တီက်စ္ေက်ာက္မီးေသြးစက္႐ုံပိတ္သိမ္းဖို႔ ေဒသခံေတြ ဆႏၵျပ

တီက်စ္ေက်ာက္မီးေသြးစက္႐ုံပိတ္သိမ္းဖို႔ ေဒသခံေတြ ဆႏၵျပ

(Zawgyi/Unicode)

ရွမ္းျပည္နယ္၊ ပင္ေလာင္းျမိဳ႕နယ္က တီက်စ္ ေက်ာက္မီးေသြးစက္ရံုကို ျပည္နယ္အစိုးရက မၾကာေသးခင္က သံုးႏွစ္သက္တမ္း ထပ္တိုးေပးလိုက္လို႔ ေဒသခံအင္အား ၁၀၀၀ ေက်ာ္က ဒီေန႔ ဆႏၵထုတ္ေဖာ္ ကန္႔ကြက္လိုက္ပါတယ္။ စက္ရံုေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈေတြရွိေနျပီး ျပည္ေထာင္စုအစိုးရက ေဒသခံကို အသိမေပးဘဲ လုပ္ကိုင္ခြင့္သက္တမ္း ထပ္တိုးေပးလိုက္တာေၾကာင့္ ဒီစက္ရံုကို ပိတ္သိမ္းေပးဖို႔ ဒီေန႔ေတာင္းဆို ဆႏၵျပတာျဖစ္ပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

တရုတ္အမ်ိဳးသား အႀကီးစားစက္မႈလုပ္ငန္း ေကာ္ပိုေရးရွင္း CHMC ကုမၸဏီလုပ္ကိုင္ေနတဲ႔ ဒီ ေက်ာက္မီးေသြး ဓာတ္အားေပး စက္ရံုဟာ ျမန္မာႏို္င္ငံမွာ ေက်ာက္မီးေသြးေလာင္စာကိုသံုးျပီး လ်ွပ္စစ္ဓာတ္အားထုတ္ေနတဲ႔ စက္ရံုေတြထဲက အၾကီၤးဆံုးတခု ျဖစ္ပါတယ္။ ဒီစက္ရုံေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးလာတာကုိ အေလးမထားဘဲ ျပည္ေထာင္စုအစိုးရက လုပ္ကိုင္ခြင့္ထပ္ေပးလိုက္တဲ႔အေပၚ မေက်နပ္တဲ႔ ပင္ေလာင္းျမိဳ႕နယ္ ေဒသခံေတြနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး တက္ၾကြလႈပ္ရွားသူေတြ ပါ၀င္တဲ့ အင္အား ၁,၀၀၀ ေက်ာ္ေလာက္ ဒီေန႔ ေအာက္တိုဘာလ ၃၀ ရက္မွာ ဆႏၵထုတ္ေဖာ္ထုတ္ခဲ့ၾကတာပါ။

တရုတ္ကုမၸဏီဘက္က သဘာဝပတ္ဝန္းက်င္ေစာင့္ၾကည့္ေရး ဝန္ေဆာင္မႈေပးတဲ႔ E-Guard ကိုငွားရမ္းျပီး EIA အစီရင္ခံစာနဲ႔ လုပ္ကိုင္ခြင့္ဆက္ရဖို႔ ၾကိဳးစားခဲ႔ပါတယ္။ အဲဒီအစီရင္ခံစာကုိ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဦးစီးဌာန ECD ကုိ ေပးပို႔ခဲ႔ျပီး၊ ECD ဘက္က ေဒသခံေတြရဲ႕ တံု႔ျပန္ခ်က္ကို ေအာက္တုိဘာလ ၃၀ရက္ ေနာက္ဆံုးထားျပီး ေစာင့္ၾကည့္သြားမယ္လို႔ အေၾကာင္းျပန္ခဲ႔ပါတယ္။

ဒါေၾကာင့္ ဒီေန႔ ေအာက္တိုဘာလ ၃၀ရက္မွာ တီက်စ္ဓာတ္အားေပးစက္ရံုအနီးနား ေက်းရြာက ေဒသခံေတြဟာ သူတို႔အေနနဲ႔ ဒီစီမံကိန္းကို အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ ျပသခဲ႔တာလို႔ ျမန္မာႏိုင္ငံ ပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈဆုိင္ရာ အရပ္ဘက္ မဟာမိတ္အဖြဲ႔ MATA ရဲ႕ ရွမ္းျပည္နယ္တာဝန္ခံ ေဒၚမီမီသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ EIA အစီရင္ခံစာသည္ လံုးဝအဆင့္မမီဘူး။ လက္ေတြ႔ေျမျပင္နဲ႔ တျခားစီျဖစ္တဲ႔ ကိစၥေတြ က်မတို႔ ေတြ႔ရတယ္။ အဲဒီေတာ႔ ဒီအရာက က်တို႔ပဲ ေအာ္ေနလို႔ မရဘူး၊ က်မတို႔ကပဲ ေျပာေနလို႔မရဘူး၊ လူထုကလည္းပဲ ဒီအရာကို သိဖို႔လိုအပ္တယ္။ ျပီးေတာ႔ လူထုကိုယ္တိုင္ကလည္း ဒီအရာကုိ မလိုခ်င္ဘူးဆိုတဲ႔ ဟာမ်ိဳးကို သူတို႔ကိုယ္တုိင္က အသံေပးတဲ႔ဟာမ်ိဳးကို က်မတို႔က ေတြ႔ရတယ္ေပါ႔။ အဲဒါေၾကာင့္မို႔ က်မတို႔က ေအာက္တိုဘာ ၃၀မွာ လူထုကို၊ အစိုးရကိုလည္း က်မတို႔က ျပန္ျပီးေတာ႔ အသံေပးတာျဖစ္တယ္ေပါ႔။”

ျပည္ေထာင္စုအစိုးရက ေဒသခံေတြရဲ႕ ေတာင္းဆိုခ်က္ေတြကို မေလးမထားဘဲ စက္ရံုကို ၃ႏွစ္သက္တမ္း ထပ္တိုးေပးလိုက္တဲ႔အေပၚ ေဒသခံေတြက မေက်နပ္ၾကပါဘူး။ ျပည္နယ္အစုိးရအေနနဲ႔ မီဂါ၀ပ္ ၃၀ အထိသာ ထုတ္လုပ္ခြင့္ရွိတာေၾကာင့္ ဒီတီက်စ္ ဓာတ္အားေပးစက္ရုံက အဲဒီ သတ္မွတ္ခ်က္ထက္ ေက်ာ္လြန္ၿပီး လ ွ်ပ္စစ္ဓာတ္အား ၁၀၀ မီဂါ၀ပ္ ထုတ္လုပ္ေနတဲ့အတြက္ ဒီကိစၵကုိ ျပည္နယ္အစုိးရရဲ႕ ေထာက္ခံခ်က္နဲ႔ ျပည္ေထာင္စုအစုိးရက တုိက္ရုိက္ ကုိင္တြယ္ေနတာပါ။ ဒါေပမယ့္ ျပည္ေထာင္စုအစုိးရအေနနဲ႔ လုပ္ပုိင္ခြင့္တခ်ဳိ႕ ကုိ ေက်ာ္လြန္ၿပီး လုပ္ခဲ့ေၾကာင္း တီက်စ္ေက်းရြာအုပ္စု ေဒသခံ စုိင္းတူးက ေျပာပါတယ္။

“ လ်ွပ္စစ္ဝန္ၾကီးဌာနက သံုးႏွစ္သက္တမ္း တိုးလိုက္တယ္ေပါ႔၊ ဥပေဒရဲ႕ လုပ္ထံုးလုပ္နည္းအရဆိုရင္ သူကသဘာဝပတ္ဝန္းက်င္ ဝန္ၾကီးဌာနက ထြက္လာတဲ႔ အစီရင္ခံစာကို သူကၾကည့္ရတယ္။ အဲဒီ အစီရင္ခံစာကို သူက ေကာင္းမြန္တဲ႔အစီရင္ခံစာ ဟုတ္၊ မဟုတ္ အရင္သံုးသပ္ရတယ္။ အဲဒီ သဘာဝ ပတ္ဝန္းက်င္ ဝန္ၾကီးဌာနက သံုးသပ္ေနတဲ႔ ကာလမွာပဲ လ်ွပ္စစ္ဝန္ၾကီးဌာနက ဒါကိုသက္တမ္းတိုးလိုက္တာ။ ကိုယ့္ရဲဲ႕ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္ျပီးေတာ႔လုပ္တယ္။ ဌာနဆိုင္ရာအခ်င္းခ်င္းၾကားမွာ ဒါနားလည္မႈပဲ လြဲတာလား၊ ရွင္းရွင္းလင္းလင္း မသိေသးဘူး။”

တရုတ္ကုမၸဏီကို သက္တမ္း သံုးႏွစ္ထပ္ေပးလိုက္တဲ႔ကိစၥဟာ ျပည္နယ္အစိုးရရဲ႕ သေဘာထားမွတ္ခ်က္ေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း ေဒသခံေတြက ေျပာေနၾကတာလည္း ရွိပါတယ္။ ရွမ္းျပည္နယ္အစိုးရ ခြင့္ျပဳခ်က္နဲ႔ တီက်စ္ေက်ာက္မီးေသြးစက္ရံု ဆက္ၿပီးလည္ပတ္ခြင့္ ရခဲ႔သလားလုိ႔ ဗြီအိုေအက ေမးတာမွာ ျပည္နယ္လ်ွပ္စစ္ဝန္ၾကီး စိုင္းရွဲန္တစ္လံုက အခုလို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“ က်ေနာ္လည္း ေမးခ်င္တယ္ေလ၊ ဆႏၵျပေနတဲ႔သူေတြ သူတို႔အိမ္မွာ မီးမသံုးၾကဘူးလားေပါ႔။ သူတို႔ႏို္င္ငံမွာ မီးလံုးေလာက္ ေနျပီလားေပါ႔။ သူတို႔မီးမသံုးလည္း တျခားလိုအပ္တဲ႔ေနရာ က်ေနာ္တို႔ ျပန္ျဖန္႔လို႔ရတာပါ႔။ က်ေနာ္တုိ႔ဝန္ေဆာင္မႈ ေပးတာပဲေလ၊ လိုခ်င္တဲ႔အဖြဲ႔ရွိတယ္ မလိုခ်င္တဲ႔အဖြဲ႔ ရွိတယ္။ ဒါသဘာဝပဲ။”

တရုတ္အမ်ိဳးသား အၾကီးစားစက္မႈလုပ္ငန္း ေကာ္ပိုေရးရွင္း CHMC ဟာ ၂၀၀၂ ခုႏွစ္မွာ တီက်စ္ ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္ရံုကို လုပ္ကိုင္ခြင့္ရခဲ႔ျပီး ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၄ ခုႏွစ္မွာ လူထုရဲ႕ကန္႔ကြက္မႈေတြ ရွိခဲ႔လို႔ ေခတၱရပ္နားထားခဲ႔ပါတယ္။ အဲဒီေနာက္ ၂၀၁၅ ခုႏွစ္မွာ ေနာက္ထပ္ တရုတ္ကုမၸဏီျဖစ္တဲ႔ Wuxi Hua Quang နဲ႔လက္တြဲျပီး ဒီေန႔အထိ ဆက္လက္ လည္ပတ္ေနခဲ့တာပါ။

တီက်စ္ဓာတ္အားေပးစက္ရံုကို ေလာင္စာအဓိက ေထာက္ပံ႔ေနတာကေတာ႔ ဧဒင္စြမ္းအင္ သဘာဝ အရင္းအျမစ္မ်ား ဖြံ႔ျဖိဳးတိုးတက္ေရး ကုမၸဏီျဖစ္ျပီး သူတို႔လုပ္ေဆာင္ေနတဲ႔ ေက်ာက္မီးေသြးမိုင္းတြင္းကို မေန႔ ေအာက္တိုလာ ၂၉ ရက္က မွတ္တမ္းဓာတ္ပံုယူခဲ႔တဲ႔ သတင္းသမားတခ်ိဳ႕နဲ႔ ေဒသခံေတြကို ကုမၸဏီဝန္ထမ္း ၅၀ေလာက္က လာေရာက္တားျမစ္ခဲ႔ပါတယ္။

တီက်စ္ေက်ာက္မီးေသြးစက္ရံုနဲ႔ ေက်ာက္မီးေသြးမိုင္းတြင္းကို ပိတ္သိမ္းေပးဖို႔ ေဒသခံေတြက ဒီေန႔မနက္ပိုင္း ဆႏၵျပေနတုန္းမွာပဲ ဧဒင္ကုမၸဏီရဲ႕ ေက်ာက္မီးေသြးမိုင္းတြင္း ေျမစာပံုျပိဳက်ခဲ႔ျပီး စပါးစိုက္ခင္းတခ်ိဳ႕နဲ႔ ခရမ္းခ်ဥ္သီး စိုက္ခင္းေတြ ပ်က္ဆီးသြားသလုိ လမ္းပိတ္ဆုိ႔မႈေတြလည္း ျဖစ္ခဲ့တယ္လုိ႔ ေဒသခံေတြကုိ ေျပာပါတယ္။

...................

တီကျစ်ကျောက်မီးသွေးစက်ရုံပိတ်သိမ်းဖို့ ဒေသခံတွေ ဆန္ဒပြ
(Zawgyi/Unicode)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးစက်ရုံကို ပြည်နယ်အစိုးရက မကြာသေးခင်က သုံးနှစ်သက်တမ်း ထပ်တိုးပေးလိုက်လို့ ဒေသခံအင်အား ၁၀၀၀ ကျော်က ဒီနေ့ ဆန္ဒထုတ်ဖော် ကန့်ကွက်လိုက်ပါတယ်။ စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေရှိနေပြီး ပြည်ထောင်စုအစိုးရက ဒေသခံကို အသိမပေးဘဲ လုပ်ကိုင်ခွင့်သက်တမ်း ထပ်တိုးပေးလိုက်တာကြောင့် ဒီစက်ရုံကို ပိတ်သိမ်းပေးဖို့ ဒီနေ့တောင်းဆို ဆန္ဒပြတာဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

တရုတ်အမျိုးသား အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း CHMC ကုမ္ပဏီလုပ်ကိုင်နေတဲ့ ဒီ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးလောင်စာကိုသုံးပြီး လျှပ်စစ်ဓာတ်အားထုတ်နေတဲ့ စက်ရုံတွေထဲက အကြီၤးဆုံးတခု ဖြစ်ပါတယ်။ ဒီစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို အလေးမထားဘဲ ပြည်ထောင်စုအစိုးရက လုပ်ကိုင်ခွင့်ထပ်ပေးလိုက်တဲ့အပေါ် မကျေနပ်တဲ့ ပင်လောင်းမြို့နယ် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ အင်အား ၁,၀၀၀ ကျော်လောက် ဒီနေ့ အောက်တိုဘာလ ၃၀ ရက်မှာ ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြတာပါ။

တရုတ်ကုမ္ပဏီဘက်က သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး ဝန်ဆောင်မှုပေးတဲ့ E-Guard ကိုငှားရမ်းပြီး EIA အစီရင်ခံစာနဲ့ လုပ်ကိုင်ခွင့်ဆက်ရဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ECD ကို ပေးပို့ခဲ့ပြီး၊ ECD ဘက်က ဒေသခံတွေရဲ့ တုံ့ပြန်ချက်ကို အောက်တိုဘာလ ၃၀ရက် နောက်ဆုံးထားပြီး စောင့်ကြည့်သွားမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ အောက်တိုဘာလ ၃၀ရက်မှာ တီကျစ်ဓာတ်အားပေးစက်ရုံအနီးနား ကျေးရွာက ဒေသခံတွေဟာ သူတို့အနေနဲ့ ဒီစီမံကိန်းကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့တာလို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ရဲ့ ရှမ်းပြည်နယ်တာဝန်ခံ ဒေါ်မီမီသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ EIA အစီရင်ခံစာသည် လုံးဝအဆင့်မမီဘူး။ လက်တွေ့မြေပြင်နဲ့ တခြားစီဖြစ်တဲ့ ကိစ္စတွေ ကျမတို့ တွေ့ရတယ်။ အဲဒီတော့ ဒီအရာက ကျတို့ပဲ အော်နေလို့ မရဘူး၊ ကျမတို့ကပဲ ပြောနေလို့မရဘူး၊ လူထုကလည်းပဲ ဒီအရာကို သိဖို့လိုအပ်တယ်။ ပြီးတော့ လူထုကိုယ်တိုင်ကလည်း ဒီအရာကို မလိုချင်ဘူးဆိုတဲ့ ဟာမျိုးကို သူတို့ကိုယ်တိုင်က အသံပေးတဲ့ဟာမျိုးကို ကျမတို့က တွေ့ရတယ်ပေါ့။ အဲဒါကြောင့်မို့ ကျမတို့က အောက်တိုဘာ ၃၀မှာ လူထုကို၊ အစိုးရကိုလည်း ကျမတို့က ပြန်ပြီးတော့ အသံပေးတာဖြစ်တယ်ပေါ့။”

ပြည်ထောင်စုအစိုးရက ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို မလေးမထားဘဲ စက်ရုံကို ၃နှစ်သက်တမ်း ထပ်တိုးပေးလိုက်တဲ့အပေါ် ဒေသခံတွေက မကျေနပ်ကြပါဘူး။ ပြည်နယ်အစိုးရအနေနဲ့ မီဂါဝပ် ၃၀ အထိသာ ထုတ်လုပ်ခွင့်ရှိတာကြောင့် ဒီတီကျစ် ဓာတ်အားပေးစက်ရုံက အဲဒီ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လ ျှပ်စစ်ဓာတ်အား ၁၀၀ မီဂါဝပ် ထုတ်လုပ်နေတဲ့အတွက် ဒီကိစ္ဒကို ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်နဲ့ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်နေတာပါ။ ဒါပေမယ့် ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ပိုင်ခွင့်တချို့ ကို ကျော်လွန်ပြီး လုပ်ခဲ့ကြောင်း တီကျစ်ကျေးရွာအုပ်စု ဒေသခံ စိုင်းတူးက ပြောပါတယ်။

“ လျှပ်စစ်ဝန်ကြီးဌာနက သုံးနှစ်သက်တမ်း တိုးလိုက်တယ်ပေါ့၊ ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် သူကသဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ထွက်လာတဲ့ အစီရင်ခံစာကို သူကကြည့်ရတယ်။ အဲဒီ အစီရင်ခံစာကို သူက ကောင်းမွန်တဲ့အစီရင်ခံစာ ဟုတ်၊ မဟုတ် အရင်သုံးသပ်ရတယ်။ အဲဒီ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနက သုံးသပ်နေတဲ့ ကာလမှာပဲ လျှပ်စစ်ဝန်ကြီးဌာနက ဒါကိုသက်တမ်းတိုးလိုက်တာ။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့လုပ်တယ်။ ဌာနဆိုင်ရာအချင်းချင်းကြားမှာ ဒါနားလည်မှုပဲ လွဲတာလား၊ ရှင်းရှင်းလင်းလင်း မသိသေးဘူး။”

တရုတ်ကုမ္ပဏီကို သက်တမ်း သုံးနှစ်ထပ်ပေးလိုက်တဲ့ကိစ္စဟာ ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောနေကြတာလည်း ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံ ဆက်ပြီးလည်ပတ်ခွင့် ရခဲ့သလားလို့ ဗွီအိုအေက မေးတာမှာ ပြည်နယ်လျှပ်စစ်ဝန်ကြီး စိုင်းရှဲန်တစ်လုံက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ ကျနော်လည်း မေးချင်တယ်လေ၊ ဆန္ဒပြနေတဲ့သူတွေ သူတို့အိမ်မှာ မီးမသုံးကြဘူးလားပေါ့။ သူတို့နိုင်ငံမှာ မီးလုံးလောက် နေပြီလားပေါ့။ သူတို့မီးမသုံးလည်း တခြားလိုအပ်တဲ့နေရာ ကျနော်တို့ ပြန်ဖြန့်လို့ရတာပါ့။ ကျနော်တို့ဝန်ဆောင်မှု ပေးတာပဲလေ၊ လိုချင်တဲ့အဖွဲ့ရှိတယ် မလိုချင်တဲ့အဖွဲ့ ရှိတယ်။ ဒါသဘာဝပဲ။”

တရုတ်အမျိုးသား အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း CHMC ဟာ ၂၀၀၂ ခုနှစ်မှာ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို လုပ်ကိုင်ခွင့်ရခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ လူထုရဲ့ကန့်ကွက်မှုတွေ ရှိခဲ့လို့ ခေတ္တရပ်နားထားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ နောက်ထပ် တရုတ်ကုမ္ပဏီဖြစ်တဲ့ Wuxi Hua Quang နဲ့လက်တွဲပြီး ဒီနေ့အထိ ဆက်လက် လည်ပတ်နေခဲ့တာပါ။

တီကျစ်ဓာတ်အားပေးစက်ရုံကို လောင်စာအဓိက ထောက်ပံ့နေတာကတော့ ဧဒင်စွမ်းအင် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်ပြီး သူတို့လုပ်ဆောင်နေတဲ့ ကျောက်မီးသွေးမိုင်းတွင်းကို မနေ့ အောက်တိုလာ ၂၉ ရက်က မှတ်တမ်းဓာတ်ပုံယူခဲ့တဲ့ သတင်းသမားတချို့နဲ့ ဒေသခံတွေကို ကုမ္ပဏီဝန်ထမ်း ၅၀လောက်က လာရောက်တားမြစ်ခဲ့ပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းတွင်းကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက ဒီနေ့မနက်ပိုင်း ဆန္ဒပြနေတုန်းမှာပဲ ဧဒင်ကုမ္ပဏီရဲ့ ကျောက်မီးသွေးမိုင်းတွင်း မြေစာပုံပြိုကျခဲ့ပြီး စပါးစိုက်ခင်းတချို့နဲ့ ခရမ်းချဉ်သီး စိုက်ခင်းတွေ ပျက်ဆီးသွားသလို လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကို ပြောပါတယ်။

ေဇာ္ထက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တီက်စ္ေက်ာက္မီးေသြးစက္႐ုံပိတ္သိမ္းဖို႔ ေဒသခံေတြ ဆႏၵျပ တီက်စ္ေက်ာက္မီးေသြးစက္႐ုံပိတ္သိမ္းဖို႔ ေဒသခံေတြ ဆႏၵျပ Reviewed by THITHTOOLWIN on 00:10 Rating: 5
Powered by Blogger.