ကန္ဒဏ္ခတ္အေရးယူမႈ ျမန္မာ မလိုလား


ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာနဲ႔ ဆက္ဆံေရးကို တုိးျမွင့္ဖို႔ ေဆာင္ရြက္ေနတာမွာ ရခိုင္အေရးဟာ အဓိကစိန္ေခၚမႈျဖစ္တယ္လို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။ ျမန္မာ့ဒီမိုကေရစီေရး ေထာက္ခံအားေပးေနတဲ့ အေမရိကန္ အစိုးရအေနနဲ႔ ျမန္မာ့စီးပြားေရးတိုးတက္မႈနဲ႔ ျပည္သူကို ထိခိုက္ေစႏိုင္တဲ့ အေရးယူပိတ္ဆို႔မႈေတြ လုပ္လာမယ္လို႔ ခန္႔မွန္းမထားသလို လုပ္လာမွာကိုလည္း မလိုလားဘူးလို႔ေျပာပါတယ္။

ဝန္ႀကီးဦးေက်ာ္တင္ကို နယူးေယာက္ၿမိဳ႕မွာ ကိုေက်ာ္ေက်ာ္သိန္းက သီးျခား ေတြ႔ဆံု ေမးျမန္းထားပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ လက္ရွိဒီ အေမရိကန္ ေအာက္လႊတ္ေတာ္ကေနၿပီးေတာ့ ၿပီးခဲ့တဲ့ က်ေနာ္တို႔ စက္တင္ဘာ ၂၄ ရက္ေန႔က Burma Act 2019 ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ဥပေဒမူၾကမ္းေပါ့ ဒါကိုေအာက္လႊတ္ေတာ္ကေနၿပီးေတာ့ ေထာက္ခံမဲအမ်ားစုနဲ႔ မဲခြဲအတည္ျပဳလိုက္ပါတယ္။ အထက္လႊတ္ေတာ္မွာလည္း အလားတူ ဥပေဒမ်ိဳးသူတို႔ ျပင္ဆင္ေနတာေတာ့ရွိပါတယ္။ ဆိုေတာ့ အေမရိကန္လႊတ္ေတာ္ဘက္မွာ ျမန္မာအစိုးရကို ပိုၿပီးေတာ့ ဖိအားေပးဖို႔ လုပ္လာတဲ့ သေဘာက်ေနာ္တို႔ ေတြ႔ရတယ္။ ဆိုေတာ့ ျမန္မာအစိုးရအေနနဲ႔ေရာ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုအေလးထားကိုင္တြယ္ေနတာ ရွိပါသလဲ။

ဝန္ႀကီးဦးေက်ာ္တင္။ ။ က်ေနာ္တို႔အေနနဲ႔ကေတာ့ အားလံုးသိသလို ႏိုင္ငံအားလံုးနဲ႔ ဆက္ဆံေရး ကိုအေလးထားတယ္။ အထူးသျဖင့္ဒီလို အေမရိကန္ႏိုင္ငံနဲ႔ ဆက္ဆံေရးကိုလည္း က်ေနာ္တို႔က အေလးထားတယ္။ အေလးထားတဲ့အတြက္ ဒီလိုက်ေနာ္တို႔က ႏိုင္ငံတကာ ဆက္ဆံေရး တိုးျမွင့္ဖို႔ ေဆာင္ရြက္တဲ့ေနရာမွာ အဓိက စိန္ေခၚမႈကေတာ့ ရခိုင္ျပႆနာနဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈပါပဲ။ အဲဒီေတာ့ က်ေနာ္တို႔ အေနနဲ႔ကေတာ့ ရခိုင္ျပႆနာကို က်ေနာ္တို႔ ရပ္တည္ခ်က္အတိုင္း ရိုးရိုးသားသား ဒီျပႆနာ ေျပလည္ေအာင္ ေဆာင္ရြက္သြားမယ္။ ေဆာင္ရြက္သြားျခင္းအားျဖင့္ ဒီဆက္ဆံေရးတိုးျမွင့္ေအာင္ ေဆာင္ရြက္ေနပါတယ္။ ေနာက္ၿပီးေတာ့ အေမရိကန္အေနနဲ႔လညး္ က်ေနာ္တို႔ယူဆထားတာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး၊ ၿငိမ္းခ်မ္းေရး နဲ႔ ဖြံ႔ၿဖိဳးတိုးတက္တဲ့ လုပ္ငန္းစဥ္ ကို အစဥ္တစိုက္ အားေပးေထာက္ခံလာခဲ့တဲ့ ႏိုင္ငံလည္းျဖစ္တယ္။ ၿပီးေတာ့ ဒီအတိုင္းလည္း ဆက္လက္ရပ္တည္ေနတယ္လို႔ က်ေနာ္တို႔ယူၾကည္ပါတယ္။ ေနာက္သူတို႔ကလည္း ဒီလိုပဲ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရး ဖြံ႔ၿဖိဳးတိုးတက္ေရး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကို သူတို႔ ဆက္လက္ေထာက္ခံ အားေပးေနစဲလည္း ျဖစ္ပါတယ္။

အဲဒီေတာ့ ဒီမိုကေရစီ လမ္းေၾကာင္း ေအာင္ျမင္ေရးအတြက္ဆိုရင္ ဒီလို ကန္႔သတ္ ပိတ္ဆို႔မႈတို႔ အေရးယူပိတ္ဆို႔မႈတို႔ ဆိုရင္ က်ေနာ္တုိ႕နဲ႔ စီးပြားေရး တိုးတက္မႈကို ထိခိုက္ႏိုင္တယ္။ ေနာက္ ျပည္သူလူထုကို ထိခိုက္ႏိုင္တဲ့အတြက္ က်ေနာ္တို႔ အေနနဲ႔ကေတာ့ ဒါမ်ိဳးေတြကို လိုလားဖို႔မရွိပါဘူး။

ကိုေက်ာ္ေက်ာ္သိန္း။ ။ က်ေနာ္သိထားသေလာက္ကေတာ့ အထက္လႊတ္ေတာ္ ဥကၠ႒ေပါ့ေလ အထက္လႊတ္ေတာ္ အမတ္ Mitch Mcconnell လူမ်ားစုေခါင္းေဆာင္က ေဒၚေအာင္ဆန္းစုၾကည္ကို ပုဂၢိဳလ္ေရးအရလည္း ေလးစားတယ္၊ ေတာ္ေတာ္လည္း ခိုင္ခိုင္မာမာ ယံုၾကည္မႈရွိတယ္။ သူကေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အေတာ္ေလးကို ရပ္ခံၿပီးေတာ့ ေျပာဆိုတာေတြ ရွိပါတယ္။ ဆိုေတာ့ အထက္လႊတ္ေတာ္မွာေတာ့ ဘယ္လိုျဖစ္လာမလဲဆိုတာေတာ့ မသိဘူးေပါ့ေလ ။ ဟိုတေခါက္ကေတာ့ Mitch Mcconnell နဲ႔ ေတြ႔ၿပီးေတာ့ ေဆြးေႏြးတာ က်ေနာ္ မွတ္ထားဖူးပါတယ္ ။ ဒီတေခါက္ေရာ ေတြ႔ျဖစ္ပါေသး သလား။

ဝန္ႀကီးဦးေက်ာ္တင္။ ။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ၀န္ႀကီး ဦးေက်ာ္တင့္ေဆြအေနနဲ႔ကေတာ့ ေတြ႔သင့္ ေတြ႔ထိုက္တဲ့ ပုဂၢိဳလ္ေတြနဲ႔ ထိေတြ႔ေဆြးေႏြးတာေတြ ရွိပါတယ္။ အဓိကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ လမ္းေၾကာင္း ေအာင္ျမင္ေရးေပါ့ေနာ္ အဲဒါကို အေႏွာင့္အယွက္ျဖစ္ေစမယ့္ ကိစၥမ်ိဳးေတြ မဖန္တီး ေစခ်င္ပါဘူး။ က်ေနာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔လည္း အသြင္ကူးေျပာင္းကာလတိုင္းမွာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ အဲဒီေတာ့ တႏိုင္ငံနဲ႔ တႏိုင္ငံ ဆက္ဆံေရး တိုးတက္ ေကာင္းမြန္ဖို႔ဆိုတာက တႏိုင္ငံရဲ႕ စိန္ေခၚမႈေတြ ရႈပ္ေထြးမႈေတြကို တႏိုင္ငံနဲ႔ တႏိုင္ငံ အျပန္အလွန္နားလည္ေအာင္ ႀကိဳးစားဖို႔ အေရးႀကီးပါတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ အေမရိကန္ဘက္ကိုလည္း က်ေနာ္တို႔ရဲ႕ ဒီျပႆနာကို ေျပလည္ေအာင္ေျဖရွင္းေနတဲ့ လုပ္ငန္းစဥ္ေတြကို ပိုမိုသိေအာင္ က်ေနာ္တို႔ ေျပာၾကားမႈေတြ ျပဳလုပ္ပါတယ္။ ေနာက္ ဒီ New York မွာဆိုရင္ က်ေနာ္တို႔အေနနဲ႔ လက္ေထာက္အတြင္း၀န္ David Hill နဲ႔လည္း ေတြ႔ဆံုၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ အခုေတြ႔ဆံုရင္ဆိုင္ေနရတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကိစၥ စိန္ေခၚမႈေတြ အထူးသျဖင့္ ရခိုင္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ႀကိဳးပမ္းေဆာင္ရြက္ေနမႈေတြကို အသိေပးခဲ့ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဆိုေတာ့ တျခားတာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆံုတဲ့အခ်ိန္မွာ အေမရိကန္အစိုးရဘက္က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ သေဘာထားက ပိုၿပီးေတာ့ တင္းမာလာတဲ့ အရိပ္အေရာင္မ်ား ေတြ႔ရသလား။

ဝန္ႀကီးဦးေက်ာ္တင္။ ။ က်ေနာ္ခန္႔မွန္းရသေလာက္ကေတာ့ အဲလိုမ်ိဳးေတာ့မရွိပါဘူး သူတို႔ အေနနဲ႔လည္း ျမန္မာႏိုင္ငံနဲ႔ ဒီမိုကေရစီ ျမွင့္တင္ေရး အားေပးေရးက တဘက္ေပါ့ေနာ္။ ေနာက္တဘက္ကလည္း က်ေနာ္တို႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႔ေတြက ဖိအားေပးမႈက တဘက္ ဒီ၂ ခုၾကားမွာ သူတု႔ိက ဟန္ခ်က္ညီညီ ႀကိဳးစားရပ္တည္ေနတယ္လို႔ သေဘာထားပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဟုတ္ကဲ့ ဒီခရီးစဥ္အတြင္းမွာ အေမရိကန္ဘက္ကေန ျမန္မာႏိုင္ငံကို ေနာက္ထပ္အကူအညီ ေပးဖို႔တို႔ အသစ္ေပါ့ေလ အဲဒါမ်ိဳးေရာ ေျပာဆိုတာေတြ ရွိပါသလား။

ဝန္ႀကီးဦးေက်ာ္တင္။ ။ အကူအညီေပးဖို႔ထက္ကို ကုန္သြယ္ေရး၊ စီးပြားေရး ၊ ျမွင့္တင္ဖို႔အတြက္ သူတို႔ကေနၿပီးေတာ့ ဆႏၵရွိတယ္ဆိုတဲ့အေၾကာင္း အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ခ်ဥ္းကပ္ေဆာင္ရြက္ေနတာေတြ ေတြ႔ပါတယ္။ ေနာက္တဖက္ၿပီးေတာ့ တဖက္ကလည္း မဲေခါင္ျမစ္၀ွမ္း ေအာက္ပိုင္း အစီအစဥ္ကေနၿပီးေတာ့ အေမရိကန္ႏိုင္ငံကေနၿပီးေတာ့ ျမန္မာႏိုင္ငံအပါအ၀င္ ေအာက္ပိုင္းမဲေခါင္ျမစ္၀ွမ္းေဒသေတြကို ကူညီပံ႔ပိုးမႈေတြ တိုးျမွင့္ေပးဖို႔အတြက္ သူတို႔ ေဆာင္ရြက္ေနတာေတြ အမ်ားႀကီးရွိပါတယ္။ စြမ္းအင္ဘက္တို႔ လူ႔စြမ္းအင္ျမွင့္တင္ေရးကိစၥတို႔ အရင္းအျမစ္ေတြနဲ႔ ပတ္သက္ၿပီးေတာ ့တိုးျမွင့္ ကူညီပံ႔ပိုးေဆာင္ရြက္ေနတာကို ေတြ႔ရွိရပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဟုတ္ကဲ့ ၂၀၁၅ ခုႏွစ္ ဧၿပီလတုန္းက ဝန္ႀကီးက ကုလသမဂၢ တာ၀န္ထမ္းေဆာင္ေနတဲ့အခ်ိန္ ထင္ပါရဲ႕ အဲဒီတုန္းက က်ေနာ္တုိ႔ အေမရိကန္က Lobby အဖြဲ႔ေပါ့ေလ ၊ ကုမၸဏီေပါ့ေလ ဒါက သမၼတၾကီး ဦးသိန္းစိန္လက္ထက္တုန္းကပါ ဆိုေတာ့ အဲဒီ Lobby အုပ္စုကို ဌားၿပီးေတာ့ အေမရိကန္မွာ ျမန္မာအစိုးရရဲ႕ အက်ိဳးစီးပြား ျမန္မာႏိုင္ငံအတြက္ အက်ိဳးရွိရာရွိေၾကာင္း ေျပာဆိုစည္းရံုး လံုု႔ေဆာ္ေပးဖို႔ ဌားရမ္းခဲ့တာရွိပါတယ္။ အခု အဲဒါက ဆက္ၿပီး ဌားထားတုန္းပဲလား

ဝန္ႀကီးဦးေက်ာ္တင္။ ။ က်ေနာ္တို႔လက္ထက္မွာ Lobby အုပ္စု ဌားရမ္းတာမရွိပါဘူး။ က်ေနာ္တို႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ျမန္မာသံရံုးကေနတဆင့္ပဲ ခ်ဥ္းကပ္တာေတြရွိပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ဟုတ္ကဲ့ ေနာက္ဌားဖို႔ေရာ အစီအစဥ္ရွိေသးသလား

ဝန္ႀကီးဦးေက်ာ္တင္။ ။ အခုအခ်ိန္အထိ က်ေနာ္သိသေလာက္ေတာ့ မရွိပါဘူး။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ေက်းဇူးအထူးတင္ပါတယ္။

ဝန္ႀကီးဦးေက်ာ္တင္။ ။ ဟုတ္ကဲ့

ဝန္ႀကီးဦးေက်ာ္တင္ကို နယူးေယာက္ၿမိဳ႕မွာ ကိုေက်ာ္ေက်ာ္သိန္းက သီးျခား ေတြ႔ဆံု ေမးျမန္းထားတာပါ။

.........................

{Unicode}

ကန်ဒဏ်ခတ်အရေးယူမှု မြန်မာမလိုလား

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဆောင်ရွက်နေတာမှာ ရခိုင်အရေးဟာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးနေတဲ့ အမေရိကန် အစိုးရအနေနဲ့ မြန်မာ့စီးပွားရေးတိုးတက်မှုနဲ့ ပြည်သူကို ထိခိုက်စေနိုင်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်လာမယ်လို့ ခန့်မှန်းမထားသလို လုပ်လာမှာကိုလည်း မလိုလားဘူးလို့ပြောပါတယ်။

ဝန်ကြီးဦးကျော်တင်ကို နယူးယောက်မြို့မှာ ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ လက်ရှိဒီ အမေရိကန် အောက်လွှတ်တော်ကနေပြီးတော့ ပြီးခဲ့တဲ့ ကျနော်တို့ စက်တင်ဘာ ၂၄ ရက်နေ့က Burma Act 2019 မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေမူကြမ်းပေါ့ ဒါကိုအောက်လွှတ်တော်ကနေပြီးတော့ ထောက်ခံမဲအများစုနဲ့ မဲခွဲအတည်ပြုလိုက်ပါတယ်။ အထက်လွှတ်တော်မှာလည်း အလားတူ ဥပဒေမျိုးသူတို့ ပြင်ဆင်နေတာတော့ရှိပါတယ်။ ဆိုတော့ အမေရိကန်လွှတ်တော်ဘက်မှာ မြန်မာအစိုးရကို ပိုပြီးတော့ ဖိအားပေးဖို့ လုပ်လာတဲ့ သဘောကျနော်တို့ တွေ့ရတယ်။ ဆိုတော့ မြန်မာအစိုးရအနေနဲ့ရော ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအလေးထားကိုင်တွယ်နေတာ ရှိပါသလဲ။

ဝန်ကြီးဦးကျော်တင်။ ။ ကျနော်တို့အနေနဲ့ကတော့ အားလုံးသိသလို နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ကိုအလေးထားတယ်။ အထူးသဖြင့်ဒီလို အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ကျနော်တို့က အလေးထားတယ်။ အလေးထားတဲ့အတွက် ဒီလိုကျနော်တို့က နိုင်ငံတကာ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆောင်ရွက်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုကတော့ ရခိုင်ပြဿနာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုပါပဲ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ကတော့ ရခိုင်ပြဿနာကို ကျနော်တို့ ရပ်တည်ချက်အတိုင်း ရိုးရိုးသားသား ဒီပြဿနာ ပြေလည်အောင် ဆောင်ရွက်သွားမယ်။ ဆောင်ရွက်သွားခြင်းအားဖြင့် ဒီဆက်ဆံရေးတိုးမြှင့်အောင် ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ အမေရိကန်အနေနဲ့လည်း ကျနော်တို့ယူဆထားတာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းစဉ် ကို အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တဲ့ နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့ ဒီအတိုင်းလည်း ဆက်လက်ရပ်တည်နေတယ်လို့ ကျနော်တို့ယူကြည်ပါတယ်။ နောက်သူတို့ကလည်း ဒီလိုပဲ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ဖွံ့ဖြိုးတိုးတက်ရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို သူတို့ ဆက်လက်ထောက်ခံ အားပေးနေစဲလည်း ဖြစ်ပါတယ်။

အဲဒီတော့ ဒီမိုကရေစီ လမ်းကြောင်း အောင်မြင်ရေးအတွက်ဆိုရင် ဒီလို ကန့်သတ် ပိတ်ဆို့မှုတို့ အရေးယူပိတ်ဆို့မှုတို့ ဆိုရင် ကျနော်တို့နဲ့ စီးပွားရေး တိုးတက်မှုကို ထိခိုက်နိုင်တယ်။ နောက် ပြည်သူလူထုကို ထိခိုက်နိုင်တဲ့အတွက် ကျနော်တို့ အနေနဲ့ကတော့ ဒါမျိုးတွေကို လိုလားဖို့မရှိပါဘူး။

ကိုကျော်ကျော်သိန်း။ ။ ကျနော်သိထားသလောက်ကတော့ အထက်လွှတ်တော် ဥက္ကဋ္ဌပေါ့လေ အထက်လွှတ်တော် အမတ် Mitch Mcconnell လူများစုခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရလည်း လေးစားတယ်၊ တော်တော်လည်း ခိုင်ခိုင်မာမာ ယုံကြည်မှုရှိတယ်။ သူကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အတော်လေးကို ရပ်ခံပြီးတော့ ပြောဆိုတာတွေ ရှိပါတယ်။ ဆိုတော့ အထက်လွှတ်တော်မှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိဘူးပေါ့လေ ။ ဟိုတခေါက်ကတော့ Mitch Mcconnell နဲ့ တွေ့ပြီးတော့ ဆွေးနွေးတာ ကျနော် မှတ်ထားဖူးပါတယ် ။ ဒီတခေါက်ရော တွေ့ဖြစ်ပါသေး သလား။

ဝန်ကြီးဦးကျော်တင်။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီး ဦးကျော်တင့်ဆွေအနေနဲ့ကတော့ တွေ့သင့် တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆွေးနွေးတာတွေ ရှိပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်း အောင်မြင်ရေးပေါ့နော် အဲဒါကို အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စမျိုးတွေ မဖန်တီး စေချင်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း အသွင်ကူးပြောင်းကာလတိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒီတော့ တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ဆိုတာက တနိုင်ငံရဲ့ စိန်ခေါ်မှုတွေ ရှုပ်ထွေးမှုတွေကို တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန်နားလည်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အမေရိကန်ဘက်ကိုလည်း ကျနော်တို့ရဲ့ ဒီပြဿနာကို ပြေလည်အောင်ဖြေရှင်းနေတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုသိအောင် ကျနော်တို့ ပြောကြားမှုတွေ ပြုလုပ်ပါတယ်။ နောက် ဒီ New York မှာဆိုရင် ကျနော်တို့အနေနဲ့ လက်ထောက်အတွင်းဝန် David Hill နဲ့လည်း တွေ့ဆုံပြီးတော့ ကျနော်တို့အနေနဲ့ အခုတွေ့ဆုံရင်ဆိုင်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စ စိန်ခေါ်မှုတွေ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အသိပေးခဲ့ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဆိုတော့ တခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ အမေရိကန်အစိုးရဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားက ပိုပြီးတော့ တင်းမာလာတဲ့ အရိပ်အရောင်များ တွေ့ရသလား။

ဝန်ကြီးဦးကျော်တင်။ ။ ကျနော်ခန့်မှန်းရသလောက်ကတော့ အဲလိုမျိုးတော့မရှိပါဘူး သူတို့ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ မြှင့်တင်ရေး အားပေးရေးက တဘက်ပေါ့နော်။ နောက်တဘက်ကလည်း ကျနော်တို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေက ဖိအားပေးမှုက တဘက် ဒီ၂ ခုကြားမှာ သူတု့ိက ဟန်ချက်ညီညီ ကြိုးစားရပ်တည်နေတယ်လို့ သဘောထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ ဒီခရီးစဉ်အတွင်းမှာ အမေရိကန်ဘက်ကနေ မြန်မာနိုင်ငံကို နောက်ထပ်အကူအညီ ပေးဖို့တို့ အသစ်ပေါ့လေ အဲဒါမျိုးရော ပြောဆိုတာတွေ ရှိပါသလား။

ဝန်ကြီးဦးကျော်တင်။ ။ အကူအညီပေးဖို့ထက်ကို ကုန်သွယ်ရေး၊ စီးပွားရေး ၊ မြှင့်တင်ဖို့အတွက် သူတို့ကနေပြီးတော့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်း အဲဒါနဲ့ ပတ်သက်ပြီးတော့ ချဉ်းကပ်ဆောင်ရွက်နေတာတွေ တွေ့ပါတယ်။ နောက်တဖက်ပြီးတော့ တဖက်ကလည်း မဲခေါင်မြစ်ဝှမ်း အောက်ပိုင်း အစီအစဉ်ကနေပြီးတော့ အမေရိကန်နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံအပါအဝင် အောက်ပိုင်းမဲခေါင်မြစ်ဝှမ်းဒေသတွေကို ကူညီပံ့ပိုးမှုတွေ တိုးမြှင့်ပေးဖို့အတွက် သူတို့ ဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ စွမ်းအင်ဘက်တို့ လူ့စွမ်းအင်မြှင့်တင်ရေးကိစ္စတို့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီးတော့တိုးမြှင့် ကူညီပံ့ပိုးဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ ၂၀၁၅ ခုနှစ် ဧပြီလတုန်းက ဝန်ကြီးက ကုလသမဂ္ဂ တာဝန်ထမ်းဆောင်နေတဲ့အချိန် ထင်ပါရဲ့ အဲဒီတုန်းက ကျနော်တို့ အမေရိကန်က Lobby အဖွဲ့ပေါ့လေ ၊ ကုမ္ပဏီပေါ့လေ ဒါက သမ္မတကြီး ဦးသိန်းစိန်လက်ထက်တုန်းကပါ ဆိုတော့ အဲဒီ Lobby အုပ်စုကို ဌားပြီးတော့ အမေရိကန်မှာ မြန်မာအစိုးရရဲ့ အကျိုးစီးပွား မြန်မာနိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ပြောဆိုစည်းရုံး လုံ့ဆော်ပေးဖို့ ဌားရမ်းခဲ့တာရှိပါတယ်။ အခု အဲဒါက ဆက်ပြီး ဌားထားတုန်းပဲလား

ဝန်ကြီးဦးကျော်တင်။ ။ ကျနော်တို့လက်ထက်မှာ Lobby အုပ်စု ဌားရမ်းတာမရှိပါဘူး။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံရုံးကနေတဆင့်ပဲ ချဉ်းကပ်တာတွေရှိပါတယ်။

ကိုကျော်ကျော်သိန်း။ ။ဟုတ်ကဲ့ နောက်ဌားဖို့ရော အစီအစဉ်ရှိသေးသလား

ဝန်ကြီးဦးကျော်တင်။ ။ အခုအချိန်အထိ ကျနော်သိသလောက်တော့ မရှိပါဘူး။

ကိုကျော်ကျော်သိန်း။ ။ ကျေးဇူးအထူးတင်ပါတယ်။

ဝန်ကြီးဦးကျော်တင်။ ။ ဟုတ်ကဲ့

ဝန်ကြီးဦးကျော်တင်ကို နယူးယောက်မြို့မှာ ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံ မေးမြန်းထားတာပါ။

ေက်ာ္ေက်ာ္သိန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္ဒဏ္ခတ္အေရးယူမႈ ျမန္မာ မလိုလား ကန္ဒဏ္ခတ္အေရးယူမႈ ျမန္မာ မလိုလား Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.