မိန္းကေလးတိုင္း သိထားသင့္တဲ့ မိတ္ကပ္လိမ္းတဲ့အခါ သတိျပဳရမယ့္အခ်က္မ်ား


၁၀ ေအာက္တိုဘာ

လွသထက္ လွႏိုင္ဖို႔အတြက္ အလွကုန္ပစၥည္းေတြလည္း အၿပိဳင္အဆိုင္ ထုတ္ၾကသလို ပ်ိဳပ်ိဳေမေလးေတြလည္း ျပင္ၾကတယ္မလား။ ဒီလိုမ်ိဳး လွေအာင္လို႔ မိတ္ကပ္ျပင္တဲ့အခါမွာ အလွအပကို အေႏွာင့္အယွက္ေပးႏိုင္တဲ့ အရာေလးေတြကိုလည္း ေက်ာ္လႊားႏိုင္ဖို႔ လိုပါတယ္။ ဒါမွ လူတကာ အားက် ေငးေမာယူရတဲ့ မ်က္ႏွာလွ ပိုင္ရွင္ေလး ျဖစ္မွာေနာ္။ မိတ္ကပ္လိမ္းတဲ့အခါမွာ လုပ္ရမယ့္ အခ်က္ေတြနဲ႔ ေရွာင္ရမယ့္ အခ်က္ေလးေတြ ေျပာျပမယ္ေနာ္။

ေအာက္ခံမိတ္ကပ္(foundation) ဟာ မ်က္ႏွာတစ္ခုလုံးရဲ႕ အေရးအႀကီးဆုံး အလွျပင္ပစၥည္းပါေနာ္။ မဟုတ္ရင္ မ်က္ႏွာမွာ အဆီေတြ ျပန္ၿပီး ကြက္တာ၊ မိတ္ကပ္သား မတက္တာနဲ႔ မ်က္ႏွာမွာ မညီမညာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေတြကို မျဖစ္ရေလေအာင္ မ်က္ႏွာမွာ ေအာက္ခံမိတ္ကပ္ မလိမ္းခင္ အစိုဓါတ္ျဖည့္ခရင္မ္နဲ႔ Primer ေလး အရင္လိမ္းေပးေနာ္။ ေအာက္ခံမိတ္ကပ္ေ႐ြးတဲ့အခါမွာ ခႏၶာကိုယ္အေရျပားက အသားအေရအေရာင္ေလးနဲ႔ အရမ္းမကြာတာကို ေ႐ြးေနာ္။ မ်က္ႏွာမွာ ဘာမွမလိမ္းရေသးဘဲ ေအာက္ခံမိတ္ကပ္ တန္းမလိမ္းနဲ႔ေနာ္။

Concealer ကေတာ့ ခုေနာက္ပိုင္း မိတ္ကပ္လိမ္းတဲ့အခါမွာ မရွိမျဖစ္ ပစၥည္းလို႔ေတာင္ ေျပာလို႔ ရပါတယ္ေနာ္။ သူက မ်က္ႏွာေပၚက အျပစ္အနာအဆာေတြကို ဖုံးေပးတဲ့အျပင္ မ်က္ႏွာေလး တမူထူးျခားေအာင္လည္း စြမ္းေဆာင္ပါတယ္။ Concealer အေရာင္ေ႐ြးတဲ့အခါမွာ ေအာက္ခံမိတ္ကပ္ထက္ (၁) ဆ (၂) ဆ လင္းတာေလး ေ႐ြးပါ။ အေရာင္ အရမ္းကြာေနတာမ်ိဳး မလုပ္နဲ႔ေနာ္။ Contour လုပ္တဲ့အခါမွာလည္း အလက္လက္ေတြ မပါတဲ့ Bronzer ကို သုံးေပးရင္ အဆင္ေျပပါတယ္။

Highlight လုပ္တဲ့အခါမွာလည္း ပါးအို႔ေနရာ၊ ႏွာေခါင္းနဲ႔ မ်က္ခုံး႐ိုးႏွစ္ခုၾကားေနရာေတြမွာ လုပ္ပါ။ ပါးမို႔ထိပ္ေနရာမွာေတာ့ Hightlight မလုပ္မိဖို႔ သတိျပဳေနာ္။ ပါးနီေလးထည့္လိမ္းခ်င္တယ္ဆိုရင္လည္း ပါးမို႔ထိပ္နားေလးမွာပဲ လိမ္းေပးဖို႔ သတိျပဳပါ။

မ်က္ခုံးေမႊးဆိုးဖို႔ အေရာင္ေ႐ြးေနတယ္ဆိုရင္ေတာ့ ဆံပင္အေရာင္ထက္ (၁) ဆ (၂) ဆ ေလာက္ ပိုနက္တဲ့အေရာင္ကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ လုံးဝအမည္းခ်ည္းပဲဆိုရင္ေတာ့ အသက္အ႐ြယ္ ရင့္သေယာင္ျဖစ္သြားႏိုင္ပါတယ္။ ေအာက္ခံမလိမ္းဘဲ Eye shadow ေတြခ်ည္း သက္သက္ မျခယ္နဲ႔ေနာ္။ မ်က္လုံးေတြကို အေရာင္ေတာက္ေတာက္ႀကီး မျခယ္ခင္မွာလည္း ေအာက္ခံအႏုေလးေတြ အရင္ခံေပးလိုက္ပါ။ မ်က္ေတာင္ဆိုးေဆး မသုံးခင္မွာ မ်က္ေတာင္ေကာ့ပါ။ ေပါ့ေပါ့ပါးပါးေလး ျဖစ္ခ်င္ရင္ေတာ့ မ်က္ေတာင္တုကို ပါးတာေလး ရွာတတ္ပါ။

ႏႈတ္ခမ္းနီဆိုးတဲ့အခါမွာလည္း အျပင္ႏႈတ္ခမ္းအနားသတ္ေနရာေလးကို ေသးတဲ့ lip liner ေလးနဲ႔ အရင္ဆြဲၿပီးမွ ႏႈတ္ခမ္းနီ အျပည့္ဆိုးတာမ်ိဳးဆိုရင္ ပိုေကာင္းပါတယ္။ lip balm ေလးဆိုးရင္လည္း ရပါတယ္။ ႏႈတ္ခမ္းေျခာက္ေနတာကို matte လိုမ်ိဳးႏႈတ္ခမ္းနီေတြ တိုက္႐ိုက္မဆိုးနဲ႔ေနာ္။

မိတ္ကပ္လိမ္းတဲ့အခါမွာ ေနာက္ဆုံးသတိျပဳရမယ့္ အခ်က္ကေတာ့ ဘရက္ရွ္ေတြပါ။ ကိုယ္ရဲ႕ မ်က္ႏွာနဲ႔တိုက္႐ိုက္ထိေတြ႕ေနမယ့္ ပစၥည္းေတြဟာ သန္႔ရွင္းေနဖို႔လိုပါတယ္။ ဒါမွပဲ သုံးသမွ် skin care ေတြရဲ႕ အက်ိဳးအာနိသင္ကို ရရွိႏိုင္မွာပါ။ ဒီလို မဟုတ္ရင္ မ်က္ႏွာမွာ အညစ္အေၾကးေတြရွိေနၿပီး ဝက္ၿခံထြက္တာေတြေတာင္ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ မိတ္ကပ္လိမ္းတဲ့အခါမွာ အသုံးျပဳတဲ့ ဘရက္ရွ္ေတြကို မၾကာခဏ ေဆးေၾကာ သန္႔စင္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။

ေရးသားသူ - Eaindray Kha
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

၁၀ အောက်တိုဘာ

လှသထက် လှနိုင်ဖို့အတွက် အလှကုန်ပစ္စည်းတွေလည်း အပြိုင်အဆိုင် ထုတ်ကြသလို ပျိုပျိုမေလေးတွေလည်း ပြင်ကြတယ်မလား။ ဒီလိုမျိုး လှအောင်လို့ မိတ်ကပ်ပြင်တဲ့အခါမှာ အလှအပကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာလေးတွေကိုလည်း ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ဒါမှ လူတကာ အားကျ ငေးမောယူရတဲ့ မျက်နှာလှ ပိုင်ရှင်လေး ဖြစ်မှာနော်။ မိတ်ကပ်လိမ်းတဲ့အခါမှာ လုပ်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်လေးတွေ ပြောပြမယ်နော်။

အောက်ခံမိတ်ကပ်(foundation) ဟာ မျက်နှာတစ်ခုလုံးရဲ့ အရေးအကြီးဆုံး အလှပြင်ပစ္စည်းပါနော်။ မဟုတ်ရင် မျက်နှာမှာ အဆီတွေ ပြန်ပြီး ကွက်တာ၊ မိတ်ကပ်သား မတက်တာနဲ့ မျက်နှာမှာ မညီမညာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို မဖြစ်ရလေအောင် မျက်နှာမှာ အောက်ခံမိတ်ကပ် မလိမ်းခင် အစိုဓါတ်ဖြည့်ခရင်မ်နဲ့ Primer လေး အရင်လိမ်းပေးနော်။ အောက်ခံမိတ်ကပ်ရွေးတဲ့အခါမှာ ခန္ဓာကိုယ်အရေပြားက အသားအရေအရောင်လေးနဲ့ အရမ်းမကွာတာကို ရွေးနော်။ မျက်နှာမှာ ဘာမှမလိမ်းရသေးဘဲ အောက်ခံမိတ်ကပ် တန်းမလိမ်းနဲ့နော်။

Concealer ကတော့ ခုနောက်ပိုင်း မိတ်ကပ်လိမ်းတဲ့အခါမှာ မရှိမဖြစ် ပစ္စည်းလို့တောင် ပြောလို့ ရပါတယ်နော်။ သူက မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးပေးတဲ့အပြင် မျက်နှာလေး တမူထူးခြားအောင်လည်း စွမ်းဆောင်ပါတယ်။ Concealer အရောင်ရွေးတဲ့အခါမှာ အောက်ခံမိတ်ကပ်ထက် (၁) ဆ (၂) ဆ လင်းတာလေး ရွေးပါ။ အရောင် အရမ်းကွာနေတာမျိုး မလုပ်နဲ့နော်။ Contour လုပ်တဲ့အခါမှာလည်း အလက်လက်တွေ မပါတဲ့ Bronzer ကို သုံးပေးရင် အဆင်ပြေပါတယ်။

Highlight လုပ်တဲ့အခါမှာလည်း ပါးအို့နေရာ၊ နှာခေါင်းနဲ့ မျက်ခုံးရိုးနှစ်ခုကြားနေရာတွေမှာ လုပ်ပါ။ ပါးမို့ထိပ်နေရာမှာတော့ Hightlight မလုပ်မိဖို့ သတိပြုနော်။ ပါးနီလေးထည့်လိမ်းချင်တယ်ဆိုရင်လည်း ပါးမို့ထိပ်နားလေးမှာပဲ လိမ်းပေးဖို့ သတိပြုပါ။

မျက်ခုံးမွှေးဆိုးဖို့ အရောင်ရွေးနေတယ်ဆိုရင်တော့ ဆံပင်အရောင်ထက် (၁) ဆ (၂) ဆ လောက် ပိုနက်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။ လုံးဝအမည်းချည်းပဲဆိုရင်တော့ အသက်အရွယ် ရင့်သယောင်ဖြစ်သွားနိုင်ပါတယ်။ အောက်ခံမလိမ်းဘဲ Eye shadow တွေချည်း သက်သက် မခြယ်နဲ့နော်။ မျက်လုံးတွေကို အရောင်တောက်တောက်ကြီး မခြယ်ခင်မှာလည်း အောက်ခံအနုလေးတွေ အရင်ခံပေးလိုက်ပါ။ မျက်တောင်ဆိုးဆေး မသုံးခင်မှာ မျက်တောင်ကော့ပါ။ ပေါ့ပေါ့ပါးပါးလေး ဖြစ်ချင်ရင်တော့ မျက်တောင်တုကို ပါးတာလေး ရှာတတ်ပါ။

နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အပြင်နှုတ်ခမ်းအနားသတ်နေရာလေးကို သေးတဲ့ lip liner လေးနဲ့ အရင်ဆွဲပြီးမှ နှုတ်ခမ်းနီ အပြည့်ဆိုးတာမျိုးဆိုရင် ပိုကောင်းပါတယ်။ lip balm လေးဆိုးရင်လည်း ရပါတယ်။ နှုတ်ခမ်းခြောက်နေတာကို matte လိုမျိုးနှုတ်ခမ်းနီတွေ တိုက်ရိုက်မဆိုးနဲ့နော်။

မိတ်ကပ်လိမ်းတဲ့အခါမှာ နောက်ဆုံးသတိပြုရမယ့် အချက်ကတော့ ဘရက်ရှ်တွေပါ။ ကိုယ်ရဲ့ မျက်နှာနဲ့တိုက်ရိုက်ထိတွေ့နေမယ့် ပစ္စည်းတွေဟာ သန့်ရှင်းနေဖို့လိုပါတယ်။ ဒါမှပဲ သုံးသမျှ skin care တွေရဲ့ အကျိုးအာနိသင်ကို ရရှိနိုင်မှာပါ။ ဒီလို မဟုတ်ရင် မျက်နှာမှာ အညစ်အကြေးတွေရှိနေပြီး ဝက်ခြံထွက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ အသုံးပြုတဲ့ ဘရက်ရှ်တွေကို မကြာခဏ ဆေးကြော သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။

ရေးသားသူ - Eaindray Kha
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မိန္းကေလးတိုင္း သိထားသင့္တဲ့ မိတ္ကပ္လိမ္းတဲ့အခါ သတိျပဳရမယ့္အခ်က္မ်ား မိန္းကေလးတိုင္း သိထားသင့္တဲ့ မိတ္ကပ္လိမ္းတဲ့အခါ သတိျပဳရမယ့္အခ်က္မ်ား Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.