ျမန္မာအက်ဥ္းေထာင္တြင္း လူဦးေရမ်ားၿပီး အခြင့္အေရး ဆံုးရံႈးမႈမ်ားရိွေန

အင္းစိန္အက်ဥ္းေထာင္
အက်ဥ္းေထာင္စနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ အစိုးရကၾကိဳးစားေနေပမဲ႔ အက်ဥ္းေထာင္တြင္း အက်ဥ္းသားေတြအဆမတန္မ်ားျပားေနတဲ့အျပင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အက်ဥ္းသား အခြင့္အေရးဆံုးရံႈးမႈေတြပါ ရိွေနတယ္လို႔ အရပ္ဖက္ အဖဲြ႔အစည္းေတြ က ေ၀ဖန္ ေထာက္ျပ ေနပါတယ္။ အက်ဥ္းေထာင္စနစ္တခုလံုး ျပဳျပင္ေျပာင္းလဲဖို႔ဆိုရင္ ရဲတပ္ဖြဲ႔ နဲ႔ တရားစီရင္ေရးလို က႑အလိုက္တၿပိဳင္နက္တည္း ျပဳျပင္ေျပာင္းလဲမွသာ ဒါကေအာင္ျမင္ႏုိင္လိမ့္မယ္လို႔ သူတို႔က ေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္း ေပးပုိ႔ထားပါတယ္။

အက်ဥ္းေထာင္ထဲမွာ ေနရာက်ပ္တည္းမႈက အေတာ္ေလး ဆိုးရြားေနသလို၊ တခ်ိဳ႕ေထာင္ေတြမွာ သတ္မွတ္ရာခိုင္ႏႈန္းထက္ အဆေပါင္းမ်ားစြာေက်ာ္လြန္ ေနတယ္လို႔ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးယုလြင္ေအာင္က ဗြီအိုေအကိုေျပာပါတယ္။ အက်ဥ္းသား တေယာက္ ကို အိပ္စရာေနရာ သံုးေပအက်ယ္ေလာက္ကေန တေပခြဲမရတဲ႔ အက်ဥ္းေထာင္ေတြ ရွိလာေၾကာင္း သူက ေျပာပါတယ္။

“အဲဒီလိုျဖစ္တဲ႔အတြက္ေၾကာင့္ ေနာက္ဆက္တြဲ လူ႔အခြင့္အေရးဆိုင္ရာ နစ္နာမႈေတြကေတာ႔ ၾကံဳေတြ႔ ေနရတာေပါ႔ေနာ္။ ဘာလို႔ဆိုေတာ႔ အိမ္သာနား ကပ္အိပ္ရတဲ႔လူမ်ိဳးေပါ႔ ဒါမ်ိဳးေတြ ရွိေနတာေပါ႔။ အဲဒီေတာ႔ အိမ္သာနား ကပ္အိပ္ရေရး အတြက္လည္း အဲဒီအက်ဥ္းခန္းမွာ တာဝန္ရွိတဲ႔သူေတြကို နည္းနည္းပါးပါး ညွိရႏႈိင္းရ၊ ေပးရကမ္းရ ဆိုတဲ႔ဟာမ်ိဳးေတြကလည္း ျဖစ္ေနတာေပါ႔ေလ။”

အက်ဥ္းေထာင္ လူဦးေရက်ပ္တည္းတဲ႔ကိစၥကို သက္ဆိုင္ရာဝန္ၾကီးဌာက ထပ္ခိုးေတြလုပ္ေပးၿပီး ေျဖရွင္းေနေပမဲ႔ မလံုေလာက္ဘူးလို႔ ျမန္မာအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကေျပာပါတယ္။ ဆရာဝန္မရွိတာ၊ သူနာျပဳမလံုေလာက္တာေတြေၾကာင့္ က်န္းမာေရးျပႆနာေတြလည္း ရွိေနပါတယ္။ လူဦးမ်ားလို႔ ျဖစ္လာတဲ႔ မိလႅာေရဆိုးျပည့္လ်ွံတဲ႔ ကိစၥေတြကိုလည္း အက်ဥ္းသားေတြက ေျဖရွင္းေနရပါတယ္။ ဒါေတြက လူ႔အခြင့္အေရးအရၾကည့္ရင္ နစ္နာတဲ႔ကိစၥေတြလို႔ ဦးယုလြင္ေအာင္ကေျပာပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ MNHRC က အက်ဥ္းသားေတြနဲ႔ ေတြ႔ျပီး ေထာင္တြင္း အေျခအေနေတြ ေမးျမန္းတဲ႔အခါမွာ အမွန္အတိုင္း ေျပာျပတဲ႔ အက်ဥ္းသားကို ေထာင္အာဏာပိုင္ေတြက ပိုၿပီးဖိႏွိပ္တဲ႔ အေလ႔အထရွိေၾကာင္း ကခ်င္ျပည္နယ္ လူငယ္အစည္းအရံုးက ဆိုင္းႏူးပန္က ဗြီအိုေအကို ေျပာပါတယ္။ သူက တေၾကာ့ျပန္ကခ်င္စစ္ပြဲ ၈ႏွစ္ျပည့္မွာ စစ္ေဘးေရွာင္ေတြရဲ႕ ဒုကၡကို သရုပ္ေဖာ္ခဲ႔လို႔ ျငိမ္းစုစီပုဒ္မနဲ႔ ျမစ္ၾကီးနားေထာင္မွာ ၁၅ရက္ အက်ဥ္းက်ခံခဲ႔ရတာလည္းျဖစ္ပါတယ္။ သူ အေတြ႔အၾကံဳကို အခုလိုေျပာပါတယ္။

“ကိုယ္သြားခ်င္တဲ႔ေနရာ သြားလို႔မရေတာ႔ဘူး။ သူတို႔ရဲ႕ ၁၁နာရီကေန ၂နာရီထိကေတာ႔ ေသာ႔ခတ္ထားတယ္ေပါ႔ ဒါမ်ိဳးေတြရွိတယ္။ ညဆိုရင္လည္း ည ၅နာရီကေန ေသာ႔ခတ္တယ္ ဒါမ်ိဳးေတြရွိတယ္။ နည္းနည္းတင္းက်ပ္သြားတဲ႔ ဟာမ်ိဳးေတြရွိတာေပါ႔။ ဆိုလိုတာက သူတုိ႔ရဲ႕ အခ်ိဳးပံုစံက မင္းတို႔ သူတို႔ကို တုိင္ရေကာင္းသလား၊ သူတို႔ကုိေျပာရ ေကာင္းသလားေပါ႔။ ပညာျပတာေတာ႔ ရွိတာေပါ႔ေနာ္။ သိပ္အခြင့္အေရးမရ ၾကေတာ႔ဘူး သူတို႔ေျပာတဲ႔အခါမွာ။ ဘာမွဂရုမစိုက္ေပးဘူး၊ ဘာမွမလုပ္ေဆာင္ေပးဘူးေပါ႔၊ မင္းတို႔ေတာင္မွ ငါတို႔ကိုအဲဒါမ်ိဳးလုပ္တယ္ ဆိုတဲ႔ပံုစံနဲ႔ အဲဒါမ်ိဳးရွိခဲ႔တယ္။”

ေထာင္ထဲမွာ စာၾကည့္တိုက္သံုးခြင့္မရတာ၊ စာေရးသားခြင့္မရွိတာနဲ႔ တျခားအက်ဥ္းသားရပိုင္ခြင့္ေတြမရွိသလို အက်ဥ္းေထာင္ဥပေဒကလည္း ျပဳျပင္ေျပာင္းလဲသင့္ေၾကာင္း၊ ေထာင္ဝန္ထမ္းေတြရဲ႕ ကိုယ္ထိလက္ေရာက္ အနာတရျဖစ္ေအာင္ လုပ္တာမ်ိဳးေတြလည္းရွိေနေၾကာင္း ဆိုင္းႏူးပန္က ဆက္ေျပာပါတယ္။

“နားသိပ္မၾကားရတဲ႔ အမ်ိဳးသမီးတေယာက္က သူ႔နာမည္ကိုမထူးလိုက္ဘူး၊ အဲဒီေတာ႔ စာအုပ္ေတြနဲ႔ ပစ္ေပါက္ၾကတယ္။ က်မကေတာ႔ ေတာ္ေတာ္လန္႔ သြားတာေပါ႔။ က်မေမးၾကည့္ေတာ႔လည္း သူ႔တုိ႔ ေဘးနားမွာရွိတဲ႔ ပစၥည္းနဲ႔ ကိုင္ေပါက္တာေပါ႔ ဒါကေတာ႔ သူတို႔အတြက္က ထံုးစံလိုျဖစ္ေနတာ။ ထူးထူးဆန္းဆန္းမရွိဘူးျဖစ္ေနတာ။ ဒီလုပ္ရပ္ေတြက လူ႔အခြင့္ေရး ခ်ိဳးေဖာက္တယ္လို႔ ျမင္တယ္။ ဘာလို႔ဆို လူသားတေယာက္ျဖစ္တဲ႔ အတြက္ေၾကာင့္ တိရစၦာန္မဟုတ္ဘူးေပါ႔ေနာ္ အဲလိုမ်ိဳးလုပ္ပိုင္ခြင့္ေတာ႔မရွိဘူး။ က်မက အဲဒါကို ေထာင္ကထြက္လာတဲ႔ေန႔မွာ မီဒီယာကို ေျပာျဖစ္တယ္။ အဲဒီေနာက္ပိုင္း ဟိုမွာက (ျမစ္ၾကီးနားအက်ဥ္းေထာင္) ပိုၿပီးဖိႏွိပ္တယ္လို႔ ၾကားရတယ္ အေျခအေနက။”

အက်ဥ္းသားေတြမ်ားလာျပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြမရွိေအာင္ တခ်ိဳ႕ကုိ စိစစ္ျပီးလႊတ္ေပးသင့္ေၾကာင္း ႏို္င္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္းအၾကံျပဳထားပါတယ္။ ႏိုင္ငံေရးအက်ဥ္းသား ၆၀၀ ေက်ာ္ဟာ ေထာင္တြင္းမွာမရွိသင့္သလို မူးယစ္ေဆး အနည္းအက်ဥ္းနဲ႔ ႏွစ္ရွည္ေထာင္က်ေနတဲ႔သူေတြကိုလည္း စိစစ္ျပီးလႊတ္ေပးသင့္တယ္လို႔ AAPP ရဲ႕ရန္ကုန္ရံုးတာဝန္ခံ ဦးေအာင္မ်ိဳးေက်ာ္က ေျပာပါတယ္။

“အက်ဥ္းေထာင္စနစ္ၾကီး တခုလံုး ျပဳျပင္ေျပာင္းလဲဖို႔လိုတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔တခုလံုး ျပဳျပင္ေျပာင္းလဲေရး ကိစၥေတြ၊ ျပည္နယ္ reform တရားစီရင္ေရး ကိစၥေတြ၊ ဒီ sector ေတြမွာပါ ျပဳျပင္ ေျပာင္းလဲမႈေတြ မလုပ္ႏုိင္ဘူးဆိုရင္ အက်ဥ္းေထာင္စနစ္ ျပဳျပင္ေျပာင္းလဲတာ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ အက်ဥ္းေထာင္ စနစ္ျပဳျပင္ေျပာင္းလဲဖို႔ဆုိရင္ သူ႔က႑အလုိက္ အတြဲလိုက္ ျပဳျပင္ရမယ့္ကိစၥေတြ ရွိေနပါတယ္။ ဒါေတြကို တျပိဳင္နက္တည္း ျပဳျပင္ေျပာင္းလဲမွသာလ်ွင္ ေခတ္မီတဲ႔ တကယ္ေကာင္းမြန္တဲ႔ အက်ဥ္းေထာင္စနစ္ၾကီး ျဖစ္လာမွာပါ။”

အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသားမ်ားေနတဲ႔ ကိစၥကို လြတ္ျငိမ္းခ်မ္းသာခြင့္နဲ႔ေျဖရွင္းဖို႔ ၾကိဳးစားေနေပမဲ႔ မူးယစ္ေဆးဝါးျပႆနာေၾကာင့္ ဝင္လာတဲ႔သူက ပိုမ်ားေနလို႔ ေျဖရွင္းရခက္တဲ႔ ျပႆနာနဲ႔ၾကံဳေနျပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ႔ ကိစၥေတြရွိေနေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္က ဒါကို သက္ဆုိင္ရာ ဝန္ၾကီးဌာနနဲ႔ ညွိႏႈိင္းေနတယ္လို႔ ေျပာပါတယ္။

.....................

မြန်မာအကျဉ်းထောင်တွင်း လူဦးရေများပြီး အခွင့်အရေး ဆုံးရှုံးမှုများရှိနေ

အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အစိုးရကကြိုးစားနေပေမဲ့ အကျဉ်းထောင်တွင်း အကျဉ်းသားတွေအဆမတန်များပြားနေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျဉ်းသား အခွင့်အရေးဆုံးရှုံးမှုတွေပါ ရှိနေတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ က ဝေဖန် ထောက်ပြ နေပါတယ်။ အကျဉ်းထောင်စနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့ဆိုရင် ရဲတပ်ဖွဲ့ နဲ့ တရားစီရင်ရေးလို ကဏ္ဍအလိုက်တပြိုင်နက်တည်း ပြုပြင်ပြောင်းလဲမှသာ ဒါကအောင်မြင်နိုင်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်း ပေးပို့ထားပါတယ်။

အကျဉ်းထောင်ထဲမှာ နေရာကျပ်တည်းမှုက အတော်လေး ဆိုးရွားနေသလို၊ တချို့ထောင်တွေမှာ သတ်မှတ်ရာခိုင်နှုန်းထက် အဆပေါင်းများစွာကျော်လွန် နေတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ဗွီအိုအေကိုပြောပါတယ်။ အကျဉ်းသား တယောက် ကို အိပ်စရာနေရာ သုံးပေအကျယ်လောက်ကနေ တပေခွဲမရတဲ့ အကျဉ်းထောင်တွေ ရှိလာကြောင်း သူက ပြောပါတယ်။

“အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေးဆိုင်ရာ နစ်နာမှုတွေကတော့ ကြုံတွေ့ နေရတာပေါ့နော်။ ဘာလို့ဆိုတော့ အိမ်သာနား ကပ်အိပ်ရတဲ့လူမျိုးပေါ့ ဒါမျိုးတွေ ရှိနေတာပေါ့။ အဲဒီတော့ အိမ်သာနား ကပ်အိပ်ရရေး အတွက်လည်း အဲဒီအကျဉ်းခန်းမှာ တာဝန်ရှိတဲ့သူတွေကို နည်းနည်းပါးပါး ညှိရနှိုင်းရ၊ ပေးရကမ်းရ ဆိုတဲ့ဟာမျိုးတွေကလည်း ဖြစ်နေတာပေါ့လေ။”

အကျဉ်းထောင် လူဦးရေကျပ်တည်းတဲ့ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာက ထပ်ခိုးတွေလုပ်ပေးပြီး ဖြေရှင်းနေပေမဲ့ မလုံလောက်ဘူးလို့ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။ ဆရာဝန်မရှိတာ၊ သူနာပြုမလုံလောက်တာတွေကြောင့် ကျန်းမာရေးပြဿနာတွေလည်း ရှိနေပါတယ်။ လူဦးများလို့ ဖြစ်လာတဲ့ မိလ္လာရေဆိုးပြည့်လျှံတဲ့ ကိစ္စတွေကိုလည်း အကျဉ်းသားတွေက ဖြေရှင်းနေရပါတယ်။ ဒါတွေက လူ့အခွင့်အရေးအရကြည့်ရင် နစ်နာတဲ့ကိစ္စတွေလို့ ဦးယုလွင်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် MNHRC က အကျဉ်းသားတွေနဲ့ တွေ့ပြီး ထောင်တွင်း အခြေအနေတွေ မေးမြန်းတဲ့အခါမှာ အမှန်အတိုင်း ပြောပြတဲ့ အကျဉ်းသားကို ထောင်အာဏာပိုင်တွေက ပိုပြီးဖိနှိပ်တဲ့ အလေ့အထရှိကြောင်း ကချင်ပြည်နယ် လူငယ်အစည်းအရုံးက ဆိုင်းနူးပန်က ဗွီအိုအေကို ပြောပါတယ်။ သူက တကြော့ပြန်ကချင်စစ်ပွဲ ၈နှစ်ပြည့်မှာ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခကို သရုပ်ဖော်ခဲ့လို့ ငြိမ်းစုစီပုဒ်မနဲ့ မြစ်ကြီးနားထောင်မှာ ၁၅ရက် အကျဉ်းကျခံခဲ့ရတာလည်းဖြစ်ပါတယ်။ သူ အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ကိုယ်သွားချင်တဲ့နေရာ သွားလို့မရတော့ဘူး။ သူတို့ရဲ့ ၁၁နာရီကနေ ၂နာရီထိကတော့ သော့ခတ်ထားတယ်ပေါ့ ဒါမျိုးတွေရှိတယ်။ ညဆိုရင်လည်း ည ၅နာရီကနေ သော့ခတ်တယ် ဒါမျိုးတွေရှိတယ်။ နည်းနည်းတင်းကျပ်သွားတဲ့ ဟာမျိုးတွေရှိတာပေါ့။ ဆိုလိုတာက သူတို့ရဲ့ အချိုးပုံစံက မင်းတို့ သူတို့ကို တိုင်ရကောင်းသလား၊ သူတို့ကိုပြောရ ကောင်းသလားပေါ့။ ပညာပြတာတော့ ရှိတာပေါ့နော်။ သိပ်အခွင့်အရေးမရ ကြတော့ဘူး သူတို့ပြောတဲ့အခါမှာ။ ဘာမှဂရုမစိုက်ပေးဘူး၊ ဘာမှမလုပ်ဆောင်ပေးဘူးပေါ့၊ မင်းတို့တောင်မှ ငါတို့ကိုအဲဒါမျိုးလုပ်တယ် ဆိုတဲ့ပုံစံနဲ့ အဲဒါမျိုးရှိခဲ့တယ်။”

ထောင်ထဲမှာ စာကြည့်တိုက်သုံးခွင့်မရတာ၊ စာရေးသားခွင့်မရှိတာနဲ့ တခြားအကျဉ်းသားရပိုင်ခွင့်တွေမရှိသလို အကျဉ်းထောင်ဥပဒေကလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ထောင်ဝန်ထမ်းတွေရဲ့ ကိုယ်ထိလက်ရောက် အနာတရဖြစ်အောင် လုပ်တာမျိုးတွေလည်းရှိနေကြောင်း ဆိုင်းနူးပန်က ဆက်ပြောပါတယ်။

“နားသိပ်မကြားရတဲ့ အမျိုးသမီးတယောက်က သူ့နာမည်ကိုမထူးလိုက်ဘူး၊ အဲဒီတော့ စာအုပ်တွေနဲ့ ပစ်ပေါက်ကြတယ်။ ကျမကတော့ တော်တော်လန့် သွားတာပေါ့။ ကျမမေးကြည့်တော့လည်း သူ့တို့ ဘေးနားမှာရှိတဲ့ ပစ္စည်းနဲ့ ကိုင်ပေါက်တာပေါ့ ဒါကတော့ သူတို့အတွက်က ထုံးစံလိုဖြစ်နေတာ။ ထူးထူးဆန်းဆန်းမရှိဘူးဖြစ်နေတာ။ ဒီလုပ်ရပ်တွေက လူ့အခွင့်ရေး ချိုးဖောက်တယ်လို့ မြင်တယ်။ ဘာလို့ဆို လူသားတယောက်ဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်မဟုတ်ဘူးပေါ့နော် အဲလိုမျိုးလုပ်ပိုင်ခွင့်တော့မရှိဘူး။ ကျမက အဲဒါကို ထောင်ကထွက်လာတဲ့နေ့မှာ မီဒီယာကို ပြောဖြစ်တယ်။ အဲဒီနောက်ပိုင်း ဟိုမှာက (မြစ်ကြီးနားအကျဉ်းထောင်) ပိုပြီးဖိနှိပ်တယ်လို့ ကြားရတယ် အခြေအနေက။”

အကျဉ်းသားတွေများလာပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေမရှိအောင် တချို့ကို စိစစ်ပြီးလွှတ်ပေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်းအကြံပြုထားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ဟာ ထောင်တွင်းမှာမရှိသင့်သလို မူးယစ်ဆေး အနည်းအကျဉ်းနဲ့ နှစ်ရှည်ထောင်ကျနေတဲ့သူတွေကိုလည်း စိစစ်ပြီးလွှတ်ပေးသင့်တယ်လို့ AAPP ရဲ့ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောပါတယ်။

“အကျဉ်းထောင်စနစ်ကြီး တခုလုံး ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုလုံး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ ပြည်နယ် reform တရားစီရင်ရေး ကိစ္စတွေ၊ ဒီ sector တွေမှာပါ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆိုရင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲတာ အောင်မြင်မှာ မဟုတ်ပါဘူး။ အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲဖို့ဆိုရင် သူ့ကဏ္ဍအလိုက် အတွဲလိုက် ပြုပြင်ရမယ့်ကိစ္စတွေ ရှိနေပါတယ်။ ဒါတွေကို တပြိုင်နက်တည်း ပြုပြင်ပြောင်းလဲမှသာလျှင် ခေတ်မီတဲ့ တကယ်ကောင်းမွန်တဲ့ အကျဉ်းထောင်စနစ်ကြီး ဖြစ်လာမှာပါ။”

အကျဉ်းထောင်တွေမှာ အကျဉ်းသားများနေတဲ့ ကိစ္စကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့ မူးယစ်ဆေးဝါးပြဿနာကြောင့် ဝင်လာတဲ့သူက ပိုများနေလို့ ဖြေရှင်းရခက်တဲ့ ပြဿနာနဲ့ကြုံနေပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေရှိနေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာအက်ဥ္းေထာင္တြင္း လူဦးေရမ်ားၿပီး အခြင့္အေရး ဆံုးရံႈးမႈမ်ားရိွေန ျမန္မာအက်ဥ္းေထာင္တြင္း လူဦးေရမ်ားၿပီး အခြင့္အေရး ဆံုးရံႈးမႈမ်ားရိွေန Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.