ထိုင္း-ျမန္မာ နယ္စပ္တံတားသစ္နဲ႔ နယ္စပ္ႀကီးၾကပ္ေရးဇုန္ဖြင့္လွစ္

ထိုင္း-ျမန္မာ နယ္စပ္တံတားသစ္နဲ႔ နယ္စပ္ႀကီးၾကပ္ေရးဇုန္ဖြင့္လွစ္

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကိုျဖတ္ျပီး ကရင္ျပည္နယ္ျမ၀တီနဲ႔ ထုိင္းႏုိင္ငံ၊ တာ့ခရိုင္က မဲေဆာက္ျမိဳ႕နယ္္ ဆက္သြယ္ေပးထားတဲ့ထုိင္း-ျမန္မာခ်စ္ႀကည္ေရး တံတားအမွတ္ ၂ ဖြင့္ပြဲြနဲ႔ နယ္စပ္ ထိန္းခ်ဳပ္ေရးဇုန္ု (Border Control Facilities Zone) ကုိ ဒီကေန႔ ေအာက္တိုဘာလ ၃၀ရက္ မနက္မွာ စတင္ဖြင့္လွစ္ပါၿပီ။ ဒီတံတားဟာ အေရွ ့ေတာင္အာရွ ငါးနိုင္ငံျဖစ္တဲ့ ျမန္မာ-ထိုင္း-လာအို- ကေမၻာဒီးယား-ဗီယက္နမ္ စတဲ့ ႏုိင္ငံေတြရဲ ့ ကုန္သြယ္ေရး ပိုမို တိုးတက္ေကာင္းမြန္လာဖို ့ရည္ရြယ္တယ္လို႔ ထုိင္းအစုိးရက ေျပာသလုိ၊ ဒီတံတားဖြင့္တာဟာ ျမန္မာနဲ႔ထုိင္း ပင္လယ္ ဆိပ္ကမ္းျမိဳ႕ေတြအထိ ကုန္သြယ္မူစံနစ္ေတြကုိ ခ်ိိတ္ဆက္သြားမယ့္ အစီစဥ္ျဖစ္တယ္လို႔လည္း ျမန္မာအာဏာပိုင္ေတြက ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ထုိင္းအေျခစုိက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏို္င္ငံ၊ တာ့ခ္ခရိုင္အတြင္းက မဲေဆာက္ျမိဳ ့ ထဆိုင္လြတ္ Tha Sai Luat နယ္စပ္ေနရာနဲ႔ ျမန္မာဘက္အျခမ္းက ျမ၀တီျမိဳ႕ကုိ ခ်ိတ္ဆက္ထားတဲ့ ႏွစ္ႏိုင္ငံ ခ်စ္ႀကည္ေရးတံတားအမွတ္ ၂ ကို ထိုင္းႏုိင္ငံ ပုိ႔ေဆာင္ဆက္သြယ္ေရး၀န္ၾကီး Saksayam Chidchob ဆပ္စရန္ခ်စ္ေခ်ာ့နဲ ့ ျမန္မာနိုင္ငံက ေဆာက္လုပ္ေရးန္ၾကီး ဦးဟန္ေဇာ္တို ့တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၾကပါတယ္။

ဒီတံတားသစ္ကေန ကူးသန္းသြားလာေရးအတြက္ ပုိၿပီး အဆင္ေျပေစလိမ့္မယ္လုိ႔ ထိုင္း ပို႔ေဆာင္ဆက္သြယ္ေရး ၀န္ၾကီး Saksayam Chidchob ဆပ္စရန္ခ်စ္ေခ်ာ့က တံတားဖြင့္ပြဲ အခမ္းအနားမွာ ေျပာပါတယ္။

"အခုလိုတံတားအမွတ္ ၂ ဖြင့္လွစ္ေပးနိုင္ခဲတဲ့အတြက္ ခ်စ္ႀကည္ေရးတံတားအမွတ္ ၁ ကေန ကူးသန္းသြားလာေနရတဲ့ အဆင္မေျပတဲ့ အခက္အခဲေတြကုိ ေက်ာ္လႊား နိုင္မွာျဖစ္ျပီး ႏွစ္နိုင္ငံကုန္သြယ္ေရး လမ္းေၾကာင္းမွာ တိုးတက္မႈေတြ ရလာေစပါမယ္။ ထိုင္း-ျမန္မာနယ္စပ္ ကုန္သြယ္ေရး ဟာ ၂၀၁၈ မွာ ပိုးမို တိုးတက္ေကာင္းလာခဲ့ျပီး ဘတ္ေငြ ဘီလီယံ ၂၀၀ နီးပါးအထိ ကုန္သြယ္ေရးပမာဏ တိုးတက္လာပါျပီ။ တနွစ္ကို ျဖတ္သန္းေနတဲ့ ကားေပါင္း ၂၃၀,၀၀၀ ေက်ာ္ရွိျပီး တေန ့ကို ကားအစင္းေရး ၆၃၀ ေက်ာ္ ျဖတ္သန္းေနရာမွာ ထိမ္းခ်ဳပ္မူေတြ အဆင္မေျပျဖစ္ရျပီးကားေတြ ျပည့္ၾကပ္ျပီး ကားတန္းရွည္နဲ ့ နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနခဲ့ရပါတယ္။ အခုလို တံတာအမွတ္ ၂ ဖြင္လိုက္တဲ့ အတြက္ ကုန္စည္ပို ့ေဆာင္ေရးမွာ ေနွင့္ေနွး ၾကံ ့ၾကာမႈေတြ ေျဖရွင္းနိုင္ေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ အေရွ ့ေတာင္အာရွ ငါးနိုင္ငံျဖစ္တဲ့ ျမန္မာ -ထိုင္း-လာအို- ကေမၻာဒီးယား-ဗီယက္နမ္တုိ႔နဲ႔ ကုန္သြယ္ေရး ပိုမို တိုးတက္ ေကာင္းမြန္လာေတာ့မွာျဖစ္ေၾကာင္း ၀န္ၾကီး စရမ္ခ်စ္ေခ်ာ ့က ထုိင္းဘာသာနဲ႔ ေျပာခဲ့တာပါ။"

တံတားအမွတ္ ၂ ဖြင့္ပဲြကို ျမန္မာဘက္က ေဆာက္လုပ္ေရးန္ၾကီး ဦးဟန္ေဇာ္အျပင္ မြန္နဲ႔ ကရင္ျပည္နယ္တုိ႔က ၀န္ႀကီးခ်ဳပ္ေတြနဲ့အတူ ျပည္နယ္အစိုးရ အဆင္ျမင့္အရာရွိေတြ တက္ေရာက္ခဲ့တာပါ။ ထုိင္း-ျမန္မာ ခ်စ္ႀကည္ေရးတံတားအမွတ္ ၂ ဖြင့္လွစ္ရတဲ့ရည္ရြယ္ခ်က္ကုိ ကရင္ျပည္နယ္၊ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က အခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔ေမွ်ာ္မွန္းခ်က္ကေတာ့ ဟိုဘက္ဒီဘက္ က်ေနာ္တို႔ဘက္ကဆိုရင္ ရန္ကုန္သီလ၀ါ ထိုင္းဘက္ဆိုရင္ ဘန္ေကာက္ဘန္းခ်ဘန္း ဟိုဘက္ ဒီဘက္ပင္လယ္ဆိပ္ကမ္း ၂ ခု ခ်ိတ္ဆက္မဲ့ပံုစံပါခင္ဗ်။”

ထုိင္းဘက္ထက္စာရင္ ျမန္မာဘက္က ကုန္သြယ္မႈ ပမာဏက နည္းပါတယ္။ ဒါေပမဲ့ ေျပာင္းကုန္တင္ပို႔ႏိုင္မူကေတာ့ ၂၀၁၈ခုႏွစ္ထဲမွာ အမ်ားႀကီးတုိးတက္လာခဲ့တယ္လို႔ ဦးေတဇာေအာင္က ေျပာျပပါတယ္။

“က်ေနာ္တိုိ႔လည္း အဲဒီလုိပဲ ၁ ဘီလ်ံေပါ့၊ သန္း တေထာင္ေပါ့။ ဒီႏွစ္လည္း ၁ဘီလ်ံကပ္သြားပါျပီ။ ခ်ဳပ္ျပီးရင္ေတာ့ ေမ်ာ္မွန္းခ်က္ကို ျပည့္မွာပါ။ နည္းေပမဲ့လည္း ဒီႏွစ္ေတာ့ အေတာ္တက္လာပါတယ္။ အထူးသျဖင့္ ပဲတုိ႔၊ ေျပာင္းတို႔ေပါ့။ အထူးသျဖင့္ ေျပာင္းေပါ့။ အရင္တုန္းက Export ကုိ ၅ ရာခိုင္ႏႈန္းေလာက္ထိေလာက္ပဲ ရွိခဲ့ျပီး ၃၀ ရာခုိင္ႏႈန္းေလာက္ထိ ေမ်ာ္မွန္းခဲ့ေပမဲ့ ဒီႏွစ္ထဲမွာ ၄၂ ရာခိုင္ႏႈန္းထိ တုိးလာပါတယ္။”

ထိုင္းနဲ ့ ျမန္မာ ကုန္သြြယ္ေရး အဓိကနယ္စပ္လမ္းေၾကာင္းေတြကေတာ့ တာခ်ီလိတ္-မယ္ဆုိုင္၊ ေကာ့ေသာင္း-ရေနာင္းနဲ ့ ျမ၀တီ-မဲေဆာက္ လမ္းေၾကာင္းေတြျဖစ္ျပီး ျမ၀တီ-မဲေဆာက္ နယ္စပ္လမ္းကေန ကုန္သြယ္ေနတဲ့ ပမာဏဟာ ထိုင္းျမန္မာနယ္စပ္ကုန္သြယ္မူအားလံုး ရဲ ့၆၀ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

ထိုင္းဘက္ကေန ျမန္မာနိုင္ငံကို ပို႔ေနတဲ့ ကုန္ပစၥည္းေတြဟာ ထိုင္းနိုင္ငံထုတ္ ေဆာက္လုပ္ေရးသံုးပစၥည္းနဲ ့စြမ္းအင္သံုး ေလာင္စာဆီေတြက အမ်ားဆံုးျဖစ္ျပီး ျမန္မာဘက္က ပဲနဲ႔ေျပာင္း စတဲ့ ကုန္ၾကမ္းေတြသာ အမ်ားဆံုး တင္ပုိ႔ႏိုင္တာ ျဖစ္ပါတယ္။

အခုဖြင့္လွစ္ခဲ့တဲ့မဲေဆာက္ျမ၀တီခ်စ္ႀကည္ေရးအမွတ္ ၂ တံတားႀကီးကို ထိုင္းႏိုင္ငံဘက္က ထိုင္းဘတ္ေငြသန္းေပါင္း ၄၂၀၀ အကုန္အက်ခံ တည္ေဆာက္ခဲ့တာျဖစ္ျပီး မဲေဆာက္-ျမ၀တီ အမွတ္ ၂ ခ်စ္ၾကည္ေရး တံတားအရွည္ဟာ ျမန္မာဘက္ျခမ္းမွာ ၄ ကီလိုမီတာနဲ႔ ထိုင္းဘက္ျခမ္းမွာ ၁၇ ကီလိုမီတာ ျဖစ္ပါတယ္။ အမွတ္ ၂ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားဟာျမ၀တီၿမိဳ႕နယ္ ေရပူေက်းရြာကေန ေသာင္ရင္းျမစ္ကို ျဖတ္ၿပီး ထိုင္းႏုိင္ငံဘက္ျခမ္းက မဲေဆာက္ၿမ္ိဳ႕နဲ႔ ခ်ိတ္ဆက္ထားတာ ျဖစ္ပါတယ္ရွင္။

[Unicode Version]

ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ကရင်ပြည်နယ်မြဝတီနဲ့ ထိုင်းနိုင်ငံ၊ တာ့ခရိုင်က မဲဆောက်မြို့နယ် ဆက်သွယ်ပေးထားတဲ့ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်ပွဲနဲ့ နယ်စပ် ထိန်းချုပ်ရေးဇုန်ု (Border Control Facilities Zone) ကို ဒီကနေ့ အောက်တိုဘာလ ၃၀ရက် မနက်မှာ စတင်ဖွင့်လှစ်ပါပြီ။ ဒီတံတားဟာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်တဲ့ မြန်မာ-ထိုင်း-လာအို- ကမ္ဘောဒီးယား-ဗီယက်နမ် စတဲ့ နိုင်ငံတွေရဲ့ ကုန်သွယ်ရေး ပိုမို တိုးတက်ကောင်းမွန်လာဖို့ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ပြောသလို၊ ဒီတံတားဖွင့်တာဟာ မြန်မာနဲ့ထိုင်း ပင်လယ် ဆိပ်ကမ်းမြို့တွေအထိ ကုန်သွယ်မူစံနစ်တွေကို ချိတ်ဆက်သွားမယ့် အစီစဉ်ဖြစ်တယ်လို့လည်း မြန်မာအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းက မဲဆောက်မြို့ ထဆိုင်လွတ် Tha Sai Luat နယ်စပ်နေရာနဲ့ မြန်မာဘက်အခြမ်းက မြဝတီမြို့ကို ချိတ်ဆက်ထားတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ထိုင်းနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Saksayam Chidchob ဆပ်စရန်ချစ်ချော့နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးန်ကြီး ဦးဟန်ဇော်တို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ဒီတံတားသစ်ကနေ ကူးသန်းသွားလာရေးအတွက် ပိုပြီး အဆင်ပြေစေလိမ့်မယ်လို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး Saksayam Chidchob ဆပ်စရန်ချစ်ချော့က တံတားဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

"အခုလိုတံတားအမှတ် ၂ ဖွင့်လှစ်ပေးနိုင်ခဲတဲ့အတွက် ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ ကူးသန်းသွားလာနေရတဲ့ အဆင်မပြေတဲ့ အခက်အခဲတွေကို ကျော်လွှား နိုင်မှာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းမှာ တိုးတက်မှုတွေ ရလာစေပါမယ်။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ဟာ ၂၀၁၈ မှာ ပိုးမို တိုးတက်ကောင်းလာခဲ့ပြီး ဘတ်ငွေ ဘီလီယံ ၂၀၀ နီးပါးအထိ ကုန်သွယ်ရေးပမာဏ တိုးတက်လာပါပြီ။ တနှစ်ကို ဖြတ်သန်းနေတဲ့ ကားပေါင်း ၂၃၀,၀၀၀ ကျော်ရှိပြီး တနေ့ကို ကားအစင်းရေး ၆၃၀ ကျော် ဖြတ်သန်းနေရာမှာ ထိမ်းချုပ်မူတွေ အဆင်မပြေဖြစ်ရပြီးကားတွေ ပြည့်ကြပ်ပြီး ကားတန်းရှည်နဲ့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရပါတယ်။ အခုလို တံတာအမှတ် ၂ ဖွင်လိုက်တဲ့ အတွက် ကုန်စည်ပို့ဆောင်ရေးမှာ နှေင့်နှေး ကြံ့ကြာမှုတွေ ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်တဲ့ မြန်မာ -ထိုင်း-လာအို- ကမ္ဘောဒီးယား-ဗီယက်နမ်တို့နဲ့ ကုန်သွယ်ရေး ပိုမို တိုးတက် ကောင်းမွန်လာတော့မှာဖြစ်ကြောင်း ဝန်ကြီး စရမ်ချစ်ချော့က ထိုင်းဘာသာနဲ့ ပြောခဲ့တာပါ။"

တံတားအမှတ် ၂ ဖွင့်ပွဲကို မြန်မာဘက်က ဆောက်လုပ်ရေးန်ကြီး ဦးဟန်ဇော်အပြင် မွန်နဲ့ ကရင်ပြည်နယ်တို့က ဝန်ကြီးချုပ်တွေနဲ့အတူ ပြည်နယ်အစိုးရ အဆင်မြင့်အရာရှိတွေ တက်ရောက်ခဲ့တာပါ။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလိုပြောပြပါတယ်။

“ကျနော်တို့မျှော်မှန်းချက်ကတော့ ဟိုဘက်ဒီဘက် ကျနော်တို့ဘက်ကဆိုရင် ရန်ကုန်သီလဝါ ထိုင်းဘက်ဆိုရင် ဘန်ကောက်ဘန်းချဘန်း ဟိုဘက် ဒီဘက်ပင်လယ်ဆိပ်ကမ်း ၂ ခု ချိတ်ဆက်မဲ့ပုံစံပါခင်ဗျ။”

ထိုင်းဘက်ထက်စာရင် မြန်မာဘက်က ကုန်သွယ်မှု ပမာဏက နည်းပါတယ်။ ဒါပေမဲ့ ပြောင်းကုန်တင်ပို့နိုင်မူကတော့ ၂၀၁၈ခုနှစ်ထဲမှာ အများကြီးတိုးတက်လာခဲ့တယ်လို့ ဦးတေဇာအောင်က ပြောပြပါတယ်။

“ကျနော်တို့လည်း အဲဒီလိုပဲ ၁ ဘီလျံပေါ့၊ သန်း တထောင်ပေါ့။ ဒီနှစ်လည်း ၁ဘီလျံကပ်သွားပါပြီ။ ချုပ်ပြီးရင်တော့ မျော်မှန်းချက်ကို ပြည့်မှာပါ။ နည်းပေမဲ့လည်း ဒီနှစ်တော့ အတော်တက်လာပါတယ်။ အထူးသဖြင့် ပဲတို့၊ ပြောင်းတို့ပေါ့။ အထူးသဖြင့် ပြောင်းပေါ့။ အရင်တုန်းက Export ကို ၅ ရာခိုင်နှုန်းလောက်ထိလောက်ပဲ ရှိခဲ့ပြီး ၃၀ ရာခိုင်နှုန်းလောက်ထိ မျော်မှန်းခဲ့ပေမဲ့ ဒီနှစ်ထဲမှာ ၄၂ ရာခိုင်နှုန်းထိ တိုးလာပါတယ်။”

ထိုင်းနဲ့ မြန်မာ ကုန်သွယ်ရေး အဓိကနယ်စပ်လမ်းကြောင်းတွေကတော့ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်းနဲ့ မြဝတီ-မဲဆောက် လမ်းကြောင်းတွေဖြစ်ပြီး မြဝတီ-မဲဆောက် နယ်စပ်လမ်းကနေ ကုန်သွယ်နေတဲ့ ပမာဏဟာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်မူအားလုံး ရဲ့၆၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို ပို့နေတဲ့ ကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံထုတ် ဆောက်လုပ်ရေးသုံးပစ္စည်းနဲ့စွမ်းအင်သုံး လောင်စာဆီတွေက အများဆုံးဖြစ်ပြီး မြန်မာဘက်က ပဲနဲ့ပြောင်း စတဲ့ ကုန်ကြမ်းတွေသာ အများဆုံး တင်ပို့နိုင်တာ ဖြစ်ပါတယ်။

အခုဖွင့်လှစ်ခဲ့တဲ့မဲဆောက်မြဝတီချစ်ကြည်ရေးအမှတ် ၂ တံတားကြီးကို ထိုင်းနိုင်ငံဘက်က ထိုင်းဘတ်ငွေသန်းပေါင်း ၄၂၀၀ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားအရှည်ဟာ မြန်မာဘက်ခြမ်းမှာ ၄ ကီလိုမီတာနဲ့ ထိုင်းဘက်ခြမ်းမှာ ၁၇ ကီလိုမီတာ ဖြစ်ပါတယ်။ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဟာမြဝတီမြို့နယ် ရေပူကျေးရွာကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက မဲဆောက်ြမို့နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်ရှင်။

ေအးေအးမာ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ထိုင္း-ျမန္မာ နယ္စပ္တံတားသစ္နဲ႔ နယ္စပ္ႀကီးၾကပ္ေရးဇုန္ဖြင့္လွစ္ ထိုင္း-ျမန္မာ နယ္စပ္တံတားသစ္နဲ႔ နယ္စပ္ႀကီးၾကပ္ေရးဇုန္ဖြင့္လွစ္ Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.