ရဲအေယာင္ေဆာင္ထားတဲ့ ခိုးဝင္တရုတ္ႏိုင္ငံသားေတြဖမ္းမိ

ရဲယူနီေဖာင္းေတြ၊ လက္နက္အတုေတြ ဝတ္ဆင္ကိုင္ေဆာင္ထားေၾကာင့္ ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္မႈနဲ႔ အေရးယူထားတဲ့ တရားမဝင္ တရုတ္ႏိုင္ငံသား ငါးဦးကို ေတြ႔ရစဥ္
Zawgyi
ေလာက္ကိုင္ၿမိဳ႕မွာ တရားမဝင္ ဝင္ေရာက္လာတယ္လို႔ ယူဆရတဲ့ တရုတ္ႏိုင္ငံသား ၁၇ ဦးကို မေန႔က ဖမ္းဆီးလိုက္ၿပီး အဲဒီထဲက ငါးဦးဟာ ရဲယူနီေဖာင္းေတြ၊ လက္နက္အတုေတြ ဝတ္ဆင္ကိုင္ေဆာင္ထားေၾကာင့္ ျပည္သူ႔ဝန္ထမ္း အေယာင္ေဆာင္မႈနဲ႔  အေရးယူထားတယ္လို႔ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔ ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ေျပာပါတယ္။

"ရဲယူနီေဖာင္းေတြ ဝတ္ဆင္လို႔ဆိုၿပီး က်ေနာ္တို႔ ရဲအေယာင္ေဆာင္မႈေတြနဲ႔ အမႈဖြင့္ထားတယ္၊ ငါးေယာက္၊ ဒီေကာင္ေတြ လက္ထိပ္ေတြဘာေတြနဲ႔ အေယာင္ေဆာင္မႈနဲ႔ေပါ့ေနာ္ ရဲအေယာင္ေဆာင္ၿပီးလုပ္တာေၾကာင့္ က်ေနာ္တို႔က ထပ္ၿပီးေတာ့မွ အမႈဖြင့္တာ၊ ပုဒ္မ ၁၇၀ နဲ႔ အမႈဖြင့္တာ၊ ျပည့္သူဝန္ထမ္းအေယာင္ေဆာင္မႈေပါ့ဗ်ာ၊ မိတာကေတာ့ ၁၇ ေယာက္မိတာ၊ သက္ဆိုင္ရာ လဝက တို႔ဘာတို႔ကေတာ့ က်ေနာ္တို႔ဆက္ၿပီး အေရးယူမွာေပါ့ဗ်ာ"

က်န္တဲ့ ၁၂ ဦးကိုလည္း စစ္ေဆးေနေၾကာင္း၊ တရားမဝင္ ဝင္ေရာက္လာတာ ဆိုရင္ေတာ့ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒေတြနဲ႔ ဆက္လက္ အေရးယူမယ္လို႔ ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ေျပာပါတယ္။

ေလာက္ကိုင္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၁ မိုင္အကြာက ေရႊဆင္နယ္ေျမရဲစခန္းအပိုင္မွာ ရဲတပ္ဖြဲ႔ ဝတ္စံုေတြ ဝတ္ဆင္ထားတဲ့ တရုတ္ႏိုင္ငံသားေတြ ေရာက္ေနတယ္လို႔ သတင္းအရ သြားေရာက္ ဖမ္းဆီးခဲ့တာလို႔ သိရပါတယ္။

ရဲတပ္ဖြဲ႔ဝတ္စံု ႏွစ္စံု၊ က်ည္ကာအက်ီၤ တစ္ထည္၊ လက္ထိပ္ ငါးစံု၊ ဖုိက္ဘာနဲ႔ျပဳလုပ္ထားတဲ့ ပစၥတိုေသနတ္ အတု ႏွစ္လက္၊ M22 ပံုစံ ေသနတ္အတု တစ္လက္တို႔နဲ႔အတူ ဖမ္းမိတယ္လို႔ ဆိုပါတယ္။

ဒီတရုတ္ႏိုင္ငံသားေတြကို ေလာက္ကိုင္မွာ ထိန္းသိမ္းလိုက္တာနဲ႔ ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕က တရုတ္ႏိုင္ငံသံရံုးကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

တရုတ္သံရံုးျပန္ၾကားေရးတာဝန္ခံ ဦးေအာင္ႏိုင္ေဆြက သူတို႔အေနနဲ႔ ဒီသတင္းကိုမသိေသးဘူးလို႔သာ ျပန္လည္ေျဖၾကားပါတယ္။

"ေလာေလာဆယ္ ဒီကိစၥနဲ႔ပက္သက္ၿပီး ဘာမွသတင္းမရရွိေသးပါဘူး၊ ဘာမွၾကားတာလည္း မရွိပါဘူး၊ ေလာေလာဆယ္ဘာမွမသိေတာ့ပါဘူး"

တရုတ္ႏိုင္ငံသားေတြ ဖမ္းဆီးခံခဲ့ရတာေတြနဲ႔ ပက္သက္ၿပီး ျမန္မာႏို္င္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တရုတ္သံရံုးကို အေၾကာင္းၾကားေလ့ရွိေပမယ့္ ဒီကိစၥနဲ႔ပက္သက္ၿပီး အေၾကာင္းၾကားတာ မရွိေသးဘူးလို႔ ဦးေအာင္ႏိုင္ေဆြက ေျပာပါတယ္။

သူတို႔ ဒီလို ရဲအေယာင္ေဆာင္ထားၾကတာဟာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ကိုးကန္႔ေဒသကို အေၾကာင္း အမ်ဳိးမ်ဳိးနဲ႔ ေရာက္ေနတဲ့ တရုတ္ႏိုင္ငံသားေတြကို ၿခိမ္းေျခာက္ေငြေတာင္းခံဖို႔ ျဖစ္ႏုိင္တယ္လို႔ ေဒသခံတခ်ဳိ႕က ယူဆေနပါတယ္။

တရုတ္ႏိုင္ငံနဲ႔ ကပ္လ်က္ တည္ရိွတဲ့ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ အမ်ားဆံုး အသံုးျပဳတဲ့ ဘာသာစကားကေတာ့ တရုတ္စကား ျဖစ္ပါတယ္။ တရုတ္ႏိုင္ငံသားေတြ နယ္စပ္ျဖတ္ေက်ာ္ၿပီး ဝင္ထြက္သြားလာေနၾကတဲ့ ေဒသ ျဖစ္ပါတယ္ခင္ဗ်ာ။

RFA Burmese
https://www.rfa.org
----------------------
Unicode
ရဲအယောင်ဆောင်ထားတဲ့ ခိုးဝင်တရုတ်နိုင်ငံသားတွေဖမ်းမိ

ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အရေးယူထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ငါးဦးကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုလွင်(ဆွာ)Iseem

လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ငါးဦးဟာ ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့  အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

"ရဲယူနီဖောင်းတွေ ဝတ်ဆင်လို့ဆိုပြီး ကျနော်တို့ ရဲအယောင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားတယ်၊ ငါးယောက်၊ ဒီကောင်တွေ လက်ထိပ်တွေဘာတွေနဲ့ အယောင်ဆောင်မှုနဲ့ပေါ့နော် ရဲအယောင်ဆောင်ပြီးလုပ်တာကြောင့် ကျနော်တို့က ထပ်ပြီးတော့မှ အမှုဖွင့်တာ၊ ပုဒ်မ ၁၇၀ နဲ့ အမှုဖွင့်တာ၊ ပြည့်သူဝန်ထမ်းအယောင်ဆောင်မှုပေါ့ဗျာ၊ မိတာကတော့ ၁၇ ယောက်မိတာ၊ သက်ဆိုင်ရာ လဝက တို့ဘာတို့ကတော့ ကျနော်တို့ဆက်ပြီး အရေးယူမှာပေါ့ဗျာ"

ကျန်တဲ့ ၁၂ ဦးကိုလည်း စစ်ဆေးနေကြောင်း၊ တရားမဝင် ဝင်ရောက်လာတာ ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ဆက်လက် အရေးယူမယ်လို့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

လောက်ကိုင်မြို့ အရှေ့မြောက်ဘက် ၁ မိုင်အကွာက ရွှေဆင်နယ်မြေရဲစခန်းအပိုင်မှာ ရဲတပ်ဖွဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ တရုတ်နိုင်ငံသားတွေ ရောက်နေတယ်လို့ သတင်းအရ သွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝတ်စုံ နှစ်စုံ၊ ကျည်ကာအကျီၤ တစ်ထည်၊ လက်ထိပ် ငါးစုံ၊ ဖိုက်ဘာနဲ့ပြုလုပ်ထားတဲ့ ပစ္စတိုသေနတ် အတု နှစ်လက်၊ M22 ပုံစံ သေနတ်အတု တစ်လက်တို့နဲ့အတူ ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဒီတရုတ်နိုင်ငံသားတွေကို လောက်ကိုင်မှာ ထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရုတ်နိုင်ငံသံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တရုတ်သံရုံးပြန်ကြားရေးတာဝန်ခံ ဦးအောင်နိုင်ဆွေက သူတို့အနေနဲ့ ဒီသတင်းကိုမသိသေးဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

"လောလောဆယ် ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှသတင်းမရရှိသေးပါဘူး၊ ဘာမှကြားတာလည်း မရှိပါဘူး၊ လောလောဆယ်ဘာမှမသိတော့ပါဘူး"

တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတာတွေနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံရုံးကို အကြောင်းကြားလေ့ရှိပေမယ့် ဒီကိစ္စနဲ့ပက်သက်ပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ ဦးအောင်နိုင်ဆွေက ပြောပါတယ်။

သူတို့ ဒီလို ရဲအယောင်ဆောင်ထားကြတာဟာ နယ်စပ်ဖြတ်ကျော်ပြီး ကိုးကန့်ဒေသကို အကြောင်း အမျိုးမျိုးနဲ့ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ခြိမ်းခြောက်ငွေတောင်းခံဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ယူဆနေပါတယ်။

တရုတ်နိုင်ငံနဲ့ ကပ်လျက် တည်ရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အများဆုံး အသုံးပြုတဲ့ ဘာသာစကားကတော့ တရုတ်စကား ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ထွက်သွားလာနေကြတဲ့ ဒေသ ဖြစ်ပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
ရဲအေယာင္ေဆာင္ထားတဲ့ ခိုးဝင္တရုတ္ႏိုင္ငံသားေတြဖမ္းမိ ရဲအေယာင္ေဆာင္ထားတဲ့ ခိုးဝင္တရုတ္ႏိုင္ငံသားေတြဖမ္းမိ Reviewed by THITHTOOLWIN on 23:45 Rating: 5
Powered by Blogger.