နောင်ချို၌ ရထားပေါ်မှ နိုင်ငံခြားသားခရီးသည်၏ ခရီးဆောင်အိတ်ခိုးယူသူအား ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာတံတား၌ အမှတ်(၃) ရထားရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ရထားပေါ်တွင် နိုင်ငံခြား သူတစ်ဦး၏ ခရီးဆောင်အိတ်ခိုးသူအား ဖမ်းဆီးရမိခဲ့သည်။

မသင်္ကာဖွယ်လူတစ်ဦး တွေ့ရှိ ကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးရာ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် (၁၀)ရပ်ကွက်နေ သိန်းထွန်း (ခ) ဘာဘူ (၄၁ နှစ်) အား တွေ့ရှိရသည်။ သိန်းထွန်း (ခ) ဘာဘူအား စစ်ဆေး မေးမြန်းရာ ၎င်းသည် အမှတ်(၁၃၁) မန္တလေး-လားရှိုး အဆန်ရထားဖြင့် မန္တလေးမှ လားရှိုးသို့လိုက်ပါလာခဲ့ ကြောင်း၊ ဂုတ်ထိပ်ဘူတာအနီး အရောက်၌ တစ်တွဲတည်းလိုက်ပါလာ သော နိုင်ငံခြားသူတစ်ဦး၏ ခရီး ဆောင်အိတ်အားခိုးယူ၍ ရထားပေါ်မှ ပစ်ချခဲ့ကြောင်း၊ ထို့နောက် ဂုတ်ထိပ် ဘူတာတွင် ရထားရပ်စဉ် အဆိုပါ အိတ်အား သွားရောက်ယူရန် ရထား ပေါ်မှဆင်းလာစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှုဖွင့်အရေးယူထား

အဆိုပါ ခရီးဆောင်အိတ်ကို လိုက်လံရှာဖွေရာ ဂုတ်ထိပ်ကျေးရွာ အနီး ရထားလမ်း မိုင်တိုင် (၄၁၆/၁၂-၁၃) ကြား၌ အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ၊ အင်ဒိုနီးရှားငွေ အကြွေစေ့ ရောရာ ၅၀၈၀၀ ရူပီးရား၊ ဗီယက်နမ်ငွေ ၄၀၀၀၀ ဒေါင်၊ တရုတ်ငွေ ၅၅၀ ယွမ်၊ Apple တံဆိပ်ပါ ဖုန်းဘက်ထရီ တစ်လုံး၊ ဖုန်းအားသွင်းကြိုးငါးချောင်း၊ ဆေးဝါးများ၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများထည့်ထားသည့် ခရီးဆောင်အိတ်တစ်လုံးအား သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင်ဖြစ် သည့် ကနေဒါနိုင်ငံသူ Amy Melissa Tom (၂၃ နှစ်)ထံ ဆက်သွယ်အကြောင်း ကြားထားရှိကြောင်းသိရပြီး သိန်း ထွန်း(ခ)ဘာဘူကို နောင်ချိုမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နောင်ချို၌ ရထားပေါ်မှ နိုင်ငံခြားသားခရီးသည်၏ ခရီးဆောင်အိတ်ခိုးယူသူအား ဖမ်းဆီးရမိ နောင်ချို၌ ရထားပေါ်မှ နိုင်ငံခြားသားခရီးသည်၏ ခရီးဆောင်အိတ်ခိုးယူသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.