ဘာလို႔ ဒူးနာသလဲ

Zawgyi

၁၀ ေအာက္တိုဘာ

သင့္တသက္မွာ အနည္းဆုံးတခါေလာက္ေတာ့ ဒူးနာဖူးမွာ အမွန္ပါ။ ဘာလို႔မ်ား ဒူးနာရတာလဲလို႔ သင္ေတြးေကာင္းေတြးမိမွာပါ။ ဒူးနာရျခင္း အေၾကာင္းရင္း အမ်ိဳးမ်ိဳး ရွိတဲ့အနက္က အျဖစ္အမ်ားဆုံး အေၾကာင္းရင္း သုံးမ်ိဳးကို ဒီေဆာင္းပါးမွာ ေဖာ္ျပေပးသြားမွာပါ။

အဆစ္အျမစ္ေရာင္ျခင္း

အဆစ္အျမစ္ေရာင္ျခင္း အမ်ိဳးမ်ိဳးရွိၿပီး ေအာက္ပါ အမ်ိဳးအစားေတြက ဒူးနာေစပါတယ္။

Osteoarthritis (အ႐ိုးနဲ႔ အဆစ္အျမစ္ေရာင္ျခင္း)

Osteoarthritis (အ႐ိုးနဲ႔ အဆစ္အျမစ္ေရာင္ျခင္း)ေၾကာင့္ ဒူးနာေလ့ရွိပါတယ္။ဒီေရာဂါကို အဆစ္အျမစ္မ်ား ယိုယြင္းပ်က္စီးေရာင္ရမ္းျခင္းလို႔လည္း ေခၚပါေသးတယ္။ အခ်ိန္ၾကာျမင့္လာတာနဲ႔အမွ် သင့္ဒူးဟာ ေကြးႏိုင္ဆန္႔ႏိုင္စြမ္း တျဖည္းျဖည္းနည္းပါးလာၿပီး ေတာင့္တင္းနာက်င္လာပါေတာ့တယ္။

ဒူးမ်က္ႏွာျပင္ကလည္း ထိခိုက္ပ်က္စီးလို႔ လာပါတယ္။ သင့္လႈပ္ရွားသြားလာတဲ့အခ်ိန္ ဒါမွမဟုတ္ ညအိပ္ရာဝင္ခ်ိန္မွာ ဒူးနာေလ့ရွိၿပီး နားလိုက္ရင္ေတာ့ အနည္းငယ္သက္သာ သြားႏိုင္ပါတယ္။ ေရာင္ရမ္းတဲ့ေနရာက မာေနရင္ ဒါဟာ အ႐ိုးအပိုထြက္လာလို႔ျဖစ္ၿပီး ေပ်ာ့ေနရင္ေတာ့ အရည္ေတြ စုပုံေနလို႔ ျဖစ္ပါတယ္။

Rheumatoid အဆစ္အျမစ္ေရာင္ေရာဂါ

မိမိခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကေန ကိုယ္ပိုင္တစ္ရႈးေတြကို ျပန္တိုက္တဲ့အခါ Rheumatoid အဆစ္အျမစ္ေရာင္ေရာဂါ ျဖစ္လာရပါတယ္။ ဒီအဆစ္အျမစ္ေရာင္ေရာဂါဟာ ဒူးအပါအဝင္ ခႏၶာကိုယ္ရဲ႕ ဘယ္အဆစ္မွာမဆို ျဖစ္ႏိုင္ပါတယ္။

Rheumatoid အဆစ္အျမစ္ေရာင္ေရာဂါေၾကာင့္ ခံစားရတဲ့ နာက်င္မႈဟာ ျပင္းထန္ၿပီး နာတာရွည္ျဖစ္လာႏိုင္သလို ေပၚလိုက္ေပ်ာက္လိုက္လည္း ျဖစ္ႏိုင္ပါတယ္။

ကူးစက္ပိုးဝင္ျခင္းေၾကာင့္ ျဖစ္ပြါးေသာ အဆစ္အျမစ္ေရာင္ေရာဂါ

သင့္ဒူးဟာလည္း ပိုးဝင္ႏိုင္ၿပီး နာက်င္နီရဲေဖာင္းကားလာႏိုင္ပါတယ္။ အဖ်ားလည္း တက္ႏိုင္ပါေသးတယ္။ ကူးစက္ပိုးမဝင္ခင္မွာ ထူးထူးျခားျခား ထိခိုက္မိတာ၊ ဒဏ္ရာအနာတရျဖစ္တာ ဒါမွမဟုတ္ တျခားျပႆနာတခုခု ျဖစ္တာမ်ိဳး မရွိတတ္ပါဘူး။

ေဂါက္ေရာဂါ

ေဂါက္ေရာဂါေၾကာင့္လည္း ျပင္းထန္စြာ ဒူးနာျခင္း၊ နီရဲေရာင္ရမ္းျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ သင့္ခႏၶာကိုယ္က uric acid ထုတ္လုပ္တဲ့အခါ ေဂါက္ေရာဂါျဖစ္ေပၚလာပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအက္ဆစ္က ခရစ္စတယ္လ္အခဲေလးေတြကို အဆစ္အျမစ္ေတြမွာ အနည္ထိုင္ေစတဲ့ အတြက္ေၾကာင့္ပါ။ ေဂါက္ေရာဂါဟာ သင့္ရဲ႕ သြားလာလႈပ္ရွားမႈေတြကို ကန္႔သတ္ပစ္လိုက္ႏိုင္ပါတယ္။

ဒူးဒဏ္ရာမ်ား

ဒူးတစ္ဝိုက္မွာရွိတဲ့ ႂကြက္သား၊ အ႐ြတ္၊ အ႐ြတ္ေၾကာ၊ အ႐ိုး ဒါမွမဟုတ္ အ႐ိုးႏုေတြမွာ ထိခိုက္ဒဏ္ရာရရင္ ဒူးနာႏိုင္ပါတယ္။

အ႐ြတ္စုတ္ၿပဲျခင္း

ေပါင္႐ိုးနဲ႔ ေျခသလုံး႐ိုးတို႔ကို ဆက္သြယ္ခ်ိတ္ဆက္ၿပီး ဒူးဆစ္ျဖစ္လာေအာင္ ျပဳလုပ္ေပးတဲ့ အ႐ြတ္ေလးခုရွိၿပီး သူတို႔ထဲက တခုျဖစ္တဲ့ anterior cruciate ligament (ACL) စုတ္ၿပဲရင္၊ အလြန္အကြၽံဆြဲဆန္႔ခံရရင္ ဒူးနာႏိုင္ပါတယ္။

ဒူးအ႐ြတ္စုတ္ၿပဲတာကို ေဘာလုံးသမား၊ ဘတ္စကတ္ေဘာကစားသမား စတဲ့ အားကစားသမားေတြမွာ အဓိကေတြ႕ရပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြဟာ ကစားေနရင္း ခႏၶာကိုယ္ဦးတည္ရာကို ႐ုတ္တရက္ ေျပာင္းရေလ့ရွိတဲ့အတြက္ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ႐ုတ္တရက္ ေျပာင္းရတာကို အ႐ြတ္က ခံႏိုင္ရည္ မရွိပါဘူး။

အ႐ိုးက်ိဳးျခင္း

အ႐ိုးက်ိဳးတာဟာလည္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျပႆနာတခု ျဖစ္ပါတယ္။ အျမင့္ကျပဳတ္က်ျခင္း၊ ယာဥ္မေတာ္တဆျဖစ္ျခင္း၊ အားကစားလုပ္စဥ္ ထိခိုက္ဒဏ္ရာရျခင္း ဒါမွမဟုတ္ ခိုက္ရန္ျဖစ္ပြားျခင္းေတြေၾကာင့္ အ႐ိုးက်ိဳးႏိုင္ၿပီး အ႐ိုးက်ိဳးရင္လည္း ဒူးနာႏိုင္ပါတယ္။ ဒူးေခါင္း႐ိုးကို ၿငိမ္ေအာင္ထားျခင္းအားျဖင့္ အ႐ိုးက်ိဳးျခင္းကို ကုသႏိုင္ပါတယ္။

အ႐ိုးႏုစုတ္ၿပဲျခင္း

ေပါင္႐ိုးနဲ႔ ေျခသလုံး႐ိုးတို႔ၾကားမွာရွိတဲ့ အ႐ိုးႏုေလး စုတ္ၿပဲသြားရင္လည္း ဒူးနာႏိုင္ပါတယ္။ ဒူးကို ပံ့ပိုးေထာက္မေပးထားတဲ့ အ႐ိုးႏုႏွစ္ခုရွိၿပီး ေတာ္႐ုံထိခိုက္ဒဏ္ရာေတြကို ကာကြယ္ေပးပါတယ္။ သူတို႔ရွိလို႔သာ ေပါင္႐ိုးနဲ႔ ေျခသလုံး႐ိုးတို႔အၾကား ပြတ္တိုက္မႈမရွိဘဲ ေႂကြးႏိုင္ဆန္႔ႏိုင္တာ ျဖစ္ပါတယ္။႐ုတ္တရက္ လႈပ္ရွားမႈေတြေၾကာင့္ အဆိုပါ အ႐ိုးႏုေလးေတြ စုတ္ၿပဲသြားႏိုင္ပါတယ္။

႐ုပ္ပိုင္းဆိုင္ရာ ျပႆနာမ်ား

ဒီျပႆနာေတြေၾကာင့္လည္း ဒူးနာႏိုင္ပါတယ္။

ဂုံညင္း႐ိုးလြဲျခင္း

ဂုံညင္း႐ိုးလို႔ေခၚတဲ့ ဒူးဆစ္အ႐ိုးဟာ မူလေနရာကေန အျပင္ကို ထိုးထြက္လာတဲ့ အေျခအေနကို ဆိုလိုပါတယ္။ ဂုံညင္း႐ိုးဟာ ဒူးဆစ္အေရွ႕ပိုင္းကို ကာထားတာမို႔ ေျခေထာက္ေရွ႕ဖက္မွာပဲ ဒီျပႆနာ ျဖစ္ေပၚေလ့ရွိပါတယ္။ ခံစားရတတ္တဲ့ ေရာဂါလကၡဏာေလးေတြကေတာ့ နာက်င္ျခင္းနဲ႔ ေကာင္းေကာင္း မလႈပ္ရွားႏိုင္ျခင္းတို႔ပဲ ျဖစ္ၾကပါတယ္။

တင္ပါး သို႔မဟုတ္ ေျခေထာက္နာျခင္း

တင္ပါး သို႔မဟုတ္ ေျခေထာက္နာရင္ သင္လမ္းေလွ်ာက္တဲ့ ပုံစံပါ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဖိအားေတြအားလုံးက ဒူးႏွစ္ဖက္လုံးကို ညီညီမွ်မွ်မေရာက္ရွိတဲ့အတြက္ ဒူးပိုလာႏိုင္ပါတယ္။

ဒူးနာျခင္းဟာ ေနာက္ခံအေၾကာင္းရင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့အတြက္ သူတို႔အေၾကာင္းကို သိထားမယ္ဆိုရင္ သင့္ရဲ႕ စိုးရိမ္ပူပန္မႈတို႔ကို ေလွ်ာ့ခ်ေပးႏိုင္မယ့္အျပင္ ျဖစ္မလာေအာင္လည္း ႀကိဳတင္ကာကြယ္ႏိုင္မွာပါ။

ေရးသားသူ - Dr. Thiha Phyo Myint
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
Unicode
ဘာလို့ ဒူးနာသလဲ

၁၀ အောက်တိုဘာ

သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

အဆစ်အမြစ်ရောင်ခြင်း

အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)ကြောင့် ဒူးနာလေ့ရှိပါတယ်။ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။

ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာ သွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပိုထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေ စုပုံနေလို့ ဖြစ်ပါတယ်။

Rheumatoid အဆစ်အမြစ်ရောင်ရောဂါ

မိမိခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ ဒီအဆစ်အမြစ်ရောင်ရောဂါဟာ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်ပါတယ်။

Rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှုဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်လာနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။

ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွါးသော အဆစ်အမြစ်ရောင်ရောဂါ

သင့်ဒူးဟာလည်း ပိုးဝင်နိုင်ပြီး နာကျင်နီရဲဖောင်းကားလာနိုင်ပါတယ်။ အဖျားလည်း တက်နိုင်ပါသေးတယ်။ ကူးစက်ပိုးမဝင်ခင်မှာ ထူးထူးခြားခြား ထိခိုက်မိတာ၊ ဒဏ်ရာအနာတရဖြစ်တာ ဒါမှမဟုတ် တခြားပြဿနာတခုခု ဖြစ်တာမျိုး မရှိတတ်ပါဘူး။

ဂေါက်ရောဂါ

ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က uric acid ထုတ်လုပ်တဲ့အခါ ဂေါက်ရောဂါဖြစ်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ဆစ်က ခရစ်စတယ်လ်အခဲလေးတွေကို အဆစ်အမြစ်တွေမှာ အနည်ထိုင်စေတဲ့ အတွက်ကြောင့်ပါ။ ဂေါက်ရောဂါဟာ သင့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပစ်လိုက်နိုင်ပါတယ်။

ဒူးဒဏ်ရာများ

ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သား၊ အရွတ်၊ အရွတ်ကြော၊ အရိုး ဒါမှမဟုတ် အရိုးနုတွေမှာ ထိခိုက်ဒဏ်ရာရရင် ဒူးနာနိုင်ပါတယ်။

အရွတ်စုတ်ပြဲခြင်း

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ အရွတ်လေးခုရှိပြီး သူတို့ထဲက တခုဖြစ်တဲ့ anterior cruciate ligament (ACL) စုတ်ပြဲရင်၊ အလွန်အကျွံဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။

ဒူးအရွတ်စုတ်ပြဲတာကို ဘောလုံးသမား၊ ဘတ်စကတ်ဘောကစားသမား စတဲ့ အားကစားသမားတွေမှာ အဓိကတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ကစားနေရင်း ခန္ဓာကိုယ်ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက် ပြောင်းရတာကို အရွတ်က ခံနိုင်ရည် မရှိပါဘူး။

အရိုးကျိုးခြင်း

အရိုးကျိုးတာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ အမြင့်ကပြုတ်ကျခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ အားကစားလုပ်စဉ် ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွားခြင်းတွေကြောင့် အရိုးကျိုးနိုင်ပြီး အရိုးကျိုးရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးခေါင်းရိုးကို ငြိမ်အောင်ထားခြင်းအားဖြင့် အရိုးကျိုးခြင်းကို ကုသနိုင်ပါတယ်။

အရိုးနုစုတ်ပြဲခြင်း

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်မပေးထားတဲ့ အရိုးနုနှစ်ခုရှိပြီး တော်ရုံထိခိုက်ဒဏ်ရာတွေကို ကာကွယ်ပေးပါတယ်။ သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှုမရှိဘဲ ကြွေးနိုင်ဆန့်နိုင်တာ ဖြစ်ပါတယ်။ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် အဆိုပါ အရိုးနုလေးတွေ စုတ်ပြဲသွားနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ

ဒီပြဿနာတွေကြောင့်လည်း ဒူးနာနိုင်ပါတယ်။

ဂုံညင်းရိုးလွဲခြင်း

ဂုံညင်းရိုးလို့ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက်ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါလက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်း မလှုပ်ရှားနိုင်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။

တင်ပါး သို့မဟုတ် ခြေထောက်နာခြင်း

တင်ပါး သို့မဟုတ် ခြေထောက်နာရင် သင်လမ်းလျှောက်တဲ့ ပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။ ဖိအားတွေအားလုံးက ဒူးနှစ်ဖက်လုံးကို ညီညီမျှမျှမရောက်ရှိတဲ့အတွက် ဒူးပိုလာနိုင်ပါတယ်။

ဒူးနာခြင်းဟာ နောက်ခံအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အတွက် သူတို့အကြောင်းကို သိထားမယ်ဆိုရင် သင့်ရဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်မယ့်အပြင် ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။

ရေးသားသူ - Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘာလို႔ ဒူးနာသလဲ ဘာလို႔ ဒူးနာသလဲ Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.