ေမာင္ေတာေပါက္ကဲြမႈ နယ္ျခားေစာင့္တပ္ဖဲြ႔၀င္ တစ္ဦးေသဆုံး

ေမာင္ေတာၿမိဳ႕အျပင္ဘက္ လံုၿခံဳေရးယူေနေသာ နယ္ျခားေစာင့္တပ္ဖြဲ႔၀င္မ်ား
ရခိုင္ျပည္နယ္၊ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း သာယာကုန္းေက်းရြာ ရဲကင္းစခန္းအတြင္း မေန႕ညေနပိုင္းမွာ လက္ ပစ္ဗံုးေပါက္ကဲြခဲ့တာေၾကာင့္ နယ္ျခားေစာင့္တစ္ဦးေသဆံုးၿပီး သုံးဦးဒဏ္ရာရရွိခဲ့တယ္လို႕ေဒသခံေတြက ေျပာပါတယ္။

ဒါေပမဲ့ သာယာကုန္း ရဲကင္းစခန္းေပါက္ကြဲတာကုိေတာ့ တပ္မေတာ္ဖက္က အတည္မျပဳခဲ့ပါဘူး။ ဒါ့အျပင္ ဘူးသီး ေတာင္ၿမိဳ႕နယ္က တိုက္ပြဲအတြင္း ပိတ္မိေနတဲ့ရြာသား (၁၀)ဦးေက်ာ္ကို ဒီကေန႕ ICRC ႏိုင္ငံတကာၾကက္ေျခနီ အဖြဲ႕ကေန သြားေရာက္ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။ ဒီအေျခအေနေတြကိုေတာ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္းသတင္းေပးပို႕ထားပါတယ္။။

ေမာင္ေတာၿမိဳ႕နယ္ သာယာကုန္း နယ္ျခားေစာင့္ရဲကင္းစခန္းဗုံးေပါက္ကြဲမွဳေၾကာင့္ ေသဆုံုးသြားတဲ့ ရဲတပ္ဖြဲ႕၀င္ တဦးဟာ ေမာင္ေတာေဆးရံုရင္ခြဲရံုမွာေရာက္ရွိေနၿပီး ျဖစ္စဥ္အေျခအေနကိုေတာ့ ေမာင္ေတာ လူမွဳအကူညီ ေပးေရးအဖြဲ႕ ၀င္တဦးကအခုလိုေျပာပါတယ္။

“မေန႕တုန္းက တေယာက္ေသတယ္ ႏွစ္ေယာက္ဒဏ္ရာရတယ္။ ဒုရဲအုပ္တေယာက္ပါတယ္။ ဒီနယ္ျခားေစာင့္ေလ။ ကြ်န္ေတာ္တို႕ၾကားမိတာက ဗုံးေဖါက္တယ္ လက္နက္ႀကီး စစ္ပစၥည္းပါ ေပါက္တယ္ဆိုျပီးမွ ၾကားမိတယ္။ ေသတဲ့အေလာင္းကြ်န္ေတာ္တို႕ေဆးရံုမွာရွိတယ္။ ဒီေန႕သျဂိဳလ္မွာ။ ကြ်န္ေတာ္တို႕ၾကားတာက အထက္လူႀကီးက သူတို႕ကို အာဏာျပတယ္ေပါ့။ အာဏာျပေနလို႕ သူတို႕မခံခ်င္လို႕ အဲဒီလိုဘဲျဖစ္မွာေပါ့။”

ဗံုးေပါက္ကြဲမႈႈ ျဖစ္စဥ္မွာ တပ္ဖြဲ႕အခ်င္းခ်င္းအၾကား မေက်နပ္မွဳေတြရွိလို႕ တမင္ေဖါက္ခြဲတာလို႕ ေဒသခံေတြ က ယူဆေနၾကတာပါ။

သာယာကုန္းေက်းရြာသား ကိုလွသိန္းကေတာ့ ေပါက္ကြဲမႈဟာ မေတာ္တဆေၾကာင့္ျဖစ္ျပီး ဒဏ္ရာရသူေတြကို ေမာင္ေတာေဆးရံုမွာ ေဆးကုသေနရတယ္လို႕ ဆိုပါတယ္။

“ျဖစ္စဥ္ကေတာ့ (၃)နာရီခြဲေက်ာ္ေက်ာ္ အဲဒီအခ်ိန္ေလာက္မွာေလ။ သူတို႕ကကိုင္ေဆာင္ထားတဲ့ ဗုံးအသီးေပါ့ေနာ္။ အဲတာေလးကိုဆြဲျဖဳတ္တဲ့ အခါမွာ အရာရွိကေတာ့ကိုယ္တိုင္ ပါတာေပါ့။ အဲအရာရွိေတြ ဆြဲျဖဳတ္တဲ့အခါမွာ ေပါက္ကြဲတယ္ အဲဒီသေဘာျဖစ္ေနပါတယ္။ အခု လက္ရွိက်ေတာ ့ဒဏ္ရာရတဲ့(၃)ေယာက္ေပါ့ေနာ။ အဲအရာရွိကလဲ ပါတာေပါ့။ ေမာင္ေတာ ေဆးခန္းမွာ အခုေရာက္ေနျပီး။ ဒဏ္ရာအေျခအေနကေတာ့ တေယာက္ကေတာ့ေသမလားရွင္မလား ေတာ့ အဲတာေတာ့ မေျပာနိုင္ေသးဘူး။”

ေသဆုံးသူဟာတပ္သား ေအာင္မ်ိဳးထြန္းျဖစ္ၿပီး ဒဏ္ရာရရွိသူမွာ ဒုရဲအုပ္ေက်ာ္ႏိုင္လင္း ရဲတပ္သား ထန္ဟုန္း နဲ႕အျခားတေယာက္တို႔ျဖစ္ၾကပါတယ္။

ဒီဗုံးေဖါက္ခြဲမွဳျဖစ္စဥ္အေျခအေနကိုသိရွိဖို႕အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦး ကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာ သူ႔အေနနဲ႕မသိရွိေသးဘူးလို ႕ေျပာပါတယ္။

“သာယာကုန္းရဲကင္းဆိုတာ ကြ်န္ေတာ္ၾကားေတာင္မၾကားဘူးဘူး။”

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၀င္ လုံျခံဳေရးနဲ႕နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္း ကေတာ့ ခရီးလြန္ေနလို႕ အေျခအေနကို မသိရွိေၾကာင္း ေျပာပါတယ္။

“ကြ်န္ေတာ္ေလာေလာဆယ္ ခရီးသြားေနတာဗ်။ အဲတာေလး ကြ်န္ေတာ္သတင္းျပတ္ ေနတာဗ်။”

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာလဲ ျမန္မာ့တပ္မေတာ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕အၾကား စစ္ေရးျပင္းထန္ ေနသလို ပဋိပကၡအၾကား အရပ္သားေတြထိခိုက္မႈေတြရွိေနတာပါ။

ေအာက္တိုဘာလ (၅) ရက္ေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္၊ သရက္ျပင္ေက်းရြာဘက္မွာ တိုက္ပဲြ ျဖစ္ပြားခဲ့ၿပီးေနာက္ ရြာသူ၊ရြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးသြားေပမဲ့ ရြာသား (၁၁) ဦးကေတာ့ ရြာထဲမွာ ပိတ္မိေနခဲ့ပါတယ္။

ပိတ္မိရြာသားေတြကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႕ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕က ဒီကေန႕မွာ ကယ္ထုတ္ႏိုင္ခဲ့တယ္ လို႕ ဘူးသီးေတာင္မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

“သူတို႕က အဲဒီမွာ(၁၁)ေယာက္ ပိတ္မိေနၿပီးေတာ့ ကြ်န္ေတာ္တို႕က သက္ဆိုင္ရာေတြကို ညိွႏွိဳင္ေပးတယ္ေပါ့။ ျပီးေတာ့ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးနဲ႕ ကြ်န္ေတာ္တို႕ ICRCၾကက္ေျခနီနဲ႕ ေပါင္းၿပီးမွ စကခ(၁၅)က တပ္က လူေတြကို ေျပာတယ္။ ျပီးမွ သူတို႕က ရြာကို မ၀င္ရဘူး။ ၾကက္ေျခနီ အဖြဲ႕က အျပင္မွာ ေနရတယ္။ အဲဒီလူေတြလမ္းေလွ်ာက္ လာရတယ္။ အခုကအဲဒီမွာ ကားကႀကိဳေနတယ္။ ျပီးမွ ဒီမွာအခုလာတာ။”

အလားတူတိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ စပါးထားေက်းရြာအုပ္စု ကြမ္းေတာင္ရြာထဲမွာလဲ ရြာသား(၃)ဦး ပိတ္မိေနေၾကာင္း ဦးေအာင္ေသာင္းေရႊကေျပာပါတယ္။ မေန႕ကလဲ သရက္ျပင္ ေက်းရြာဘက္မွာ ျမန္မာစစ္တပ္နဲ႕AAအဖြဲ႕တို႕အၾကားတိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ဗုံးေပါက္ကြဲမွဳအပါအ၀င္ စစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း အရပ္သားေသဆုံးမွဳ (၈၀)ေက်ာ္ရွိေနျပီး ဒဏ္ရာရရွိသူ(၁၂၀)ေက်ာ္ရွိေနတယ္လို႕လဲ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

.......................

{Unicode}

မောင်တောပေါက်ကွဲမှု နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ ရဲကင်းစခန်းအတွင်း မနေ့ညနေပိုင်းမှာ လက် ပစ်ဗုံးပေါက်ကွဲခဲ့တာကြောင့် နယ်ခြားစောင့်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ သာယာကုန်း ရဲကင်းစခန်းပေါက်ကွဲတာကိုတော့ တပ်မတော်ဖက်က အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် ဘူးသီး တောင်မြို့နယ်က တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ရွာသား (၁၀)ဦးကျော်ကို ဒီကနေ့ ICRC နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကနေ သွားရောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။။

မောင်တောမြို့နယ် သာယာကုန်း နယ်ခြားစောင့်ရဲကင်းစခန်းဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် တဦးဟာ မောင်တောဆေးရုံရင်ခွဲရုံမှာရောက်ရှိနေပြီး ဖြစ်စဉ်အခြေအနေကိုတော့ မောင်တော လူမှုအကူညီ ပေးရေးအဖွဲ့ ဝင်တဦးကအခုလိုပြောပါတယ်။

“မနေ့တုန်းက တယောက်သေတယ် နှစ်ယောက်ဒဏ်ရာရတယ်။ ဒုရဲအုပ်တယောက်ပါတယ်။ ဒီနယ်ခြားစောင့်လေ။ ကျွန်တော်တို့ကြားမိတာက ဗုံးဖေါက်တယ် လက်နက်ကြီး စစ်ပစ္စည်းပါ ပေါက်တယ်ဆိုပြီးမှ ကြားမိတယ်။ သေတဲ့အလောင်းကျွန်တော်တို့ဆေးရုံမှာရှိတယ်။ ဒီနေ့သဂြိုလ်မှာ။ ကျွန်တော်တို့ကြားတာက အထက်လူကြီးက သူတို့ကို အာဏာပြတယ်ပေါ့။ အာဏာပြနေလို့ သူတို့မခံချင်လို့ အဲဒီလိုဘဲဖြစ်မှာပေါ့။”

ဗုံးပေါက်ကွဲမှုှု ဖြစ်စဉ်မှာ တပ်ဖွဲ့အချင်းချင်းအကြား မကျေနပ်မှုတွေရှိလို့ တမင်ဖေါက်ခွဲတာလို့ ဒေသခံတွေ က ယူဆနေကြတာပါ။

သာယာကုန်းကျေးရွာသား ကိုလှသိန်းကတော့ ပေါက်ကွဲမှုဟာ မတော်တဆကြောင့်ဖြစ်ပြီး ဒဏ်ရာရသူတွေကို မောင်တောဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

“ဖြစ်စဉ်ကတော့ (၃)နာရီခွဲကျော်ကျော် အဲဒီအချိန်လောက်မှာလေ။ သူတို့ကကိုင်ဆောင်ထားတဲ့ ဗုံးအသီးပေါ့နော်။ အဲတာလေးကိုဆွဲဖြုတ်တဲ့ အခါမှာ အရာရှိကတော့ကိုယ်တိုင် ပါတာပေါ့။ အဲအရာရှိတွေ ဆွဲဖြုတ်တဲ့အခါမှာ ပေါက်ကွဲတယ် အဲဒီသဘောဖြစ်နေပါတယ်။ အခု လက်ရှိကျတော့ဒဏ်ရာရတဲ့(၃)ယောက်ပေါ့နော။ အဲအရာရှိကလဲ ပါတာပေါ့။ မောင်တော ဆေးခန်းမှာ အခုရောက်နေပြီး။ ဒဏ်ရာအခြေအနေကတော့ တယောက်ကတော့သေမလားရှင်မလား တော့ အဲတာတော့ မပြောနိုင်သေးဘူး။”

သေဆုံးသူဟာတပ်သား အောင်မျိုးထွန်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဒုရဲအုပ်ကျော်နိုင်လင်း ရဲတပ်သား ထန်ဟုန်း နဲ့အခြားတယောက်တို့ဖြစ်ကြပါတယ်။

ဒီဗုံးဖေါက်ခွဲမှုဖြစ်စဉ်အခြေအနေကိုသိရှိဖို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့မသိရှိသေးဘူးလို့ပြောပါတယ်။

“သာယာကုန်းရဲကင်းဆိုတာ ကျွန်တော်ကြားတောင်မကြားဘူးဘူး။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း ကတော့ ခရီးလွန်နေလို့ အခြေအနေကို မသိရှိကြောင်း ပြောပါတယ်။

“ကျွန်တော်လောလောဆယ် ခရီးသွားနေတာဗျ။ အဲတာလေး ကျွန်တော်သတင်းပြတ် နေတာဗျ။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာလဲ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား စစ်ရေးပြင်းထန် နေသလို ပဋိပက္ခအကြား အရပ်သားတွေထိခိုက်မှုတွေရှိနေတာပါ။

အောက်တိုဘာလ (၅) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ရွာသူ၊ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးသွားပေမဲ့ ရွာသား (၁၁) ဦးကတော့ ရွာထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ပိတ်မိရွာသားတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဒီကနေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ် လို့ ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“သူတို့က အဲဒီမှာ(၁၁)ယောက် ပိတ်မိနေပြီးတော့ ကျွန်တော်တို့က သက်ဆိုင်ရာတွေကို ညှိနှိုင်ပေးတယ်ပေါ့။ ပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ကျွန်တော်တို့ ICRCကြက်ခြေနီနဲ့ ပေါင်းပြီးမှ စကခ(၁၅)က တပ်က လူတွေကို ပြောတယ်။ ပြီးမှ သူတို့က ရွာကို မဝင်ရဘူး။ ကြက်ခြေနီ အဖွဲ့က အပြင်မှာ နေရတယ်။ အဲဒီလူတွေလမ်းလျှောက် လာရတယ်။ အခုကအဲဒီမှာ ကားကကြိုနေတယ်။ ပြီးမှ ဒီမှာအခုလာတာ။”

အလားတူတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာအုပ်စု ကွမ်းတောင်ရွာထဲမှာလဲ ရွာသား(၃)ဦး ပိတ်မိနေကြောင်း ဦးအောင်သောင်းရွှေကပြောပါတယ်။ မနေ့ကလဲ သရက်ပြင် ကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဗုံးပေါက်ကွဲမှုအပါအဝင် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှု (၈၀)ကျော်ရှိနေပြီး ဒဏ်ရာရရှိသူ(၁၂၀)ကျော်ရှိနေတယ်လို့လဲ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေမာင္ေတာေပါက္ကဲြမႈ နယ္ျခားေစာင့္တပ္ဖဲြ႔၀င္ တစ္ဦးေသဆုံး ေမာင္ေတာေပါက္ကဲြမႈ နယ္ျခားေစာင့္တပ္ဖဲြ႔၀င္ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 23:49 Rating: 5
Powered by Blogger.