ကန႔္ကြက္ ဆႏၵျပမႈေတြ ႀကဳံရႏိုင္တဲ့ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ ဂ်ပန္ ခရီး

 ၂၀၁၈ ခုႏွစ္ မဲေခါင္ ဂ်ပန္ ထိပ္သီး အစည္အေဝးအတြက္ ဂ်ပန္ႏိုင္ငံကို ေရာက္ေနတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ

Zawgyi
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂ်ပန္ႏိုင္ငံ ခရီးစဥ္ အတြင္းမွာ ဂ်ပန္ေရာက္ ရခိုင္တိုင္းရင္းသားေတြက ဆႏၵျပဖို႔ စီစဥ္ေနတယ္လို႔ ဆႏၵျပ ပြဲကို ဦးေဆာင္စီစဥ္သူတစ္ဦးျဖစ္တဲ့ ဦးေမာင္သန္းက ဘီဘီစီကို ေျပာပါတယ္ ။

ေအာက္တိုဘာလ ၂၁ ရက္ မွာ တိုက်ိဳၿမိဳ႕က ျမန္မာသံ႐ုံးကို ေဒၚေအာင္ဆန္းစုၾကည္ ေရာက္လာခ်ိန္မွာ ဆႏၵျပမွာ ျဖစ္ၿပီးေတာ့ ဂ်ပန္ေရာက္ေနတဲ့ ရခိုင္တိုင္းရင္းသား အနည္းဆုံး အေယာက္ ၄၀ ေလာက္ ပါဝင္မွာ ျဖစ္သလို က်န္တဲ့ အဖြဲ႕ေတြကိုလည္း ပူးေပါင္းဖို႔ ဖိတ္ေခၚထားတယ္လို႔လည္း သူက ေျပာပါတယ္။

ဒီဆႏၵျပပြဲကို ႐ိုဟင္ဂ်ာအေရး လူပ္ရွားသူေတြလည္း ပါဝင္ဖို႔ရွိၿပီး ရကၡိဳင္လူငယ္မ်ား အစည္း႐ုံးရဲ႕ အရင္ဆႏၵျပပြဲေတြထက္ အားေကာင္းဖို႔ရွိတယ္လို႔လည္း ဂ်ပန္ေရာက္ ျမန္မာ အသိုင္းအဝိုင္းက ေျပာပါတယ္ ။

ရခိုင္တိုက္ပြဲနဲ႔ တိုက္႐ိုက္ ဆက္စပ္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မၾကာခင္ရက္ပိုင္း က ဂ်ပန္ခရီးစဥ္တုန္းက ဆႏၵမျပခဲ့တာဘာေၾကာင့္လဲ ဆိုတာနဲ႔ ပတ္သက္လို႔ အရပ္သားအစိုးရ ေခါင္းေဆာင္ကို သာ ဆႏၵျပလိုတာျဖစ္ၿပီး စစ္ေခါင္းေဆာင္ကို ဆႏၵမျပ လိုတာေၾကာင့္လို႔လည္း ဘီဘီစီကို ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာဂ်ပန္ ဧကရာဇ္ ရဲ႕ထီးနန္းဆက္ခံ ပြဲကို တက္ေရာက္ ဖို႔ ဖိတ္ၾကားခံရတာျဖစ္ၿပီးေတာ့ ေအာက္တိုဘာ လ ၂၁ ရက္ ကေန၂၃ ရက္ အထိ ၃ရက္ ၾကာ ခရီးစဥ္ ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္က သတင္း မထုတ္ေပမယ့္ ဂ်ပန္ဘက္ ကေတာ့ ေဒၚေအာင္ ဆန္းစုၾကည္ ဒီအခမ္းနားကို တက္မယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ား ႀကိဳသိေနၾကပါတယ္။

ေအာက္တိုဘာလ ၂၁ ရက္ ညေနပိုင္း တိုက်ိဳ ျမန္မာသံ႐ုံးကို ေရာက္လာတဲ့ အခ်ိန္မွာ ဆႏၵျပ ဖို႔စီစဥ္ထားၾကတာလည္း ျဖစ္ပါတယ္။

ဒီလို ဆႏၵျပ မႈေၾကာင့္ ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ ရခိုင္ အဖြဲ႕အစည္းအတြက္ ဂ်ပန္အစိုးရဘက္ က ဖိအားေပးခံရမႈေတြ မရွိႏိုင္ဘူးလို႔လည္း ဦးေမာင္သန္းက ေျပာပါတယ္ ။

ဂ်ပန္-ျမန္မာ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ေတြ႕ဖို႔ရွိ

ဂ်ပန္ ခရီးစဥ္တြင္းမွာ ဘယ္သူေတြနဲ႔ေတြ႕မွာလည္း

ေဒၚေအာင္ဆန္းစုၾကည္ ခရီးစဥ္အတြင္းမွာ ဂ်ပန္စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ဂ်ပန္ကို ေဒၚေအာင္ဆန္းစုၾကည္ေရာက္တဲ့အခါ ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ စာရင္းေပးထားတာေတြလည္း ရွိပါတယ္။

ဒါ့အျပင္ တိုက်ိဳ ျမန္မာသံ႐ုံးကိုလည္းေရာက္လာဖို႔ ရွိပါတယ္။

၂၀၁၈ ခုႏွစ္ မဲေခါင္ ဂ်ပန္ထိပ္သီး အစည္အေဝး အတြက္ ဂ်ပန္ႏိုင္ငံကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ေရာက္တုန္းက ျမန္မာ အစိုးရရဲ႕ ႐ိုဟင္ဂ်ာ ပဋိပကၡ ကိုင္တြယ္ပုံေတြမွာ ပိုၿပီး ပြင့္လင္းမႈေတြ ရွိလာေစရမယ္ ဆိုၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဖိတ္ေခၚခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးရဖို႔ ႀကိဳးစား႐ုန္းကန္ေနရသလို ရခိုင္နဲ႔ ပတ္သက္ၿပီး ေျဖရွင္းဖို႔မွာလည္း စိန္ေခၚတာေတြ ရွိေနတာကို ဝန္ခံဖို႔ အသင့္ရွိတယ္လို႔ ဂ်ပန္ စီးပြားေရး သမားေတြနဲ႔ ေတြ႕ဆုံရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ေခၚယူဖို႔ အတြက္ ၿငိမ္းခ်မ္းတည္ၿငိမ္မႈေတြ ရွိဖို႔လိုေၾကာင္း သူသိပါတယ္လို႔လည္း အဲ့ဒီေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အခု၂၀၁၉ ခရီးစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ တဲ့ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕ မွာ အဖြဲ႕ဝင္ ၂၀ ေလာက္ လိုက္ပါလာဖို႔လည္း ရွိပါတယ္။

 တပ္ခ်ဳပ္ ဂ်ပန္မွာရွိတဲ့ သံ႐ုံး ဝန္ထမ္းေတြနဲေတြ႕
ေဒၚေအာင္ဆန္းစုၾကည္ ခရီးစဥ္ မတိုင္မီ တပ္ခ်ဳပ္ဂ်ပန္ ခရီး

တပ္ခ်ဳပ္ဟာ ဂ်ပန္ဧကရာဇ္ရဲ႕ ထီးနန္းဆက္ခံပြဲနဲ႔ ရက္ကပ္ၿပီး ဂ်ပန္ကိုေရာက္သြားခဲ့ပါတယ္။ သူ႔ခရီးစဥ္အတြင္းမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ခဲ့သလို ဂ်ပန္မွာရွိတဲ့ ျမန္မာသံ႐ုံးဝန္ထမ္းေတြနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့ပါေသးတယ္။

တပ္ခ်ဳပ္ေရာက္လာတာကို သိေပမယ့္ ၂၀၀၈အေျခခံ ဥပေဒအရ သမၼတဟာ တပ္ခ်ဳပ္ကို အမိန႔္ေပးရမွာ ျဖစ္သလို သမၼတ အထက္က ႏိုင္ငံေတာ္အတိုင္ပင္ခံကပိုၿပီး တာဝန္ရွိတယ္လို႔ ယူဆတဲ့ အတြက္ ရခိုင္စစ္ပြဲေတြ ရပ္တန႔္ဖို႔ နဲ႔ ရခိုင္ လူမ်ိဳး ဒုကၡသည္ေတြကို ကူညီဖို႔ ေတာင္းဆိုမွာ ျဖစ္တယ္လို႔လည္း ဦးေမာင္ဦးက ေျပာပါတယ္။

ဘာေၾကာင့္ေဒၚေအာင္ဆန္းစုၾကည္ကို ဆႏၵျပရတာလဲ

ေဒၚေအာင္ဆန္းစုၾကည္ကို ရခိုင္ေတြ ဆႏၵျပရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ရခိုင္ျပည္နယ္ကတိုက္ပြဲေတြ နဲ႔ ဆက္စပ္ပါတယ္ ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေအေအ အဖြဲ႕ ကိုအျမစ္ျဖတ္ေျခမႈန္းဖို႔ အမိန္႔္ထုတ္ထားတယ္လို႔ အခု ဆႏၵျပမယ့္သူေတြဘက္က ယူဆခ်က္လည္း ရွိပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္က ဒုကၡသည္ေတြ အေရးအပါအဝင္ အင္တာနက္ အဆက္အသြယ္ ျဖတ္ေတာက္ထားတာ၊ ရခိုင္ျပည္နယ္ စစ္ပြဲေတြကို ရပ္တန႔္ေအာင္ မလုပ္ႏိုင္တာေတြနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့အတြက္ ဂ်ပန္ေရာက္ ရခိုင္တိုင္းရင္သားေတြက အခုလို ဆႏၵျပရတာျဖစ္တယ္လို႔လည္း ဦးေမာ္သန္းက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံသူ ျမန္မာႏိုင္ငံသားေတြကေတာ့ ဆႏၵျပပြဲ ဟာ လူ ၁၅ ေယာက္နဲ႔ အေယာက္ ၂၀ ၾကား ဆႏၵျပပြဲေလာက္ပဲ ျဖစ္ႏိုင္တယ္လို႔လည္း သုံးသပ္ၾကပါတယ္။
ဘယ္သူေတြပါႏိုင္ သလဲ

ေဒၚေအာင္ဆန္းစုၾကည္ကို ဆႏၵျပမယ့္ ဂ်ပန္ေရာက္ ရခိုင္ေတြဟာ ေဒါက္တာေအးေမာင္ အုပ္စုလို႔ လူသိမ်ားတဲ့ ရခိုင္ေတြျဖစ္တယ္လို႔လည္း ဂ်ပန္ေရာက္ ျမန္မာေတြက ေျပာပါတယ္။

ဒီအဖြဲ႕ ရွိသလို ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံတဲ့ ဦးေအးသာေအာင္ အုပ္စုေတြလည္း ဂ်ပန္မွာရွိတယ္လို႔လည္း သူတို႔က ေျပာပါတယ္။

ဂ်ပန္မွာ ရခိုင္ေတြ ႏွစ္ဖြဲ႕ကြဲေနတာေတာ့ ဟုတ္တယ္ အခု ဆႏၵျပ မယ့္အဖြဲ႕ ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အန္အယ္ဒီကို မေထာက္ခံတဲ့ သူေတြေပါ့ဗ်ာလို႔ လည္း ဦးေမာင္သန္းက ေျပာပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာအေရးလူပ္ရွားသူေတြပါ ဆႏၵျပမယ့္ အထဲမွာ ပါလာဖို႔ရွိတယ္လို႔လည္း ဂ်ပန္ေရာက္ ျမန္မာေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
Unicode
ကန့်ကွက် ဆန္ဒပြမှုတွေ ကြုံရနိုင်တဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဂျပန် ခရီး

Image caption ၂၀၁၈ ခုနှစ် မဲခေါင် ဂျပန် ထိပ်သီး အစည်အဝေးအတွက် ဂျပန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်းမှာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြ ပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်သန်းက ဘီဘီစီကို ပြောပါတယ် ။

အောက်တိုဘာလ ၂၁ ရက် မှာ တိုကျိုမြို့က မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာ ဆန္ဒပြမှာ ဖြစ်ပြီးတော့ ဂျပန်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား အနည်းဆုံး အယောက် ၄၀ လောက် ပါဝင်မှာ ဖြစ်သလို ကျန်တဲ့ အဖွဲ့တွေကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို ရိုဟင်ဂျာအရေး လူပ်ရှားသူတွေလည်း ပါဝင်ဖို့ရှိပြီး ရက္ခိုင်လူငယ်များ အစည်းရုံးရဲ့ အရင်ဆန္ဒပြပွဲတွေထက် အားကောင်းဖို့ရှိတယ်လို့လည်း ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းက ပြောပါတယ် ။

ရခိုင်တိုက်ပွဲနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာခင်ရက်ပိုင်း က ဂျပန်ခရီးစဉ်တုန်းက ဆန္ဒမပြခဲ့တာဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်လို့ အရပ်သားအစိုးရ ခေါင်းဆောင်ကို သာ ဆန္ဒပြလိုတာဖြစ်ပြီး စစ်ခေါင်းဆောင်ကို ဆန္ဒမပြ လိုတာကြောင့်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာဂျပန် ဧကရာဇ် ရဲ့ထီးနန်းဆက်ခံ ပွဲကို တက်ရောက် ဖို့ ဖိတ်ကြားခံရတာဖြစ်ပြီးတော့ အောက်တိုဘာ လ ၂၁ ရက် ကနေ၂၃ ရက် အထိ ၃ရက် ကြာ ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က သတင်း မထုတ်ပေမယ့် ဂျပန်ဘက် ကတော့ ဒေါ်အောင် ဆန်းစုကြည် ဒီအခမ်းနားကို တက်မယ်ဆိုတာ တော်တော်များများ ကြိုသိနေကြပါတယ်။

အောက်တိုဘာလ ၂၁ ရက် ညနေပိုင်း တိုကျို မြန်မာသံရုံးကို ရောက်လာတဲ့ အချိန်မှာ ဆန္ဒပြ ဖို့စီစဉ်ထားကြတာလည်း ဖြစ်ပါတယ်။

ဒီလို ဆန္ဒပြ မှုကြောင့် ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ရခိုင် အဖွဲ့အစည်းအတွက် ဂျပန်အစိုးရဘက် က ဖိအားပေးခံရမှုတွေ မရှိနိုင်ဘူးလို့လည်း ဦးမောင်သန်းက ပြောပါတယ် ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဖို့ရှိ
ဂျပန် ခရီးစဉ်တွင်းမှာ ဘယ်သူတွေနဲ့တွေ့မှာလည်း

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်းမှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည်ရောက်တဲ့အခါ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စာရင်းပေးထားတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် တိုကျို မြန်မာသံရုံးကိုလည်းရောက်လာဖို့ ရှိပါတယ်။

၂၀၁၈ ခုနှစ် မဲခေါင် ဂျပန်ထိပ်သီး အစည်အဝေး အတွက် ဂျပန်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရောက်တုန်းက မြန်မာ အစိုးရရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ကိုင်တွယ်ပုံတွေမှာ ပိုပြီး ပွင့်လင်းမှုတွေ ရှိလာစေရမယ် ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးရဖို့ ကြိုးစားရုန်းကန်နေရသလို ရခိုင်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့မှာလည်း စိန်ခေါ်တာတွေ ရှိနေတာကို ဝန်ခံဖို့ အသင့်ရှိတယ်လို့ ဂျပန် စီးပွားရေး သမားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်ယူဖို့ အတွက် ငြိမ်းချမ်းတည်ငြိမ်မှုတွေ ရှိဖို့လိုကြောင်း သူသိပါတယ်လို့လည်း အဲ့ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အခု၂၀၁၉ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ မှာ အဖွဲ့ဝင် ၂၀ လောက် လိုက်ပါလာဖို့လည်း ရှိပါတယ်။
ဓာတ်ပုံ မူပိုင် cnds
Image caption တပ်ချုပ် ဂျပန်မှာရှိတဲ့ သံရုံး ဝန်ထမ်းတွေနဲတွေ့

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မတိုင်မီ တပ်ချုပ်ဂျပန် ခရီး

တပ်ချုပ်ဟာ ဂျပန်ဧကရာဇ်ရဲ့ ထီးနန်းဆက်ခံပွဲနဲ့ ရက်ကပ်ပြီး ဂျပန်ကိုရောက်သွားခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့သလို ဂျပန်မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

တပ်ချုပ်ရောက်လာတာကို သိပေမယ့် ၂၀၀၈အခြေခံ ဥပဒေအရ သမ္မတဟာ တပ်ချုပ်ကို အမိန့်ပေးရမှာ ဖြစ်သလို သမ္မတ အထက်က နိုင်ငံတော်အတိုင်ပင်ခံကပိုပြီး တာဝန်ရှိတယ်လို့ ယူဆတဲ့ အတွက် ရခိုင်စစ်ပွဲတွေ ရပ်တန့်ဖို့ နဲ့ ရခိုင် လူမျိုး ဒုက္ခသည်တွေကို ကူညီဖို့ တောင်းဆိုမှာ ဖြစ်တယ်လို့လည်း ဦးမောင်ဦးက ပြောပါတယ်။

ဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရတာလဲ

ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်တွေ ဆန္ဒပြရတဲ့ အဓိက အကြောင်းအရင်းကတော့ ရခိုင်ပြည်နယ်ကတိုက်ပွဲတွေ နဲ့ ဆက်စပ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အေအေ အဖွဲ့ ကိုအမြစ်ဖြတ်ခြေမှုန်းဖို့ အမိန့်ထုတ်ထားတယ်လို့ အခု ဆန္ဒပြမယ့်သူတွေဘက်က ယူဆချက်လည်း ရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အရေးအပါအဝင် အင်တာနက် အဆက်အသွယ် ဖြတ်တောက်ထားတာ၊ ရခိုင်ပြည်နယ် စစ်ပွဲတွေကို ရပ်တန့်အောင် မလုပ်နိုင်တာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့အတွက် ဂျပန်ရောက် ရခိုင်တိုင်းရင်သားတွေက အခုလို ဆန္ဒပြရတာဖြစ်တယ်လို့လည်း ဦးမော်သန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ မြန်မာနိုင်ငံသားတွေကတော့ ဆန္ဒပြပွဲ ဟာ လူ ၁၅ ယောက်နဲ့ အယောက် ၂၀ ကြား ဆန္ဒပြပွဲလောက်ပဲ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဘယ်သူတွေပါနိုင် သလဲ

ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့် ဂျပန်ရောက် ရခိုင်တွေဟာ ဒေါက်တာအေးမောင် အုပ်စုလို့ လူသိများတဲ့ ရခိုင်တွေဖြစ်တယ်လို့လည်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။

ဒီအဖွဲ့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဦးအေးသာအောင် အုပ်စုတွေလည်း ဂျပန်မှာရှိတယ်လို့လည်း သူတို့က ပြောပါတယ်။

ဂျပန်မှာ ရခိုင်တွေ နှစ်ဖွဲ့ကွဲနေတာတော့ ဟုတ်တယ် အခု ဆန္ဒပြ မယ့်အဖွဲ့ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို မထောက်ခံတဲ့ သူတွေပေါ့ဗျာလို့ လည်း ဦးမောင်သန်းက ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအရေးလူပ်ရှားသူတွေပါ ဆန္ဒပြမယ့် အထဲမှာ ပါလာဖို့ရှိတယ်လို့လည်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကန႔္ကြက္ ဆႏၵျပမႈေတြ ႀကဳံရႏိုင္တဲ့ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ ဂ်ပန္ ခရီး ကန႔္ကြက္ ဆႏၵျပမႈေတြ ႀကဳံရႏိုင္တဲ့ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ ဂ်ပန္ ခရီး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.