ဘီပီအိုင္ ေဆးဝါးစက္႐ုံမႉးအမႈ ပိတ္မပိတ္ ႏိုဝင္ဘာမွာ အမိန္႔ခ်မယ္

Zawgyi

 ေဆးဝါးစက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္ကို တရား႐ုံးထုတ္လာစဥ္
အဂတိ လိုက္စားတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ရင္ဆိုင္ေနရတဲ့ အင္းစိန္ ဘီပီအိုင္ ေဆးဝါးစက္႐ုံမႉးရဲ႕ အမႈကို ရန္ကုန္တိုင္း တရားလႊတ္ေတာ္မွာ ေအာက္တိုဘာလ ၁၀ ရက္က စတင္ စစ္ေဆးခဲ့ၿပီး သူ႔ေရွ႕ေနအဖြဲ႕ က အမႈကို ပိတ္သိမ္းေပးဖို႔ ေလွ်ာက္ထားရာမွာ ေလွ်ာက္ထားခ်က္ကို တရား႐ုံးက လက္ခံၿပီး ၾကားနာမွာ ျဖစ္ပါတယ္။

ေဆးဝါးစက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ အရ အေရးယူေပးဖို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္က တရားစြဲခဲ့တာပါ။

သူအဂတိလိုက္စားခဲ့တယ္ဆိုၿပီး ေကာ္မရွင္က စက္တင္ဘာလ ၆ ရက္မွာ ရဲစခန္းကို တိုင္ၾကားခ်က္မွာ ပါဝင္တဲ့အခ်က္ေတြနဲ႔ ေအာက္တိုဘာ ၁ ရက္ အမႈကို တရားစြဲတင္ခ်ိန္မွာ ေကာ္မရွင္က တင္ျပခ်က္ေတြ အၾကား ကြဲလြဲမႈေတြ ရွိေနၿပီး တရားလို တေယာက္တည္းက အမႈတခုတည္းနဲ႔ပတ္သက္ၿပီး ကြဲလြဲစြာတိုင္ၾကားတာဟာ ဥပေဒအရ တရားစြဲဖို႔ မညီၫြတ္တဲ့ အတြက္ ဒီအမႈကို ပိတ္သိမ္းေပးဖို႔ တရား႐ုံးကို ေလွ်ာက္ခဲ့တာျဖစ္ေၾကာင္း ေဒါက္တာေအာင္ေဇာ္ဘက္ကေန လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ဘီဘီစီကို ရွင္းျပပါတယ္။

အရည္အေသြးမမီတဲ့ ေကာ္ေစ့ ၂၆ တန္ကို ဝယ္ယူခဲ့ရာမွာ ေဒါက္တာေအာင္ေဇာ္က တာဝန္ရွိခဲ့တယ္၊ အဲဒီကေန ေကာ္ဘူးေပါင္း ၆ သိန္း ၆ ေသာင္းေက်ာ္ထုတ္လုပ္ခဲ့ၿပီး ဒီ ေကာ္ဘူးေတြဟာ ေဆးရည္ေတြထည့္ဖို႔ အႏၲရာယ္ မကင္းတာေတြ ျဖစ္လာႏိုင္တာမို႔ ဖ်က္ဆီးရမွာျဖစ္လို႔ ႏိုင္ငံအေနနဲ႔ ဘ႑ာ က်ပ္ေငြ ၄၉၉. ၇၂ သန္း ဆုံးရႈံးခဲ့တာလို႔ ရဲစခန္းကို စက္တင္ဘာလ ၆ ရက္ေန႔မွာ ေကာ္မရွင္က တိုင္ခဲ့ေပမယ့္ တရား႐ုံးကို ေအာက္တိုဘာလ ၁ ရက္ေန႔က တရားစြဲတင္ တိုင္တဲ့အခါမွာေတာ့ ေကာ္ဘူးေပါင္းက ၁ သိန္း ၆ ေသာင္း ျဖစ္ၿပီး ႏိုင္ငံရဲ႕ဆုံးရႈံးေငြက က်ပ္ ၁၂၃. ၅ သန္း လို႔ ေဖာ္ျပထားတာေၾကာင္း ဦးခင္ေမာင္ျမင့္ က ေျပာျပပါတယ္။

BBC BURMESE
အမႈပိတ္သိမ္းဖို႔ ေလွ်ာက္ထားခ်က္ကို ရန္ကုန္တိုင္းလႊတ္ေတာ္ တရား႐ုံးက လက္ခံလိုက္ၿပီး ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္ေလွ်ာက္လဲခ်က္ေတြကို တရား႐ုံးက ၾကားနာသြားမွာပါ။

စြပ္စြဲခံရသူဘက္က အခုလို အမႈပိတ္သိမ္းဖို႔တင္ျပလာတာနဲ႔ တိုင္ၾကားရာမွာ ကြဲလြဲခ်က္ေတြရွိတယ္ဆိုတဲ့အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ၫႊန္ၾကားေရးမႉး ေဒါက္တာေက်ာ္စိုး က သူတို႔မွာ အခ်က္ အလက္ေတြ ခိုင္ခိုင္မာမာရွိေၾကာင္းနဲ႔ တရား႐ုံးမွာ တင္ျပသြားမယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

ဒီအမႈကို ပိတ္ မပိတ္ ႏိုဝင္ဘာ ၇ရက္ေန႔မွာ အမိန႔္ခ်မယ္လို႔ သိရပါတယ္။

ေဒါက္တာေအာင္ေဇာ္ရဲ႕ အမႈနဲ႔ပတ္သက္လို႔ အမ်ားျပည္သူအမ်ားအျပားက စိတ္ဝင္တစားရွိၾကၿပီး ဘီပီအိုင္ ေဆးဝါးစက္႐ုံ ဝန္ထမ္းအမ်ားအျပားကလည္း သူတို႔စက္႐ုံမႉးမွာ အျပစ္တစုံတရာမရွိေၾကာင္း ယုံၾကည္ၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-50003261
-----------
Unicode
ဘီပီအိုင် ဆေးဝါးစက်ရုံမှူးအမှု ပိတ်မပိတ် နိုဝင်ဘာမှာ အမိန့်ချမယ်

ဓာတ်ပုံ မူပိုင် BBC BURMESE
Image caption ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို တရားရုံးထုတ်လာစဉ်

အဂတိ လိုက်စားတယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှူးရဲ့ အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်မှာ အောက်တိုဘာလ ၁၀ ရက်က စတင် စစ်ဆေးခဲ့ပြီး သူ့ရှေ့နေအဖွဲ့ က အမှုကို ပိတ်သိမ်းပေးဖို့ လျှောက်ထားရာမှာ လျှောက်ထားချက်ကို တရားရုံးက လက်ခံပြီး ကြားနာမှာ ဖြစ်ပါတယ်။

ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲခဲ့တာပါ။

သူအဂတိလိုက်စားခဲ့တယ်ဆိုပြီး ကော်မရှင်က စက်တင်ဘာလ ၆ ရက်မှာ ရဲစခန်းကို တိုင်ကြားချက်မှာ ပါဝင်တဲ့အချက်တွေနဲ့ အောက်တိုဘာ ၁ ရက် အမှုကို တရားစွဲတင်ချိန်မှာ ကော်မရှင်က တင်ပြချက်တွေ အကြား ကွဲလွဲမှုတွေ ရှိနေပြီး တရားလို တယောက်တည်းက အမှုတခုတည်းနဲ့ပတ်သက်ပြီး ကွဲလွဲစွာတိုင်ကြားတာဟာ ဥပဒေအရ တရားစွဲဖို့ မညီညွတ်တဲ့ အတွက် ဒီအမှုကို ပိတ်သိမ်းပေးဖို့ တရားရုံးကို လျှောက်ခဲ့တာဖြစ်ကြောင်း ဒေါက်တာအောင်ဇော်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ဘီဘီစီကို ရှင်းပြပါတယ်။

အရည်အသွေးမမီတဲ့ ကော်စေ့ ၂၆ တန်ကို ဝယ်ယူခဲ့ရာမှာ ဒေါက်တာအောင်ဇော်က တာဝန်ရှိခဲ့တယ်၊ အဲဒီကနေ ကော်ဘူးပေါင်း ၆ သိန်း ၆ သောင်းကျော်ထုတ်လုပ်ခဲ့ပြီး ဒီ ကော်ဘူးတွေဟာ ဆေးရည်တွေထည့်ဖို့ အန္တရာယ် မကင်းတာတွေ ဖြစ်လာနိုင်တာမို့ ဖျက်ဆီးရမှာဖြစ်လို့ နိုင်ငံအနေနဲ့ ဘဏ္ဍာ ကျပ်ငွေ ၄၉၉. ၇၂ သန်း ဆုံးရှုံးခဲ့တာလို့ ရဲစခန်းကို စက်တင်ဘာလ ၆ ရက်နေ့မှာ ကော်မရှင်က တိုင်ခဲ့ပေမယ့် တရားရုံးကို အောက်တိုဘာလ ၁ ရက်နေ့က တရားစွဲတင် တိုင်တဲ့အခါမှာတော့ ကော်ဘူးပေါင်းက ၁ သိန်း ၆ သောင်း ဖြစ်ပြီး နိုင်ငံရဲ့ဆုံးရှုံးငွေက ကျပ် ၁၂၃. ၅ သန်း လို့ ဖော်ပြထားတာကြောင်း ဦးခင်မောင်မြင့် က ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် BBC BURMESE

အမှုပိတ်သိမ်းဖို့ လျှောက်ထားချက်ကို ရန်ကုန်တိုင်းလွှတ်တော် တရားရုံးက လက်ခံလိုက်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက်တွေကို တရားရုံးက ကြားနာသွားမှာပါ။

စွပ်စွဲခံရသူဘက်က အခုလို အမှုပိတ်သိမ်းဖို့တင်ပြလာတာနဲ့ တိုင်ကြားရာမှာ ကွဲလွဲချက်တွေရှိတယ်ဆိုတဲ့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုး က သူတို့မှာ အချက် အလက်တွေ ခိုင်ခိုင်မာမာရှိကြောင်းနဲ့ တရားရုံးမှာ တင်ပြသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို ပိတ် မပိတ် နိုဝင်ဘာ ၇ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။

ဒေါက်တာအောင်ဇော်ရဲ့ အမှုနဲ့ပတ်သက်လို့ အများပြည်သူအများအပြားက စိတ်ဝင်တစားရှိကြပြီး ဘီပီအိုင် ဆေးဝါးစက်ရုံ ဝန်ထမ်းအများအပြားကလည်း သူတို့စက်ရုံမှူးမှာ အပြစ်တစုံတရာမရှိကြောင်း ယုံကြည်ကြပါတယ်။

BBC Burmese
https://www.bbc.com
ဘီပီအိုင္ ေဆးဝါးစက္႐ုံမႉးအမႈ ပိတ္မပိတ္ ႏိုဝင္ဘာမွာ အမိန္႔ခ်မယ္ ဘီပီအိုင္ ေဆးဝါးစက္႐ုံမႉးအမႈ ပိတ္မပိတ္ ႏိုဝင္ဘာမွာ အမိန္႔ခ်မယ္ Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.