ေယာဂအေၾကာင္း သင္ဘာေတြသိသင့္သလဲ

Zawgyi
ေယာဂဆိုတာ အိႏၵိယကေန အစျပဳၿပီး ႏွစ္ေပါင္း ၅၀ဝ၀ ေက်ာ္ၾကာခဲ့ၿပီးျဖစ္တဲ့ သက္ရွည္က်န္းမာေစတဲ့ နည္းလမ္းေကာင္းတစ္ခုပါ။ လူေတြဟာ ေယာဂဆိုတာ ခႏၶာကိုယ္ကို ထူးဆန္းတဲ့နည္းလမ္းေတြနဲ႔ လိမ္ခ်ိဳးေနတာလို႔ ျမင္ၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ ေယာဂဆိုတာ သင့္ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းအားလုံးျဖစ္တဲ့ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ပိုင္းဆိုင္ရာနဲ႔ စိတ္ဝိဉာဥ္ဆိုင္ရာေတြအားလုံးကို ကုသေပးႏိုင္တဲ့ ေလ့က်င့္ခန္းအုပ္စုတစ္ခုပါ။ ေယာဂဟာ ခုမွစက်င့္တဲ့သူေတြအတြက္ေရာ ပုံမွန္ေလ့က်င့္သူေတြအတြက္ပါ ၿပီးျပည့္စုံတဲ့ အစီအစဥ္ေတြပါဝင္တဲ့ ေလ့က်င့္မႈတစ္ခုပါ။

ေယာဂဆိုတဲ့စကားလုံးကေတာ့ သကၠတဘာသာစကား “yuj” မွလာပါတယ္။ အဓိပၸာယ္ကေတာ့ “ေပါင္းစည္းရန္”၊ “ပူးေပါင္းရန္”၊ “ဆက္စပ္ေပးရန္” သို႔မဟုတ္ “တြဲဆက္ေပးရန္” လို႔ အဓိပၸာယ္ရပါတယ္။ ေယာဂဟာ စိတ္နဲ႔ကိုယ္နဲ႔ဟာ တစ္ထပ္တည္းျဖစ္တယ္ဆိုတဲ့ အေတြးအေခၚကို အေျခခံပါတယ္။ ေယာဂမွာ အသက္ရႉနည္းစနစ္ေတြ၊ ကိုယ္ေနဟန္ထားေတြ (asana ေတြလို႔လည္းေခၚပါတယ္) နဲ႔ တရားထိုင္ျခင္းေတြ အားလုံးေပါင္းစည္းထားပါတယ္။

ဒီေပါင္းစည္းမႈကို ရရွိဖို႔ဆိုရင္ စည္းကမ္းတက်ျဖစ္ဖို႔နဲ႔ ခႏၶာကိုယ္၊ စိတ္နဲ႔ ဝိဉာဥ္ကိုေပါင္းစည္းႏိုင္ေအာင္ ေလ့က်င့္ဖို႔ လိုပါတယ္။ ေလ့က်င့္သူေတြဟာ ေယာဂက သင္ကမာၻႀကီးကို ဘယ္လိုျမင္တယ္ဆိုတာကို ေျပာင္းလဲေပးႏိုင္တယ္၊ စိတ္ကိုေအးခ်မ္းေစတယ္၊ ဖိအားေတြကို ေလ်ာ့က်ေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒီလိုေပါင္းစပ္မႈေတြ အားလုံးဟာ က်န္းမာေရးကို တိုးတက္ေစႏိုင္ပါတယ္။

ေယာဂအမ်ိဳးအစားေတြက ဘာေတြလဲ။

ေယာဂအမ်ိဳးအစားေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာ Ashtanga, Iyengar နဲ႔ Sivananda စသျဖင့္ေပါ့။ အခ်ိဳ႕ေသာ စတိုင္လ္ေတြကေတာ့ ပိုၿပီးျပင္းထန္တာမ်ိဳးကို ေတြ႕ရပါတယ္။ ဒါေတြအတြက္ဆိုရင္ေတာ့ သင္ဟာ ပိုၿပီးေပ်ာ့ေပ်ာင္းရမယ္၊ ဒါမွမဟုတ္ အသက္ရႉျခင္းကို ထိန္းခ်ဳပ္တာ ပိုေကာင္းရပါတယ္။ တစ္ခုခ်င္းစီဟာ အက်ိဳးသက္ေရာက္မႈ တစ္ခုခ်င္းစီအတြက္ ရည္႐ြယ္ၿပီး ပိုၿပီးခက္ခဲတဲ့ အဆင့္တစ္ခုမွာရွိပါတယ္။ ဒါေပမဲ့ ဒါေတြအားလုံးမွာေတာ့ ပန္းတိုင္က တစ္ခုတည္းရွိပါတယ္။ သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး ႏွစ္ခုလုံး ေကာင္းမြန္ဖို႔ပါပဲ။

Hatha Yoga

လူအမ်ားစုကေတာ့ ေယာဂကို ဟႆေယာဂနဲ႔ စၾကတာမ်ားပါတယ္။ ဒီေယာဂဟာ ေယာဂအေျခခံႏွစ္ခုျဖစ္တဲ့ အသက္ရႉျခင္းနဲ႔ ခႏၶာကိုယ္ကို ဆြဲဆန္႔ေပးတဲ့ ကိုယ္ေနဟန္ထားတို႔နဲ႔ တြဲဆက္ထားတာပါ။ ဒီ Asana ေတြကိုေတာ့ မတ္တပ္ရပ္ရင္းျဖစ္ေစ၊ လဲေလ်ာင္းရင္းျဖစ္ေစ၊ သင့္႐ုံးခန္းက စားပြဲမွာ ထိုင္ေနရင္းျဖစ္ေစ ဒါမွမဟုတ္ ကင္းၿမီးေကာက္ေထာင္ၿပီးပဲျဖစ္ေစ ေလ့က်င့္ႏိုင္ပါတယ္။ အသက္ရႉျခင္းကို ထိန္းခ်ဳပ္တာက ႂကြက္သားေတြကို အနားရေစၿပီး ကိုယ္ေနဟန္ထားကို မွန္ကန္ေစကာ အာ႐ုံစူးစိုက္မႈရရွိေစႏိုင္ပါတယ္။

Ashtanga Yoga

ဒီေယာဂမွာေတာ့ asana အစဥ္အတိုင္းကို မရပ္မနားလုပ္ရမွာပါ။ ဒီေယာဂအမ်ိဳးအစားဟာ အသက္ရႉနည္းစနစ္ကိုလည္း အာ႐ုံစိုက္ရမယ့္အျပင္ ဒါက အာ႐ုံစူးစိုက္မႈကို ပိုေကာင္းေစၿပီး အသက္ရႉလိုက္တဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးကို စြမ္းအင္ေတြ စီးဆင္းေစတဲ့ေနရာမွာ ထိန္းခ်ဳပ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

Bikram Yoga

ဒီေယာဂကိုေတာ့ Hot yoga လို႔လည္းေခၚပါတယ္။ ဒီေယာဂအမ်ိဳးအစားကိုေတာ့ ၄၀ ဒီဂရီ ဆဲလ္စီးယပ္စ္ထက္ပိုတဲ့ အရမ္းပူတဲ့အခန္းထဲမွာ ေလ့က်င့္ရမွာပါ။ တကယ္လို႔ ဒီေယာဂကို ေလ့က်င့္မယ္ဆိုရင္ေတာ့ သင့္မွာ ေသြးတိုးတာတို႔၊ ဆီးခ်ိဳတို႔လို က်န္းမာေရးျပႆနာေတြ မရွိဖို႔ လိုအပ္ပါတယ္။ မေလ့က်င့္ခင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ပါ။

Iyengar Yoga

ဒီေယာဂကေတာ့ ေႏွးေကြးၿပီးအေသးစိတ္က်ပါတယ္။ ေယာဂကို စျပပီးေလ့က်င့္မယ့္သူေတြနဲ႔ အထူးသင့္ေလ်ာ္ပါတယ္။ ခါးပတ္ေတြ၊ ေအာက္ခံတုံးေတြနဲ႔ ေခါင္းအုံးလိုအရာမ်ိဳးေတြကို သုံးၿပီးေလ့က်င့္ရင္ေတာ့ သင့္ရဲ႕ကိုယ္ေနဟန္ထားေတြကို တိတိက်က် မွန္ကန္ေစမွာပါ။ ဒါနဲ႔ အလားသဏၭာန္တူတာေတြကေတာ့ Anusara yoga နဲ႔ viniyoga တို႔ပါပဲ။

Kundalini Yoga

ဒီေယာဂကေတာ့ စိတ္ဝိဉာဥ္ပိုင္းဆိုင္ရာ ေယာဂအမ်ိဳးအစားပါ။ သူကေတာ့ တရားထိုင္ျခင္း၊ အသက္ရႉျခင္းနဲ႔ မႏၲန္႐ြတ္ျခင္းတို႔ကို ပိုၿပီးအဓိကထားပါတယ္။ သူ႔ရဲ႕အဓိကသီအိုရီကေတာ့ အသက္စြမ္းအင္ျဖစ္ၿပီး ေက်ာ႐ိုးမရဲ႕ ေအာက္ေျခမွာ အေခြလိုက္တည္ရွိေနတဲ့ အခဲလို႔ဆိုပါတယ္။ ဒီေယာဂကိုေလ့က်င့္တဲ့ ေယာဂီေတါဟာ သူတို႔ရႉလိုက္တဲ့ စြမ္းအင္ကိုသုံးၿပီး အသက္စြမ္းအင္ကို အင္အားျဖည့္တင္းပါတယ္။

Power Yoga

ဒီေယာဂကေတာ့ အျပင္းထန္ဆုံးေယာဂလို႔ ဆိုႏိုင္ပါတယ္။ ေယာဂနဲ႔ ေအ႐ိုးဗစ္တြဲကစားရတာပါ။ ေလ့က်င့္သူေတြဟာ အေနအထား စီးရီးစ္လိုက္ကို ကစားရမွာျဖစ္ၿပီး ဒါေတြကိုလည္း သူတို႔ရဲ႕ အသက္ရႉတဲ့အခါ ရႉသြင္းေလနဲ႔ ရႉထုတ္တဲ့ေလေတြနဲ႔ တြဲၿပီးကကစားရမွာပါ။ Power yoga ဟာ ေယာဂအမ်ိဳးအစားေတြထဲက အားကစားနဲ႔အတူဆုံး ေယာဂပါပဲ။ နည္းျပေတြနဲ႔ သင္လုပ္တဲ့ အေနအထားေပၚမူတည္ၿပီး သင့္ခႏၶာကိုယ္ႀကံ့ခိုင္မႈေတြ၊ ေပ်ာ့ေပ်ာင္းမႈေတြနဲ႔ ညီၫြတ္မွ်တမႈေတြကို တည္ေဆာက္ေပးႏိုင္ပါတယ္။

ေကာင္းက်ိဳးမ်ား

ေယာဂရဲ႕ ပန္းတိုင္ေတြက ဘာေတြလဲ။

ေယာဂရဲ႕ပန္းတိုင္ကေတာ့ ခႏၶာကိုယ္၊ စိတ္နဲ႔၊ ဝိဉာဥ္တို႔ကို ညီၫြတ္မွ်တေအာင္ ျပန္လည္ထိန္းသိမ္းဖို႔ပါပဲ။ ေယာဂေလ့က်င့္ျခင္းဟာ ခႏၶာကိုယ္ကို ႀကံ့ခိုင္ေစတယ္၊ စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြတိုးလာေစတဲ့အျပင္ အာ႐ုံစူးစိုက္မႈကိုလည္း ပိုအားေကာင္းေစပါတယ္။ သိပၸံရႈေထာင့္ကၾကည့္မယ္ဆိုလည္း ေယာဂကေပးစြမ္းႏိုင္တဲ့ ေကာင္းက်ိဳးေတြဟာ အမ်ားႀကီးရွိေနပါတယ္။ ေယာဂဟာ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။ ေယာဂအေနအထားေတြဟာ ခႏၶာကိုယ္ကို ႀကံ့ခိုင္သန္စြမ္းေစပါတယ္။

အထူးသျဖင့္ေတာ့ ေအာက္ပိုင္းေတြျဖစ္တဲ့ ေျခခ်င္းဝတ္နဲ႔ ဒူးေတြပါ။ သင့္ရဲ႕ မွ်ေျခကိုလည္း ထိန္းေပးႏိုင္တာေၾကာင့္ ေခ်ာ္လဲက်တာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ေယာဂက်င့္ေနစဥ္မွာ က်န္းမာေရးျပႆနာတစ္ခုခုေၾကာင့္ ျပဳတ္က်၊ လဲက်ခဲ့တယ္ဆိုရင္ ဆရာဝန္ျပလိုက္တာ အေကာင္းဆုံးပါပဲ။ ေယာဂမွာေလ့က်င့္ရတဲ့ အေနအထားေတြဟာ နာတာရွည္က်န္းမာေရးျပႆနာေတြရဲ႕ အက်ိဳးဆက္ေတြျဖစ္တဲ့နာက်င္ျခင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အဆစ္ျပႆနာေတြကိုေရာေပါ့။

ေယာဂဟာ တရားထိုင္ျခင္းနဲ႔လည္း တြဲဖက္လုပ္ေဆာင္ရပါတယ္။ တရားထိုင္ျခင္းဆိုတာကလည္း ေရာဂါမတူၾကတဲ့ လူနာအမ်ိဳးမ်ိဳးအတြက္ အက်ိဳးရွိေစတဲ့ အရာတစ္ခုပါ။ ေယာဂဟာ သူတို႔ရဲ႕ ဖိအားေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး စိတ္ကို တည္ၿငိမ္ေစတယ္လို႔ လူေတြက လက္ခံထားၾကပါတယ္။ တကယ္လို႔မ်ား သင့္မွာ နာတာရွည္ျပႆနာရွိခဲ့မယ္ဆိုရင္ေတာ့ ေယာဂနဲ႔ သင္လိုအပ္တဲ့ေဆးဝါးကုသမႈေတြကို တြဲလုပ္တာက သင့္အတြက္ ပိုၿပီးေကာင္းမြန္ေစပါလိမ့္မယ္။

ေယာဂက ဘာေတြေပးစြမ္းႏိုင္မွာလဲ။

ေယာဂရဲ႕ေကာင္းက်ိဳးေတြနဲ႔ ခႏၶာကိုယ္ေပၚ ဘယ္လိုသက္ေရာက္ေစတယ္ဆိုတာေတြကို ေလ့လာစရာေတြ အမ်ားႀကီးက်န္ေနေပမယ့္ ေယာဂဟာ ခႏၶာကိုယ္ႀကံ့ခိုင္သန္စြမ္းဖို႔၊ ေပ်ာ့ေပ်ာင္းဖို႔နဲ႔ ညီၫြတ္မွ်တဖို႔ဆိုတာေတြအတြက္ေတာ့ လုံၿခဳံစိတ္ခ်ရၿပီး ထိေရာက္မႈရွိေစတဲ့ နည္းလမ္းတစ္ခုပါ။ ေယာဂဟာ အေၾကာေဝဒနာ ခံစားေနရသူေတြအတြက္ နာက်င္မႈေတြကို သက္သာေစတယ္လို႔ နာမည္ႀကီးပါတယ္။ သူ႔ရဲ႕ သိမ္ေမြ႕တဲ့ ကိုယ္ေနဟန္ထားေတြက ေပ်ာ့ေပ်ာင္းမႈနဲ႔ အားေကာင္းမႈကို တိုးျမႇင့္ေစပါတယ္။

အခ်ိဳ႕ေတြကေတာ့ ဒီလိုတည္ၿငိမ္ေစတဲ့ သက္ေရာက္မႈေတြဟာ လူေတြရဲ႕ ေသြးဖိအားေတြကို မွ်တေစၿပီး ေသြးဖိအားျပႆနာရွိတဲ့ လူေတြအတြက္ ေကာင္းမြန္ေစကာ ႏွလုံးေရာဂါရွိသူေတြအတြက္ေတာ့ ေသြးကို ပုံမွန္စီးဆင္းေစၿပီး ေရာင္ရမ္းျခင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ စိတ္က်ေရာဂါနဲ႔ ဖိအားေတြရဲ႕ လကၡဏာေတြကိုလည္း သက္သာေစၿပီး ပင္ပန္းမႈကို ေလွ်ာ့ခ်ေပးကာ ရင္ၾကပ္ေရာဂါသည္ေတြအတြက္ေတာ့ အသက္ကို ဘယ္လိုလြယ္ကူေအာင္ ရႉရမယ္ဆိုတာကို သင္ၾကားေပးႏိုင္ပါတယ္။ ေလ့လာမႈတစ္ခုကလည္း ေယာဂဟာ အိပ္စက္ျခင္းဆိုင္ရာ ျပႆနာေတြကို ေျပလည္ေစတယ္လို႔ ေတြ႕ရွိၿပီး အိပ္ေဆးေတာင္ ေသာက္စရာမလိုေတာ့တာကို ေတြ႕ရွိရပါတယ္။

ဒါေပမဲ့ အခ်ိဳ႕ေသာ ေယာဂလႈပ္ရွားမႈေတြဟာ အခ်ိဳ႕ေသာ လူေတြအတြက္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ ဆရာဝန္သို႔မဟုတ္ Physiotherapist နဲ႔စစ္ေဆးၿပီး ဘယ္လိုလႈပ္ရွားမႈေတြ ေရွာင္ရမယ္ဆိုတာကို ေမးၾကည့္ပါ။ အေၾကာနာျခင္းအေၾကာင္းကို နားလည္တဲ့ ဆရာတစ္ေယာက္ကို ရွာတာက ကိုယ့္အတြက္ ဘယ္လိုလႈပ္ရွားမႈမ်ိဳးလုပ္ဖို႔ ပိုသင့္ေတာ္မယ္ဆိုတာကို သိႏိုင္ဖို႔ ပိုၿပီးလြယ္ကူပါတယ္။ အထူးသျဖင့္ သင္က အဆစ္ေတြကို အစားထိုးထားရတဲ့လူဆိုရင္ေပါ့။

ေယာဂကို ဘယ္လိုစတင္ၾကမလဲ။

ေယာဂကို စတင္ဖို႔ ဘာေတြလိုအပ္သလဲ။

ေယာဂကို အသက္အ႐ြယ္မေ႐ြး လူတိုင္းေလ့က်င့္လို႔ရပါတယ္။ ေယာဂဟာ ကေလးဘဝကေနၿပီး အသက္ႀကီးလာတဲ့အခ်ိန္အထိ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လုပ္ေဆာင္သြားလို႔ရတဲ့ ေလ့က်င့္ခန္းတစ္ခုပါ။ ေယာဂက်င့္တဲ့ လူအမ်ားစုကေတာ့ သူတို႔ေစာေစာစခဲ့မိရင္ အေကာင္းသားလို႔ ဆႏၵရွိတတ္ၾကပါတယ္။

ေယာဂကို စၿပီးေလ့က်င့္ဖို႔ဆိုရင္ေတာ့ သင္ေနထိုင္ရာ အနားတစ္ဝိုက္မွာ ေယာဂစတူဒီယိုရွိမရွိၾကည့္ပါ။ ေလ့က်င့္ဖို႔ လိုအပ္တဲ့ ပစၥည္းေတြကို ျပင္ဆင္ပါ။ ေယာဂေလ့က်င့္ဖို႔ လိုအပ္တဲ့ အဓိကအေျခခံ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

– သင္ေနထိုင္ရာ ေနရာတစ္ဝိုက္မွာရွိတဲ့ ေယာဂပုံစံအမ်ားႀကီးေလ့က်င့္ေပးႏိုင္တဲ့ စတူဒီယိုကို ရွာေဖြပါ။ ဒါဟာ သင့္အတြက္ ဘယ္ေယာဂပုံစံက အသင့္ေလ်ာ္ဆုံးျဖစ္မယ္ဆိုတာကို ရွာေဖြႏိုင္ဖို႔ အခြင့္အေရးပိုမ်ားေစပါတယ္။ စတူဒီယိုမွာေတာ့ အရည္အခ်င္းျပည့္မီတဲ့ ေယာဂနည္းျပေတြရွိဖို႔လိုၿပီး ေယာဂက်င့္တဲ့အခါ သင္လိုအပ္မယ့္ အရာေတြကို ျဖည့္ဆည္းေပးႏိုင္ရပါမယ္။ ဒါမွသာသင့္ရဲ႕ေယာဂေလ့က်င့္မႈကို အာ႐ုံအျပည့္အဝစိုက္ႏိုင္မွာေပါ့။

– သက္ေတာင့္သက္သာရွိၿပီး အသက္ရႉရလြယ္ကူတဲ့ အဝတ္အစားမ်ား။ ေယာဂမွာ ဆန္႔ထုတ္တာေတြ အမ်ားႀကီးလုပ္ရမယ္ဆိုတာ သတိရပါ။ သက္ေတာင့္သက္သာရွိၿပီး အသက္ရႉရလြယ္မယ့္ အဝတ္ေတြကို ေ႐ြးခ်ယ္ဝတ္ဆင္ဖို႔လိုပါတယ္။ အခ်ိဳ႕ေသာ ေလ့က်င့္ခန္းေတြမွာ ေသခ်ာလုပ္ရမယ့္ ပုံစံအေနအထားေတြရွိပါတယ္။ ဥပမာ Iyengar လိုေပါ့။ ဒီလို အေနအထားမ်ိဳးမွာဆိုရင္ေတာ့ သင့္ရဲ႕ကိုယ္ေနဟန္ထားကို ဖုံးကြယ္မထားတဲ့ အဝတ္အစားမ်ိဳးလိုပါမယ္။ ဒါမွ နည္းျပကသင့္အေနအထား မွန္မမွန္၊ မွ်မမွ်ၾကည့္လို႔ရမွာပါ။ သင့္ပုံစံနဲ႔ ကိုက္ညီမယ့္ အဝတ္အစားကိုရွာပါ။ ခါးပတ္ေတြ၊ အက်ႌလက္ေတြနဲ႔ ၿငိၿပီးေလ့က်င့္ရာမွာ အေႏွာင့္အယွက္ျဖစ္မွာေတာ့ သင္လည္း လိုလားမွာမဟုတ္ပါဘူး။

- ေရဘူးေကာင္းေကာင္း။ ဘယ္လိုေလ့က်င့္ခန္းပဲလုပ္လုပ္ အေရးအႀကီးဆုံးက ေရဓာတ္ျပည့္ေနဖို႔ပါပဲ။ ေယာဂလည္း ထိုနည္းႏွင္ႏွင္ပါ။ ေလ့က်င့္ေနစဥ္မွာ ေခြၽးထြက္မ်ားတာေၾကာင့္ ေရဓာတ္ဆုံးရႈံးလာျခင္းဟာ ေလ့က်င့္ေနတဲ့အခ်ိန္မွာ ေခါင္းမူးတာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ေျခေထာက္တစ္ဘက္တည္းနဲ႔ ရပ္ေနၿပီး အသက္ရႉတာကိုပါ ထိန္းခ်ဳပ္ေနရမယ္ဆိုရင္ ပိုၿပီး မူးလြယ္ပါတယ္။ ခႏၶာကိုယ္ကို ေရေသာက္ၿပီး ေရဓာတ္ျပန္ျဖည့္ေပးေနမယ္ဆိုရင္ေတာ့ ဘယ္လိုေယာဂကိုပဲ ေလ့က်င့္သည္ျဖစ္ေစ၊ အာ႐ုံစူးစိုက္မႈကို အျပည့္အဝျပန္ရေစပါတယ္။

- ကိုယ္ပိုင္ဖ်ာ။ ဒါကေတာ့ လိုအပ္ရင္ပါ။ ေယာဂစတူဒီယိုအမ်ားစုက ေလ့က်င့္သူေတြအတြက္ ဖ်ာေတြထုတ္ေပးေလ့ရွိပါတယ္။ သန္႔ရွင္းမႈအတြက္ေတာ့ ကိုယ့္ကိုယ္ပိုင္ဖ်ာရွိေနတာက အေကာင္းဆုံးပါပဲ။ သူမ်ားတကာလည္း အႀကိမ္ႀကိမ္သုံးေနတဲ့ ဖ်ာကို ကိုယ္လည္း ဆက္သုံးရမွာက မႏွစ္ၿမိဳ႕စရာပဲေလ။ ဒါ့အျပင္ အိမ္မွာထပ္ၿပီး ေလ့က်င့္ခ်င္ေသးတယ္ဆိုရင္လည္း ကိုယ္ပိုင္ဖ်ာ ရွိထားသင့္တယ္ မဟုတ္လား။

- ဖ်ာသုတ္ဝတ္။ တကယ္လို႔မ်ား hot yoga သို႔မဟုတ္ ဆက္တိုက္လုပ္ရတဲ့ ေယာဂေတြကို ေလ့က်င့္မယ္ဆိုရင္ တဘက္တစ္ထည္ေတာ့ မျဖစ္မေနလိုပါၿပီ။ ေခြၽးေတြနဲ႔ ေခ်ာေနတဲ့ ဖ်ာဟာ အႏၲရာယ္ႀကီးပါတယ္။ ဒါ့အျပင္ အာ႐ုံစိုက္ဖို႔နဲ႔ ပုံစံမွန္ဖို႔ ဂ႐ုစိုက္ေနတဲ့အခ်ိန္ ႀကိဳးစားေနတဲ့အခ်ိန္မွာ ေခြၽးေတြ မ်က္စိထဲဝင္လာမွာေတာ့ မလိုလားၾကဘူးမဟုတ္လား။ ဒါဟာ ေလ့က်င့္ဖို႔ထဲ တဘက္ဘယ္လိုပါလာရတာလဲဆိုတဲ့ အေၾကာင္းရင္းပါပဲ။

ေယာဂအဆင့္ေတြက ဘာေတြလဲ။

ေယဘုယ်ေျပာရမယ္ဆိုရင္ေတာ့ ေယာဂမွာ Beginner, Intermediate နဲ႔ Experienced ဆိုၿပီး အဆင့္သုံးဆင့္ရွိပါတယ္။ ဒါေတြကို Level 1 ကေန 3 ထိ သတ္မွတ္ထားရေအာင္ပါ။ ဒါေပမဲ့ ဒီတစ္ဆင့္ၿပီးလို႔ ေနာက္တစ္ဆင့္တက္ရေအာင္ဆိုတဲ့ စနစ္မ်ိဳးေတာ့ မရွိပါဘူး။ အခ်ိဳ႕လူေတြဟာ Level 1 နဲ႔တင္ တစ္ဘဝလုံး ကုန္ဆုံးသြားတတ္ပါတယ္။ ေယာဂေလ့က်င့္ေနတဲ့အခ်ိန္မွာ သင္ဘယ္ေလာက္အေၾကာေပ်ာ့တယ္၊ ဘယ္ေလာက္ေကြးၫႊတ္ႏိုင္တယ္ဆိုတာနဲ႔လည္း မဆိုင္ပါဘူး။ ဒါဟာ သင္ဘယ္ေလာက္နားလည္လိုက္တယ္၊ ေယာဂနဲ႔ပတ္သက္လို႔ ဘယ္လို ဗဟုသုတရွိတယ္ဆိုတာနဲ႔ ေယာဂကို ဘယ္ေလာက္ေလ့က်င့္ဖူးတယ္ဆိုတဲ့အေပၚ မူတည္ပါတယ္။

နည္းျပအမ်ားစုကေတာ့ Level 1 ေယာဂကို ႐ိုးရွင္းတဲ့ ေယာဂစတိုင္လ္ေတြနဲ႔ အေျခခံ အေနအထားေတြအတိုင္း ေလ့က်င့္ေပးၾကပါတယ္။ gymnastics သို႔မဟုတ္ ကခဲ့ဖူးတဲ့ လူအခ်ိဳ႕ေတာင္မွ Level 1 အတန္းေတြကေနသာ စၿပီး ေလ့က်င့္သင့္ပါတယ္။

Level 1

ဒီအဆင့္ကေတာ့ ေယာဂကို ဘယ္တုန္းကမွ မေလ့က်င့္ခဲ့ဖူးသူေတြနဲ႔ ဒဏ္ရာရွိသူေတြအတြက္ပါ။ ဒဏ္ရာရသူေတြအတြက္ေတာ့ ဆရာဝန္နဲ႔ နည္းျပရဲ႕ ေထာက္ခံခ်က္လိုပါတယ္။ ေျပာခဲ့သလိုပါပဲ ေယာဂေလ့က်င့္သူအမ်ားစုဟာ အားလုံးကို ကြၽမ္းက်င္သြားတယ္ဆိုရင္ေတာ့ ပိုၿပီးေကာင္းမြန္ဖို႔ Level 1 အဆင့္ကို ျပန္လာတတ္ၾကပါတယ္။ ဒီအတန္းေတြက ေယာဂရဲ႕အေျခခံ Asana ေတြ အမ်ားႀကီးရယ္၊ အသုံးမ်ားတဲ့ ေယာဂအေနအထားေတြကို ဘယ္လို အာ႐ုံစိုက္ရၿပီး ဘယ္လို အႏၲရာယ္ကင္းေအာင္ ကစားရမယ္ဆိုတာေတြကို ျဖည္းျဖည္းခ်င္း ျပသေပးႏိုင္ပါလိမ့္မယ္။

Level 2

ဒီအတန္းေတြမွာေတာ့ ေယာဂအေၾကာင္း သိထားဖို႔ေတာ့ လိုလာပါၿပီ။ ဒါ့အျပင္ အခ်ိဳ႕ေသာ အေနအထားေတြမွာ ဘယ္အရာေတြက မရွိမျဖစ္လိုတာမ်ိဳး ဥပမာ လက္ေတြကို ဘယ္လို မွ်တေအာင္ထားမယ္ဆိုတာမ်ိဳးေတြ သိထားဖို႔လိုပါတယ္။ ဒီအတန္းကေတာ့ Level 1 ထက္ကို ပိုၿပီး ျမန္ျမန္ေလ့က်င့္မွာပါ။ ဒါေပမဲ့ ႏွစ္ခုၾကားက အေနအထားေတြေတာ့ ရွိေနဦးမွာပါပဲ။ ပိုၿပီးအဆင့္ျမင့္တဲ့ အေနထားေတြနဲ႔ နည္းလမ္းေတြကို သင္ၾကားေပးမွာပါ။ ဥပမာ အသက္ရႉျခင္းကို ဘယ္လိုထိန္းခ်ဳပ္မယ္ ဆိုတာမ်ိဳးေပါ့။

Level 3

ေနာက္ဆုံးမွာေတာ့ သင္ထိပ္ဆုံးကို ေရာက္လာပါၿပီ။ ေယာဂေလ့က်င့္မႈေတြရဲ႕ အျမင့္မားဆုံးေတာင္ထိပ္ပါပဲ။ ကံဆိုးတာကေတာ့ ဒါဟာ ေယာဂေလ့က်င့္မႈေတြရဲ႕ ေနာက္ဆုံးအဆင့္ေတာ့ မဟုတ္ပါဘူး။ ထပ္ၿပီးေလ့လာဖို႔ေတြ ရွိေနပါေသးတယ္။ ဒီအဆင့္မွာေတာ့ သင့္ခႏၶာကိုယ္နဲ႔ စိတ္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာကို အာ႐ုံစိုက္ရမွာပါ။ ဒီအတန္းမွာ ကင္းၿမီးေကာက္ေထာင္တာေတြနဲ႔ အေနအထားတစ္ခုနဲ႔တစ္ခုၾကား ေသခ်ာအဆုံးထိ ေကြးၫြတ္ရတာေတြ ဘာေတြ ပါလာႏိုင္ပါတယ္။

အႏၲရာယ္ကင္းဖို႔ အခ်က္မ်ား

ေယာဂမွာ စိုးရိမ္စရာအခ်က္ေတြ ရွိေနေသးလား

အျခားေလ့က်င့္ခန္းေတြလိုပါပဲ။ ေယာဂလည္း အႏၲရာယ္မ်ားႏိုင္ပါတယ္။ အဆစ္ျပႆနာေတြ၊ အေၾကာျပႆနာရွိတဲ့သူေတြဆိုရင္ေတာ့ ဥပမာအားျဖင့္ ေရွ႕ကို အဆုံးထိေကြးၫြတ္ရတာမ်ိဳးေတြ ေရွာင္သင့္ပါတယ္။ လည္ပင္းျပႆနာရွိေနရင္ေတာ့ ကင္းၿမီးေကာင္မေထာင္သင့္ပါဘူး။ ေယာဂမေလ့က်င့္မီ ဆရာဝန္ကိုေရာ နည္းျပကိုပါ သင့္ရဲ႕က်န္းမာေရးျပႆနာအေၾကာင္း ေျပာျပၿပီးတိုင္ပင္ပါ။ သင္လုပ္ႏိုင္သမွ် အစြမ္းကုန္ကို နည္းျပကို ေျပာျပထားပါ။

သင့္အတြက္မွန္ကန္တဲ့ ေယာဂပုံစံကို ဆုံးျဖတ္ႏိုင္ဖို႔ဆိုရင္ သင့္ကိုယ္သင္ ဒီေမးခြန္းေတြကို ေမးဖို႔ လိုအပ္ပါတယ္။

- ေယာဂကို ႀကံ့ခိုင္ဖို႔နဲ႔ ခႏၶာကိုယ္ေကာက္ေၾကာင္းအတြက္ ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ ျပင္းထန္တဲ့ ေယာဂစတိုင္လ္ေတြျဖစ္တဲ့ Power Yoga တို႔၊ Ashtanga yoga သို႔မဟုတ္ Bikram yoga တို႔လို ေယာဂေလ့က်င့္ခန္းေတြကို ေ႐ြးခ်ယ္ပါ။

- ခႏၶာကိုယ္နဲ႔ စိတ္ရဲ႕ဆက္သြယ္ခ်က္ကို သိခ်င္တာမ်ိဳးဆိုရင္ေတာ့ သက္ေတာင့္သက္သာနဲ႔ အာ႐ုံစိုက္ရတဲ့ ေယာဂမ်ိဳးကိုေ႐ြးခ်ယ္ပါ။ ဆိုလိုတာက တရားမ်ားမ်ားထိုင္ရာတာမ်ိဳး၊ မႏၲန္က်ဴးရတာမ်ိဳးနဲ႔ ေယာဂရဲ႕စိတ္ပိုင္းဆိုင္ရာအခ်က္ေတြကို ေလ့လာရတဲ့ ေယာဂမ်ိဳးကို ေ႐ြးခ်ယ္ပါ။

- ဒဏ္ရာေၾကာင့္၊ က်န္းမာေရးေၾကာင့္ သို႔မဟုတ္ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ ျဖစ္မယ္ဆိုရင္ေတာ့ ခႏၶာကိုယ္အလိုင္းမန္႔ညီဖို႔ကို အာ႐ုံစိုက္တဲ့ ေယာဂေႏွးေႏွးက်င့္တဲ့ အတန္းေတြကို ေ႐ြးခ်ယ္ပါ။

သင့္မွာ ဘယ္လိုရည္႐ြယ္ခ်က္ပဲ ရွိေနပါေစ၊ ကိုယ္ေနဟန္ထားေတြကို မွန္ကန္စြာလုပ္ႏိုင္ဖို႔နဲ႔ အလြယ္တကူလုပ္ႏိုင္ဖို႔ ေယာဂစၿပီးေလ့က်င့္သူေတြတက္ရမယ့္ အတန္းေတြကို တက္ဖို႔ လိုကိုလိုပါတယ္။ ေလ့က်င့္ခန္းသစ္မစတင္မီ။ သို႔မဟုတ္ fitness program တစ္ခု မစတင္မီတိုင္းမွာ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ အထူးသျဖင့္ သင့္မွာ က်န္းမာေရးျပႆနာတစ္ခုခုရွိခဲ့ရင္ သို႔မဟုတ္ သင္ကိုယ္တိုင္က သက္ႀကီးပိုင္းျဖစ္ေနခဲ့ရင္ေပါ့။

ေယာဂကို အႏၲရာယ္ကင္းေအာင္ ဘယ္လိုေလ့က်င့္မလဲ။

ကြၽမ္းက်င္သူေတြကေတာ့ ေယာဂဟာ အႏၲရာယ္ကင္းတယ္လို႔ ဆိုပါတယ္။ ေယာဂေၾကာင့္ ဒဏ္ရာရတယ္ဆိုတာ ျဖစ္ခဲေပမယ့္ အျခားေသာ ေလ့က်င့္ခန္းေတြလိုပဲ မေတာ္တဆဆိုတာ ျဖစ္တတ္ပါတယ္။ ေယာဂေၾကာင့္ျဖစ္တဲ့ အခ်ိဳ႕ေသာ ဒဏ္ရာေတြဟာ အဆန္႔လြန္သြားတာမ်ိဳးေတြ တစ္ေနရာတည္းကို ခဏခဏအသုံးျပဳေနတာေတြေၾကာင့္ ျဖစ္ရၿပီး ေခ်ာေနတဲ့အရာေတြကို နင္းမိၿပီး ေခ်ာ္လဲတာမ်ိဳးေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ညင္ညင္သာသာအေၾကာဆန္႔ၿပီး ေလ့က်င့္ခန္းေတြ မစမီမွာ လိုအပ္တဲ့ပစၥည္းေတြကို စနစ္တက်ျပင္ဆင္တာက ဒဏ္ရာရျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

အရည္အေသြးျပည့္ဝတဲ့ နည္းျပဆရာတစ္ေယာက္ ရွိေနမယ္ဆိုရင္ေတာ့ ေယာဂဟာ လုံးဝစိတ္ခ်ရပါတယ္။ မွန္ကန္တဲ့ဆရာရွိဖို႔နဲ႔ သင့္အေျခအေနနဲ႔ လိုက္ဖက္မွန္ကန္တဲ့ အတန္းကိုေ႐ြးခ်ယ္ျခင္းဟာ ဒဏ္ရာရႏိုင္ေခ်ေတြနဲ႔ ေဝးကြာေစပါတယ္။ တကယ္လို႔သင္က ကုသမႈတစ္ခုခု ခံယူေနရတယ္ဆိုရင္ သင္သုံးစြဲမယ့္ နည္းလမ္းေတြ၊ လုပ္ခ်င္တာေတြကို ေျပာျပပါ။ ဆရာဝန္က ျဖစ္လာႏိုင္မယ့္ အႏၲရာယ္ေတြနဲ႔ သင့္အတြက္ လိုအပ္မွာေတြကို ေျပာျပေပးႏိုင္ပါလိမ့္မယ္။

ေရးသားသူ Wathun Myat Chal
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
Unicode
ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ

ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀ဝ၀ ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓာကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့ မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။

ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပာယ်ကတော့ “ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်”၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “တွဲဆက်ပေးရန်” လို့ အဓိပ္ပာယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ အားလုံးပေါင်းစည်းထားပါတယ်။

ဒီပေါင်းစည်းမှုကို ရရှိဖို့ဆိုရင် စည်းကမ်းတကျဖြစ်ဖို့နဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ကိုပေါင်းစည်းနိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ လေ့ကျင့်သူတွေဟာ ယောဂက သင်ကမ္ဘာကြီးကို ဘယ်လိုမြင်တယ်ဆိုတာကို ပြောင်းလဲပေးနိုင်တယ်၊ စိတ်ကိုအေးချမ်းစေတယ်၊ ဖိအားတွေကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပေါင်းစပ်မှုတွေ အားလုံးဟာ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။

ယောဂအမျိုးအစားတွေက ဘာတွေလဲ။

ယောဂအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဥပမာ Ashtanga, Iyengar နဲ့ Sivananda စသဖြင့်ပေါ့။ အချို့သော စတိုင်လ်တွေကတော့ ပိုပြီးပြင်းထန်တာမျိုးကို တွေ့ရပါတယ်။ ဒါတွေအတွက်ဆိုရင်တော့ သင်ဟာ ပိုပြီးပျော့ပျောင်းရမယ်၊ ဒါမှမဟုတ် အသက်ရှူခြင်းကို ထိန်းချုပ်တာ ပိုကောင်းရပါတယ်။ တစ်ခုချင်းစီဟာ အကျိုးသက်ရောက်မှု တစ်ခုချင်းစီအတွက် ရည်ရွယ်ပြီး ပိုပြီးခက်ခဲတဲ့ အဆင့်တစ်ခုမှာရှိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးမှာတော့ ပန်းတိုင်က တစ်ခုတည်းရှိပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံး ကောင်းမွန်ဖို့ပါပဲ။

Hatha Yoga

လူအများစုကတော့ ယောဂကို ဟဿယောဂနဲ့ စကြတာများပါတယ်။ ဒီယောဂဟာ ယောဂအခြေခံနှစ်ခုဖြစ်တဲ့ အသက်ရှူခြင်းနဲ့ ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးတဲ့ ကိုယ်နေဟန်ထားတို့နဲ့ တွဲဆက်ထားတာပါ။ ဒီ Asana တွေကိုတော့ မတ်တပ်ရပ်ရင်းဖြစ်စေ၊ လဲလျောင်းရင်းဖြစ်စေ၊ သင့်ရုံးခန်းက စားပွဲမှာ ထိုင်နေရင်းဖြစ်စေ ဒါမှမဟုတ် ကင်းမြီးကောက်ထောင်ပြီးပဲဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။ အသက်ရှူခြင်းကို ထိန်းချုပ်တာက ကြွက်သားတွေကို အနားရစေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေကာ အာရုံစူးစိုက်မှုရရှိစေနိုင်ပါတယ်။

Ashtanga Yoga

ဒီယောဂမှာတော့ asana အစဉ်အတိုင်းကို မရပ်မနားလုပ်ရမှာပါ။ ဒီယောဂအမျိုးအစားဟာ အသက်ရှူနည်းစနစ်ကိုလည်း အာရုံစိုက်ရမယ့်အပြင် ဒါက အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး အသက်ရှူလိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်တွေ စီးဆင်းစေတဲ့နေရာမှာ ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Bikram Yoga

ဒီယောဂကိုတော့ Hot yoga လို့လည်းခေါ်ပါတယ်။ ဒီယောဂအမျိုးအစားကိုတော့ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက်ပိုတဲ့ အရမ်းပူတဲ့အခန်းထဲမှာ လေ့ကျင့်ရမှာပါ။ တကယ်လို့ ဒီယောဂကို လေ့ကျင့်မယ်ဆိုရင်တော့ သင့်မှာ သွေးတိုးတာတို့၊ ဆီးချိုတို့လို ကျန်းမာရေးပြဿနာတွေ မရှိဖို့ လိုအပ်ပါတယ်။ မလေ့ကျင့်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Iyengar Yoga

ဒီယောဂကတော့ နှေးကွေးပြီးအသေးစိတ်ကျပါတယ်။ ယောဂကို စပြပီးလေ့ကျင့်မယ့်သူတွေနဲ့ အထူးသင့်လျော်ပါတယ်။ ခါးပတ်တွေ၊ အောက်ခံတုံးတွေနဲ့ ခေါင်းအုံးလိုအရာမျိုးတွေကို သုံးပြီးလေ့ကျင့်ရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားတွေကို တိတိကျကျ မှန်ကန်စေမှာပါ။ ဒါနဲ့ အလားသဏ္ဌာန်တူတာတွေကတော့ Anusara yoga နဲ့ viniyoga တို့ပါပဲ။

Kundalini Yoga

ဒီယောဂကတော့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ယောဂအမျိုးအစားပါ။ သူကတော့ တရားထိုင်ခြင်း၊ အသက်ရှူခြင်းနဲ့ မန္တန်ရွတ်ခြင်းတို့ကို ပိုပြီးအဓိကထားပါတယ်။ သူ့ရဲ့အဓိကသီအိုရီကတော့ အသက်စွမ်းအင်ဖြစ်ပြီး ကျောရိုးမရဲ့ အောက်ခြေမှာ အခွေလိုက်တည်ရှိနေတဲ့ အခဲလို့ဆိုပါတယ်။ ဒီယောဂကိုလေ့ကျင့်တဲ့ ယောဂီတေါဟာ သူတို့ရှူလိုက်တဲ့ စွမ်းအင်ကိုသုံးပြီး အသက်စွမ်းအင်ကို အင်အားဖြည့်တင်းပါတယ်။

Power Yoga

ဒီယောဂကတော့ အပြင်းထန်ဆုံးယောဂလို့ ဆိုနိုင်ပါတယ်။ ယောဂနဲ့ အေရိုးဗစ်တွဲကစားရတာပါ။ လေ့ကျင့်သူတွေဟာ အနေအထား စီးရီးစ်လိုက်ကို ကစားရမှာဖြစ်ပြီး ဒါတွေကိုလည်း သူတို့ရဲ့ အသက်ရှူတဲ့အခါ ရှူသွင်းလေနဲ့ ရှူထုတ်တဲ့လေတွေနဲ့ တွဲပြီးကကစားရမှာပါ။ Power yoga ဟာ ယောဂအမျိုးအစားတွေထဲက အားကစားနဲ့အတူဆုံး ယောဂပါပဲ။ နည်းပြတွေနဲ့ သင်လုပ်တဲ့ အနေအထားပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ၊ ပျော့ပျောင်းမှုတွေနဲ့ ညီညွတ်မျှတမှုတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

ကောင်းကျိုးများ

ယောဂရဲ့ ပန်းတိုင်တွေက ဘာတွေလဲ။

ယောဂရဲ့ပန်းတိုင်ကတော့ ခန္ဓာကိုယ်၊ စိတ်နဲ့၊ ဝိဉာဉ်တို့ကို ညီညွတ်မျှတအောင် ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတယ်၊ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတိုးလာစေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုလည်း ယောဂကပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေဟာ အများကြီးရှိနေပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂအနေအထားတွေဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

အထူးသဖြင့်တော့ အောက်ပိုင်းတွေဖြစ်တဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေပါ။ သင့်ရဲ့ မျှခြေကိုလည်း ထိန်းပေးနိုင်တာကြောင့် ချော်လဲကျတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်နေစဉ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြုတ်ကျ၊ လဲကျခဲ့တယ်ဆိုရင် ဆရာဝန်ပြလိုက်တာ အကောင်းဆုံးပါပဲ။ ယောဂမှာလေ့ကျင့်ရတဲ့ အနေအထားတွေဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ပြဿနာတွေကိုရောပေါ့။

ယောဂဟာ တရားထိုင်ခြင်းနဲ့လည်း တွဲဖက်လုပ်ဆောင်ရပါတယ်။ တရားထိုင်ခြင်းဆိုတာကလည်း ရောဂါမတူကြတဲ့ လူနာအမျိုးမျိုးအတွက် အကျိုးရှိစေတဲ့ အရာတစ်ခုပါ။ ယောဂဟာ သူတို့ရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ပြီး စိတ်ကို တည်ငြိမ်စေတယ်လို့ လူတွေက လက်ခံထားကြပါတယ်။ တကယ်လို့များ သင့်မှာ နာတာရှည်ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ယောဂနဲ့ သင်လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို တွဲလုပ်တာက သင့်အတွက် ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။

ယောဂက ဘာတွေပေးစွမ်းနိုင်မှာလဲ။

ယောဂရဲ့ကောင်းကျိုးတွေနဲ့ ခန္ဓာကိုယ်ပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာတွေကို လေ့လာစရာတွေ အများကြီးကျန်နေပေမယ့် ယောဂဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့၊ ပျော့ပျောင်းဖို့နဲ့ ညီညွတ်မျှတဖို့ဆိုတာတွေအတွက်တော့ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ယောဂဟာ အကြောဝေဒနာ ခံစားနေရသူတွေအတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။ သူ့ရဲ့ သိမ်မွေ့တဲ့ ကိုယ်နေဟန်ထားတွေက ပျော့ပျောင်းမှုနဲ့ အားကောင်းမှုကို တိုးမြှင့်စေပါတယ်။

အချို့တွေကတော့ ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့ လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတွက်တော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါနဲ့ ဖိအားတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေပြီး ပင်ပန်းမှုကို လျှော့ချပေးကာ ရင်ကြပ်ရောဂါသည်တွေအတွက်တော့ အသက်ကို ဘယ်လိုလွယ်ကူအောင် ရှူရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့ တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။

ဒါပေမဲ့ အချို့သော ယောဂလှုပ်ရှားမှုတွေဟာ အချို့သော လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဆရာဝန်သို့မဟုတ် Physiotherapist နဲ့စစ်ဆေးပြီး ဘယ်လိုလှုပ်ရှားမှုတွေ ရှောင်ရမယ်ဆိုတာကို မေးကြည့်ပါ။ အကြောနာခြင်းအကြောင်းကို နားလည်တဲ့ ဆရာတစ်ယောက်ကို ရှာတာက ကိုယ့်အတွက် ဘယ်လိုလှုပ်ရှားမှုမျိုးလုပ်ဖို့ ပိုသင့်တော်မယ်ဆိုတာကို သိနိုင်ဖို့ ပိုပြီးလွယ်ကူပါတယ်။ အထူးသဖြင့် သင်က အဆစ်တွေကို အစားထိုးထားရတဲ့လူဆိုရင်ပေါ့။

ယောဂကို ဘယ်လိုစတင်ကြမလဲ။

ယောဂကို စတင်ဖို့ ဘာတွေလိုအပ်သလဲ။

ယောဂကို အသက်အရွယ်မရွေး လူတိုင်းလေ့ကျင့်လို့ရပါတယ်။ ယောဂဟာ ကလေးဘဝကနေပြီး အသက်ကြီးလာတဲ့အချိန်အထိ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်သွားလို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ယောဂကျင့်တဲ့ လူအများစုကတော့ သူတို့စောစောစခဲ့မိရင် အကောင်းသားလို့ ဆန္ဒရှိတတ်ကြပါတယ်။

ယောဂကို စပြီးလေ့ကျင့်ဖို့ဆိုရင်တော့ သင်နေထိုင်ရာ အနားတစ်ဝိုက်မှာ ယောဂစတူဒီယိုရှိမရှိကြည့်ပါ။ လေ့ကျင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပါ။ ယောဂလေ့ကျင့်ဖို့ လိုအပ်တဲ့ အဓိကအခြေခံ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

– သင်နေထိုင်ရာ နေရာတစ်ဝိုက်မှာရှိတဲ့ ယောဂပုံစံအများကြီးလေ့ကျင့်ပေးနိုင်တဲ့ စတူဒီယိုကို ရှာဖွေပါ။ ဒါဟာ သင့်အတွက် ဘယ်ယောဂပုံစံက အသင့်လျော်ဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေနိုင်ဖို့ အခွင့်အရေးပိုများစေပါတယ်။ စတူဒီယိုမှာတော့ အရည်အချင်းပြည့်မီတဲ့ ယောဂနည်းပြတွေရှိဖို့လိုပြီး ယောဂကျင့်တဲ့အခါ သင်လိုအပ်မယ့် အရာတွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဒါမှသာသင့်ရဲ့ယောဂလေ့ကျင့်မှုကို အာရုံအပြည့်အဝစိုက်နိုင်မှာပေါ့။

– သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်ကူတဲ့ အဝတ်အစားများ။ ယောဂမှာ ဆန့်ထုတ်တာတွေ အများကြီးလုပ်ရမယ်ဆိုတာ သတိရပါ။ သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်မယ့် အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ အချို့သော လေ့ကျင့်ခန်းတွေမှာ သေချာလုပ်ရမယ့် ပုံစံအနေအထားတွေရှိပါတယ်။ ဥပမာ Iyengar လိုပေါ့။ ဒီလို အနေအထားမျိုးမှာဆိုရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားကို ဖုံးကွယ်မထားတဲ့ အဝတ်အစားမျိုးလိုပါမယ်။ ဒါမှ နည်းပြကသင့်အနေအထား မှန်မမှန်၊ မျှမမျှကြည့်လို့ရမှာပါ။ သင့်ပုံစံနဲ့ ကိုက်ညီမယ့် အဝတ်အစားကိုရှာပါ။ ခါးပတ်တွေ၊ အင်္ကျီလက်တွေနဲ့ ငြိပြီးလေ့ကျင့်ရာမှာ အနှောင့်အယှက်ဖြစ်မှာတော့ သင်လည်း လိုလားမှာမဟုတ်ပါဘူး။

- ရေဘူးကောင်းကောင်း။ ဘယ်လိုလေ့ကျင့်ခန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ရေဓာတ်ပြည့်နေဖို့ပါပဲ။ ယောဂလည်း ထိုနည်းနှင်နှင်ပါ။ လေ့ကျင့်နေစဉ်မှာ ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးလာခြင်းဟာ လေ့ကျင့်နေတဲ့အချိန်မှာ ခေါင်းမူးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေထောက်တစ်ဘက်တည်းနဲ့ ရပ်နေပြီး အသက်ရှူတာကိုပါ ထိန်းချုပ်နေရမယ်ဆိုရင် ပိုပြီး မူးလွယ်ပါတယ်။ ခန္ဓာကိုယ်ကို ရေသောက်ပြီး ရေဓာတ်ပြန်ဖြည့်ပေးနေမယ်ဆိုရင်တော့ ဘယ်လိုယောဂကိုပဲ လေ့ကျင့်သည်ဖြစ်စေ၊ အာရုံစူးစိုက်မှုကို အပြည့်အဝပြန်ရစေပါတယ်။

- ကိုယ်ပိုင်ဖျာ။ ဒါကတော့ လိုအပ်ရင်ပါ။ ယောဂစတူဒီယိုအများစုက လေ့ကျင့်သူတွေအတွက် ဖျာတွေထုတ်ပေးလေ့ရှိပါတယ်။ သန့်ရှင်းမှုအတွက်တော့ ကိုယ့်ကိုယ်ပိုင်ဖျာရှိနေတာက အကောင်းဆုံးပါပဲ။ သူများတကာလည်း အကြိမ်ကြိမ်သုံးနေတဲ့ ဖျာကို ကိုယ်လည်း ဆက်သုံးရမှာက မနှစ်မြို့စရာပဲလေ။ ဒါ့အပြင် အိမ်မှာထပ်ပြီး လေ့ကျင့်ချင်သေးတယ်ဆိုရင်လည်း ကိုယ်ပိုင်ဖျာ ရှိထားသင့်တယ် မဟုတ်လား။

- ဖျာသုတ်ဝတ်။ တကယ်လို့များ hot yoga သို့မဟုတ် ဆက်တိုက်လုပ်ရတဲ့ ယောဂတွေကို လေ့ကျင့်မယ်ဆိုရင် တဘက်တစ်ထည်တော့ မဖြစ်မနေလိုပါပြီ။ ချွေးတွေနဲ့ ချောနေတဲ့ ဖျာဟာ အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် အာရုံစိုက်ဖို့နဲ့ ပုံစံမှန်ဖို့ ဂရုစိုက်နေတဲ့အချိန် ကြိုးစားနေတဲ့အချိန်မှာ ချွေးတွေ မျက်စိထဲဝင်လာမှာတော့ မလိုလားကြဘူးမဟုတ်လား။ ဒါဟာ လေ့ကျင့်ဖို့ထဲ တဘက်ဘယ်လိုပါလာရတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

ယောဂအဆင့်တွေက ဘာတွေလဲ။

ယေဘုယျပြောရမယ်ဆိုရင်တော့ ယောဂမှာ Beginner, Intermediate နဲ့ Experienced ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။ ဒါတွေကို Level 1 ကနေ 3 ထိ သတ်မှတ်ထားရအောင်ပါ။ ဒါပေမဲ့ ဒီတစ်ဆင့်ပြီးလို့ နောက်တစ်ဆင့်တက်ရအောင်ဆိုတဲ့ စနစ်မျိုးတော့ မရှိပါဘူး။ အချို့လူတွေဟာ Level 1 နဲ့တင် တစ်ဘဝလုံး ကုန်ဆုံးသွားတတ်ပါတယ်။ ယောဂလေ့ကျင့်နေတဲ့အချိန်မှာ သင်ဘယ်လောက်အကြောပျော့တယ်၊ ဘယ်လောက်ကွေးညွှတ်နိုင်တယ်ဆိုတာနဲ့လည်း မဆိုင်ပါဘူး။ ဒါဟာ သင်ဘယ်လောက်နားလည်လိုက်တယ်၊ ယောဂနဲ့ပတ်သက်လို့ ဘယ်လို ဗဟုသုတရှိတယ်ဆိုတာနဲ့ ယောဂကို ဘယ်လောက်လေ့ကျင့်ဖူးတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။

နည်းပြအများစုကတော့ Level 1 ယောဂကို ရိုးရှင်းတဲ့ ယောဂစတိုင်လ်တွေနဲ့ အခြေခံ အနေအထားတွေအတိုင်း လေ့ကျင့်ပေးကြပါတယ်။ gymnastics သို့မဟုတ် ကခဲ့ဖူးတဲ့ လူအချို့တောင်မှ Level 1 အတန်းတွေကနေသာ စပြီး လေ့ကျင့်သင့်ပါတယ်။

Level 1

ဒီအဆင့်ကတော့ ယောဂကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးသူတွေနဲ့ ဒဏ်ရာရှိသူတွေအတွက်ပါ။ ဒဏ်ရာရသူတွေအတွက်တော့ ဆရာဝန်နဲ့ နည်းပြရဲ့ ထောက်ခံချက်လိုပါတယ်။ ပြောခဲ့သလိုပါပဲ ယောဂလေ့ကျင့်သူအများစုဟာ အားလုံးကို ကျွမ်းကျင်သွားတယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ဖို့ Level 1 အဆင့်ကို ပြန်လာတတ်ကြပါတယ်။ ဒီအတန်းတွေက ယောဂရဲ့အခြေခံ Asana တွေ အများကြီးရယ်၊ အသုံးများတဲ့ ယောဂအနေအထားတွေကို ဘယ်လို အာရုံစိုက်ရပြီး ဘယ်လို အန္တရာယ်ကင်းအောင် ကစားရမယ်ဆိုတာတွေကို ဖြည်းဖြည်းချင်း ပြသပေးနိုင်ပါလိမ့်မယ်။

Level 2

ဒီအတန်းတွေမှာတော့ ယောဂအကြောင်း သိထားဖို့တော့ လိုလာပါပြီ။ ဒါ့အပြင် အချို့သော အနေအထားတွေမှာ ဘယ်အရာတွေက မရှိမဖြစ်လိုတာမျိုး ဥပမာ လက်တွေကို ဘယ်လို မျှတအောင်ထားမယ်ဆိုတာမျိုးတွေ သိထားဖို့လိုပါတယ်။ ဒီအတန်းကတော့ Level 1 ထက်ကို ပိုပြီး မြန်မြန်လေ့ကျင့်မှာပါ။ ဒါပေမဲ့ နှစ်ခုကြားက အနေအထားတွေတော့ ရှိနေဦးမှာပါပဲ။ ပိုပြီးအဆင့်မြင့်တဲ့ အနေထားတွေနဲ့ နည်းလမ်းတွေကို သင်ကြားပေးမှာပါ။ ဥပမာ အသက်ရှူခြင်းကို ဘယ်လိုထိန်းချုပ်မယ် ဆိုတာမျိုးပေါ့။

Level 3

နောက်ဆုံးမှာတော့ သင်ထိပ်ဆုံးကို ရောက်လာပါပြီ။ ယောဂလေ့ကျင့်မှုတွေရဲ့ အမြင့်မားဆုံးတောင်ထိပ်ပါပဲ။ ကံဆိုးတာကတော့ ဒါဟာ ယောဂလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးအဆင့်တော့ မဟုတ်ပါဘူး။ ထပ်ပြီးလေ့လာဖို့တွေ ရှိနေပါသေးတယ်။ ဒီအဆင့်မှာတော့ သင့်ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အာရုံစိုက်ရမှာပါ။ ဒီအတန်းမှာ ကင်းမြီးကောက်ထောင်တာတွေနဲ့ အနေအထားတစ်ခုနဲ့တစ်ခုကြား သေချာအဆုံးထိ ကွေးညွတ်ရတာတွေ ဘာတွေ ပါလာနိုင်ပါတယ်။

အန္တရာယ်ကင်းဖို့ အချက်များ

ယောဂမှာ စိုးရိမ်စရာအချက်တွေ ရှိနေသေးလား

အခြားလေ့ကျင့်ခန်းတွေလိုပါပဲ။ ယောဂလည်း အန္တရာယ်များနိုင်ပါတယ်။ အဆစ်ပြဿနာတွေ၊ အကြောပြဿနာရှိတဲ့သူတွေဆိုရင်တော့ ဥပမာအားဖြင့် ရှေ့ကို အဆုံးထိကွေးညွတ်ရတာမျိုးတွေ ရှောင်သင့်ပါတယ်။ လည်ပင်းပြဿနာရှိနေရင်တော့ ကင်းမြီးကောင်မထောင်သင့်ပါဘူး။ ယောဂမလေ့ကျင့်မီ ဆရာဝန်ကိုရော နည်းပြကိုပါ သင့်ရဲ့ကျန်းမာရေးပြဿနာအကြောင်း ပြောပြပြီးတိုင်ပင်ပါ။ သင်လုပ်နိုင်သမျှ အစွမ်းကုန်ကို နည်းပြကို ပြောပြထားပါ။

သင့်အတွက်မှန်ကန်တဲ့ ယောဂပုံစံကို ဆုံးဖြတ်နိုင်ဖို့ဆိုရင် သင့်ကိုယ်သင် ဒီမေးခွန်းတွေကို မေးဖို့ လိုအပ်ပါတယ်။

- ယောဂကို ကြံ့ခိုင်ဖို့နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအတွက် ရွေးချယ်ခဲ့တယ်ဆိုရင် ပြင်းထန်တဲ့ ယောဂစတိုင်လ်တွေဖြစ်တဲ့ Power Yoga တို့၊ Ashtanga yoga သို့မဟုတ် Bikram yoga တို့လို ယောဂလေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။

- ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ဆက်သွယ်ချက်ကို သိချင်တာမျိုးဆိုရင်တော့ သက်တောင့်သက်သာနဲ့ အာရုံစိုက်ရတဲ့ ယောဂမျိုးကိုရွေးချယ်ပါ။ ဆိုလိုတာက တရားများများထိုင်ရာတာမျိုး၊ မန္တန်ကျူးရတာမျိုးနဲ့ ယောဂရဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေကို လေ့လာရတဲ့ ယောဂမျိုးကို ရွေးချယ်ပါ။

- ဒဏ်ရာကြောင့်၊ ကျန်းမာရေးကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အလိုင်းမန့်ညီဖို့ကို အာရုံစိုက်တဲ့ ယောဂနှေးနှေးကျင့်တဲ့ အတန်းတွေကို ရွေးချယ်ပါ။

သင့်မှာ ဘယ်လိုရည်ရွယ်ချက်ပဲ ရှိနေပါစေ၊ ကိုယ်နေဟန်ထားတွေကို မှန်ကန်စွာလုပ်နိုင်ဖို့နဲ့ အလွယ်တကူလုပ်နိုင်ဖို့ ယောဂစပြီးလေ့ကျင့်သူတွေတက်ရမယ့် အတန်းတွေကို တက်ဖို့ လိုကိုလိုပါတယ်။ လေ့ကျင့်ခန်းသစ်မစတင်မီ။ သို့မဟုတ် fitness program တစ်ခု မစတင်မီတိုင်းမှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အထူးသဖြင့် သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိခဲ့ရင် သို့မဟုတ် သင်ကိုယ်တိုင်က သက်ကြီးပိုင်းဖြစ်နေခဲ့ရင်ပေါ့။

ယောဂကို အန္တရာယ်ကင်းအောင် ဘယ်လိုလေ့ကျင့်မလဲ။

ကျွမ်းကျင်သူတွေကတော့ ယောဂဟာ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ ယောဂကြောင့် ဒဏ်ရာရတယ်ဆိုတာ ဖြစ်ခဲပေမယ့် အခြားသော လေ့ကျင့်ခန်းတွေလိုပဲ မတော်တဆဆိုတာ ဖြစ်တတ်ပါတယ်။ ယောဂကြောင့်ဖြစ်တဲ့ အချို့သော ဒဏ်ရာတွေဟာ အဆန့်လွန်သွားတာမျိုးတွေ တစ်နေရာတည်းကို ခဏခဏအသုံးပြုနေတာတွေကြောင့် ဖြစ်ရပြီး ချောနေတဲ့အရာတွေကို နင်းမိပြီး ချော်လဲတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ညင်ညင်သာသာအကြောဆန့်ပြီး လေ့ကျင့်ခန်းတွေ မစမီမှာ လိုအပ်တဲ့ပစ္စည်းတွေကို စနစ်တကျပြင်ဆင်တာက ဒဏ်ရာရခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အရည်အသွေးပြည့်ဝတဲ့ နည်းပြဆရာတစ်ယောက် ရှိနေမယ်ဆိုရင်တော့ ယောဂဟာ လုံးဝစိတ်ချရပါတယ်။ မှန်ကန်တဲ့ဆရာရှိဖို့နဲ့ သင့်အခြေအနေနဲ့ လိုက်ဖက်မှန်ကန်တဲ့ အတန်းကိုရွေးချယ်ခြင်းဟာ ဒဏ်ရာရနိုင်ချေတွေနဲ့ ဝေးကွာစေပါတယ်။ တကယ်လို့သင်က ကုသမှုတစ်ခုခု ခံယူနေရတယ်ဆိုရင် သင်သုံးစွဲမယ့် နည်းလမ်းတွေ၊ လုပ်ချင်တာတွေကို ပြောပြပါ။ ဆရာဝန်က ဖြစ်လာနိုင်မယ့် အန္တရာယ်တွေနဲ့ သင့်အတွက် လိုအပ်မှာတွေကို ပြောပြပေးနိုင်ပါလိမ့်မယ်။

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေယာဂအေၾကာင္း သင္ဘာေတြသိသင့္သလဲ ေယာဂအေၾကာင္း သင္ဘာေတြသိသင့္သလဲ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.