မြန္နဲ႔ ကရင္တပ္ဖြဲ႕ေတြအၾကား နယ္ေျမအျငင္းပြား ပစ္ခတ္မႈျဖစ္

႔ ကရင္အမ်ိဳးသား အစည္းအရံုး KNU တပ္ဖြဲ႔၀င္မ်ား
Zawgyi
မြန္ျပည္သစ္ပါတီ NMSP နဲ႔ ကရင္အမ်ိဳးသား အစည္းအရံုး KNU တို႔ ၾကား နယ္ေျမအျငင္းပြားမႈေၾကာင့္ ဒီေန႔ မြန္ျပည္နယ္ တပ္မဟာ (၅) ရွိတဲ႔ ေနရာမွာ ႏွစ္ဘက္ ပစ္ခတ္မႈေတြ ျဖစ္ခဲ႔ပါတယ္။ ထိခုိက္ဒဏ္ရာမႈနဲ႔ ပတ္သက္တဲ့ အေသးစိတ္ကုိေတာ့ မသိရေသးဘူးလုိ႔ ႏွစ္ဘက္ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၇ ရက္ေန႔က ပစ္ခတ္မႈေတြ ျဖစ္သြားခဲ့တဲ့ကိစၥကုိ ညွိႏႈိင္းဖို႔ ႏွစ္ဘက္ေခါင္းေဆာင္ေတြ ႀကိဳးစားေနတုန္းမွာဘဲ ေအာက္ေျခတပ္ေတြအၾကား ခုလို ထိေတြမႈေတြ ျဖစ္ရတာလို႔ ဆုိပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး KNU နဲ႔ မြန္ျပည္သစ္ပါတီ ခရိုင္အဆင့္ ႏွစ္ဘက္ ဆက္ဆံေရးရံုးတာဝန္ရွိသူေတြ မေန႔က ေအာက္တိုဘာ ၂၀ ရက္က ကရင္ျပည္နယ္၊ ဘုရားသံုးဆူၿမိဳ႕မွာ ႏွစ္ဘက္အဖြဲ႔ေတြအၾကား မၾကာခဏ ျဖစ္ေပၚေနတဲ့ နယ္ေျမ အျငင္းပြားမႈျပႆနာကုိ အေျဖရွာဖို႔ ထပ္ေတြ႔ၾကေပမဲ႔ ဒီေန႔လိုပစ္ခတ္မႈေတြ ထပ္ျဖစ္တဲ႔ကိစၥက ေအာက္ေျခပိုင္းတပ္ေတြ နားလည္မႈ လြဲတဲ႔ကိစၥေတြေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း မြန္ျပည္သစ္ပါတီ ဗဟိုႏိုင္ငံေရးဌာန ဒုတိယတာဝန္ခံ ႏိုင္ေအာင္မေငးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ က်ေနာ္တို႔ အမွတ္ (၅) တပ္ရင္းရဲ႕ ကီလိုဝက္ေက်ာ္ေက်ာ္ ထိဖထိုးရြာေပါ႔၊ အဲဒီမွာ ဘုရားသံုးဆူ ျမိဳ႕နယ္ခြဲေပါ႔ တခ်က္ျပန္ျဖစ္တာ ၁၅ မိနစ္ေလာက္ေပါ႔ေနာ္။ က်ေနာ္တို႔က မေန႔ကေပါ႔ ခရိုင္အဆင့္ လူၾကီးေတြေတာ႔ ေျပာထားတယ္ ဒါေပမဲ႔ နားလည္မႈေတာ႔ တထပ္တည္းေတာ႔ မက်ေသးေတာ႔ ျပန္ျဖစ္ၾကတယ္ထင္တယ္ ေျမျပင္မွာေလ။ (ႏွစ္ဘက္) တပ္ကနီးနီးကပ္ကပ္ရွိေနေတာ႔ အဲလိုျဖစ္သြားတာ ထင္တယ္။”

မေန႔က ေအာက္တုိဘာ ၂၀ရက္ ေတြ႔တဲ႔အခါမွာ သေဘာတူညီခ်က္တခ်ိဳ႕ ရေပမဲ႔ ဒီေန႔လို ထိေတြ႔မႈေတြထပ္ျဖစ္တဲ႔ကိစၥ ေျမျပင္အေျခအေန အေသးစိတ္ကို ေသခ်ာ မသိရေသးေၾကာင္း KNU တပ္မဟာ (၆) ဒူးပလာယာခရိုင္ ဥကၠ႒ ပဒိုေရႊေမာင္းက ဗြီအိုေအကိုေျပာပါတယ္။

“ က်ေနာ္တို႔ မေန႔ကမနက္ ၉ နာရီကေန ၁၂နာရီထိ မြန္ျပည္သစ္ပါတီနဲ႔ က်ေနာ္တို႔ KNU တပ္မဟာ (၆) ေတြ႔ၾကတယ္။ အဲဒီမွာ သေဘာတူညီခ်က္ ရွိတယ္။ မနက္ျဖန္ ၂၂ရက္ေပါ႔ ႏွစ္ဘက္တပ္ အေျခအေနကို ျပန္ျပီးေတာ႔ တည့္မတ္ေပးဖို႔ အစီအစဥ္ရွိတယ္။ အခုျဖစ္ရွိတဲ႔အေျခအေန၊ ေနာက္အေျခအေန ဘာမွမရေသးတဲ႔အေပၚမွာ ဘာမွေျပာလို႔မရဘူး။ ဒါကတပ္ပိုင္းဆုိင္ရာ ကိစၥေတြ ျဖစ္တယ္။”

ဘုရားသံုးဆူျမိဳ႕နယ္ ဗလဲ႔ဒြန္ဖိုက္ရြာအဖ်ား မြန္ျပည္သစ္တပ္စခန္းရံုေရွ႕ မွာ KNU အလံလာစိုက္လို႔ ႏွစ္ဘက္ေအာက္ေျခတပ္ေတြ ပဋိပကၡ ျဖစ္ခဲ႔တာလို႔ မြန္ျပည္သစ္ပါတီဘက္က ေျပာသလို၊ KNU ဘက္ကလည္း ပဋိပကၡျဖစ္တဲ႔ေနရာေတြမွာ မူလကတည္းက ကရင္ရြာေတြ ရွိေနခဲ႔တယ္လို႔ ဆိုပါတယ္။ ၁၇ရက္ေန႔ကျဖစ္ခဲ႔တဲ႔ ႏွစ္ဘက္ထိေတြ႔မႈမွာ မြန္ျပည္သစ္ပါတီဘက္က အရာရွိတဦး က်ဆံုးခဲ႔ပါတယ္။

ေအာက္တုိဘာ ၄ ရက္ေန႔ကလည္း ႏွစ္ဘက္ေအာက္ေျခတပ္ဖြဲ႔ေတြအၾကား အရင္ကျဖစ္ခဲ့တဲ့ ထိေတြ႔ ပစ္ခတ္မႈနဲ႔ အလားတူ ပစ္ခတ္မႈမ်ဳိး ေနာင္မျဖစ္ေအာင္ နည္းလမ္းရွာေရးတုိ႔အတြက္ ႏွစ္ဘက္ ေခါင္းေဆာင္ေတြ ဘုရားသုံးဆူအနီးက DKBA စခန္းတခုမွာ ေဆြးေႏြးခဲ့ၾကေပမယ့္ သိသာတဲ့ သေဘာတူညီခ်က္မရခဲ့ပါဘူး။

မြန္ျပည္သစ္ပါတီနဲ႔ KNU တို႔ဟာ တႏို္င္ငံလံုးပစ္ခတ္တိုက္ခတ္မႈ ရပ္စဲေရး NCA ကို လက္မွတ္ေရးထိုးထားသလို အခုလိုျဖစ္တဲ႔ကိစၥေတြက ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုေတာ႔ ထိခိုက္မွာမဟုတ္ဘူးလို႔ ႏွစ္ဘက္လံုးက တံု႔ျပန္ထားပါတယ္။ အခုျဖစ္ေနတဲ႔ကိစၥဟာ ေအာက္ေျခ ႏွစ္ဘက္တပ္ေတြ နယ္ေျမအျငင္းပြားတဲ႔ကိစၥျဖစ္ျပီး မနက္ျဖန္ ေအာက္တုိဘာ ၂၂ ရက္ေန႔မွာ ႏွစ္ဘက္ အၾကီးပိုင္းတာဝန္ရွိသူေတြ ထပ္မံေတြ႔ဆံုသြားဖို႔ ရွိပါတယ္။

......................

မွန်နဲ့ ကရင်တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွား ပစ်ခတ်မှုဖြစ်

မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ကြား နယ်မြေအငြင်းပွားမှုကြောင့် ဒီနေ့ မွန်ပြည်နယ် တပ်မဟာ (၅) ရှိတဲ့ နေရာမှာ နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ နှစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်သွားခဲ့တဲ့ကိစ္စကို ညှိနှိုင်းဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ကြိုးစားနေတုန်းမှာဘဲ အောက်ခြေတပ်တွေအကြား ခုလို ထိတွေမှုတွေ ဖြစ်ရတာလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ ခရိုင်အဆင့် နှစ်ဘက် ဆက်ဆံရေးရုံးတာဝန်ရှိသူတွေ မနေ့က အောက်တိုဘာ ၂၀ ရက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ နှစ်ဘက်အဖွဲ့တွေအကြား မကြာခဏ ဖြစ်ပေါ်နေတဲ့ နယ်မြေ အငြင်းပွားမှုပြဿနာကို အဖြေရှာဖို့ ထပ်တွေ့ကြပေမဲ့ ဒီနေ့လိုပစ်ခတ်မှုတွေ ထပ်ဖြစ်တဲ့ကိစ္စက အောက်ခြေပိုင်းတပ်တွေ နားလည်မှု လွဲတဲ့ကိစ္စတွေကြောင့် ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာန ဒုတိယတာဝန်ခံ နိုင်အောင်မငေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျနော်တို့ အမှတ် (၅) တပ်ရင်းရဲ့ ကီလိုဝက်ကျော်ကျော် ထိဖထိုးရွာပေါ့၊ အဲဒီမှာ ဘုရားသုံးဆူ မြို့နယ်ခွဲပေါ့ တချက်ပြန်ဖြစ်တာ ၁၅ မိနစ်လောက်ပေါ့နော်။ ကျနော်တို့က မနေ့ကပေါ့ ခရိုင်အဆင့် လူကြီးတွေတော့ ပြောထားတယ် ဒါပေမဲ့ နားလည်မှုတော့ တထပ်တည်းတော့ မကျသေးတော့ ပြန်ဖြစ်ကြတယ်ထင်တယ် မြေပြင်မှာလေ။ (နှစ်ဘက်) တပ်ကနီးနီးကပ်ကပ်ရှိနေတော့ အဲလိုဖြစ်သွားတာ ထင်တယ်။”

မနေ့က အောက်တိုဘာ ၂၀ရက် တွေ့တဲ့အခါမှာ သဘောတူညီချက်တချို့ ရပေမဲ့ ဒီနေ့လို ထိတွေ့မှုတွေထပ်ဖြစ်တဲ့ကိစ္စ မြေပြင်အခြေအနေ အသေးစိတ်ကို သေချာ မသိရသေးကြောင်း KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ဗွီအိုအေကိုပြောပါတယ်။

“ ကျနော်တို့ မနေ့ကမနက် ၉ နာရီကနေ ၁၂နာရီထိ မွန်ပြည်သစ်ပါတီနဲ့ ကျနော်တို့ KNU တပ်မဟာ (၆) တွေ့ကြတယ်။ အဲဒီမှာ သဘောတူညီချက် ရှိတယ်။ မနက်ဖြန် ၂၂ရက်ပေါ့ နှစ်ဘက်တပ် အခြေအနေကို ပြန်ပြီးတော့ တည့်မတ်ပေးဖို့ အစီအစဉ်ရှိတယ်။ အခုဖြစ်ရှိတဲ့အခြေအနေ၊ နောက်အခြေအနေ ဘာမှမရသေးတဲ့အပေါ်မှာ ဘာမှပြောလို့မရဘူး။ ဒါကတပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်။”

ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာအဖျား မွန်ပြည်သစ်တပ်စခန်းရုံရှေ့ မှာ KNU အလံလာစိုက်လို့ နှစ်ဘက်အောက်ခြေတပ်တွေ ပဋိပက္ခ ဖြစ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီဘက်က ပြောသလို၊ KNU ဘက်ကလည်း ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မူလကတည်းက ကရင်ရွာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ၁၇ရက်နေ့ကဖြစ်ခဲ့တဲ့ နှစ်ဘက်ထိတွေ့မှုမှာ မွန်ပြည်သစ်ပါတီဘက်က အရာရှိတဦး ကျဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း နှစ်ဘက်အောက်ခြေတပ်ဖွဲ့တွေအကြား အရင်ကဖြစ်ခဲ့တဲ့ ထိတွေ့ ပစ်ခတ်မှုနဲ့ အလားတူ ပစ်ခတ်မှုမျိုး နောင်မဖြစ်အောင် နည်းလမ်းရှာရေးတို့အတွက် နှစ်ဘက် ခေါင်းဆောင်တွေ ဘုရားသုံးဆူအနီးက DKBA စခန်းတခုမှာ ဆွေးနွေးခဲ့ကြပေမယ့် သိသာတဲ့ သဘောတူညီချက်မရခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီနဲ့ KNU တို့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးထားသလို အခုလိုဖြစ်တဲ့ကိစ္စတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ နှစ်ဘက်လုံးက တုံ့ပြန်ထားပါတယ်။ အခုဖြစ်နေတဲ့ကိစ္စဟာ အောက်ခြေ နှစ်ဘက်တပ်တွေ နယ်မြေအငြင်းပွားတဲ့ကိစ္စဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၂၂ ရက်နေ့မှာ နှစ်ဘက် အကြီးပိုင်းတာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံသွားဖို့ ရှိပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မြန္နဲ႔ ကရင္တပ္ဖြဲ႕ေတြအၾကား နယ္ေျမအျငင္းပြား ပစ္ခတ္မႈျဖစ္ မြန္နဲ႔ ကရင္တပ္ဖြဲ႕ေတြအၾကား နယ္ေျမအျငင္းပြား ပစ္ခတ္မႈျဖစ္ Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.