ဗိုက္ခ်ပ္ေစႏိုင္တာအျပင္ သခြားသီးရဲ႕တျခားအစြမ္းအာနိသင္(၅)မ်ိဳး


Zawgyi

သခြားသီးဟာ ေရဓာတ္ပါဝင္မႈ ၉၅ ရာခိုင္ႏႈန္းျဖစ္တာေၾကာင့္ အဆိပ္အေတာက္ေတြကိုဖယ္ရွားၿပီး ဇီဝျဖစ္စဥ္ကိုျပန္လည္ထိန္းညႇိေပးႏိုင္ပါတယ္။ သခြားသီးက ဗိုက္အဆီကိုက်ေစႏိုင္ပါတယ္။ သခြားသီးကို သေရစာလိုစားေပးရင္ အဆီဓာတ္လုံးဝမပါဘဲ ကယ္လိုရီနည္းတာေၾကာင့္ အသုံးဝင္လွပါတယ္။ လီမြန္၊ ခ်င္း၊ ရွားေစာင္းလက္ပပ္ စတာေတြနဲ႔ေရာၿပီး ေဖ်ာ္ေသာက္လည္း ရပါတယ္။

သခြားသီးရဲ႕ တျခားအစြမ္းအာနိသင္ေတြကို ၾကည့္ရေအာင္။

(၁) ခႏၶာကိုယ္အဆိပ္အေတာက္ဖယ္ရွားသန္႔စင္ၿပီး ဗိုက္ပြျခင္းကိုသက္သာေစတယ္

ဗိုက္ပြေနၿပီဆိုရင္ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြဖယ္ရွားပစ္ဖို႔လိုေနပါၿပီ။ သခြားသီးေစ့ရဲ႕ အာနိသင္က အသုံးဝင္ပါၿပီ။ ဆီး႐ႊင္ေစတယ္ဆိုေတာ့ ပိုလွ်ံေနတဲ့ေရဓာတ္နဲ႔ အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ႏိုင္ပါတယ္။ အစာအိမ္ႂကြက္သားေတာင့္တင္းျခင္းနဲ႔ ဗိုက္ပြျခင္းကို သက္သာေစတယ္။

(၂) ဝမ္းခ်ဳပ္သက္သာေစတယ္

အစာမေၾကတာ၊ ဝမ္းခ်ဳပ္ေနတာေတြဆို သခြားသီးစားပါ။ ေရဓာတ္နဲ႔ အမွ်င္ဓာတ္ ပါဝင္မႈမ်ားတာေၾကာင့္ အူကိုရွင္းေစၿပီး ဝမ္းခ်ဳပ္သက္သာေစမွာပါ။

(၃) ဗိုက္ေအာင့္သက္သာေစတယ္

အစာအိမ္ေရာဂါျဖစ္ရင္ ဗိုက္ပြ၊ဗိုက္ေအာင့္တာေတြျဖစ္ေစႏိုင္ပါတယ္။ သခြားသီးက ေရာင္ရမ္းမႈကို လ်ာ့က်ေစၿပီး အစာအိမ္နံရံေတြနာက်င္မႈကို သက္သာေစပါတယ္။

(၄) အဆီဓာတ္မပါဘဲ ခြန္အားျဖစ္ေစတယ္

ဝိတ္ခ်အစီအစဥ္ေအာင္မေအာင္ဆိုတာ အဆီဓာတ္စားသုံးမႈပမာဏကို မူတည္ပါတယ္။ ကယ္လိုရီေတြမမ်ားရပါဘူး။ ဝိတ္ခ်ၿပီဆိုရင္ သခြားသီးကိုလည္း အဆာေျပစားလို႔ရပါတယ္။ ခြန္အားျဖစ္ေစပါတယ္။ ခ်ိစ္ေတာ့ မထည့္နဲ႔ေပါ့။

(၅) ကိုလက္စထေရာနဲ႔ ေသြးတြင္းသၾကားဓာတ္က်ဆင္းေစတယ္

သခြားသီးက မေကာင္းတဲ့ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ၿပီး အက်ိဳးျပဳကိုလက္စထေရာေတြကို အားေပးပါတယ္။ အီသေနာပါဝင္မႈေၾကာင့္လည္း ေသြးတြင္းသၾကားဓာတ္ကို သိသိသာသာ ေလ်ာ့က်ေစပါတယ္။

ဗိုက္အဆီက်ေစမယ့္ သခြားသီးေဖ်ာ္ရည္

အသီးအႏွံေတြရဲ႕ အာဟာရဓာတ္အျပည့္အဝရရွိခ်င္ရင္ ေဖ်ာ္ရည္လုပ္ေသာက္တာ အေကာင္းဆုံးပါပဲ။ သခြားသီး detox က ကိုယ္အေလးခ်ိန္က်ဖို႔အျပင္ အသားအေရ ၾကည္လင္လွပဖို႔ ေဆးေကာင္းတစ္လက္ျဖစ္ပါတယ္။

သခြားသီး detox ဘယ္လိုလုပ္မလဲ

• လွီးျဖတ္ထားတဲ့ သခြားသီးတစ္လုံး

• သံပရာသီးတစ္လုံးအရည္ညႇစ္ထားပါ

• ျခစ္ထားတဲ့ ခ်င္း လက္ဖက္ရည္တစ္ဇြန္းစာ

• ပူစီနံ အနည္းငယ္

• ရွားေစာင္းလက္ပပ္ရည္ ၂ ဇြန္း

• ေရတစ္ခြက္ နဲ႔ လုပ္လို႔ရပါတယ္။

ေရးသားသူ Yun Sandi Nan Mon
 ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
Unicode

ဗိုက်ချပ်စေနိုင်တာအပြင် သခွားသီးရဲ့တခြားအစွမ်းအာနိသင်(၅)မျိုး

သခွားသီးဟာ ရေဓာတ်ပါဝင်မှု ၉၅ ရာခိုင်နှုန်းဖြစ်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပြီး ဇီဝဖြစ်စဉ်ကိုပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးက ဗိုက်အဆီကိုကျစေနိုင်ပါတယ်။ သခွားသီးကို သရေစာလိုစားပေးရင် အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီနည်းတာကြောင့် အသုံးဝင်လှပါတယ်။ လီမွန်၊ ချင်း၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ရောပြီး ဖျော်သောက်လည်း ရပါတယ်။

သခွားသီးရဲ့ တခြားအစွမ်းအာနိသင်တွေကို ကြည့်ရအောင်။

(၁) ခန္ဓာကိုယ်အဆိပ်အတောက်ဖယ်ရှားသန့်စင်ပြီး ဗိုက်ပွခြင်းကိုသက်သာစေတယ်

ဗိုက်ပွနေပြီဆိုရင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖယ်ရှားပစ်ဖို့လိုနေပါပြီ။ သခွားသီးစေ့ရဲ့ အာနိသင်က အသုံးဝင်ပါပြီ။ ဆီးရွှင်စေတယ်ဆိုတော့ ပိုလျှံနေတဲ့ရေဓာတ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ အစာအိမ်ကြွက်သားတောင့်တင်းခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်။

(၂) ဝမ်းချုပ်သက်သာစေတယ်

အစာမကြေတာ၊ ဝမ်းချုပ်နေတာတွေဆို သခွားသီးစားပါ။ ရေဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် အူကိုရှင်းစေပြီး ဝမ်းချုပ်သက်သာစေမှာပါ။

(၃) ဗိုက်အောင့်သက်သာစေတယ်

အစာအိမ်ရောဂါဖြစ်ရင် ဗိုက်ပွ၊ဗိုက်အောင့်တာတွေဖြစ်စေနိုင်ပါတယ်။ သခွားသီးက ရောင်ရမ်းမှုကို လျာ့ကျစေပြီး အစာအိမ်နံရံတွေနာကျင်မှုကို သက်သာစေပါတယ်။

(၄) အဆီဓာတ်မပါဘဲ ခွန်အားဖြစ်စေတယ်

ဝိတ်ချအစီအစဉ်အောင်မအောင်ဆိုတာ အဆီဓာတ်စားသုံးမှုပမာဏကို မူတည်ပါတယ်။ ကယ်လိုရီတွေမများရပါဘူး။ ဝိတ်ချပြီဆိုရင် သခွားသီးကိုလည်း အဆာပြေစားလို့ရပါတယ်။ ခွန်အားဖြစ်စေပါတယ်။ ချိစ်တော့ မထည့်နဲ့ပေါ့။

(၅) ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းစေတယ်

သခွားသီးက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပြီး အကျိုးပြုကိုလက်စထရောတွေကို အားပေးပါတယ်။ အီသနောပါဝင်မှုကြောင့်လည်း သွေးတွင်းသကြားဓာတ်ကို သိသိသာသာ လျော့ကျစေပါတယ်။

ဗိုက်အဆီကျစေမယ့် သခွားသီးဖျော်ရည်

အသီးအနှံတွေရဲ့ အာဟာရဓာတ်အပြည့်အဝရရှိချင်ရင် ဖျော်ရည်လုပ်သောက်တာ အကောင်းဆုံးပါပဲ။ သခွားသီး detox က ကိုယ်အလေးချိန်ကျဖို့အပြင် အသားအရေ ကြည်လင်လှပဖို့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

သခွားသီး detox ဘယ်လိုလုပ်မလဲ

• လှီးဖြတ်ထားတဲ့ သခွားသီးတစ်လုံး

• သံပရာသီးတစ်လုံးအရည်ညှစ်ထားပါ

• ခြစ်ထားတဲ့ ချင်း လက်ဖက်ရည်တစ်ဇွန်းစာ

• ပူစီနံ အနည်းငယ်

• ရှားစောင်းလက်ပပ်ရည် ၂ ဇွန်း

• ရေတစ်ခွက် နဲ့ လုပ်လို့ရပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဗိုက္ခ်ပ္ေစႏိုင္တာအျပင္ သခြားသီးရဲ႕တျခားအစြမ္းအာနိသင္(၅)မ်ိဳး ဗိုက္ခ်ပ္ေစႏိုင္တာအျပင္ သခြားသီးရဲ႕တျခားအစြမ္းအာနိသင္(၅)မ်ိဳး Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.