ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးကို ေထာင္ဒဏ္ခ်မွတ္

(ဓါတ္ပံု- ေဒါင္းတို႔မ်ဳိးဆက္)

(Zawgyi/Unicode)

ၿပီးခဲ့တဲ့ သႀကၤန္ကာလတုန္းက သံခ်ပ္ထုိးေဖ်ာ္ေျဖတာမွာ တပ္မေတာ္ကိုထိခိုက္ေစတဲ့ စာသားေတြနဲ႔ အျပဳအမူေတြပါဝင္လို႔ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုခံထားရတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးကို အလုပ္နဲ႔ ေထာင္ဒဏ္ ၁ႏွစ္က်ခံဖုိ႔ မရမ္းကုန္းၿမိဳ႕နယ္တရားရံုးက ဒီကေန႔ အမိန္႔ ခ်မွတ္လုိက္ပါတယ္။ ျပစ္ဒဏ္နဲ႔ပတ္သက္ၿပီး အယူခံဝင္သြားဖုိ႔ကေတာ့ ေက်ာင္းသားေတြနဲ႔တုိင္ပင္ၿပီး ဆံုးျဖတ္သြားမယ္လို႔ ေဒါင္းတုိ႔မ်ဳိးဆက္အဖြဲ႕ရဲ႕ ေရွ႕ေနကေျပာဆိုထားပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

တကၠသုိလ္ေက်ာင္းသားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဟာ အခုႏွစ္သႀကၤန္ကာလတုန္းက သံခ်ပ္ထုိးေဖ်ာ္ေျဖတဲ့အထဲမွာ တပ္မေတာ္ကို ထိခိုက္ေစတဲ့စာသားနဲ႔ အျပဳအမူေတြ ပါဝင္တယ္ဆိုၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ) တုိ႔နဲ႔ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က ဒုတိယဗိုလ္မွဴးႀကီး သန္းထြန္းျမင့္က တရားလိုျပဳၿပီး ဧၿပီလကုန္ပိုင္းမွာ တရားစြဲဆိုခဲ့တာပါ။

အဲဒီလို တရားစြဲဆိုအၿပီး ၆လေက်ာ္အၾကာ ဒီကေန႔မွာပဲ တရားရင္ဆိုင္ေနရတဲ့ ေဒါင္းတုိ႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕က ကိုေဇယ်ာလြင္၊ ကိုပုိင္ၿဖိဳးမင္း၊ မေကခိုင္ထြန္း၊ ကိုပုိင္ရဲသူနဲ႔ ကိုေဇာ္လင္းထြဋ္ သူတုိ႔ ၅ဦးကို ပုဒ္မ ၅၀၅(က) တခုတည္းအတြက္ အလုပ္နဲ႔ ေထာင္ဒဏ္ တႏွစ္ခ်မွတ္လိုက္တာပါ။

အခုလိုျပစ္ဒဏ္ခ်ခံလိုက္ရေပမယ့္ ႏုိင္ငံေရးအခန္းက႑ကေန တပ္မေတာ္ထြက္သြားဖို႔အတြက္ သူတုိ႔အေနနဲ႔ ဆက္လက္လုပ္ေဆာင္သြားဦးမယ္လို႔ ကိုေဇယ်ာလြင္က ဒီကေန႔ရံုးထုတ္အၿပီးမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

“တကယ္တမ္းက်ေတာ့ က်ေနာ္တို႔ဟာ တပ္ကုိပုတ္ခတ္ေစာ္ကားလိုျခင္း မဟုတ္ဘူး။ က်ေနာ္တုိ႔ ဖြဲ႕စည္းပံုျပင္ခ်င္တယ္။ ႏုိင္ငံေရးအခန္းက႑ကေန တပ္ကိုထြက္သြားေစခ်င္တယ္။ အဲဒီအတြက္ က်င့္ဝတ္ရွိတဲ့တပ္ျဖစ္ေအာင္ က်ေနာ္တို႔သံခ်ပ္စာသားေတြ ထုိးခဲ့ျခင္းျဖစ္တယ္။ အဲေတာ့ ဒီကေန႔အမိန္႔ခ်တဲ့အတြက္ က်ေနာ္တို႔က ဘယ္ေတာ့မွ ဒီကိစၥေတြ ဆက္မလုပ္ေတာ့မွာ မဟုတ္ဘဲနဲ႔ ဖြဲ႕စည္းပံုျပင္ဆင္ေရး၊ ႏုိင္ငံေရးက႑ကေန တပ္ထြက္သြားေရးအတြက္ကို သံခ်ပ္နဲ႕ေရာ၊ တျခားပံုစံအမ်ိဳးမ်ိဳးနဲ႔ေရာ က်ေနာ္တုိ႔ ဆက္လက္လုပ္ေဆာင္သြားပါဦးမယ္။”

ဒီအမႈနဲ႔ပတ္သက္ၿပီး ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးဘက္က လုိက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ေဒၚစန္းစန္းျမင့္က ဒီအမႈအေပၚ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ကို ေစာဒကတက္သင့္တယ္ ယူဆတာေၾကာင့္ ေက်ာင္းသားေတြဘက္က ဆႏၵရွိရင္ အယူခံတက္သြားမယ္လို႔ ေျပာပါတယ္။

“တရားလုိကုိ အႏို္င္ေပးခ်င္ရင္ တရားလိုဘက္က တင္ျပတာေတြကုိ ေဇာင္းေပးၿပီးသံုးသပ္မယ္။ တရားခံကို အႏို္င္ေပးခ်င္တယ္ဆုိရင္ တရားခံဘက္က တင္ျပတာေတြကုိ ဦးစားေပးၿပီးေတာ့မွ သံုးသပ္မယ္။ ဆိုလုိတာကေတာ့ တရားရံုးကို အျပစ္ေတာ့မေျပာပါဘူး။ သုိ႔ေသာ္လည္းပဲ အေနအထားအရဆုိလို႔ရွိရင္ တရားရံုးကေနၿပီးေတာ့မွ တရားလိုနဲ႔ လိုျပသက္ေသေတြရဲ႕ ထြက္ခ်က္ေတြနဲ႔ သက္ေသခံအေထာက္အထားေတြ ေဇာင္းေပးၿပီးေတာ့မွ ဆံုးျဖတ္သြားတယ္။ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ကေတာ့ ေစာဒကတက္သင့္တယ္လို႔ ဆရာမကေတာ့ ယူဆတာေပါ့ေနာ္။”

တရားလုိျဖစ္သူ ဒုဗိုလ္မွဴးႀကီး သန္းထြန္းျမင့္ကေတာ့ သက္ေသခံအေထာက္အထားေတြကုိ ဥပေဒနဲ႔အညီ တင္သြင္းထားျခင္းျဖစ္တယ္လို႔ ဆုိပါတယ္။ တရားမွ်တမႈကို လုိလားတာေၾကာင့္ အခုလိုတရားစြဲဆုိခဲ့တာျဖစ္ၿပီး၊ ဥပေဒရဲ႕အဆံုးအျဖတ္ကုိ ခံယူသြားတာျဖစ္တယ္လုိ႔ သူကဆိုပါတယ္။

“အခြင့္အေရးဆုိတာနဲ႔ ပတ္သက္လို႔ရွိရင္ တဦးတေယာက္ရဲ႕ အခြင့္အေရးကုိပဲ ၾကည့္လို႔မရဘူး။ သူတုိ႔စြတ္စြဲခံရသူရဲ႕ အခြင့္အေရးတင္မကဘူး။ က်ေနာ္တုိ႔ တရားလိုနဲ႔ တပ္မေတာ္သားေတြရဲ႕ အခြင့္အေရးကုိလည္း ျပန္ၿပီးေတာ့ စာနာဖို႔လိုတယ္။ တပ္မေတာ္သားေတြက အခုေရွ႕တန္းမွာ ခင္ဗ်ားတုိ႔သိတဲ့အတိုင္းပဲ အသက္နဲ႔ရင္းၿပီး တုိက္ပြဲဝင္ေနတာ။ ဒီလိုတိုက္ပြဲဝင္ေနတဲ့လူေတြကို သြားၿပီးေတာ့ ပုတ္ခတ္တာ၊ ေစာ္ကားတာ လုပ္လုိ႔မရပါဘူး။ တဖက္ကလည္း တုိင္းျပည္အတြက္ တာဝန္ထမ္းေဆာင္တာ ျဖစ္ပါတယ္။ အဲေတာ့ ငါတုိ႔ရဲ႕လူ႕အခြင့္အေရးပဲဆုိၿပီးေတာ့ ေျပာခ်င္ရာေျပာမယ္၊ ပုတ္ခတ္ခ်င္ရာ ပုတ္ခတ္မယ္ဆိုၿပီးေတာ့ လုပ္လို႔ေတာ့မရဘူး။ ဒါေၾကာင့္မုိ႔ က်ေနာ္တို႔က တရားမွ်တမႈကိုလိုလားတဲ့ အတြက္ေၾကာင့္မုိ႔လို႔ တရားရံုးမွာ ဦးတိုက္ေလွ်ာက္ျခင္း ျဖစ္ပါတယ္။ ဒါဥပေဒရဲ႕ အဆံုးအျဖတ္ကုိပဲ က်ေနာ္တို႔ခံယူသြားတာ ျဖစ္ပါတယ္။”

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးဟာ ဒီကေန႔ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့အေပၚ ခ်ဳပ္ရက္ေတြကို ခံစားခြင့္ရွိတာေၾကာင့္ ၆လေလာက္သာ ထပ္မံအခ်ဳပ္ခံဖုိ႔ရွိေတာ့ေၾကာင္း သူတို႔ရဲ႕ေရွ႕ေနက ေျပာပါတယ္။ ဒါေပမယ့္ အခုခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္က ပုဒ္မ ၅၀၅ (က) အတြက္သာျဖစ္ၿပီး၊ ေနာက္ရံုးခ်ိန္းမွာေတာ့ က်န္ရွိေနေသးတဲ့ ပုဒ္မ ၆၆(ဃ) အတြက္ မရမ္းကုန္းၿမိဳ႕နယ္ တရားရံုးမွာပဲ အမႈကိုဆက္လက္ ရင္ဆုိင္သြားရဦးမွာ ျဖစ္ပါတယ္။

...........

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို ထောင်ဒဏ်ချမှတ်

(Unicode)

ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက သံချပ်ထိုးဖျော်ဖြေတာမှာ တပ်မတော်ကိုထိခိုက်စေတဲ့ စာသားတွေနဲ့ အပြုအမူတွေပါဝင်လို့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁နှစ်ကျခံဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက ဒီကနေ့ အမိန့် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဝင်သွားဖို့ကတော့ ကျောင်းသားတွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ ရှေ့နေကပြောဆိုထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ အခုနှစ်သင်္ကြန်ကာလတုန်းက သံချပ်ထိုးဖျော်ဖြေတဲ့အထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့စာသားနဲ့ အပြုအမူတွေ ပါဝင်တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုပြီး ဧပြီလကုန်ပိုင်းမှာ တရားစွဲဆိုခဲ့တာပါ။

အဲဒီလို တရားစွဲဆိုအပြီး ၆လကျော်အကြာ ဒီကနေ့မှာပဲ တရားရင်ဆိုင်နေရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်း၊ ကိုပိုင်ရဲသူနဲ့ ကိုဇော်လင်းထွဋ် သူတို့ ၅ဦးကို ပုဒ်မ ၅၀၅(က) တခုတည်းအတွက် အလုပ်နဲ့ ထောင်ဒဏ် တနှစ်ချမှတ်လိုက်တာပါ။

အခုလိုပြစ်ဒဏ်ချခံလိုက်ရပေမယ့် နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်မတော်ထွက်သွားဖို့အတွက် သူတို့အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ ကိုဇေယျာလွင်က ဒီကနေ့ရုံးထုတ်အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“တကယ်တမ်းကျတော့ ကျနော်တို့ဟာ တပ်ကိုပုတ်ခတ်စော်ကားလိုခြင်း မဟုတ်ဘူး။ ကျနော်တို့ ဖွဲ့စည်းပုံပြင်ချင်တယ်။ နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်ကိုထွက်သွားစေချင်တယ်။ အဲဒီအတွက် ကျင့်ဝတ်ရှိတဲ့တပ်ဖြစ်အောင် ကျနော်တို့သံချပ်စာသားတွေ ထိုးခဲ့ခြင်းဖြစ်တယ်။ အဲတော့ ဒီကနေ့အမိန့်ချတဲ့အတွက် ကျနော်တို့က ဘယ်တော့မှ ဒီကိစ္စတွေ ဆက်မလုပ်တော့မှာ မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးကဏ္ဍကနေ တပ်ထွက်သွားရေးအတွက်ကို သံချပ်နဲ့ရော၊ တခြားပုံစံအမျိုးမျိုးနဲ့ရော ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဒီအမှုအပေါ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်သင့်တယ် ယူဆတာကြောင့် ကျောင်းသားတွေဘက်က ဆန္ဒရှိရင် အယူခံတက်သွားမယ်လို့ ပြောပါတယ်။

“တရားလိုကို အနိုင်ပေးချင်ရင် တရားလိုဘက်က တင်ပြတာတွေကို ဇောင်းပေးပြီးသုံးသပ်မယ်။ တရားခံကို အနိုင်ပေးချင်တယ်ဆိုရင် တရားခံဘက်က တင်ပြတာတွေကို ဦးစားပေးပြီးတော့မှ သုံးသပ်မယ်။ ဆိုလိုတာကတော့ တရားရုံးကို အပြစ်တော့မပြောပါဘူး။ သို့သော်လည်းပဲ အနေအထားအရဆိုလို့ရှိရင် တရားရုံးကနေပြီးတော့မှ တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ထွက်ချက်တွေနဲ့ သက်သေခံအထောက်အထားတွေ ဇောင်းပေးပြီးတော့မှ ဆုံးဖြတ်သွားတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ စောဒကတက်သင့်တယ်လို့ ဆရာမကတော့ ယူဆတာပေါ့နော်။”

တရားလိုဖြစ်သူ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်ကတော့ သက်သေခံအထောက်အထားတွေကို ဥပဒေနဲ့အညီ တင်သွင်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရားမျှတမှုကို လိုလားတာကြောင့် အခုလိုတရားစွဲဆိုခဲ့တာဖြစ်ပြီး၊ ဥပဒေရဲ့အဆုံးအဖြတ်ကို ခံယူသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“အခွင့်အရေးဆိုတာနဲ့ ပတ်သက်လို့ရှိရင် တဦးတယောက်ရဲ့ အခွင့်အရေးကိုပဲ ကြည့်လို့မရဘူး။ သူတို့စွတ်စွဲခံရသူရဲ့ အခွင့်အရေးတင်မကဘူး။ ကျနော်တို့ တရားလိုနဲ့ တပ်မတော်သားတွေရဲ့ အခွင့်အရေးကိုလည်း ပြန်ပြီးတော့ စာနာဖို့လိုတယ်။ တပ်မတော်သားတွေက အခုရှေ့တန်းမှာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတာ။ ဒီလိုတိုက်ပွဲဝင်နေတဲ့လူတွေကို သွားပြီးတော့ ပုတ်ခတ်တာ၊ စော်ကားတာ လုပ်လို့မရပါဘူး။ တဖက်ကလည်း တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ အဲတော့ ငါတို့ရဲ့လူ့အခွင့်အရေးပဲဆိုပြီးတော့ ပြောချင်ရာပြောမယ်၊ ပုတ်ခတ်ချင်ရာ ပုတ်ခတ်မယ်ဆိုပြီးတော့ လုပ်လို့တော့မရဘူး။ ဒါကြောင့်မို့ ကျနော်တို့က တရားမျှတမှုကိုလိုလားတဲ့ အတွက်ကြောင့်မို့လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခြင်း ဖြစ်ပါတယ်။ ဒါဥပဒေရဲ့ အဆုံးအဖြတ်ကိုပဲ ကျနော်တို့ခံယူသွားတာ ဖြစ်ပါတယ်။”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးဟာ ဒီကနေ့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့အပေါ် ချုပ်ရက်တွေကို ခံစားခွင့်ရှိတာကြောင့် ၆လလောက်သာ ထပ်မံအချုပ်ခံဖို့ရှိတော့ကြောင်း သူတို့ရဲ့ရှေ့နေက ပြောပါတယ်။ ဒါပေမယ့် အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ပုဒ်မ ၅၀၅ (က) အတွက်သာဖြစ်ပြီး၊ နောက်ရုံးချိန်းမှာတော့ ကျန်ရှိနေသေးတဲ့ ပုဒ်မ ၆၆(ဃ) အတွက် မရမ်းကုန်းမြို့နယ် တရားရုံးမှာပဲ အမှုကိုဆက်လက် ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးကို ေထာင္ဒဏ္ခ်မွတ္ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ၅ဦးကို ေထာင္ဒဏ္ခ်မွတ္ Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.