

Zawgyi







-----------------
Unicode
ရွှေတြိဂံဒေသသတင်းလွှာ

မိုးမိတ်မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ၃နှစ်အရွယ်ကလေးတစ်ဦးနဲ့ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး သေ ဆုံး

တောင်ကြီး၊ အောက်တိုဘာ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အော က်တိုဘာလ၁၈ရက်၊ ညပိုင်းအချိန်က နေအိမ်တစ် လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ၃နှစ်အရွယ်ကလေးတစ်ဦးနဲ့ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ မိုးမိတ်မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရပါတယ်။

မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာအနောက်ဖက် ဆင်ဝိုင်း၊ဆင်သေချောင်းအနီးနေ(မြို့နယ်မီး သတ်စခန်းနှင့်၂၃မိုင်ခန့်အကွာ) ဦးစိုးမင်းနဲ့ဒေါ်နန်းဌေးတို့ရဲ့နေအိမ်(သက်ကယ်မိုး၊ ထရံကာ)မှာသားဖြစ်သူ စည်သူ(၃နှစ်)နဲ့ ငြိမ်းချမ်းအောင် (၁နှစ်ခွဲ)တို့က ဘု ရားစင်ပေါ်ရှိ မီးခြစ်ယူဆော့ရာမှ မီး‌ကူးစက်လောင် ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့မီးလောင်ကျွမ်းမှုကြောင့် စည်သူ (၃နှစ်) နဲ့ ငြိမ်းချမ်းအောင်(၁နှစ်ခွဲ)တို့က မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး သက်ကယ်မိုး၊ထရံကာ၊မြေစိုက် နေအိမ်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတ ယ်။

အခင်းဖြစ်ပွားနေချိန်မှာ ဦးစိုးမင်းနဲ့ဒေါ်နန်းဌေးတို့က မိခင်ဖြစ်သူဒေါ်ခင်ဝင်းကျန်းမာရေးမကောင်းတဲ့အတွက် ကင်းချောင်းကျေးလက်ကျန်းမာရေးဆေး ခန်းကို သွားပို့နေချိန်ဖြစ်ပြီး အိမ်မှာ ကလေးနှစ်ဦးသာ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး မိုးမိတ်မြို့မရဲစခန်းမှာ မီးပေါ့ဆစွာသုံးစွဲမှု ပုဒ်မ၂၈၅အရအမှုရေးဖွင့်ထားပြီး အသေးစိတ်ကိုစစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)a
ဓါတ်ပုံ- မိုးမိတ်မီးသတ်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုးမိတ်မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ၃နှစ်အရွယ်ကလေးတစ်ဦးနဲ့ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး သေ ဆုံး မိုးမိတ်မှာ နေအိမ်တစ်လုံးမီးလောင်ပြီး ၃နှစ်အရွယ်ကလေးတစ်ဦးနဲ့ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး သေ ဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.