အထက္တန္းေက်ာင္းေတြထဲ ယာဘေဆးျပားထိုးေဖာက္၀င္ေရာက္ေန

 Getty Images
Zawgyi
အထက္တန္းေက်ာင္းေတြအနီးနားကို လူစိမ္းတခ်ိဳ႕ေရာက္လာၿပီး ေက်ာင္းသားေတြကို သၾကားလုံး အလကားေကြၽးပါတယ္။ သူတို႔ေကြၽးတဲ့ သၾကားလုံးဆိုတာ တကယ္ေတာ့ ယာဘမူးယစ္ေဆးပါပဲ။ အေတြ႕အႀကဳံမရွိေသးတဲ့ လူငယ္ေက်ာင္းသားေတြကို သၾကားလုံးလို႔နာမည္တပ္ အခမဲ့ေကြၽးၿပီး ယာဘနဲ႔မိတ္ဆက္ေပးလိုက္ပါတယ္။ မစြဲေသးခင္ အခမဲ့ေကြၽးၿပီး ယဥ္ပါးလာတဲ့အခ်ိန္ေရာက္ေတာ့မွ အေရာင္းအဝယ္ စပါတယ္။ အ႐ြယ္မေရာက္ေသးတဲ့ ေက်ာင္းသားလူငယ္ေလးေတြကို မူးယစ္ေဆးဝါးေမွာင္ခို ေရာင္းသူေတြက အဲသလိုနည္းနဲ႔ ဇာတ္သြင္းၾကပါတယ္။

ဆင္းရဲတဲ့ေက်ာင္းသားေတြဟာ ကိုယ္တိုင္မူးယစ္ေဆးဝါးသုံးစြဲသူ အျဖစ္သာမက မူယစ္ေဆးဝါးျဖန္႔ျဖဴးသူပါျဖစ္လာၾကပါတယ္။ သူတို႔က ၁၀ ျပားေရာင္းေပးႏိုင္ရင္ သူတို႔ကိုယ္တိုင္အတြက္ ၂ ျပားေလာက္သုံးစြဲႏိုင္တယ္ဆိုတာမ်ိဳးပါ။ မူးယစ္ေဆးသုံးစြဲႏိုင္႐ုံမက အပိုဝင္ေငြလည္း သုံးစြဲလာႏိုင္တဲ့အတြက္ မူးယစ္ေဆးဝါး လက္လီေရာင္းခ်မႈဟာ လူငယ္ေတြကို မက္လုံးေပးဆြဲေဆာင္ႏိုင္တဲ့အရာ ျဖစ္လာပါတယ္။ ယာဘေထာင္ေခ်ာက္ေအာက္မွာ လူငယ္ေလးေတြ ေတာ္ေတာ္မ်ားမ်ား အဲသလိုနည္းနဲ႔ က်ေရာက္ကုန္ပါတယ္။

အဲသလိုျဖစ္ပ်က္ေနတယ္ဆိုတာကို ေျပာျပသူက ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီျဖစ္ပါတယ္။ ေက်ာင္းေန႐ြယ္ ကေလးလူငယ္ေတြၾကား ျပန္႔ႏွံ႔ေနတဲ့ WY စိတ္ႂကြေဆးျပား ပေပ်ာက္ေစေရးအတြက္ အစီအမံေကာင္း တရပ္ေရးဆြဲတိုက္ဖ်က္ေပးေရး အဆိုကို ရန္ကုန္တိုင္းျပည္သူ႔လႊတ္ေတာ္မွာ ဦးညီညီက အဆိုတင္သြင္းခဲ့ပါတယ္။ အဲဒီအဆိုကို စက္တင္ဘာလ ၃၀ ရက္ေန႔က ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။
ယာဘျပႆနာ ေက်ာင္းနယ္ေျမလုံၿခဳံေရးအတြက္ ျပႆနာတရပ္ျဖစ္လာ
တခ်ိန္ကေတာ့ မူးယစ္ေဆးဝါးဆိုတာ ေငြေၾကးခ်မ္းသာျပည့္စုံတဲ့ ကေလးေတြနဲ႔ ပိုၿပီး နီးစပ္တဲ့အရာလို႔ သတ္မွတ္ခဲ့ၾကဖူးေပမယ့္ အခုေခတ္မွာေတာ့ ဆင္းရဲတဲ့ၿမိဳ႕နယ္ေတြမွာရွိတဲ့ စာသင္ေက်ာင္းေတြမွာ ျပႆနာက ပိုလို႔ေတာင္ ဆိုးပါေသးတယ္လို႔လည္း ဦးညီညီကေျပာပါတယ္။

"မထင္မွတ္ေလာက္ (ေအာင္မ်ားျပား) တဲ့WY စိတ္ႂကြေဆးျပား သုံးစြဲတာေတြကို ကြၽန္ေတာ္တို႔ ေတြ႕ရတဲ့အျပင္ ခိုးၿပီ၊ ဆိုးၿပီ၊ လုယက္ၿပီဆိုတဲ့ လုယက္မႈေတြကို ၾကည့္မယ္ဆိုရင္၊ ဒါ့အျပင္ ဆိုင္ကယ္နဲ႔ ခိုးယူမႈေတြ၊ လုယူမႈေတြ၊ ဆြဲႀကိဳးျဖတ္မႈေတြကို ၾကည့္မယ္ဆိုရင္ မိၿပီဆိုရင္ အဲဒီ ၁၇၊ ၁၈ သက္ငယ္ပိုင္းေတြပဲမ်ားၿပီးေတာ့ ဒီကေလးေတြၾကည့္ျပန္ရင္လည္း အိတ္ထဲမွာေဆးျပားေတြ႕တာမ်ိဳးေတြကို ေတြ႕ရတဲ့အခါ ဒီတိုင္းဆိုရင္ေတာ့ တိုင္းျပည္ရဲ႕ အနာဂတ္လူငယ္ေတြမွာ ဆက္ဒုကၡေရာက္ၿပီး ကြၽန္ေတာ္တို႔တိုင္းျပည္ဟာ ဆက္ၿပီးေတာ့ ကိုယ္က်ိဳးေတာ့နည္းဦးမယ္ဆိုတဲ့ အေတြးေၾကာင့္ ဒီအဆိုကိုလႊတ္ေတာ္မွာတင္သြင္းခဲ့ပါတယ္။ လုံနယ္ဝန္ႀကီးကလည္း ဒါကိုသေဘာတူပါတယ္။" လို႔ ဦးညီညီက ဆိုပါတယ္။

လႊတ္ေတာ္မွာ ဒီအဆိုကို မွတ္တမ္းအျဖစ္သာထားရွိဖို႔ ေတာင္းဆိုသူေတြရွိေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုရဲ႕ ေထာက္ခံေဆြးေႏြးမႈေၾကာင့္ အဆိုကို အတည္ျပဳႏိုင္ခဲ့တယ္လို႔လည္း ဦးညီညီက ဘီဘီစီကို ေျပာပါတယ္။

ေက်ာင္းသားမိဘေတြက သူတို႔သားသမီးေတြ ေဆးျဖတ္ဖို႔ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီ လာေရာက္ အကူအညီေတာင္းတာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။


ေဒါပုံကိုယ္စားလွယ္ ဦးဟန္စိုးေဆြးေႏြးရာမွာ မူးယစ္ေဆး ေရာင္းဝယ္မႈကို လက္ပူးလက္ၾကပ္မိလို႔ တိုင္ၾကားရင္လည္း ရဲက နာရီအနည္းငယ္ၾကာမွ ေရာက္လာတတ္ၿပီး ရဲေရာက္လာတဲ့အခ်ိန္မွာ အမွန္တကယ္ ေရာင္းဝယ္ေဖာက္ကား ျဖန္႔ျဖဴးတဲ့လူကမရွိေတာ့ဘူးလို႔ဆိုပါတယ္။ ႀကိဳတင္ၿပီး အတြင္းလူက သတင္းေပးေနလို႔သာ အဲသလို အခ်ိန္မီ ေရွာင္ရွားႏိုင္တာမ်ိဳးျဖစ္တဲ့ အတြက္ ဒါမ်ိဳးေတြပေပ်ာက္ဖို႔ဆိုတာ ေတာ္ေတာ္ကို ႀကိဳးစားရမွာ ျဖစ္လို႔ ဦးညီညီရဲ႕ မူးယစ္ေဆးဝါးပေပ်ာက္ဖို႔ အစီအမံေကာင္းတရပ္ေရးဆြဲေရး အဆိုကို ေထာက္ခံပါတယ္လို႔ ဦးဟန္စိုးက ဆိုခဲ့ပါတယ္။ ဦးဟန္စိုးရဲ႕ ေထာက္ခံေဆြးေႏြးမႈဟာ ေျပာင္ေျမာက္ရဲရင့္တဲ့ ေဆြးေႏြးခ်က္ျဖစ္တယ္လို႔ ဦးညီညီက ဆိုပါတယ္။

"ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ ေတာ္ေတာ္စြန္႔စားရပါတယ္။ ဒီဟာကလည္း သုံးႏိုင္စြဲႏိုင္တဲ့သူ အမ်ားစုမွာရွိတာျဖစ္တဲ့အတြက္ ေနာက္ဆုံး အသက္အႏၲရာယ္ကအစ သတိထားဖို႔ လိုအပ္ပါတယ္။ သို႔ေသာ္လည္းပဲ ျပည္သူလူထုအတြက္ အနာဂတ္မ်ိဳးဆက္သစ္အတြက္ အေရးႀကီးတယ္ဆိုၿပီး ေဆြးေႏြးခဲ့တာျဖစ္တဲ့အတြက္ ဒီအဆိုကို ဒီအတိုင္းၿပီးသြားရင္ေတာ့ ကြၽန္ေတာ္တို႔ ရပ္မွာ မဟုတ္ပါဘူး။"

ေကာ့မႉးလႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ေဆြးေႏြးခ်က္ထဲမွာေတာ့ "သဃၤန္းကြၽန္းမွာ မူးယစ္ေဆးဝါး လာေရာက္ၿပီး ေရာင္းဝယ္ေဖာက္ကားတာကိုမိလို႔ ၾကည့္လိုက္ေတာ့ အဖြဲ႕အစည္းထဲကလူေတြ ျဖစ္ေနတယ္" လို႔ေျပာသြားေၾကာင္းလည္း ဦးညီညီက ရွင္းျပပါတယ္။ အဖြဲ႕အစည္းဆိုတာ ဘယ္အဖြဲ႕အစည္းလို႔ေတာ့ ေကာ့မႉးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မ်ိဳးေအာင္က နာမည္တပ္ေျပာမသြားခဲ့ပါဘူး။ ဒါေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ နားလည္သိရွိတဲ့အသြင္နဲ႔ ဆက္လက္ေဆြးေႏြးခဲ့ၾကပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ဌာနဆိုင္ရာေတြ၊ ေက်ာင္းသားမိဘေတြ၊ ဆရာ၊ ဆရာမေတြ၊ တတ္သိပညာရွင္ေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြအျပင္ ဥပေဒစိုးမိုးေရးကို ေဆာင္႐ြက္တဲ့ ရဲ၊ ဥပေဒပညာရွင္၊ ဥပေဒခ်ဳပ္ စတဲ့သူေတြ ပါဝင္တဲ့ အစည္းအေဝးတရပ္ေခၚၿပီး အမွန္တကယ္ထိေရာက္တဲ့ စီမံခ်က္တရပ္ဆြဲႏိုင္ဖို႔ ေဆာင္႐ြက္မယ္လို႔လည္း ဆိုပါတယ္။

Reuters
ဒီအဆိုတင္သြင္းၿပီးေနာက္မွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကလည္း ေက်ာင္းေတြမွာ စီမံခ်က္နဲ႔ ေဆာင္႐ြက္ႏိုင္ဖို႔ တိုင္းပညာေရးမႉး႐ုံးကတဆင့္ ထပ္မံၫႊန္ၾကားထားပါတယ္။

ရန္ကုန္တိုင္းပညာေရးမႉး႐ုံးဒုတိယၫႊန္ၾကားေရးမႉး ေဒၚခင္မာေဆြကေတာ့ မူးယစ္ေဆးဝါးကိစၥနဲ႔ ပတ္သက္ၿပီး ႏွစ္စကတည္းက ေဟာေျပာပြဲေတြေရာ လုပ္ငန္းေဆာင္တာေတြေရာ အကုန္လုပ္ထားတယ္လို႔ ဆိုပါတယ္။ ေက်ာင္းပတ္ဝန္းက်င္ေပ ၁၀၀ အတြင္းမွာ အရက္၊ ေဆးလိပ္၊ ကြမ္းယာ မေရာင္းဖို႔က အဓိကပဲ။ အဲဒါေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဖယ္ရွားေပးရမွာလို႔ ဆိုပါတယ္။ ေက်ာင္းထဲမွာ မူးယစ္ေဆးဝါးေရာင္းဝယ္ရင္တိုင္ၾကားဖို႔ ၾကည့္ၾကပ္ေဆာင္႐ြက္ေနပါတယ္။ အျပင္ဘက္မွာလုပ္ၿပီး ေက်ာင္းထဲဝင္လာတာမ်ိဳးကိုသာ အခုေတြ႕ခ်င္ေတြ႕မွာပါလို႔ ေဒၚခင္မာေဆြက ဆိုပါတယ္။

ရန္ကုန္တိုင္းလႊတ္ေတာ္မွာသာ အခုေဆြးေႏြးမႈ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာေပမယ့္ အလားတူအျဖစ္အပ်က္ေတြကို ျမန္မာႏိုင္ငံ အႏွံ႔အျပားက ၿမိဳ႕ေတြမွာ လူငယ္၊ ယာဘ၊ ရာဇဝတ္မႈ ဆက္စပ္တဲ့ဇာတ္လမ္းမ်ိဳးေတြကို မၾကာခဏ ၾကားရေလ့ရွိပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
အထက်တန်းကျောင်းတွေထဲ ယာဘဆေးပြားထိုးဖောက်ဝင်ရောက်နေ

အထက်တန်းကျောင်းတွေအနီးနားကို လူစိမ်းတချို့ရောက်လာပြီး ကျောင်းသားတွေကို သကြားလုံး အလကားကျွေးပါတယ်။ သူတို့ကျွေးတဲ့ သကြားလုံးဆိုတာ တကယ်တော့ ယာဘမူးယစ်ဆေးပါပဲ။ အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကျောင်းသားတွေကို သကြားလုံးလို့နာမည်တပ် အခမဲ့ကျွေးပြီး ယာဘနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ မစွဲသေးခင် အခမဲ့ကျွေးပြီး ယဉ်ပါးလာတဲ့အချိန်ရောက်တော့မှ အရောင်းအဝယ် စပါတယ်။ အရွယ်မရောက်သေးတဲ့ ကျောင်းသားလူငယ်လေးတွေကို မူးယစ်ဆေးဝါးမှောင်ခို ရောင်းသူတွေက အဲသလိုနည်းနဲ့ ဇာတ်သွင်းကြပါတယ်။

ဆင်းရဲတဲ့ကျောင်းသားတွေဟာ ကိုယ်တိုင်မူးယစ်ဆေးဝါးသုံးစွဲသူ အဖြစ်သာမက မူယစ်ဆေးဝါးဖြန့်ဖြူးသူပါဖြစ်လာကြပါတယ်။ သူတို့က ၁၀ ပြားရောင်းပေးနိုင်ရင် သူတို့ကိုယ်တိုင်အတွက် ၂ ပြားလောက်သုံးစွဲနိုင်တယ်ဆိုတာမျိုးပါ။ မူးယစ်ဆေးသုံးစွဲနိုင်ရုံမက အပိုဝင်ငွေလည်း သုံးစွဲလာနိုင်တဲ့အတွက် မူးယစ်ဆေးဝါး လက်လီရောင်းချမှုဟာ လူငယ်တွေကို မက်လုံးပေးဆွဲဆောင်နိုင်တဲ့အရာ ဖြစ်လာပါတယ်။ ယာဘထောင်ချောက်အောက်မှာ လူငယ်လေးတွေ တော်တော်များများ အဲသလိုနည်းနဲ့ ကျရောက်ကုန်ပါတယ်။

အဲသလိုဖြစ်ပျက်နေတယ်ဆိုတာကို ပြောပြသူက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဖြစ်ပါတယ်။ ကျောင်းနေရွယ် ကလေးလူငယ်တွေကြား ပြန့်နှံ့နေတဲ့ WY စိတ်ကြွဆေးပြား ပပျောက်စေရေးအတွက် အစီအမံကောင်း တရပ်ရေးဆွဲတိုက်ဖျက်ပေးရေး အဆိုကို ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်မှာ ဦးညီညီက အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ယာဘပြဿနာ ကျောင်းနယ်မြေလုံခြုံရေးအတွက် ပြဿနာတရပ်ဖြစ်လာ

တချိန်ကတော့ မူးယစ်ဆေးဝါးဆိုတာ ငွေကြေးချမ်းသာပြည့်စုံတဲ့ ကလေးတွေနဲ့ ပိုပြီး နီးစပ်တဲ့အရာလို့ သတ်မှတ်ခဲ့ကြဖူးပေမယ့် အခုခေတ်မှာတော့ ဆင်းရဲတဲ့မြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ပြဿနာက ပိုလို့တောင် ဆိုးပါသေးတယ်လို့လည်း ဦးညီညီကပြောပါတယ်။

"မထင်မှတ်လောက် (အောင်များပြား) တဲ့WY စိတ်ကြွဆေးပြား သုံးစွဲတာတွေကို ကျွန်တော်တို့ တွေ့ရတဲ့အပြင် ခိုးပြီ၊ ဆိုးပြီ၊ လုယက်ပြီဆိုတဲ့ လုယက်မှုတွေကို ကြည့်မယ်ဆိုရင်၊ ဒါ့အပြင် ဆိုင်ကယ်နဲ့ ခိုးယူမှုတွေ၊ လုယူမှုတွေ၊ ဆွဲကြိုးဖြတ်မှုတွေကို ကြည့်မယ်ဆိုရင် မိပြီဆိုရင် အဲဒီ ၁၇၊ ၁၈ သက်ငယ်ပိုင်းတွေပဲများပြီးတော့ ဒီကလေးတွေကြည့်ပြန်ရင်လည်း အိတ်ထဲမှာဆေးပြားတွေ့တာမျိုးတွေကို တွေ့ရတဲ့အခါ ဒီတိုင်းဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေမှာ ဆက်ဒုက္ခရောက်ပြီး ကျွန်တော်တို့တိုင်းပြည်ဟာ ဆက်ပြီးတော့ ကိုယ်ကျိုးတော့နည်းဦးမယ်ဆိုတဲ့ အတွေးကြောင့် ဒီအဆိုကိုလွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ လုံနယ်ဝန်ကြီးကလည်း ဒါကိုသဘောတူပါတယ်။" လို့ ဦးညီညီက ဆိုပါတယ်။

လွှတ်တော်မှာ ဒီအဆိုကို မှတ်တမ်းအဖြစ်သာထားရှိဖို့ တောင်းဆိုသူတွေရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံဆွေးနွေးမှုကြောင့် အဆိုကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဦးညီညီက ဘီဘီစီကို ပြောပါတယ်။

ကျောင်းသားမိဘတွေက သူတို့သားသမီးတွေ ဆေးဖြတ်ဖို့ရာ လွှတ်တော်ကိုယ်စားလှယ်တွေဆီ လာရောက် အကူအညီတောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images

ဒေါပုံကိုယ်စားလှယ် ဦးဟန်စိုးဆွေးနွေးရာမှာ မူးယစ်ဆေး ရောင်းဝယ်မှုကို လက်ပူးလက်ကြပ်မိလို့ တိုင်ကြားရင်လည်း ရဲက နာရီအနည်းငယ်ကြာမှ ရောက်လာတတ်ပြီး ရဲရောက်လာတဲ့အချိန်မှာ အမှန်တကယ် ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးတဲ့လူကမရှိတော့ဘူးလို့ဆိုပါတယ်။ ကြိုတင်ပြီး အတွင်းလူက သတင်းပေးနေလို့သာ အဲသလို အချိန်မီ ရှောင်ရှားနိုင်တာမျိုးဖြစ်တဲ့ အတွက် ဒါမျိုးတွေပပျောက်ဖို့ဆိုတာ တော်တော်ကို ကြိုးစားရမှာ ဖြစ်လို့ ဦးညီညီရဲ့ မူးယစ်ဆေးဝါးပပျောက်ဖို့ အစီအမံကောင်းတရပ်ရေးဆွဲရေး အဆိုကို ထောက်ခံပါတယ်လို့ ဦးဟန်စိုးက ဆိုခဲ့ပါတယ်။ ဦးဟန်စိုးရဲ့ ထောက်ခံဆွေးနွေးမှုဟာ ပြောင်မြောက်ရဲရင့်တဲ့ ဆွေးနွေးချက်ဖြစ်တယ်လို့ ဦးညီညီက ဆိုပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တော်တော်စွန့်စားရပါတယ်။ ဒီဟာကလည်း သုံးနိုင်စွဲနိုင်တဲ့သူ အများစုမှာရှိတာဖြစ်တဲ့အတွက် နောက်ဆုံး အသက်အန္တရာယ်ကအစ သတိထားဖို့ လိုအပ်ပါတယ်။ သို့သော်လည်းပဲ ပြည်သူလူထုအတွက် အနာဂတ်မျိုးဆက်သစ်အတွက် အရေးကြီးတယ်ဆိုပြီး ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ဒီအဆိုကို ဒီအတိုင်းပြီးသွားရင်တော့ ကျွန်တော်တို့ ရပ်မှာ မဟုတ်ပါဘူး။"

ကော့မှူးလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ထဲမှာတော့ "သင်္ဃန်းကျွန်းမှာ မူးယစ်ဆေးဝါး လာရောက်ပြီး ရောင်းဝယ်ဖောက်ကားတာကိုမိလို့ ကြည့်လိုက်တော့ အဖွဲ့အစည်းထဲကလူတွေ ဖြစ်နေတယ်" လို့ပြောသွားကြောင်းလည်း ဦးညီညီက ရှင်းပြပါတယ်။ အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းလို့တော့ ကော့မှူးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးအောင်က နာမည်တပ်ပြောမသွားခဲ့ပါဘူး။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ နားလည်သိရှိတဲ့အသွင်နဲ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာ၊ ဆရာမတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် ဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့ ရဲ၊ ဥပဒေပညာရှင်၊ ဥပဒေချုပ် စတဲ့သူတွေ ပါဝင်တဲ့ အစည်းအဝေးတရပ်ခေါ်ပြီး အမှန်တကယ်ထိရောက်တဲ့ စီမံချက်တရပ်ဆွဲနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Reuters

ဒီအဆိုတင်သွင်းပြီးနောက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း ကျောင်းတွေမှာ စီမံချက်နဲ့ ဆောင်ရွက်နိုင်ဖို့ တိုင်းပညာရေးမှူးရုံးကတဆင့် ထပ်မံညွှန်ကြားထားပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဆွေကတော့ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး နှစ်စကတည်းက ဟောပြောပွဲတွေရော လုပ်ငန်းဆောင်တာတွေရော အကုန်လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းပတ်ဝန်းကျင်ပေ ၁၀၀ အတွင်းမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ မရောင်းဖို့က အဓိကပဲ။ အဲဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဖယ်ရှားပေးရမှာလို့ ဆိုပါတယ်။ ကျောင်းထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ရင်တိုင်ကြားဖို့ ကြည့်ကြပ်ဆောင်ရွက်နေပါတယ်။ အပြင်ဘက်မှာလုပ်ပြီး ကျောင်းထဲဝင်လာတာမျိုးကိုသာ အခုတွေ့ချင်တွေ့မှာပါလို့ ဒေါ်ခင်မာဆွေက ဆိုပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာသာ အခုဆွေးနွေးမှု ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပေမယ့် အလားတူအဖြစ်အပျက်တွေကို မြန်မာနိုင်ငံ အနှံ့အပြားက မြို့တွေမှာ လူငယ်၊ ယာဘ၊ ရာဇဝတ်မှု ဆက်စပ်တဲ့ဇာတ်လမ်းမျိုးတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။

BBC Burmese
https://www.bbc.com
အထက္တန္းေက်ာင္းေတြထဲ ယာဘေဆးျပားထိုးေဖာက္၀င္ေရာက္ေန အထက္တန္းေက်ာင္းေတြထဲ ယာဘေဆးျပားထိုးေဖာက္၀င္ေရာက္ေန Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.