ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု - အီသီယိုးပီးယား ဝန္ႀကီးခ်ဳပ္ ၂၀၁၉ အတြက္ ဆုရ

 ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆုကို ၁၀၀ ဦးေျမာက္ရသူ
Zawgyi
၂၀၁၉ ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုကို အီသီယိုးပီးယား ဝန္ႀကီးခ်ဳပ္ အဘီ အာမက္ ရရွိသြားပါတယ္။

သူဟာ သူအားထုတ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့မႈနဲ႔ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈေတြ အတြက္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုကို ရခဲ့တာ ျဖစ္ပါတယ္။

အီသီယိုးပီးယားဟာ အီရီထရီးယားနဲ႔ မႏွစ္က ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရခဲ့ပါတယ္။ ဒါဟာ ၁၉၉၈-၂၀၀၀ ျပည့္ႏွစ္ နယ္စပ္ စစ္ပြဲ အၿပီး ႏွစ္ ၂၀ ၾကာ ေရွ႕မတိုး ေနာက္မဆုတ္သာ စစ္ေရး တင္းမာေနတဲ့ အေျခအေနကို အဆုံးသတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူက ႏိုဘယ္ ၿငိမ္းခ်မ္းေရးဆုကို ၁၀၀ ဦးေျမာက္ရသူ ျဖစ္လာပါတယ္။

ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္ အေမရိကန္ေဒၚလာ ကိုးသိန္းနီးပါးကို ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမိဳ႕မွာ ဒီဇင္ဘာလမွာ ခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

ဒီဆုအတြက္ အမည္စာရင္း ၃၀၁ ခုကို တင္သြင္းခဲ့ပါတယ္။

အဲဒီထဲက အမည္စာရင္း၂၂၃ ခု က လူပုဂၢိဳလ္ တစ္ဦးခ်င္းစီ ျဖစ္ၿပီး ၇၈ ခုကေတာ့ အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။

ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု ဘယ္သူရမယ္ဆိုတဲ့ ခန႔္မွန္းေျပာဆိုတာေတြ ထြက္တတ္ပါတယ္။ ဒါေပမဲ့ ႏိုဘယ္ဆု ေဖာင္ေဒးရွင္းရဲ႕ စည္းကမ္းေတြအရ ေနာက္ဆုံး ဆန္ခါတင္စာရင္းသြင္းခံရသူေတြ ဘယ္သူ ဘယ္ဝါဆိုတာကို ႏွစ္ ၅၀ ၾကာတဲ့အထိ ထုတ္ျပန္လို႔ မရပါဘူး။
အဘီအာမက္ ဘယ္သူလဲ

၂၀၁၈ မွာ ဝန္ႀကီးခ်ဳပ္ ျဖစ္လာၿပီးတဲ့ေနာက္ မစၥတာ အဘီဟာ အရင္က တင္းတင္းၾကပ္ၾကပ္ အုပ္ခ်ဳပ္ခံခဲ့ရတဲ့ အီသီယိုးပီးယား ႏိုင္ငံမွာ ေျဖေလွ်ာ့တာေတြ အမ်ားႀကီး လုပ္ခဲ့ပါတယ္။

အတိုက္အခံ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ ေထာင္ေပါင္းမ်ားစြာကို ေထာင္က လႊတ္ေပးပါတယ္။ အရင္က ႏိုင္ငံထဲ ျပန္ဝင္ခြင့္မရခဲ့တဲ့သူေတြကို ျပန္လာခြင့္ေပးခဲ့ပါတယ္။

အေရးအႀကီးဆုံးကေတာ့ အိမ္နီးခ်င္း အီရီထရီးယားႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူ စာခ်ဳပ္ လက္မွတ္ထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၁၉၇၆ မွာေမြးခဲ့တဲ့သူဟာ အာဖရိကႏိုင္ငံေတြထဲက ေခါင္းေဆာင္ေတြထဲမွာ အသက္အငယ္ဆုံးျဖစ္
ဒါက ဆယ္စုႏွစ္ ၂ ခုၾကာခဲ့တဲ့ ႏွစ္ႏိုင္ငံၾကားက ပဋိပကၡကို အဆုံးသတ္ႏိုင္ေစခဲ့ပါတယ္။

ဒါေပမဲ့ သူ႔ျပဳျပင္ေျပာင္းလဲေရးေတြက အီသီယိုးပီးယားရဲ႕ တိုင္းရင္းသားေတြၾကားမွာ တင္းမာမႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။

ဒီတင္းမာမႈေတြေၾကာင့္ အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့ရၿပီး လူ ႏွစ္သန္းခြဲေလာက္ အိမ္ေတြကေန ထြက္ေျပးခဲ့ၾကရပါတယ္။
သူဘာလို႔ ဆုရခဲ့တာလဲ

ေနာ္ေဝက ဆုေ႐ြးခ်ယ္ေရး ေကာ္မတီရဲ႕ ေၾကညာခ်က္ထဲမွာ မစၥတာ အဘီဟာ အိမ္နီးခ်င္း အီရီထရီးယားႏိုင္ငံနဲ႔ နယ္စပ္ ပဋိပကၡကို ေျဖရွင္းဖို႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ခဲ့တဲ့အတြက္ ဆုေပးခဲ့တာလို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီဆုဟာ အီသီယိုးပီးယား၊ အေရွ႕နဲ႔ အေရွ႕ေျမာက္ အာဖရိက ေဒသက ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္ေပါင္းစည္းေရးေတြ လုပ္ေနၾကသူအားလုံးကို အသိအမွတ္ျပဳ ရည္႐ြယ္ခ်ီးျမႇင့္တာလည္း ျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အီရီထရီးယား သံ႐ုံးျပန္ဖြင့္ဖို႔ အီရီထရီးယား သမၼတ အစ္ဆိုင္းအက္စ အက္ဖ္ဝါ့ကီကို သံ႐ုံးေသာ့ေပး
"ၿငိမ္းခ်မ္းေရးက တစ္ဖက္တည္းက လုပ္လို႔မရပါဘူး။ ဝန္ႀကီးခ်ဳပ္ အဘီက ကမ္းေပးတဲ့လက္ကို အီရီထရီးယား သမၼတဘက္က ျပန္ဆုပ္ကိုင္ခဲ့လို႔ ႏွစ္ႏိုင္ငံအၾကား ၿငိမ္းခ်မ္းေရး ကိစၥေတြ တရားဝင္ ေဆာင္႐ြက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္က အီသီယိုးပီးယားနဲ႔ အီရီထရီးယားက လူေတြအားလုံးအတြက္ ေကာင္းတဲ့ ေျပာင္းလဲမႈေတြ ယူေဆာင္လာမယ္လို႔ ေနာ္ေဝ ၿငိမ္းခ်မ္းေရး ေကာ္မတီ အေနနဲ႔ ေမွ်ာ္လင့္ပါတယ္" လို႔ ဆု ေကာ္မတီက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု ဘယ္သူေတြရခဲ့သလဲ

အေမရိကန္ သမၼတေဟာင္း ဘာရက္အိုဘားမားဟာ ႏိုင္ငံတကာနဲ႔ သံတမန္ဆက္သြယ္ေရး ပိုေကာင္းေအာင္ ထူးထူးျခားျခားအားထုတ္ခဲ့ၿပီး လူေတြအၾကားပိုပူးေပါင္းေဆာင္႐ြက္တာေတြ လုပ္ခဲ့တဲ့ အားထုတ္မႈေတြအတြက္ ၂၀၀၉ ခုႏွစ္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုကို ရခဲ့ပါတယ္။

တျခား ႏိုဘယ္ၿငိမ္းခ်မ္းေရး ဆုရွင္ေတြကေတာ့ အေမရိကန္ သမၼတေဟာင္း ဂ်င္မီကာတာ (၂၀၀၂)၊ ပညာေရး တက္ႂကြလႈပ္ရွားသူ မာလာလာ ယူဆြတ္ဇိုင္ (၂၀၁၄- ပူးတြဲ)၊ ဥေရာပသမဂၢ (၂၀၁၂)၊ ကုလသမဂၢနဲ႔ ကုလ အတြင္းေရးမႉးခ်ဳပ္ ကိုဖီအာနန္ (၂၀၀၁- ပူးတြဲ)၊ မာသာထရီဇာ (၁၉၇၉) နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ (၁၉၉၁)တို႔ ျဖစ္ပါတယ္။
ဆုအတြက္ ဘာေတြ ခ်ီးျမႇင့္သလဲ

ဆုရသူေတြဟာ ေဖာ္ျပပါ သုံးခုကို ရရွိၾကပါတယ္။

•ႏိုဘယ္ဆု လက္မွတ္

•ႏိုဘယ္ဆုတံဆိပ္

•ေငြသား အေမရိကန္ ေဒၚလာ ကိုးသိန္းေလာက္နဲ႔ ညီတဲ့ ဆြီဒင္ က႐ိုနာ ကိုးသန္း

 AFP/Getty Images

ဆုလက္ခံတဲ့အခါ ဆုရသူက မိန႔္ခြန္းေျပာရပါတယ္။

ဆုကို ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းနဲ႔ ေနာ္ေဝႏိုင္ငံ ေအာ္စလိုတို႔မွာ ဒီဇင္ဘာ ၁၀ ရက္မွာ ခ်ီးျမႇင့္ေလ့ ရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
ငြိမ်းချမ်းရေး နိုဘယ်ဆု - အီသီယိုးပီးယား ဝန်ကြီးချုပ် ၂၀၁၉ အတွက် ဆုရ

Image caption နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ၁၀၀ ဦးမြောက်ရသူ

၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက် ရရှိသွားပါတယ်။

သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင်လုပ်နိုင်ခဲ့မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။

အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။ ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာလမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီဆုအတွက် အမည်စာရင်း ၃၀၁ ခုကို တင်သွင်းခဲ့ပါတယ်။

အဲဒီထဲက အမည်စာရင်း၂၂၃ ခု က လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ဖြစ်ပြီး ၇၈ ခုကတော့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ်ဆိုတဲ့ ခန့်မှန်းပြောဆိုတာတွေ ထွက်တတ်ပါတယ်။ ဒါပေမဲ့ နိုဘယ်ဆု ဖောင်ဒေးရှင်းရဲ့ စည်းကမ်းတွေအရ နောက်ဆုံး ဆန်ခါတင်စာရင်းသွင်းခံရသူတွေ ဘယ်သူ ဘယ်ဝါဆိုတာကို နှစ် ၅၀ ကြာတဲ့အထိ ထုတ်ပြန်လို့ မရပါဘူး။
အဘီအာမက် ဘယ်သူလဲ

၂၀၁၈ မှာ ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် မစ္စတာ အဘီဟာ အရင်က တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခံခဲ့ရတဲ့ အီသီယိုးပီးယား နိုင်ငံမှာ ဖြေလျှော့တာတွေ အများကြီး လုပ်ခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ထောင်က လွှတ်ပေးပါတယ်။ အရင်က နိုင်ငံထဲ ပြန်ဝင်ခွင့်မရခဲ့တဲ့သူတွေကို ပြန်လာခွင့်ပေးခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Image caption ၁၉၇၆ မှာမွေးခဲ့တဲ့သူဟာ အာဖရိကနိုင်ငံတွေထဲက ခေါင်းဆောင်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်

ဒါက ဆယ်စုနှစ် ၂ ခုကြာခဲ့တဲ့ နှစ်နိုင်ငံကြားက ပဋိပက္ခကို အဆုံးသတ်နိုင်စေခဲ့ပါတယ်။

ဒါပေမဲ့ သူ့ပြုပြင်ပြောင်းလဲရေးတွေက အီသီယိုးပီးယားရဲ့ တိုင်းရင်းသားတွေကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီတင်းမာမှုတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရပြီး လူ နှစ်သန်းခွဲလောက် အိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
သူဘာလို့ ဆုရခဲ့တာလဲ

နော်ဝေက ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက်ထဲမှာ မစ္စတာ အဘီဟာ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ နယ်စပ် ပဋိပက္ခကို ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အတွက် ဆုပေးခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် ဒီဆုဟာ အီသီယိုးပီးယား၊ အရှေ့နဲ့ အရှေ့မြောက် အာဖရိက ဒေသက ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးတွေ လုပ်နေကြသူအားလုံးကို အသိအမှတ်ပြု ရည်ရွယ်ချီးမြှင့်တာလည်း ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Image caption အီရီထရီးယား သံရုံးပြန်ဖွင့်ဖို့ အီရီထရီးယား သမ္မတ အစ်ဆိုင်းအက်စ အက်ဖ်ဝါ့ကီကို သံရုံးသော့ပေး

"ငြိမ်းချမ်းရေးက တစ်ဖက်တည်းက လုပ်လို့မရပါဘူး။ ဝန်ကြီးချုပ် အဘီက ကမ်းပေးတဲ့လက်ကို အီရီထရီးယား သမ္မတဘက်က ပြန်ဆုပ်ကိုင်ခဲ့လို့ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ကိစ္စတွေ တရားဝင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး သဘောတူညီချက်က အီသီယိုးပီးယားနဲ့ အီရီထရီးယားက လူတွေအားလုံးအတွက် ကောင်းတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာမယ်လို့ နော်ဝေ ငြိမ်းချမ်းရေး ကော်မတီ အနေနဲ့ မျှော်လင့်ပါတယ်" လို့ ဆု ကော်မတီက ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆု ဘယ်သူတွေရခဲ့သလဲ

အမေရိကန် သမ္မတဟောင်း ဘာရက်အိုဘားမားဟာ နိုင်ငံတကာနဲ့ သံတမန်ဆက်သွယ်ရေး ပိုကောင်းအောင် ထူးထူးခြားခြားအားထုတ်ခဲ့ပြီး လူတွေအကြားပိုပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့တဲ့ အားထုတ်မှုတွေအတွက် ၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့ပါတယ်။

တခြား နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေကတော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂)၊ ပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင် (၂၀၁၄- ပူးတွဲ)၊ ဥရောပသမဂ္ဂ (၂၀၁၂)၊ ကုလသမဂ္ဂနဲ့ ကုလ အတွင်းရေးမှူးချုပ် ကိုဖီအာနန် (၂၀၀၁- ပူးတွဲ)၊ မာသာထရီဇာ (၁၉၇၉) နဲ့ ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)တို့ ဖြစ်ပါတယ်။
ဆုအတွက် ဘာတွေ ချီးမြှင့်သလဲ

ဆုရသူတွေဟာ ဖော်ပြပါ သုံးခုကို ရရှိကြပါတယ်။

•နိုဘယ်ဆု လက်မှတ်

•နိုဘယ်ဆုတံဆိပ်

•ငွေသား အမေရိကန် ဒေါ်လာ ကိုးသိန်းလောက်နဲ့ ညီတဲ့ ဆွီဒင် ကရိုနာ ကိုးသန်း

ဆုလက်ခံတဲ့အခါ ဆုရသူက မိန့်ခွန်းပြောရပါတယ်။

ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းနဲ့ နော်ဝေနိုင်ငံ အော်စလိုတို့မှာ ဒီဇင်ဘာ ၁၀ ရက်မှာ ချီးမြှင့်လေ့ ရှိပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား