က်ိဳင္းတုံမွာကိုရင္တစ္ပါး ေဗ်ာက္ေဖာက္ရာကေပါက္ကြဲၿပီးဝဲဘက္လက္၅ေခ်ာင္းလုံးျပတ္

လက္ျပတ္ရွဒဏ္ရာအျပင္ ရင္ဘတ္နဲ႔အျခားေနရာအခ်ိဳ႕ကိုလည္းယမ္းစမွန္
Zawgyi
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္ထဲက ဝမ္နမ့္ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းက ကိုရင္ေလးတစ္ပါးဟာ ေအာက္တိုဘာ ၁၂ ရက္ ညပိုင္းက ေဗ်ာက္ကစားရာက လက္ထဲမွာေပါက္ထြက္သြားတဲ့အတြက္ ယမ္းစမွန္ၿပီး ဝဲဘက္ လက္ေခ်ာင္း ၅ေခ်ာင္းလုံး ပဲ့ထြက္ ျပတ္ရွ ဒဏ္ရာေတြရသြားခဲ့တယ္လို႔ သိရတယ္လို႔ က်ိဳင္းတုံၿမိဳ႕ခံေတြထံကသိရပါတယ္။

လက္ျပတ္ရွဒဏ္ရာအျပင္ ရင္ဘတ္နဲ႔အျခားေနရာအခ်ိဳ႕လည္းထိခိုက္သြားခဲ့ၿပီး ေနာက္ထပ္ကိုရင္တစ္ပါးလည္းယမ္းစမွန္လို႔ ဒဏ္ရာရသြားခဲ့တယ္ က်ိဳင္းတုံအေထြေထြေရာဂါကုေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနရတယ္လို႔လည္း သိရပါတယ္။

' ' ကြၽန္ေတာ္ေတာင္ အခုပဲေဆး႐ုံမွာသြားေမးၿပီး ျပန္လာတာ။ ကိုရင္ေလးက လက္ေကာက္ဝတ္ကေန ျဖတ္လိုက္ရတယ္လို႔ ေဆး႐ုံကေနသိရတယ္။ ကိုရင္ေလးကိုေတာ့မေတြ႕ခဲ့ရဘူး။ ဝမ့္နမ့္႐ြာကေတာ့ က်ိဳင္းတုံ ၿမိဳ႕ထဲကပဲ။ ၿမိဳ႕မွာေတာ့ အဲ့လို ေဗ်ာက္ေဖာက္ရင္း ဒဏ္ရာရ တာေတြေတာ့ရွိတာပဲ။ ဒီေလာက္ေတာ့မဆိုး ဘူး။''လို႔ က်ိဳင္းတုံၿမိဳ႕က လူမႈကယ္ဆယ္ေရးလုပ္ေဆာင္သူတစ္ဦးျဖစ္တဲ့ ဦးေအာင္ေက်ာ္ကသူက ဘီဘီစီကို ေျပာျပပါတယ္။

အခုလို လက္တစ္ခုလုံး ျပတ္ရွ ဒဏ္ရာေတြရသြားတဲ့အထိ ျပင္းထန္ခဲ့တဲ့ ကိုရင္ေလးရဲ႕ထိခိုက္ဒဏ္ ရာရ သြားတဲ့ ဓာတ္ပုံေတြနဲ႔အတူ ေဗ်ာက္ေဖာက္ရာမွာသတိထားၾကဖို႔ အသိေပးတာေတြလည္း လူမႈကြန္ရက္ သုံးစြဲသူေတြၾကား အခ်င္းခ်င္းသတိေပးေျပာဆိုတာေတြလည္းရွိေနပါတယ္။

' ' ကြၽန္ေတာ္ကိုလည္း သူငယ္ခ်င္းတစ္ေယာက္ကလွမ္းေျပာေတာ့ သတိေပးတဲ့အေနနဲ႔ တင္မယ္ဆိုၿပီး တင္ျဖစ္သြားတာ။ ဓာတ္ပုံေတြကေတာ့ ႐ြာဘက္ကသူငယ္ခ်င္းတစ္ေယာက္ကတဆင့္ လွမ္းေပးတာပါ။ အခုကမန္က်ည္းသီးအလုံးေလာက္ေလာက္ရွိတဲ့ ကြဲတဲ့ေဗ်ာက္ေတြလည္းေတြ႕ရတယ္။'' လို႔ ေဗ်ာက္ကစား ရင္းဒဏ္ရာရသြားတဲ့ ပုံေတြကို ဆိုရွယ္မီဒီယာမွာ မွ်ေဝခဲ့သူ စိုင္းႏူးဝမ္က ဘီဘီစီကိုေျပာပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းအပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေဒသအသီးသီးမွာ သီတင္းကြၽတ္ကာလ အတြင္း ‌ေဗ်ာက္အိုးနဲ႔မီးရႉးမီးပန္းေတြ ေရာင္းခ်တာ ၊ ပစ္ေဖာက္တာေတြကို မလုပ္ဖို႔ ေရာင္းခ်ပါက ဖမ္းဆီး အေရးယူမယ္လို႔ ေဒသႏၲရအမိန႔္ေတြထုတ္ျပန္တားျမစ္ထားေပမယ့္လည္း ေရာင္းခ်သူေတြရွိေနသလို ကစားသူေတြလည္းရွိေနတာျဖစ္ပါတယ္။

'' အခုေနာက္ပိုင္း အတြဲလိုက္ေဗ်ာက္ေတြဆို ေပါက္ကြဲအားလည္းျပင္းတယ္။ တခ်ိဳ႕က်ေတာ့လည္း ယမ္းေတြျပန္ေထာင္းၿပီး လုပ္ၾကတာလည္းရွိတယ္။ ၿမိဳ႕မွာဖမ္းတာကလည္း ဖမ္းေနတာပဲ ။ေဆာ့တာလည္း ေဆာ့ေနၾကတာပဲ''လို႔ ဦးေအာင္ေက်ာ္သူကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
ကျိုင်းတုံမှာကိုရင်တစ်ပါး ဗျောက်ဖောက်ရာကပေါက်ကွဲပြီးဝဲဘက်လက်၅ချောင်းလုံးပြတ်

Image caption လက်ပြတ်ရှဒဏ်ရာအပြင် ရင်ဘတ်နဲ့အခြားနေရာအချို့ကိုလည်းယမ်းစမှန်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲက ဝမ်နမ့်ကျေးရွာဘုန်းတော်ကြီးကျောင်းက ကိုရင်လေးတစ်ပါးဟာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက ဗျောက်ကစားရာက လက်ထဲမှာပေါက်ထွက်သွားတဲ့အတွက် ယမ်းစမှန်ပြီး ဝဲဘက် လက်ချောင်း ၅ချောင်းလုံး ပဲ့ထွက် ပြတ်ရှ ဒဏ်ရာတွေရသွားခဲ့တယ်လို့ သိရတယ်လို့ ကျိုင်းတုံမြို့ခံတွေထံကသိရပါတယ်။

လက်ပြတ်ရှဒဏ်ရာအပြင် ရင်ဘတ်နဲ့အခြားနေရာအချို့လည်းထိခိုက်သွားခဲ့ပြီး နောက်ထပ်ကိုရင်တစ်ပါးလည်းယမ်းစမှန်လို့ ဒဏ်ရာရသွားခဲ့တယ် ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။

' ' ကျွန်တော်တောင် အခုပဲဆေးရုံမှာသွားမေးပြီး ပြန်လာတာ။ ကိုရင်လေးက လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ ဆေးရုံကနေသိရတယ်။ ကိုရင်လေးကိုတော့မတွေ့ခဲ့ရဘူး။ ဝမ့်နမ့်ရွာကတော့ ကျိုင်းတုံ မြို့ထဲကပဲ။ မြို့မှာတော့ အဲ့လို ဗျောက်ဖောက်ရင်း ဒဏ်ရာရ တာတွေတော့ရှိတာပဲ။ ဒီလောက်တော့မဆိုး ဘူး။''လို့ ကျိုင်းတုံမြို့က လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ကသူက ဘီဘီစီကို ပြောပြပါတယ်။

အခုလို လက်တစ်ခုလုံး ပြတ်ရှ ဒဏ်ရာတွေရသွားတဲ့အထိ ပြင်းထန်ခဲ့တဲ့ ကိုရင်လေးရဲ့ထိခိုက်ဒဏ် ရာရ သွားတဲ့ ဓာတ်ပုံတွေနဲ့အတူ ဗျောက်ဖောက်ရာမှာသတိထားကြဖို့ အသိပေးတာတွေလည်း လူမှုကွန်ရက် သုံးစွဲသူတွေကြား အချင်းချင်းသတိပေးပြောဆိုတာတွေလည်းရှိနေပါတယ်။

' ' ကျွန်တော်ကိုလည်း သူငယ်ချင်းတစ်ယောက်ကလှမ်းပြောတော့ သတိပေးတဲ့အနေနဲ့ တင်မယ်ဆိုပြီး တင်ဖြစ်သွားတာ။ ဓာတ်ပုံတွေကတော့ ရွာဘက်ကသူငယ်ချင်းတစ်ယောက်ကတဆင့် လှမ်းပေးတာပါ။ အခုကမန်ကျည်းသီးအလုံးလောက်လောက်ရှိတဲ့ ကွဲတဲ့ဗျောက်တွေလည်းတွေ့ရတယ်။'' လို့ ဗျောက်ကစား ရင်းဒဏ်ရာရသွားတဲ့ ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့သူ စိုင်းနူးဝမ်က ဘီဘီစီကိုပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအသီးသီးမှာ သီတင်းကျွတ်ကာလ အတွင်း ‌ဗျောက်အိုးနဲ့မီးရှူးမီးပန်းတွေ ရောင်းချတာ ၊ ပစ်ဖောက်တာတွေကို မလုပ်ဖို့ ရောင်းချပါက ဖမ်းဆီး အရေးယူမယ်လို့ ဒေသန္တရအမိန့်တွေထုတ်ပြန်တားမြစ်ထားပေမယ့်လည်း ရောင်းချသူတွေရှိနေသလို ကစားသူတွေလည်းရှိနေတာဖြစ်ပါတယ်။

'' အခုနောက်ပိုင်း အတွဲလိုက်ဗျောက်တွေဆို ပေါက်ကွဲအားလည်းပြင်းတယ်။ တချို့ကျတော့လည်း ယမ်းတွေပြန်ထောင်းပြီး လုပ်ကြတာလည်းရှိတယ်။ မြို့မှာဖမ်းတာကလည်း ဖမ်းနေတာပဲ ။ဆော့တာလည်း ဆော့နေကြတာပဲ''လို့ ဦးအောင်ကျော်သူကပြောပြပါတယ်။

BBC Burmese
https://www.bbc.com
က်ိဳင္းတုံမွာကိုရင္တစ္ပါး ေဗ်ာက္ေဖာက္ရာကေပါက္ကြဲၿပီးဝဲဘက္လက္၅ေခ်ာင္းလုံးျပတ္ က်ိဳင္းတုံမွာကိုရင္တစ္ပါး ေဗ်ာက္ေဖာက္ရာကေပါက္ကြဲၿပီးဝဲဘက္လက္၅ေခ်ာင္းလုံးျပတ္ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.