နီေပါသမၼတခရီးစဥ္အတြင္း ခရီးသြားနဲ႔ယဥ္ေက်းမႈက႑ သေဘာတူ

နီေပါသမၼတ Bidya Devi Bhandari နဲ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)
Zawgyi
နီေပါသမၼတရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္အတြင္း ၂ ႏုိင္ငံၾကား ခရီးသြားလုပ္ငန္းနဲ႔ ယဥ္ေက်းမႈဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ဖုိ႔ သေဘာတူ လုိက္ၾကပါတယ္။ ၂ ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈေတြ တုိးျမွင့္မယ့္ နားလည္မႈစာခၽြန္လႊာ ဒီကေန႔ လက္မွတ္ေရးထုိးတဲ့ အခမ္းအနားကုိေတာ့ နီေပါသမၼတ Bidya Devi Bhandari နဲ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔လည္း တက္ေရာက္ခဲ့ၾကတာပါ။


ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လမွာတုန္းက နီေပါႏုိင္ငံ ခတၱမႏၵဴးၿမိဳ႕ကုိ သြားေရာက္ခဲ့ဖူးတဲ့ သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ ၅ ရက္ၾကာ ခရီးစဥ္အျဖစ္ ေရာက္ရွိေနတဲ့ နီေပါသမၼတဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႔ဆုံခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ဒီကေန႔ ေတြ႔ဆုံရာမွာ ၂ ႏုိင္ငံ ျပည္သူေတြၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမွင့္ေရး၊ ခရီးသြားနဲ႔ ယဥ္ေက်းမႈက႑ေတြမွာ ပူးေပါင္းေဆာင္ရြက္ေရး၊ ႏိုင္ငံတကာ မ်က္ႏွာစာမွာ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ေရး၊ သတင္းအခ်က္အလက္ ဖလွယ္ေရး ေဆြးေႏြးခဲ့ၾကေၾကာင္းလည္း ႏုိ္င္ငံေတာ္ အတုိင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ နီေပါႏိုင္ငံမွာ က်င္းပမယ့္ အျပည္ျပည္ဆိုင္ရာ ရာသီဥတု ေျပာင္းလဲမႈ ညီလာခံကုိ ျမန္မာႏိုင္ငံက အဆင့္ျမင့္ကိုယ္စားလွယ္အဖဲြ႔ တက္ေရာက္ေရး၊ ၂၀၂၀ျပည့္ႏွစ္မွာ က်ေရာက္မယ့္ ၂ ႏိုင္ငံ သံတမန္ဆက္ဆံေရး ထူေထာင္မႈ ႏွစ္(၆၀) ျပည့္ အထိမ္းအမွတ္ အခမ္းအနား က်င္းပေရးကိစၥေတြကုိ ေဆြးေႏြးခဲ့ေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

....................

{Unicode}

နီပေါသမ္မတခရီးစဉ်အတွင်း ခရီးသွားနဲ့ယဉ်ကျေးမှုကဏ္ဍသဘောတူ

နီပေါသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂ နိုင်ငံကြား ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လိုက်ကြပါတယ်။ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မယ့် နားလည်မှုစာချွန်လွှာ ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုတော့ နီပေါသမ္မတ Bidya Devi Bhandari နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့လည်း တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာတုန်းက နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့ကို သွားရောက်ခဲ့ဖူးတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နီပေါသမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံရာမှာ ၂ နိုင်ငံ ပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ခရီးသွားနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ မျက်နှာစာမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး ဆွေးနွေးခဲ့ကြကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် နီပေါနိုင်ငံမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ညီလာခံကို မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရေး၊ ၂၀၂၀ပြည့်နှစ်မှာ ကျရောက်မယ့် ၂ နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
နီေပါသမၼတခရီးစဥ္အတြင္း ခရီးသြားနဲ႔ယဥ္ေက်းမႈက႑ သေဘာတူ နီေပါသမၼတခရီးစဥ္အတြင္း ခရီးသြားနဲ႔ယဥ္ေက်းမႈက႑ သေဘာတူ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.