ကက္သလစ္ဂိုဏ္းခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရး ေမတၱာရပ္ခံခ်က္

ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ခ်ားလ္စ္ဘို
ရန္ကုန္ကက္သလစ္ ခရစ္ယာန္သာသနာပိုင္ ဆရာေတာ္ ကာဒီနယ္ခ်ားလ္စ္ဘုိက “အျပစ္မဲ့ျပန္သူေတြကို မထိၾကပါနဲ႔ေတာ့” ဆုိတဲ့ ေခါင္းစဥ္နဲ႔ တိုက္ပြဲျဖစ္ရာေဒသေတြမွာ ဒုကၡေရာက္ေနရတဲ့ ျပည္သူေတြအတြက္ ဘာသာေရးေခါင္းေဆာင္ေတြက ပါဝင္ေျပာဆိုေပးဖုိ႔ တုိက္တြန္းထားတဲ့ ေၾက ညာခ်က္ကုိ ေအာက္တိုဘာလ၊ ၁ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

လား႐ိႈးေဒသနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသ ေတြမွာ ဆက္လက္ ျဖစ္ပြားေနတဲ႔ ပဋိပကၡေတြ၊ တိုက္ပြဲေတြေၾကာင့္ အျပစ္မဲ့ျပည္သူေတြ ေသေၾကပ်က္စီး၊ ထိခိုက္ဒဏ္ရာရ၊ အိုးအိမ္စြန္႕ခြာ ထြက္ေျပးေနၾကရတဲ့ သတင္းေတြ ေန႕စဥ္နဲ႕အမ်ွၾကားေနရတဲ့ အေပၚ ဆရာေတာ္ အေနနဲ႕ အထူး၀မ္းနည္း ပူေဆြးမိေၾကာင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေဒသခံျပည္သူ အမ်ားစုက ဆင္းရဲႏြမ္းပါး၊ အျပစ္မဲ့ သူေတြျဖစ္ၾကတဲ့အျပင္ အေျခခံစား၀တ္ေနေရးအတြက္ ႐ုန္းကန္ေနၾကရသူေတြျဖစ္ျပီး သူတို႕ အက်ိဳးစီးပြါးကို ဘယ္အဖြဲ႕အစည္းကမွ လုပ္ေဆာင္ေပးေနတာမရွိဘူးလို႕လည္း ေရးသားထားပါတယ္။

ဒီလို လူေတြ အတြက္ တိုက္ပြဲ၀င္ေနပါတယ္ဆိုသူေတြဟာ ဒီလူေတြ ေဘးအႏၱရာယ္ကင္း႐ွင္းဖို႕ကို အေလးမထားၾကတဲ့ အျပင္ ေလေၾကာင္းက တိုက္ခိုက္တာ၊ ဗံုးၾကဲတာစတာေတြကို လုပ္ေဆာင္ေနၾကတယ္ လို႕လည္း ေဖာ္ျပထားပါတယ္။ ဒီလိ္ု တိုက္ပြဲေတြေၾကာင့္ အျပစ္မဲ႕သူေတြ အသက္ဆံုး႐ႈံး ရသူေတြရဲ႕ မိသားစုေတြ၊ အမ်ိဳးသမီးနဲ႕ ႕ကေလးငယ္ေတြ အပါအ၀င္စစ္ေဘးေ႐ွာင္ စခန္းေတြမွာ ခိုလႈံေနၾကရသူေတြကို စာနာသနားၾကဖို႕ ကိုလည္း ဆရာေတာ္က တိုက္တြန္းထားပါတယ္။

ျမန္မာျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးကို ျမတ္နိုုးၾကသူေတြျဖစ္ျပီး ဘာသာေရး အဆံုးအမေတြကိ္ု လိုက္နာၾကသူေတြျဖစ္တဲ့အတြက္ ဘာသာေရးေခါင္းေဆာင္ေတြ အေနနဲ႔ ေရငံုနႈတ္ပိတ္မေနပဲ ျငိမ္းခ်မ္းေရးအတြက္ ပါ၀င္ေဆာင္႐ြက္ၾကဖို႔ကိုလည္း ဆရာေတာ္က ထုတ္ျပန္ေရးသားထားပါတယ္။ ျမန္မာႏုိင္ငံတြင္းမွာ ဗုဒၶဘာသာဝင္ရဟန္းေတာ္ ၅သိန္း၊ သီလရွင္ ၇ေသာင္း၊ ခရစ္ယာန္ တရားေဟာဆရာ ၁၂၀၀ နီးပါး၊ ခရစ္ယာန္သီလရွင္၂၀၀၀ ေက်ာ္တုိ႔အျပင္ မေရမတြက္ႏုိင္တဲ့ တျခားဘာသာေရး ေခါင္းေဆာင္ေတြရွိေနၿပီး ၿငိမ္းခ်မ္းေရးအတြက္ တုိက္ပြဲေတြကိုဆန္႔က်င္ေၾကာင္း လူသိရွင္ၾကား ေျပာဆိုၾကဖုိ႔ ကာဒီနယ္ခ်ားလ္စ္ဘုိရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထား ပါတယ္။

........................

{Unicode}

ကက်သလစ် ဂိုဏ်းချုပ်ရဲ့ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက်

ရန်ကုန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက “အပြစ်မဲ့ပြန်သူတွေကို မထိကြပါနဲ့တော့” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ဘာသာရေးခေါင်းဆောင်တွေက ပါဝင်ပြောဆိုပေးဖို့ တိုက်တွန်းထားတဲ့ ကြေ ညာချက်ကို အောက်တိုဘာလ၊ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

လားရှိုးဒေသနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တွေမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီး၊ ထိခိုက်ဒဏ်ရာရ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှကြားနေရတဲ့ အပေါ် ဆရာတော် အနေနဲ့ အထူးဝမ်းနည်း ပူဆွေးမိကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံပြည်သူ အများစုက ဆင်းရဲနွမ်းပါး၊ အပြစ်မဲ့ သူတွေဖြစ်ကြတဲ့အပြင် အခြေခံစားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေဖြစ်ပြီး သူတို့ အကျိုးစီးပွါးကို ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်ပေးနေတာမရှိဘူးလို့လည်း ရေးသားထားပါတယ်။

ဒီလို လူတွေ အတွက် တိုက်ပွဲဝင်နေပါတယ်ဆိုသူတွေဟာ ဒီလူတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ကို အလေးမထားကြတဲ့ အပြင် လေကြောင်းက တိုက်ခိုက်တာ၊ ဗုံးကြဲတာစတာတွေကို လုပ်ဆောင်နေကြတယ် လို့လည်း ဖော်ပြထားပါတယ်။ ဒီလို တိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ အသက်ဆုံးရှုံး ရသူတွေရဲ့ မိသားစုတွေ၊ အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင်စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေကြရသူတွေကို စာနာသနားကြဖို့ ကိုလည်း ဆရာတော်က တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးကြသူတွေဖြစ်ပြီး ဘာသာရေး အဆုံးအမတွေကို လိုက်နာကြသူတွေဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ ရေငုံနှုတ်ပိတ်မနေပဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း ဆရာတော်က ထုတ်ပြန်ရေးသားထားပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာဝင်ရဟန်းတော် ၅သိန်း၊ သီလရှင် ၇သောင်း၊ ခရစ်ယာန် တရားဟောဆရာ ၁၂၀၀ နီးပါး၊ ခရစ်ယာန်သီလရှင်၂၀၀၀ ကျော်တို့အပြင် မရေမတွက်နိုင်တဲ့ တခြားဘာသာရေး ခေါင်းဆောင်တွေရှိနေပြီး ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေကိုဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောဆိုကြဖို့ ကာဒီနယ်ချားလ်စ်ဘိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကက္သလစ္ဂိုဏ္းခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရး ေမတၱာရပ္ခံခ်က္ ကက္သလစ္ဂိုဏ္းခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရး ေမတၱာရပ္ခံခ်က္ Reviewed by THITHTOOLWIN on 23:56 Rating: 5
Powered by Blogger.