မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်


နေပြည်တော် ၃ အောက်တိုဘာ

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ်(၈၀)ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ဈေးရှေ့ရပ်ကွက်နေ မxxx (၃၂)နှစ်နှင့် မxxx (၁၈)နှစ်တို့အား ဟိန်ဓမ္မရပ်ကွက်နေ မဌေးလေး (ခ)မဝင်းဌေး၊ ၎င်း၏ခင်ပွန်း အကြီးကောင်(ခ)တေဇာလွင်၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ခေါက်ဆွဲဆိုင်/ မြေအိုးမြီးရှည်ဆိုင်တို့တွင် တစ်နှစ်လုပ်ခကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှုအား ဖယ်ခုံမြို့မရဲစခန်း (ပ)၃/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ထို့ပြင် ဟိန်ဓမ္မရပ် ကွက်နေ မxxx (၃၆)နှစ်အား မဌေးလေး (ခ)မဝင်းဌေး၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်း၊ မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတွင် တစ်လ ကျပ် (၂) သိန်းခွဲရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဉ်ခဲ့မှု၊ လုံကာကျေးရွာ နေ မxxx (၂၃)နှစ်နှင့် မxxx (၁၈)နှစ်တို့အား မဌေးလေး (ခ)မဝင်းဌေး၊ မနန်းညွန့်၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကုန်စုံဆိုင်တွင် တစ်နှစ်လုပ်ခ ကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှု၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ မxxx (၁၇)နှစ်အား မဌေးလေး (ခ)မဝင်းဌေး၊ မသီတာ(ခ)မသီတာအေး၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကုန်စုံဆိုင်တွင် တစ်နှစ်လုပ်ခကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှုတို့အား အမှုဖွင့်လှစ်ခဲ့ပြီး တရားစွဲတင်ပို့ခဲ့ရာ သက်ဆိုင်ရာတရားရုံးများက မဌေးလေး(ခ)မဝင်းဌေးအား အလုပ်ထောင်ဒဏ် နှစ် (၂၀)စီဖြင့် (၄)မှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်(၈၀)၊ အကြီးကောင်(ခ)တေဇာလွင်၊ မသီတာ(ခ)မသီတာအေး၊ မနန်းညွန့်တို့အား (၁)မှုစီအတွက် အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။


ျမန္မာမိန္းကေလးမ်ားအား တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား လူကုန္ကူးမႈျဖင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္
=================================================
ေနျပည္ေတာ္ ၃ ေအာက္တိုဘာ

ျမန္မာမိန္းကေလးမ်ားအား တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား လူကုန္ကူးမႈျဖင့္ ေထာင္ဒဏ္ ႏွစ္(၈၀)ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

ရွမ္းျပည္နယ္၊ ဖယ္ခုံၿမိဳ႕၊ ေဈးေရွ႕ရပ္ကြက္ေန မxxx (၃၂)ႏွစ္ႏွင့္ မxxx (၁၈)ႏွစ္တို႔အား ဟိန္ဓမၼရပ္ကြက္ေန မေဌးေလး (ခ)မဝင္းေဌး၊ ၎၏ခင္ပြန္း အႀကီးေကာင္(ခ)ေတဇာလြင္၊ မမိုးမခႏြယ္၊ မသန္းသန္းျမင့္(ခ)မသန္းႏွင့္ မေသာ္ေသာ္တို႔က တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ရွိ ေခါက္ဆြဲဆိုင္/ ေျမအိုးၿမီးရွည္ဆိုင္တို႔တြင္ တစ္ႏွစ္လုပ္ခက်ပ္သိန္း (၃၀)ရမည္ဟု ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္ကာ တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခဲ့မႈအား ဖယ္ခုံၿမိဳ႕မရဲစခန္း (ပ)၃/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ-၂၈(က)ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့သည္။

ထို႔ျပင္ ဟိန္ဓမၼရပ္ ကြက္ေန မxxx (၃၆)ႏွစ္အား မေဌးေလး (ခ)မဝင္းေဌး၊ မမိုးမခႏြယ္၊ မသန္းသန္းျမင့္(ခ)မသန္း၊ မေသာ္ေသာ္တို႔က တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံတြင္ တစ္လ က်ပ္ (၂) သိန္းခြဲရမည္ဟု ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားရန္ စီစဥ္ခဲ့မႈ၊ လုံကာေက်း႐ြာ ေန မxxx (၂၃)ႏွစ္ႏွင့္ မxxx (၁၈)ႏွစ္တို႔အား မေဌးေလး (ခ)မဝင္းေဌး၊ မနန္းၫြန႔္၊ မမိုးမခႏြယ္၊ မသန္းသန္းျမင့္(ခ)မသန္းႏွင့္ မေသာ္ေသာ္တို႔က တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ရွိ ကုန္စုံဆိုင္တြင္ တစ္ႏွစ္လုပ္ခ က်ပ္သိန္း (၃၀)ရမည္ဟု ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ႏိုင္ငံသို႔ေခၚေဆာင္ကာ တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခဲ့မႈ၊ ဆီဆိုင္ၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္ေန မxxx (၁၇)ႏွစ္အား မေဌးေလး (ခ)မဝင္းေဌး၊ မသီတာ(ခ)မသီတာေအး၊ မမိုးမခႏြယ္၊ မသန္းသန္းျမင့္(ခ)မသန္းႏွင့္ မေသာ္ေသာ္တို႔က တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ရွိ ကုန္စုံဆိုင္တြင္ တစ္ႏွစ္လုပ္ခက်ပ္သိန္း (၃၀)ရမည္ဟု ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္ကာ တ႐ုတ္အမ်ိဳးသားထံ ေရာင္းစားခဲ့မႈတို႔အား အမႈဖြင့္လွစ္ခဲ့ၿပီး တရားစြဲတင္ပို႔ခဲ့ရာ သက္ဆိုင္ရာတရား႐ုံးမ်ားက မေဌးေလး(ခ)မဝင္းေဌးအား အလုပ္ေထာင္ဒဏ္ ႏွစ္ (၂၀)စီျဖင့္ (၄)မႈအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္(၈၀)၊ အႀကီးေကာင္(ခ)ေတဇာလြင္၊ မသီတာ(ခ)မသီတာေအး၊ မနန္းၫြန႔္တို႔အား (၁)မႈစီအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ (၂၀)ႏွစ္စီ ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံမ်ားအား တရားခံေျပးေၾကညာခဲ့ေၾကာင္း သိရသည္။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ် မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ် Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.