ထိုင္းဘုရင္ ကိုယ္လုပ္ေတာ္ကို သစၥာမဲ့လို႔ ဆိုၿပီး ဖယ္ရွား

တိုက္ေလယာဥ္ေမာင္းတဲ့ ဆီနီနတ္ ဝုန္ဝခ်ီရာပတ္ကို ဇူလိုင္လက နန္းတင္ခဲ့
Zawgyi
ထိုင္းဘုရင္ က သူ႔ရဲ႕ ကိုယ္လုပ္ေတာ္ကို သစၥာမဲ့လို႔ ဆိုၿပီး ရာထူး အဆင့္ေတြကေန ဖယ္ရွားလိုက္ပါတယ္။

ဆီနီနတ္ ဝုန္ဝခ်ီရာပတ္ကို ကိုယ္လုပ္ေတာ္ ရာထူး ေပးသနားၿပီး လပိုင္းမွာပဲ ဒီလို ဖယ္ရွားခံရတာ ျဖစ္ပါတယ္။

ဝုန္ဝခ်ီရာပတ္ဟာ သူ႔ကိုယ္သူ မိဘုရားအရာေရာက္ေအာင္ ျမႇင့္ဖို႔ ႀကိဳးစားခဲ့တယ္ ၊ ဒါဟာ အ႐ိုအေသတန္ၿပီး ေက်းဇူးမသိရာေရာက္တယ္ ဆိုၿပီး ထိုင္း ေတာ္ဝင္ ေဂဇက္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္လကပဲ ထိုင္းဘုရင့္နန္းေတာ္ကေန ဒီၾကင္ယာသစ္ရဲ႕ ဓာတ္ပုံေတြ ဒါဇင္နဲ႔ခ်ီ ထုတ္ျပန္ခဲ့ပါတယ္။

ဒီပုံေတြထဲမွာ အသက္ ၃၄ ႏွစ္ ရွိၿပီျဖစ္တဲ့ ဒီစစ္သူနာျပဳေဟာင္းနဲ႔ ဘုရင္နဲ႔အတူ ႐ိုက္ထားတဲ့ပုံေတြလည္း ပါပါတယ္။

ထိုင္းဘုရင္ ဝခ်ီရာ ေလာင္ကြန္ဟာ ေလးခါ လက္ထပ္ခဲ့ဖူးၿပီး သူ႔ရဲ႕ ကိုယ္ရံေတာ္ေဟာင္းနဲ႔ ေမလကမွ လက္ထပ္ခဲ့ပါတယ္။

ဘန္ေကာက္ နန္းေတာ္ႀကီးထဲမွာ ဓာတ္ပုံအတူ႐ိုက္ထားတဲ့ ထိုင္းဘုရင္ ဝခ်ီရာ ေလာင္ကြန္နဲ႔ ၾကင္ယာေတာ္

 ဗိုလ္မႉးခ်ဳပ္ ရာထူးရခဲ့တဲ့ ဆီနီနတ္ 

BBC Burmese
https://www.bbc.com
------------
Unicode
ထိုင်းဘုရင် ကိုယ်လုပ်တော်ကို သစ္စာမဲ့လို့ ဆိုပြီး ဖယ်ရှား

Image caption တိုက်လေယာဉ်မောင်းတဲ့ ဆီနီနတ် ဝုန်ဝချီရာပတ်ကို ဇူလိုင်လက နန်းတင်ခဲ့

ထိုင်းဘုရင် က သူ့ရဲ့ ကိုယ်လုပ်တော်ကို သစ္စာမဲ့လို့ ဆိုပြီး ရာထူး အဆင့်တွေကနေ ဖယ်ရှားလိုက်ပါတယ်။

ဆီနီနတ် ဝုန်ဝချီရာပတ်ကို ကိုယ်လုပ်တော် ရာထူး ပေးသနားပြီး လပိုင်းမှာပဲ ဒီလို ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

ဝုန်ဝချီရာပတ်ဟာ သူ့ကိုယ်သူ မိဘုရားအရာရောက်အောင် မြှင့်ဖို့ ကြိုးစားခဲ့တယ် ၊ ဒါဟာ အရိုအသေတန်ပြီး ကျေးဇူးမသိရာရောက်တယ် ဆိုပြီး ထိုင်း တော်ဝင် ဂေဇက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လကပဲ ထိုင်းဘုရင့်နန်းတော်ကနေ ဒီကြင်ယာသစ်ရဲ့ ဓာတ်ပုံတွေ ဒါဇင်နဲ့ချီ ထုတ်ပြန်ခဲ့ပါတယ်။

ဒီပုံတွေထဲမှာ အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ ဒီစစ်သူနာပြုဟောင်းနဲ့ ဘုရင်နဲ့အတူ ရိုက်ထားတဲ့ပုံတွေလည်း ပါပါတယ်။

ထိုင်းဘုရင် ဝချီရာ လောင်ကွန်ဟာ လေးခါ လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ကိုယ်ရံတော်ဟောင်းနဲ့ မေလကမှ လက်ထပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘန်ကောက် နန်းတော်ကြီးထဲမှာ ဓာတ်ပုံအတူရိုက်ထားတဲ့ ထိုင်းဘုရင် ဝချီရာ လောင်ကွန်နဲ့ ကြင်ယာတော်
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်မှူးချုပ် ရာထူးရခဲ့တဲ့ ဆီနီနတ်

BBC Burmese
https://www.bbc.com
ထိုင္းဘုရင္ ကိုယ္လုပ္ေတာ္ကို သစၥာမဲ့လို႔ ဆိုၿပီး ဖယ္ရွား ထိုင္းဘုရင္ ကိုယ္လုပ္ေတာ္ကို သစၥာမဲ့လို႔ ဆိုၿပီး ဖယ္ရွား Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.