လက္လုပ္လက္စားေတြအတြက္ အခြင့္အေရးဖန္တီးမေပးႏိုင္ေသးတဲ့ ေက်ာက္မ်က္လုပ္ငန္း

 ဖားကန္႔မွာ ေက်ာက္တူးေဖာ္ေနမႈ ျမင္ကြင္း
Zawgyi
ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ ေက်ာက္စိမ္းအမ်ားဆုံးထုတ္တဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ ေက်ာက္စိမ္း တစ္ကီလိုဂရမ္ဟာ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာ အဖိုးတန္ႏိုင္သလို ေက်ာက္စိမ္းနဲ႔ ပတ္သက္ သက္ဆိုင္တဲ့ လုပ္ငန္းေတြကလည္း အေမရိကန္ေဒၚလာ ဘီလ်ံနဲ႔ ခ်ီတယ္လို႔ ကြၽမ္းက်င္သူေတြက ခန္႔မွန္းခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံရဲ႕ ေပါႂကြယ္ဝတဲ့ သံယံဇာတေတြရဲ႕ အက်ိဳးအျမတ္ေတြကို အာဏာရွင္ေတြက ထိန္းခ်ဳပ္ထားခဲ့ၾကသလို ဒီေက်ာက္စိမ္း အပါအဝင္ သယံဇာတ တူးေဖာ္မႈေတြနဲ႔ ပတ္သက္လို႔ ခြဲေဝမႈေတြက အခုခ်ိန္အထိ ရွင္းမရေသးတဲ့ ျပႆနာျဖစ္ေနခဲ့ပါတယ္။

NLD အစိုးရ တက္လာတဲ့အခါမွာေတာ့ ဒီေက်ာက္စိမ္းအပါအဝင္ သယံဇာတ တူးေဖာ္မႈေတြနဲ႔ ပတ္သက္လို႔ ျပႆနာေတြကို ေျဖရွင္းၿပီး ၂၀၁၆ ခုႏွစ္က ေရးခဲ့တဲ့ ေက်ာက္မ်က္ဥပေဒကို ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။

ျပည္နယ္လႊတ္ေတာ္ သံယံဇာတနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ေကာ္မတီက မိုးကုတ္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ကေတာ့ "၂၀၁၆ ၿပီးခဲ့တဲ့ ပထမအႀကိမ္ ျပည္သူ႔လႊတ္ေတာ္မွာ ေက်ာက္မ်က္ဥပေဒေရးခဲ့တယ္။ ဒီဥပေဒက မွ်တမႈ မရွိတဲ့အတြက္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္သက္တမ္းမွာ ျပန္လည္ျပင္ဆင္ၿပီး ဥပေဒၾကမ္းအျဖစ္ တင္ခဲ့တယ္ ။ အဲဒီမယ္ အဆင့္ဆင့္ ျပန္ေရးဆြဲၿပီး ၂၀၁၉ ဇန္နဝါရီလမွာ ျမန္မာေက်ာက္မ်က္ရတနာ ဥပေဒဆိုၿပီး ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္ ။ အခု နည္းဥပေဒဆြဲေနပါတယ္။ နည္းဥပေဒ ဆြဲၿပီးမွသာ ေက်ာက္မ်က္လုပ္ကြက္ ေတြကို ျပန္လည္ခ်ထားေပးမွာျဖစ္ပါတယ္။ "လို႔ ေက်ာက္မ်က္ရတနာ ဥပေဒသစ္နဲ႔ ပတ္သက္လို႔ ဆိုပါတယ္။

ဖားကန္႔မွာ ေက်ာက္တူးေဖာ္ေနမႈ ျမင္ကြင္
အခု နည္းဥပေဒ မထြက္ခင္မွာ ၂၀၁၈ ခုႏွစ္က စတင္ၿပီး ျပည္နယ္ နဲ႔ တိုင္းအစိုးရေတြက တဆင့္ ဗဟိုခ်ဳပ္ကိုင္မႈကို ေလွ်ာ့ခ်ၿပီး သယံဇာတ က႑ စီမံအုပ္ခ်ဳပ္မႈကို တိုးတက္ႏိုင္ဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အေသးစားႏွင့္ လက္လုပ္လက္စား က႑ သတၱဳတူးေဖာ္ ထုတ္လုပ္တဲ့ ခြင့္ျပဳမိန္႔ကို ျပည္နယ္နဲ႔ တိုင္းအစိုးရေတြက ထုတ္ေပးခြင့္ေပးခဲ့ပါတယ္။

တကယ္တမ္းလက္ေတြ႕မွာေတာ့ ခြင့္ျပဳမိန္႔ထုတ္ေပးတဲ့ လုပ္ငန္းစဥ္မွာ အဂတိလိုက္စားတာ ၊ မွားယြင္းစီမံတာနဲ႔ ပတ္ဝန္းက်င္ဆိုင္ရာစံႏႈန္းေတြကို အေလးမထားတာေတြေၾကာင့္ ေဒသခံေတြရဲ႕ ဆႏၵျပမႈကို ရင္ဆိုင္ေနရပါတယ္။

ဒါေၾကာင့္ ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ မိုးကုတ္က လက္လုပ္လက္စားေတြအတြက္ ေက်ာက္မ်က္ လုပ္ကြက္ လ်ာထားသတ္မွတ္ေနရာဟာ တရားမွ်တမႈမရွိဘူးဆိုၿပီး ေက်ာက္တူးေဖာ္သူ ၅၀ဝ ေက်ာ္ဟာ ဆႏၵျပခဲ့ၾကပါတယ္။

သူတို႔ကို တူးေဖာ္ဖို႔ လ်ာထားသတ္မွတ္ေပးတဲ့ ေနရာဟာ ေက်ာက္မ်က္ထြက္ရွိမႈ မရွိသေလာက္ နည္းပါးတာ၊ သြားလာမႈ ခက္ခဲတာနဲ႔ ေျမလြတ္ေျမလပ္ နည္းပါးတာေတြ ေၾကာင့္ မေက်နပ္တာျဖစ္တယ္လို႔ ဆႏၵထုတ္ေဖာ္သူေတြက ဆိုပါတယ္။

သူတို႔အတြက္ လ်ာထားတဲ့ ေနရာေတြကေတာ့ ၿမိဳ႕နဲ႔ ဆယ္မိုင္ေက်ာ္ ဆယ့္ငါးမိုင္ ေလာက္ေဝးတဲ့ ဇုန္သုံးခုမွာ ျဖစ္ပါတယ္။ အဲဒီဇုန္သုံးခုကေတာ့ မိုးကုတ္ၿမိဳ႕ အေနာက္ေတာင္ဘက္က ဇုန္(၁)၊ ၿမိဳ႕ အေရွ႕ေျမာက္ဘက္က ဇုန္ (၂) နဲ႔ ေျမာက္ဘက္နယ္စပ္က ဇုန္(၃) တို႔ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္ႏိုင္က " ဒီေက်ာက္မ်က္ဥပေဒမွာ အလတ္စား၊ အေသးစား၊ လက္လုပ္လက္စားဆို သုံးမ်ိဳးသုံးစား ရွိပါတယ္။ ၂၀ဝ၈ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အလတ္စားက ျပည္ေထာင္စု အစိုးရ စီမံခန္႔ခြဲပိုင္ခြင့္ရွိပါတယ္။ အေသးစားနဲ႔ လက္လုပ္လက္စားက တိုင္းေဒသႀကီး အစိုးရရဲ႕ စီမံခန္႔ခြဲပိုင္ ခြင့္ေအာက္မွာရွိပါတယ္" လို႔ ဆိုပါတယ္။

ေက်ာက္မ်က္ထြက္ရွိရာ ေနရာကို ခြဲေဝတဲ့အခါ ဥပေဒထဲမွာ အၾကမ္းဖ်င္းအရ ဘူမိေဗဒသေဘာအရ ေက်ာက္မ်က္ အမ်ားဆုံးထြက္ရွိရာ ေနရာကို အလတ္စား တူးေဖာ္သူေတြကို ေပးမွာျဖစ္ၿပီး အနည္းငယ္ ထြက္ရွိတဲ့ေနရာကို အေသးစား လုပ္ကြက္အျဖစ္ သတ္မွတ္ၿပီး လက္လုပ္လက္စား တူးေဖာ္သူေတြကို ေပးမွာျဖစ္တယ္လို႔ ပါရွိေၾကာင္း ဦးေအာင္ႏိုင္က ဆိုပါတယ္။

အခုလတ္တေလာ အေျခအေနမွာ နည္းဥပေဒ ေရးဆြဲတုန္းျဖစ္ၿပီး ေဒသခံေတြ မေက်နပ္တာနဲ႔ ပတ္သက္လို႔ နည္းဥပေဒမွာအတိအက် ပါလာမွာ ျဖစ္တဲ့အျပင္ သယံဇာတ ခြဲေဝမႈေတြဟာ အဓိကကေတာ့ သက္ဆိုင္ရာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ျပည္ေထာင္စု အဖြဲ႕တို႔ ေဆြးေႏြးညႇိႏႈိင္းၿပီးမွ ခြဲေဝသင့္တယ္လို႔ ျမင္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္က ေျပာျပပါတယ္။

ျမန္မာ့ေက်ာက္စိမ္းက႑ ရဲ႕ ဝင္ေငြ ခန္႔မွန္းခ်က္နဲ႔ ပတ္သက္လို႔ ၂၀၁၃ ခုႏွစ္ မွာ ဟားဗတ္တကၠသိုလ္ ASH Center နဲ႔ ျမန္မာႏိုင္ငံက လူမႈေရး အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Proximity Designs တို႔ ပူးေပါင္းေဆာင္႐ြက္တဲ့ သုေတသနမွာ ေက်ာက္စိမ္းဝင္ေငြဟာ တစ္ႏွစ္ကို ၈ ဘီလီယံရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒါ့အျပင္ ၂၀၁၇ ခုႏွစ္ ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒၾကမ္းမွာ ေက်ာက္မ်က္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ တာဝန္ဝတၱရားေတြ ရွင္းလင္းစြာ ေဖာ္ျပထားျခင္းမရွိတာ၊ စူးစမ္းရွာေဖြျခင္းနဲ႔ feasibility လိုင္စင္ခ်ထားေပးမႈ မရွိတာ၊ အခြန္ေကာက္ခံျခင္းနဲ႔ တန္ဖိုးျဖတ္ျခင္းျဖစ္စဥ္ေတြ မရွင္းလင္းျခင္းနဲ႔ အျခားဥပေဒေတြနဲ႔ ကိုက္ညီမႈမရွိတာ၊ လက္လုပ္လက္စား ေက်ာက္တူးသူေတြအတြက္ တာဝန္နဲ႔ ရပိုင္ခြင့္ေတြ မရွင္းလင္းတာ၊ ESIAs, HSE လုပ္ေဆာင္မႈ ဒီဇိုင္းနဲ႔ပတ္သက္တဲ့ ရွင္းလင္းမႈေတြ မရွိတာ၊ ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ခံမႈ အားနည္းတာေတြကို စစ္ေဆးေတြ႕ရွိရတယ္လို႔ သယံဇာတ စီမံအုပ္ခ်ဳပ္မႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေပါင္းစုံက ကြၽမ္းက်င္သူ ၁၅၀ ဦး သုေတသနျပဳခ်က္ကို ျပန္လည္စစ္ေဆးတဲ့ NRGI အဖြဲ႕အစည္းရဲ႕ ႏိုင္ငံေတာ္အစိုးရအေပၚ အႀကံျပဳ အစီရင္ခံစာမွာလည္း ေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com
-----------------
Unicode
လက်လုပ်လက်စားတွေအတွက် အခွင့်အရေးဖန်တီးမပေးနိုင်သေးတဲ့ ကျောက်မျက်လုပ်ငန်း

Image caption ဖားကန့်မှာ ကျောက်တူးဖော်နေမှု မြင်ကွင်း

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကျောက်စိမ်းအများဆုံးထုတ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ကျောက်စိမ်း တစ်ကီလိုဂရမ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အဖိုးတန်နိုင်သလို ကျောက်စိမ်းနဲ့ ပတ်သက် သက်ဆိုင်တဲ့ လုပ်ငန်းတွေကလည်း အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ သံယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို အာဏာရှင်တွေက ထိန်းချုပ်ထားခဲ့ကြသလို ဒီကျောက်စိမ်း အပါအဝင် သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ ခွဲဝေမှုတွေက အခုချိန်အထိ ရှင်းမရသေးတဲ့ ပြဿနာဖြစ်နေခဲ့ပါတယ်။

NLD အစိုးရ တက်လာတဲ့အခါမှာတော့ ဒီကျောက်စိမ်းအပါအဝင် သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ ပြဿနာတွေကို ဖြေရှင်းပြီး ၂၀၁၆ ခုနှစ်က ရေးခဲ့တဲ့ ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် သံယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မိုးကုတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ကတော့ "၂၀၁၆ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ကျောက်မျက်ဥပဒေရေးခဲ့တယ်။ ဒီဥပဒေက မျှတမှု မရှိတဲ့အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းမှာ ပြန်လည်ပြင်ဆင်ပြီး ဥပဒေကြမ်းအဖြစ် တင်ခဲ့တယ် ။ အဲဒီမယ် အဆင့်ဆင့် ပြန်ရေးဆွဲပြီး ၂၀၁၉ ဇန်နဝါရီလမှာ မြန်မာကျောက်မျက်ရတနာ ဥပဒေဆိုပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါတယ် ။ အခု နည်းဥပဒေဆွဲနေပါတယ်။ နည်းဥပဒေ ဆွဲပြီးမှသာ ကျောက်မျက်လုပ်ကွက် တွေကို ပြန်လည်ချထားပေးမှာဖြစ်ပါတယ်။ "လို့ ကျောက်မျက်ရတနာ ဥပဒေသစ်နဲ့ ပတ်သက်လို့ ဆိုပါတယ်။
Image caption ဖားကန့်မှာ ကျောက်တူးဖော်နေမှု မြင်ကွင်း

အခု နည်းဥပဒေ မထွက်ခင်မှာ ၂၀၁၈ ခုနှစ်က စတင်ပြီး ပြည်နယ် နဲ့ တိုင်းအစိုးရတွေက တဆင့် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး သယံဇာတ ကဏ္ဍ စီမံအုပ်ချုပ်မှုကို တိုးတက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသေးစားနှင့် လက်လုပ်လက်စား ကဏ္ဍ သတ္တုတူးဖော် ထုတ်လုပ်တဲ့ ခွင့်ပြုမိန့်ကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထုတ်ပေးခွင့်ပေးခဲ့ပါတယ်။

တကယ်တမ်းလက်တွေ့မှာတော့ ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အဂတိလိုက်စားတာ ၊ မှားယွင်းစီမံတာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းတွေကို အလေးမထားတာတွေကြောင့် ဒေသခံတွေရဲ့ ဆန္ဒပြမှုကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိုးကုတ်က လက်လုပ်လက်စားတွေအတွက် ကျောက်မျက် လုပ်ကွက် လျာထားသတ်မှတ်နေရာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ကျောက်တူးဖော်သူ ၅၀ဝ ကျော်ဟာ ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ကို တူးဖော်ဖို့ လျာထားသတ်မှတ်ပေးတဲ့ နေရာဟာ ကျောက်မျက်ထွက်ရှိမှု မရှိသလောက် နည်းပါးတာ၊ သွားလာမှု ခက်ခဲတာနဲ့ မြေလွတ်မြေလပ် နည်းပါးတာတွေ ကြောင့် မကျေနပ်တာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။

သူတို့အတွက် လျာထားတဲ့ နေရာတွေကတော့ မြို့နဲ့ ဆယ်မိုင်ကျော် ဆယ့်ငါးမိုင် လောက်ဝေးတဲ့ ဇုန်သုံးခုမှာ ဖြစ်ပါတယ်။ အဲဒီဇုန်သုံးခုကတော့ မိုးကုတ်မြို့ အနောက်တောင်ဘက်က ဇုန်(၁)၊ မြို့ အရှေ့မြောက်ဘက်က ဇုန် (၂) နဲ့ မြောက်ဘက်နယ်စပ်က ဇုန်(၃) တို့ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်က " ဒီကျောက်မျက်ဥပဒေမှာ အလတ်စား၊ အသေးစား၊ လက်လုပ်လက်စားဆို သုံးမျိုးသုံးစား ရှိပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အလတ်စားက ပြည်ထောင်စု အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်။ အသေးစားနဲ့ လက်လုပ်လက်စားက တိုင်းဒေသကြီး အစိုးရရဲ့ စီမံခန့်ခွဲပိုင် ခွင့်အောက်မှာရှိပါတယ်" လို့ ဆိုပါတယ်။

ကျောက်မျက်ထွက်ရှိရာ နေရာကို ခွဲဝေတဲ့အခါ ဥပဒေထဲမှာ အကြမ်းဖျင်းအရ ဘူမိဗေဒသဘောအရ ကျောက်မျက် အများဆုံးထွက်ရှိရာ နေရာကို အလတ်စား တူးဖော်သူတွေကို ပေးမှာဖြစ်ပြီး အနည်းငယ် ထွက်ရှိတဲ့နေရာကို အသေးစား လုပ်ကွက်အဖြစ် သတ်မှတ်ပြီး လက်လုပ်လက်စား တူးဖော်သူတွေကို ပေးမှာဖြစ်တယ်လို့ ပါရှိကြောင်း ဦးအောင်နိုင်က ဆိုပါတယ်။

အခုလတ်တလော အခြေအနေမှာ နည်းဥပဒေ ရေးဆွဲတုန်းဖြစ်ပြီး ဒေသခံတွေ မကျေနပ်တာနဲ့ ပတ်သက်လို့ နည်းဥပဒေမှာအတိအကျ ပါလာမှာ ဖြစ်တဲ့အပြင် သယံဇာတ ခွဲဝေမှုတွေဟာ အဓိကကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီးမှ ခွဲဝေသင့်တယ်လို့ မြင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ပြောပြပါတယ်။

မြန်မာ့ကျောက်စိမ်းကဏ္ဍ ရဲ့ ဝင်ငွေ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ် မှာ ဟားဗတ်တက္ကသိုလ် ASH Center နဲ့ မြန်မာနိုင်ငံက လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Proximity Designs တို့ ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနမှာ ကျောက်စိမ်းဝင်ငွေဟာ တစ်နှစ်ကို ၈ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာ ကျောက်မျက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားတွေ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိတာ၊ စူးစမ်းရှာဖွေခြင်းနဲ့ feasibility လိုင်စင်ချထားပေးမှု မရှိတာ၊ အခွန်ကောက်ခံခြင်းနဲ့ တန်ဖိုးဖြတ်ခြင်းဖြစ်စဉ်တွေ မရှင်းလင်းခြင်းနဲ့ အခြားဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာ၊ လက်လုပ်လက်စား ကျောက်တူးသူတွေအတွက် တာဝန်နဲ့ ရပိုင်ခွင့်တွေ မရှင်းလင်းတာ၊ ESIAs, HSE လုပ်ဆောင်မှု ဒီဇိုင်းနဲ့ပတ်သက်တဲ့ ရှင်းလင်းမှုတွေ မရှိတာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အားနည်းတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ သယံဇာတ စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်းစုံက ကျွမ်းကျင်သူ ၁၅၀ ဦး သုတေသနပြုချက်ကို ပြန်လည်စစ်ဆေးတဲ့ NRGI အဖွဲ့အစည်းရဲ့ နိုင်ငံတော်အစိုးရအပေါ် အကြံပြု အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
လက္လုပ္လက္စားေတြအတြက္ အခြင့္အေရးဖန္တီးမေပးႏိုင္ေသးတဲ့ ေက်ာက္မ်က္လုပ္ငန္း လက္လုပ္လက္စားေတြအတြက္ အခြင့္အေရးဖန္တီးမေပးႏိုင္ေသးတဲ့ ေက်ာက္မ်က္လုပ္ငန္း Reviewed by THITHTOOLWIN on 01:26 Rating: 5
Powered by Blogger.