲ ေရွာင္ပုန္းေနခဲ့ရတယ္လို႔ ေက်ာင္းတာဝန္ခံ မုိင္းမုိင္ကေျပာပါတယ္။

“ခါတိုင္းျဖစ္တဲ့ဟာေတြက လက္နက္ႀကီးေတြပစ္တာ မ်ားတယ္ေလေနာ္။ အခု ဒီတေခါက္က်ေတာ့ လက္နက္ ေသးေရာ၊ လက္နက္ႀကီးေရာ ဟုိဘယ္လိုေျပာမလဲ အသံေပါင္းစံု အဲလိုၾကားေန ရတယ္ဆိုေတာ့ က်မတို႔ေနတဲ့ေနရာနဲ႔ သိပ္မေဝးဘူးလို႔ ေျပာရမွာေပါ့။”

ေတာင္ေပၚမွာၾကားေနရတဲ့ လက္နက္သံေတြေၾကာင့္ ေဒသခံေတြက ရြာဘက္ကို ေရာက္လာမွာကို စုိးရိမ္တာေၾကာင့္ ၿမိဳ႕ေပၚက အမ်ိဳးေတြဆီ သူ႔အစုနဲ႔သူ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ၾကတာပါ။ အရင္ကလည္း အခုလို သာဓကေတြရွိခဲ့လို႔ ႀကိဳေရွာင္ေနတာလို႔ ထြက္ေျပးလာသူေတြကုိ လက္ခံထားတဲ့ ခမ္းမတ္ကဆုိပါတယ္။

“ဒီရြာနဲ႔မတိမ္းမယိမ္းေလးပါ။ ဘုန္းႀကီးေက်ာင္းရဲ႕ေနာက္က ေတာင္ေပၚဆုိေပမယ့္လည္း ရြာနဲ႔နီးနီးေလး။ ရြာနဲ႔ နီးနီးေလးဆိုေတာ့ ရြာမွာမျဖစ္ဘူးလို႔ ေျပာလို႔မရဘူး အဲလိုျဖစ္ေနတယ္။ အဲဒီအေနအထားမွာ အဲဒါေၾကာင့္မုိ႔လုိ႔ သူတို႔က စုိးရိမ္တႀကီးနဲ႔ ေျပးဖုိ႔ိဆိုတာ မလြယ္ေတာ့ဘူးေလ။ အဲလိုဆုိေတာ့ သူတုိ႔ဒီဘက္က စုိးရိ္မ္ရတဲ့အပုိင္းလည္းပါတယ္။ ရြာထဲမွာက်လာၿပီ ဆိုလို႔ရွိရင္လည္း ဟုိမလြဲသာ ေရွာင္ေနရမယ္ဆုိတဲ့ စုိးရိမ္စိတ္ေတြနဲ႔ အရင္ဦးဆံုး ပထမလည္း ကြတ္ခိုင္မွာ မၾကာခဏ ဒီလိုျဖစ္ေတာ့ ၾကံဳေတြ႕ေနရတဲ့ဟာေတြ ျဖစ္ေနေတာ့ သူတို႔ကေရွာင္သြားတာ။”

တနာရီၾကာျဖစ္ခဲ့တဲ့ တုိက္ပြဲအတြင္းမွာ ေသဆံုးသူမရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။ ရြာထဲမွာျဖစ္တာမဟုတ္ေပမယ့္ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ရြာခံေတြကေတာ့ အိမ္ျပန္ဖုိ႔ကို အေျခအေနေစာင့္ၾကည့္ေနတုန္းလို႔ ဆုိပါတယ္။

ဒီကေန႔မနက္ အေစာပုိင္းမွာ တပ္မေတာ္နဲ႔ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ႏွစ္ဘက္ အေသအေပ်ာက္ ရွိခဲ့ေၾကာင္း တေအာင္းလက္နက္ကုိင္အဖြဲ႔ (TNLA) က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

.......................

{Unicode}

ကွတ်ခိုင်အနီး မြန်မာစစ်တပ်နဲ့ တအောင်းအဖွဲ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အနီးမှာ တပ်မတော်နဲ့ တအောင်း လက်နက်ကိုင်အဖွဲ့ တို့ ဒီမနက် ၆နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် အနီးနားက ဒေသခံတချို့ မြို့ပေါ်က ရပ်ကွက်ဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး အိမ်ပြန်ဖို့အတွက် အခြေအနေစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အခုနောက်ဆုံးဖြစ်သွားတဲ့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာရှိတဲ့ မန်ဂျတ်ရွာနားက တောင်ပေါ်မှာ ဒီမနက် ၆နာရီ ဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနားက ရွာခံ ၃၄ဦးကတော့ ကွတ်ခိုင်မြို့ပေါ်က ရပ်ကွက် ၂ ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပြီး၊ အသက်ကြီးသူတွေကတော့ ရွာထဲမှာ အိမ်စောင့်နေခဲ့တယ်လို့ မန်ဂျတ်ရွာခံ ဦးအိုက်ခိုက ပြောပါတယ်။

“ရွာမှာတော့ ဘာမှမဖြစ်သေးဘူး။ ရွာသူ၊ ရွာသားတွေတော့ မြို့တွင်းသွားပြေးရင်း ခိုနားနေတာပေါ့။ ခုအိမ်စောင့် ဘိုးဘွားတွေပဲ ရှိတော့တယ်။ တအိမ်တယောက် ပုံစံပေါ့။”

ဒီမနက်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲ နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခြေအနေမသိရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အပစ်ရပ်စဲရေး (NCA) လက်မှတ်ထိုးတာ ၄နှစ်ပြည့်ခဲ့တဲ့ မနေ့ကတော့ တပ်မတော်နဲ့ MNDAA ၊ TNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အောက်တိုဘာလ ၁၅ရက်တုန်းကတော့ ကျတော်တို့ နမ့်စလပ်တောင်ကြားဘက်မှာ ထိတွေ့မှု ဖြစ်ပွားခဲ့တာလေးရှိတယ်။ MNDAA နဲ့ TNLA နဲ့ ပူးပေါင်းအင်အားဖြစ်တယ်။ ညနေ ၄နာရီလောက်မှာ။”

တိုက်ပွဲဖြစ်နေချိန် အနီးမှာရှိတဲ့ မသန်စွမ်းကျောင်းက ကျောင်းသားတွေကတော့ ဗုံးခိုကျင်းထဲ ရှောင်ပုန်းနေခဲ့ရတယ်လို့ ကျောင်းတာဝန်ခံ မိုင်းမိုင်ကပြောပါတယ်။

“ခါတိုင်းဖြစ်တဲ့ဟာတွေက လက်နက်ကြီးတွေပစ်တာ များတယ်လေနော်။ အခု ဒီတခေါက်ကျတော့ လက်နက် သေးရော၊ လက်နက်ကြီးရော ဟိုဘယ်လိုပြောမလဲ အသံပေါင်းစုံ အဲလိုကြားနေ ရတယ်ဆိုတော့ ကျမတို့နေတဲ့နေရာနဲ့ သိပ်မဝေးဘူးလို့ ပြောရမှာပေါ့။”

တောင်ပေါ်မှာကြားနေရတဲ့ လက်နက်သံတွေကြောင့် ဒေသခံတွေက ရွာဘက်ကို ရောက်လာမှာကို စိုးရိမ်တာကြောင့် မြို့ပေါ်က အမျိုးတွေဆီ သူ့အစုနဲ့သူ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာပါ။ အရင်ကလည်း အခုလို သာဓကတွေရှိခဲ့လို့ ကြိုရှောင်နေတာလို့ ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ ခမ်းမတ်ကဆိုပါတယ်။

“ဒီရွာနဲ့မတိမ်းမယိမ်းလေးပါ။ ဘုန်းကြီးကျောင်းရဲ့နောက်က တောင်ပေါ်ဆိုပေမယ့်လည်း ရွာနဲ့နီးနီးလေး။ ရွာနဲ့ နီးနီးလေးဆိုတော့ ရွာမှာမဖြစ်ဘူးလို့ ပြောလို့မရဘူး အဲလိုဖြစ်နေတယ်။ အဲဒီအနေအထားမှာ အဲဒါကြောင့်မို့လို့ သူတို့က စိုးရိမ်တကြီးနဲ့ ပြေးဖို့ိဆိုတာ မလွယ်တော့ဘူးလေ။ အဲလိုဆိုတော့ သူတို့ဒီဘက်က စိုးရိမ်ရတဲ့အပိုင်းလည်းပါတယ်။ ရွာထဲမှာကျလာပြီ ဆိုလို့ရှိရင်လည်း ဟိုမလွဲသာ ရှောင်နေရမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အရင်ဦးဆုံး ပထမလည်း ကွတ်ခိုင်မှာ မကြာခဏ ဒီလိုဖြစ်တော့ ကြုံတွေ့နေရတဲ့ဟာတွေ ဖြစ်နေတော့ သူတို့ကရှောင်သွားတာ။”

တနာရီကြာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသူမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ရွာထဲမှာဖြစ်တာမဟုတ်ပေမယ့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာခံတွေကတော့ အိမ်ပြန်ဖို့ကို အခြေအနေစောင့်ကြည့်နေတုန်းလို့ ဆိုပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ နှစ်ဘက် အသေအပျောက် ရှိခဲ့ကြောင်း တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကြတ္ခိုင္အနီး ျမန္မာစစ္တပ္နဲ႔ တေအာင္းအဖြဲ႔ တိုက္ပြဲျဖစ္ ကြတ္ခိုင္အနီး ျမန္မာစစ္တပ္နဲ႔ တေအာင္းအဖြဲ႔ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.