ရခိုင္ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေခ် ေဒသခံမ်ားစိုးရိမ္

၂၀၁၅ ႏို၀င္ဘာတုန္းက ရခိုင္ျပည္နယ္ရွိ မဲဆႏၵရွင္တဦး မဲထည့္ေနစဥ္
Zawgyi
တိုက္ပြဲေတြ ခပ္စိပ္စိပ္ျပန္ျဖစ္လာတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္တခ်ိဳ႕မွာ လာမယ့္ အေထြေထြေရြးေကာက္ပြဲ က်င္းပႏုိင္ပါ့မလားဆိုတဲ့အေပၚ ရခို္င္ႏုိင္ငံေရးအဖြဲ႕အစည္းေတြနဲ႔ ေဒသခံေတြက စုိးရိမ္ေနပါတယ္။ ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ မဲစာရင္းျပဳစုဖို႔ အေျခခံလူဦးေရစာရင္း ေကာက္ယူတာေတြ တႏိုင္ငံလံုးမွာလုပ္ၿပီးသြားသလို၊ ရခိုင္ေဒသမွာလည္း ေရြးေကာက္ပြဲတျပိဳင္နက္တည္း က်င္းပႏို္င္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကုိင္ AA တို႔ၾကား ျဖစ္ပြားေနတဲ့တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာရသူေတြ မ်ားလာတာနဲ႔အမွ် အဲဒီျဖစ္စဥ္ေတြေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္ေသဆံုးမႈေတြကလည္း ျမင့္တက္လို႔ေနပါတယ္။ ဒီလို စစ္ေရးပဋိပကၡေတြ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ လာမယ့္ ၂၀၂၀ေရြးေကာက္ပြဲအတြက္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ မက်င္းပႏုိင္မွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

နယ္ေျမအေနအထားေၾကာင့္ ေရြးေကာက္ပြဲက်င္းပဖုိ႔ ခ်န္လွပ္ခံရတဲ့ေနရာေတြရွိေနရင္ ျပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကို လႊတ္ေတာ္ေတြမွာ ေတာင္းဆိုေပးမယ့္ ကိုယ္စားလွယ္ေတြကုိဆံုးရႈံးရမွာျဖစ္တာေၾကာင့္ ႏုိင္ငံေတာ္အစုိးရက ေဆာင္ရြက္ေပးဖုိ႔လိုတယ္လို႔ ANP ပါတီဥကၠ႒ ဦးသာထြန္းလွက အခုလိုေျပာပါတယ္။

“ဒီေရြးေကာက္ပြဲမလုပ္ႏုိင္ဘူးဆို ေရြးေကာက္ပြဲမဲဆႏၵနယ္ေတြကို အဲဒီလိုခ်န္လွပ္ထားခဲ့မယ္ဆိုရင္ မဲဆႏၵရွင္ျပည္သူေတြရဲ႕ အက်ိဳးေတြကုိ ထိခိုက္မႈပိုၿပီးရွိႏုိင္တယ္။ အဲဒါေၾကာင့္ က်ေတာ္တုိ႔အေနနဲ႔ ေျပာခ်င္တာ ေရြးေကာက္ပြဲျဖစ္လာေအာင္ ျဖစ္ႏိုင္တဲ့နည္းလမ္းေတြကို ရွာၾကံၿပီး ဒီႏုိင္ငံေတာ္အစုိးရအေနနဲ႔ ျပင္ဆင္ေဆာင္ရြက္ဖုိ႔လိုတယ္လို႔ ျမင္တယ္။”

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ တႏုိင္ငံလံုးအတုိင္းအတာနဲ႔ ေရြးေကာက္ပြဲက်င္းပႏုိင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာပါတယ္။

“အကုန္လံုး တျပည္လံုးမွာ က်ေတာ္တို႔လုပ္ေနတာကို အခုအကုန္လံုးေရာက္လာပါၿပီ။ ေရာက္လာတဲ့အခါက်ေတာ့ က်ေတာ္တို႔ အဲဒါစာရင္းဇယားေတြ လုပ္ေနပါတယ္။ က်ေတာ္တို႔ကေတာ့ အားလံုးလုပ္ဖုိ႔ စီစဥ္ေဆာင္ရြက္ေနပါတယ္ခင္ဗ် ဟုတ္ကဲ့။”

၂၀၁၅ေရြးေကာက္ပြဲတုန္းက အခုအာဏာရေနတဲ့ NLD ပါတီကို ရခိုင္ျပည္နယ္မွာ မဲအျပတ္အသတ္နဲ႔ ႏိုင္ခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ ANP က ရခိုင္ျပည္နယ္ရဲ႕ လက္ရွိအေျခအေနအရ တုိက္ပြဲေတြမၿပီးဆံုးေသးဘဲ ျပည္သူေတြကလည္း စစ္ေရွာင္ေနရတာေၾကာင့္ ၂၀၂၀ေရြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ အခက္အခဲရွိေနတယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ေရြးေကာက္ပြဲတုန္းက ႏုိင္ငံေရးအေျခအေနေၾကာင့္ ေရြးေကာက္ပြဲမက်င္းပႏို္င္ခဲ့တဲ့ ၿမိဳ႕နယ္ ၇ခုနဲ႔ ေက်းရြာေပါင္း ၄၀၀ေက်ာ္ ရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ ႏွစ္အဆက္ဆက္ ေရြးေကာက္ပြဲက်င္းပလာႏုိင္တာေၾကာင့္ လာမယ့္ ၂၀၂၀မွာလည္း ေနရာမလပ္က်င္းပႏုိင္ေရးအတြက္ ANP ပါတီကေတာ့ ေမွ်ာ္မွန္းထားပါတယ္။

“ျမန္မာႏိုင္ငံလြတ္လပ္ေရးရကတည္းက ေရြးေကာက္ပြဲျဖစ္စဥ္မွာ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲက်င္းပလို႔ မရႏို္င္ခဲ့တဲ့အေျခအေန မရွိဘူး။ ဘာပဲျဖစ္ျဖစ္ အခုရခိုင္ျပည္နယ္မွာေတာ့ က်ေတာ္တို႔ တစံုတရာ ဒီျပည္တြင္းစစ္ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေရြးေကာက္ပြဲက်င္းပတဲ့ေနရာမွာ အဲဒီလို မဲဆႏၵနယ္ေျမေတြ ခ်န္ထားခဲ့မယ့္အေျခအေနမ်ိဳးကုိ မေရာက္ေစခ်င္ဘူး။”

ေရြးေကာက္ပြဲဆိုင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕က လာမယ့္ေရြးေကာက္ပြဲအတြက္ ႏိုင္ငံတြင္းစစ္ေရးတင္းမာေနဆဲျဖစ္တဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းနဲ႔ ရခိုင္ေျမာက္ပို္င္းေဒသေတြအတြက္ နယ္ေျမလံုျခံဳေရးအေျခအေနေတြေၾကာင့္ ျပည္သူေတြရဲ႕ မဲေပးပိုင္ခြင့္အေပၚ စိုိးရိမ္မႈေတြ ရွိလုိ႔ေနပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဒီျဖစ္စဥ္ေတြအေပၚ ေသခ်ာေဆာင္ရြက္ေစခ်င္တယ္လို႔ ေရြးေကာက္ပြဲဆုိင္ရာျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ အမႈေဆာင္ဒါရိုက္တာ စုိင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။

“အဓိက ကေတာ့ဗ်ာ အခုက်ေတာ္တို႔ၾကားေနတာေတြ လံုျခံဳေရးနဲ႔ပတ္သက္လို႔ ဘယ္မဲဆႏၵနယ္ေတြမွာ ေရြးေကာက္ပြဲက်င္းပလို႔ရမယ္၊ မရဘူးဆိုတာမ်ိဳးရယ္။ ေနာက္တခု ေရြးေကာက္ပြဲေတြကို ေရႊ႕မယ္၊ ေနာက္ တုိးမယ္ အဲဒါမ်ိဳးေကာလဟာလထြက္တာေတြလည္း ရွိတယ္။ ဆိုေတာ့ အဲဒါမ်ိဳးကေတာ့ ေရြးေကာက္ပြဲအႀကိဳကာလမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥပဲ။ ဒါေပမယ့္လည္း အဲဒါက က်ေတာ္တို႔ေရြးေကာက္ပြဲ အႀကိဳကာလမွာ မတည္ၿငိမ္မႈ၊ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေရးႀကီးတဲ့အေၾကာင္းအရာေတြထဲက တခုပဲ။ ဆိုေတာ့ ေကာ္မရွင္အေနနဲ႔ ေကာလဟာလေတြ၊ ဒီဟာေတြကုိ ဒီအတုိင္းအေရးမႀကီးဘူးလုိ႔ ပစ္ထားမယ့္အစား ဒါေတြကုိ က်ေတာ္တုိ႔ေျဖရွင္းေစခ်င္တယ္။”

ၿပီးခဲ့တဲ့ ၂၀၁၅ေရြးေကာက္ပြဲတုန္းက အာဏာရလာတဲ့ NLD အစုိးရအေနနဲ႔ အခုလာမယ့္ ၂၀၂၀ေရြးေကာက္ပြဲမွာေတာ့ တိုင္းရင္းသားပါတီေတြနဲ႔ ၿပိဳင္ဆိုင္မႈအေနအထားကေတာ့ ျပင္းထန္လာႏုိင္တယ္လို႔ ႏို္င္ငံေရးအသိုင္းအဝန္းကလည္း သံုးသပ္ေနၾကပါတယ္။

ႏုိင္ငံတြင္း စစ္ေရးပဋိပကၡေတြျဖစ္ေနခ်ိန္ ျပည္သူေတြရဲ႕အခြင့္အေရးျဖစ္တဲ့ လြတ္လပ္စြာဆႏၵမဲ ေပးႏုိင္ဖို႔ ဟာ ေနရာတိုင္းမွာ ေရြးေကာက္ပြဲက်င္းပႏုိင္မွျဖစ္တာေၾကာင့္ အစုိးရတာဝန္ရွိသူေတြအေနနဲ႔ဒီကိစၥကုိ ေသခ်ာေအာင္ လုပ္ေဆာင္သင့္ေၾကာင္း တုိင္းရင္းသားပါတီေတြက ေျပာဆိုထားၾကပါတယ္။

..................

{Unicode}

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်ချေ ဒေသခံများစိုးရိမ်

တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ လာမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားဆိုတဲ့အပေါ် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းပြုစုဖို့ အခြေခံလူဦးရေစာရင်း ကောက်ယူတာတွေ တနိုင်ငံလုံးမှာလုပ်ပြီးသွားသလို၊ ရခိုင်ဒေသမှာလည်း ရွေးကောက်ပွဲတပြိုင်နက်တည်း ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာတာနဲ့အမျှ အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကလည်း မြင့်တက်လို့နေပါတယ်။ ဒီလို စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် တချို့မြို့နယ်တွေမှာ မကျင်းပနိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

နယ်မြေအနေအထားကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ချန်လှပ်ခံရတဲ့နေရာတွေရှိနေရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လွှတ်တော်တွေမှာ တောင်းဆိုပေးမယ့် ကိုယ်စားလှယ်တွေကိုဆုံးရှုံးရမှာဖြစ်တာကြောင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးဖို့လိုတယ်လို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက အခုလိုပြောပါတယ်။

“ဒီရွေးကောက်ပွဲမလုပ်နိုင်ဘူးဆို ရွေးကောက်ပွဲမဲဆန္ဒနယ်တွေကို အဲဒီလိုချန်လှပ်ထားခဲ့မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကျိုးတွေကို ထိခိုက်မှုပိုပြီးရှိနိုင်တယ်။ အဲဒါကြောင့် ကျတော်တို့အနေနဲ့ ပြောချင်တာ ရွေးကောက်ပွဲဖြစ်လာအောင် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ရှာကြံပြီး ဒီနိုင်ငံတော်အစိုးရအနေနဲ့ ပြင်ဆင်ဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“အကုန်လုံး တပြည်လုံးမှာ ကျတော်တို့လုပ်နေတာကို အခုအကုန်လုံးရောက်လာပါပြီ။ ရောက်လာတဲ့အခါကျတော့ ကျတော်တို့ အဲဒါစာရင်းဇယားတွေ လုပ်နေပါတယ်။ ကျတော်တို့ကတော့ အားလုံးလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်ခင်ဗျ ဟုတ်ကဲ့။”

၂၀၁၅ရွေးကောက်ပွဲတုန်းက အခုအာဏာရနေတဲ့ NLD ပါတီကို ရခိုင်ပြည်နယ်မှာ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ တိုက်ပွဲတွေမပြီးဆုံးသေးဘဲ ပြည်သူတွေကလည်း စစ်ရှောင်နေရတာကြောင့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းက နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၇ခုနဲ့ ကျေးရွာပေါင်း ၄၀၀ကျော် ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ နှစ်အဆက်ဆက် ရွေးကောက်ပွဲကျင်းပလာနိုင်တာကြောင့် လာမယ့် ၂၀၂၀မှာလည်း နေရာမလပ်ကျင်းပနိုင်ရေးအတွက် ANP ပါတီကတော့ မျှော်မှန်းထားပါတယ်။

“မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ရွေးကောက်ပွဲဖြစ်စဉ်မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပလို့ မရနိုင်ခဲ့တဲ့အခြေအနေ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အခုရခိုင်ပြည်နယ်မှာတော့ ကျတော်တို့ တစုံတရာ ဒီပြည်တွင်းစစ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ အဲဒီလို မဲဆန္ဒနယ်မြေတွေ ချန်ထားခဲ့မယ့်အခြေအနေမျိုးကို မရောက်စေချင်ဘူး။”

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့က လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံတွင်းစစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်မြောက်ပိုင်းဒေသတွေအတွက် နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်အပေါ် စိုးရိမ်မှုတွေ ရှိလို့နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီဖြစ်စဉ်တွေအပေါ် သေချာဆောင်ရွက်စေချင်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“အဓိက ကတော့ဗျာ အခုကျတော်တို့ကြားနေတာတွေ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပလို့ရမယ်၊ မရဘူးဆိုတာမျိုးရယ်။ နောက်တခု ရွေးကောက်ပွဲတွေကို ရွှေ့မယ်၊ နောက် တိုးမယ် အဲဒါမျိုးကောလဟာလထွက်တာတွေလည်း ရှိတယ်။ ဆိုတော့ အဲဒါမျိုးကတော့ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲ။ ဒါပေမယ့်လည်း အဲဒါက ကျတော်တို့ရွေးကောက်ပွဲ အကြိုကာလမှာ မတည်ငြိမ်မှု၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေထဲက တခုပဲ။ ဆိုတော့ ကော်မရှင်အနေနဲ့ ကောလဟာလတွေ၊ ဒီဟာတွေကို ဒီအတိုင်းအရေးမကြီးဘူးလို့ ပစ်ထားမယ့်အစား ဒါတွေကို ကျတော်တို့ဖြေရှင်းစေချင်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းက အာဏာရလာတဲ့ NLD အစိုးရအနေနဲ့ အခုလာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ ပြိုင်ဆိုင်မှုအနေအထားကတော့ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝန်းကလည်း သုံးသပ်နေကြပါတယ်။

နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေချိန် ပြည်သူတွေရဲ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ဖို့ ဟာ နေရာတိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မှဖြစ်တာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စကို သေချာအောင် လုပ်ဆောင်သင့်ကြောင်း တိုင်းရင်းသားပါတီတွေက ပြောဆိုထားကြပါတယ်ရှင်။

စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရခိုင္ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေခ် ေဒသခံမ်ားစိုးရိမ္ ရခိုင္ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေခ် ေဒသခံမ်ားစိုးရိမ္ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.