ကရင္အာဇာနည္ေန႔ ဦးေဆာင္းက်င္းပသူကို ေထာင္ဒဏ္ခ်မွတ္

naw ohn hla ေကအိုင္စီသတင္းဌာန
ၾသဂုတ္လ ၁၂ရက္ကေန႔က ရန္ကုန္မဟာဗႏၶဳလပန္းျခံေရွ႕မွာ ၆၉ ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔အခမ္းအနား ဦးေဆာင္က်င္းပခဲ႔တဲ႔ ကရင္အမ်ိဳးသမီး အစည္းအရံုး ဥကၠ႒ ေနာ္အုန္းလွကို ေက်ာက္တံတားျမိဳ႕နယ္ တရားရံုးက ျငိမ္းစုစီပုဒ္မနဲ႔ ေထာင္ဒဏ္ ၁၅ရက္ ဒီေန႔အမိန္႔ခ်လိုက္ပါတယ္။ သူတုိ႔ဘက္က ဥပေဒနဲ႔အညီလုပ္တဲ႔ ကိစၥေပၚမွာ တရားရံုးက အခုလုိ ဆံုးျဖတ္ခ်က္ခ်လုိက္တဲ့အေပၚ အယူခံဆက္တက္သြားမယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကုိေတာ့ ေက်ာက္တံတားၿမိဳ႕နယ္ တရားရံုးမွာ ကုိယ္တုိင္သတင္းယူခဲ႔တဲ႔ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ကရင္အာဇာနည္ေန႔ဆိုတဲ႔ အသံုးအႏႈန္းကို ေျပာင္းလဲသံုးစြဲဖို႔ အာဏာပိုင္ေတြ ဖိအားေပးတဲ႔ၾကားက အဲဒီ အခမ္းအနားကုိ ျဖစ္ေအာင္ လုပ္ခဲ႔တာေၾကာင့္ တရားရင္ဆိုင္ေနရတဲ႔ ကရင္အမ်ိဳးသမီး အစည္းအရံုး KWU ဥကၠ႒ ေနာ္အုန္းလွနဲ႔ ကရင္လူငယ္ ၂ေယာက္ကုိ ဒီေန႔ ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္ တရားရံုးက ၿငိမ္းစုစီပုဒ္မ ၂၀နဲ႔ ေထာင္ဒဏ္ ၁၅ရက္စီ အမိန္႔ခ်လိုက္တာပါ။ ၆၉ႏွစ္ျပည့္ ကရင္အာဇာနည္ေန႔ကို သူတုိ႔ဘက္က ဥပေဒအတိုင္း လုပ္ေဆာင္ခဲ႔ေပမဲ႔ အခုလိုအမိန္႔ခ်ခံရတာကုိ လက္မခံႏိုင္ေၾကာင္းနဲ႔ အယူခံဆက္ဝင္သြားမယ္လို႔ စီရင္ခ်က္ခ်အၿပီးမွာ ေနာ္အုန္းလွက တရားရံုးေရွ႕မွာ မီဒီယာေတြကို ေျပာပါတယ္။

“ေထာင္ခ်တာ က်မတို႔ ျပႆနာမရွိပါဘူး။ ဒါေပမဲ႔က်မတို႔ ကရင္အမ်ိဳးသား အာဇာနည္ေန႔ ေစာ္ကား ခံရတယ္လို႔ ခံစားရပါတယ္။ က်မတို႔ဒီဥစၥာမွာ တာဝန္အရွိဆံုးက ရန္ကုန္တိုင္းအစိုးရ ဝန္ႀကီးခ်ဳပ္ပါပဲ။ ၿဖိဳးမင္းသိန္းကိုယ္တိုင္ က်မတို႔ကို ဘာေျပာသလဲဆိုေတာ႔ လံုးဝခြင့္မျပဳႏိုင္ဘူးဆိုတာ၊ က်မတို႔ ဒါကို လက္မခံပါဘူး။ ကရင္အာဇာနည္ေန႔ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က လာကန္႔ကြက္စရာအေၾကာင္းမရွိပါဘူး။ ဌာနဆိုင္ရာေတြကလည္း ပူးေပါင္း ပါဝင္တဲ႔အတြက္ က်မတို႔ တိုင္စာပို႔ပါမယ္ ဒီကိစၥကို။ လက္မခံပါဘူး အယူခံတက္ပါမယ္။ က်မတို႔ ဥပေဒနဲ႔အညီလုပ္တဲ႔ကိစၥကို တရားရံုးက အျပစ္ရွိတယ္ ဆိုျပီး အမိန္႔ခ်လိုက္တယ္။ ဒါနဲ႔ ပတ္သက္လို႔ ဥပေဒနဲ႔အခြင့္အေရးအရ က်မတို႔ဆက္လုပ္သြားမယ္လို႔ ေျပာခ်င္ပါတယ္။”

၁၉၅၀ ခုႏွစ္၊ ၾသဂုတ္လ ၁၂ရက္က ကရင္ျပည္နယ္ ဖာပြန္ျမိဳ႕မွာ တပ္မေတာ္နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တိုက္ပြဲျဖစ္ခဲ႔ျပီး ကရင္အမ်ိဳးသားေခါင္းေဆာင္ ေစာဘဦးႀကီးက်ဆံုးခဲ႔ပါတယ္။ သူ႔ကို ဂုဏ္ျပဳတဲ႔အေနနဲ႔ ၾသဂုတ္လ ၁၂ရက္ကို ကရင္အာဇာနည္ေန႔အျဖစ္ သတ္မွတ္ခဲ႔ၾကတာပါ။ KNU ဟာ ၂၀၁၅မွာ တႏိုင္ငံလံုး အပစ္ရပ္ NCA စာခ်ဳပ္ကို အစိုးရနဲ႔ခ်ဳပ္ဆိုခဲ႔ျပီး ျငိမ္းခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ေနတဲ႔ လက္နက္ကိုင္ အဖြဲ႔လည္း ျဖစ္ပါတယ္။

တိုင္းရင္းသားလူမ်ိဳးမ်ား ကာကြယ္ေစာင့္ေရွာက္ဖုိ႔ဆုိတဲ့အခ်က္ကုိ ဖြဲ႔စည္းပုံအေျခခံဥပေဒမွာ ျပဌာန္း ထားတဲ့အျပင္၊ တႏို္င္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူညီမႈ NCA စာခ်ဳပ္မွာလည္း တိုင္းရင္းသားေတြရဲ႕ ဘာသာ၊ ယဥ္ေက်းမႈ၊ စာေပ၊ ဓေလ႔ထံုးစံ ေတြကို ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ဆိုတဲ႔အခ်က္ေတြ ျပ႒ာန္းထားတာေၾကာင့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မထိခိုက္ဖို႔ အစိုးရကေဆာင္ရြက္သင့္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအရံုး KNU ဗဟိုအျမဲတမ္းေကာ္မတီဝင္ ဖဒိုမန္းၿငိမ္းေမာင္က တရားရံုးေရွ႕မွာ မီဒီယာေတြကို အခုလိုေျပာပါတယ္။

“အာဏာပိုင္ေတြကို ဥပေဒေၾကာင္းအရ က်ေနာ္တုိ႔ ဘာမွမေျပာခ်င္ဘူး။ က်ေနာ္တို႔ KNU ကရင္အမ်ိဳးသား အစည္းအရံုးအေနနဲ႔ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ေရွ႕ရႈျပီးေတာ႔ အေကာင္အထည္ေဖာ္ေနတဲ႔ လူမ်ိဳးတမ်ိဳး အဖြဲ႔အစည္းတခုအေနနဲ႔ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္မယ့္၊ နစ္နာမယ့္၊ တဦးကို တဦး သံသယပြားေစမယ့္ဟာေတြကို မေဆာင္ရြက္မိဖို႔ က်ေနာ္တို႔ ေမတၱာရပ္ခံပါတယ္။”

ဒီေန႔ ေက်ာက္တံတားျမိဳ႕နယ္တရားရံုးက ေနာ္အုန္းလွကိုေထာင္ဒဏ္ ၁၅ရက္ခ်မွတ္လုိက္ေပမဲ့ သူ႔အေနနဲ႔ အခုခ်မွတ္လုိက္တဲ့ ျပစ္ဒဏ္ထက္ ၇ ရက္ေက်ာ္လြန္ၿပီး အခ်ဳပ္က်ခံခဲ့ရၿပီး ျဖစ္ပါတယ္။ သူနဲ႔အတူတရားစြဲခံရတဲ႔ ကရင္လူငယ္ ၂ေယာက္ဟာလည္း ေနာ္အုန္းလွနည္းတူ ေထာင္ဒဏ္ ၁၅ရက္အသီးသီး ခ်မွတ္ခံခဲ့ရေပမယ့္ သူတုိ႔ဟာလည္း ခ်မွတ္ျပစ္ဒဏ္ထက္ ၂ ရက္ေက်ာ္ အက်ဥ္းက်ခံခဲ့ၾကတာပါ။

ဒီကေန႔ ေနာ္အုန္းလွကုိ စီရင္ခ်က္ခ်တဲ့ ေက်ာက္တံတားၿမိဳ႕နယ္ တရားရုံးမွာ သူ႔ကုိ လာေရာက္ ၀န္းရံသူေတြသူ လူအင္အား ၃၀၀ ေလာက္ ရွိခဲ့ၿပီး အဲဒီထဲက တခ်ဳိ႕ဟာ မနက္အေစာႀကီးကတည္းက ေရာက္ေနခဲ့ၾကတာလုိ႔ ဆုိပါတယ္။

ကရင္လူမ်ိဳးေတြအပါအဝင္ တျခားတိုင္းရင္းသားလူမ်ိဳးေတြ၊ အရပ္ဘက္အဖြဲ႔ေတြ၊ မီဒီယာေတြ ပူးေပါင္းျပီး ျငိမ္းခ်မ္းစြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ တိုင္းရင္းသား တန္းတူအခြင့္အေရးနဲ႔ ဖိႏွိပ္မႈေတြကို ရပ္တန္႔ေရးတို႔ကို ေတာင္းဆိုတဲ႔ လႈပ္ရွားမႈကိုလည္း ဒီေန႔ ညေနပိုင္း ရန္ကုန္၊ မဟာဗႏၵဳလပန္းျခံထဲမွာ လုပ္ခဲ႔ၾကပါတယ္။

.............................

{Unicode}

ကရင်အာဇာနည်နေ့ ဦးဆောင်းကျင်းပသူကို ထောင်ဒဏ်ချမှတ်

သြဂုတ်လ ၁၂ရက်ကနေ့က ရန်ကုန်မဟာဗန္ဓုလပန်းခြံရှေ့မှာ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့တဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ရက် ဒီနေ့အမိန့်ချလိုက်ပါတယ်။ သူတို့ဘက်က ဥပဒေနဲ့အညီလုပ်တဲ့ ကိစ္စပေါ်မှာ တရားရုံးက အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် အယူခံဆက်တက်သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကရင်အာဇာနည်နေ့ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲဖို့ အာဏာပိုင်တွေ ဖိအားပေးတဲ့ကြားက အဲဒီ အခမ်းအနားကို ဖြစ်အောင် လုပ်ခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ ကရင်အမျိုးသမီး အစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှနဲ့ ကရင်လူငယ် ၂ယောက်ကို ဒီနေ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀နဲ့ ထောင်ဒဏ် ၁၅ရက်စီ အမိန့်ချလိုက်တာပါ။ ၆၉နှစ်ပြည့် ကရင်အာဇာနည်နေ့ကို သူတို့ဘက်က ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ပေမဲ့ အခုလိုအမိန့်ချခံရတာကို လက်မခံနိုင်ကြောင်းနဲ့ အယူခံဆက်ဝင်သွားမယ်လို့ စီရင်ချက်ချအပြီးမှာ နော်အုန်းလှက တရားရုံးရှေ့မှာ မီဒီယာတွေကို ပြောပါတယ်။

“ထောင်ချတာ ကျမတို့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ကျမတို့ ကရင်အမျိုးသား အာဇာနည်နေ့ စော်ကား ခံရတယ်လို့ ခံစားရပါတယ်။ ကျမတို့ဒီဥစ္စာမှာ တာဝန်အရှိဆုံးက ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ပါပဲ။ ဖြိုးမင်းသိန်းကိုယ်တိုင် ကျမတို့ကို ဘာပြောသလဲဆိုတော့ လုံးဝခွင့်မပြုနိုင်ဘူးဆိုတာ၊ ကျမတို့ ဒါကို လက်မခံပါဘူး။ ကရင်အာဇာနည်နေ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ဌာနဆိုင်ရာတွေကလည်း ပူးပေါင်း ပါဝင်တဲ့အတွက် ကျမတို့ တိုင်စာပို့ပါမယ် ဒီကိစ္စကို။ လက်မခံပါဘူး အယူခံတက်ပါမယ်။ ကျမတို့ ဥပဒေနဲ့အညီလုပ်တဲ့ကိစ္စကို တရားရုံးက အပြစ်ရှိတယ် ဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဥပဒေနဲ့အခွင့်အရေးအရ ကျမတို့ဆက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။”

၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ရက်က ကရင်ပြည်နယ် ဖာပွန်မြို့မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ပွဲဖြစ်ခဲ့ပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးကျဆုံးခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သြဂုတ်လ ၁၂ရက်ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ KNU ဟာ ၂၀၁၅မှာ တနိုင်ငံလုံး အပစ်ရပ် NCA စာချုပ်ကို အစိုးရနဲ့ချုပ်ဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့အပြင်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု NCA စာချုပ်မှာလည်း တိုင်းရင်းသားတွေရဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံ တွေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတဲ့အချက်တွေ ပြဋ္ဌာန်းထားတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်ဖို့ အစိုးရကဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအမြဲတမ်းကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က တရားရုံးရှေ့မှာ မီဒီယာတွေကို အခုလိုပြောပါတယ်။

“အာဏာပိုင်တွေကို ဥပဒေကြောင်းအရ ကျနော်တို့ ဘာမှမပြောချင်ဘူး။ ကျနော်တို့ KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ရှုပြီးတော့ အကောင်အထည်ဖော်နေတဲ့ လူမျိုးတမျိုး အဖွဲ့အစည်းတခုအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မယ့်၊ နစ်နာမယ့်၊ တဦးကို တဦး သံသယပွားစေမယ့်ဟာတွေကို မဆောင်ရွက်မိဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။”

ဒီနေ့ ကျောက်တံတားမြို့နယ်တရားရုံးက နော်အုန်းလှကိုထောင်ဒဏ် ၁၅ရက်ချမှတ်လိုက်ပေမဲ့ သူ့အနေနဲ့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ထက် ၇ ရက်ကျော်လွန်ပြီး အချုပ်ကျခံခဲ့ရပြီး ဖြစ်ပါတယ်။ သူနဲ့အတူတရားစွဲခံရတဲ့ ကရင်လူငယ် ၂ယောက်ဟာလည်း နော်အုန်းလှနည်းတူ ထောင်ဒဏ် ၁၅ရက်အသီးသီး ချမှတ်ခံခဲ့ရပေမယ့် သူတို့ဟာလည်း ချမှတ်ပြစ်ဒဏ်ထက် ၂ ရက်ကျော် အကျဉ်းကျခံခဲ့ကြတာပါ။

ဒီကနေ့ နော်အုန်းလှကို စီရင်ချက်ချတဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ သူ့ကို လာရောက် ဝန်းရံသူတွေသူ လူအင်အား ၃၀၀ လောက် ရှိခဲ့ပြီး အဲဒီထဲက တချို့ဟာ မနက်အစောကြီးကတည်းက ရောက်နေခဲ့ကြတာလို့ ဆိုပါတယ်။

ကရင်လူမျိုးတွေအပါအဝင် တခြားတိုင်းရင်းသားလူမျိုးတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မီဒီယာတွေ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်၊ တိုင်းရင်းသား တန်းတူအခွင့်အရေးနဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ရေးတို့ကို တောင်းဆိုတဲ့ လှုပ်ရှားမှုကိုလည်း ဒီနေ့ ညနေပိုင်း ရန်ကုန်၊ မဟာဗန္ဒုလပန်းခြံထဲမှာ လုပ်ခဲ့ကြပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကရင္အာဇာနည္ေန႔ ဦးေဆာင္းက်င္းပသူကို ေထာင္ဒဏ္ခ်မွတ္ ကရင္အာဇာနည္ေန႔ ဦးေဆာင္းက်င္းပသူကို ေထာင္ဒဏ္ခ်မွတ္ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.