မသန႔္ရွင္းတဲ့ ေလကို ရန္ကုန္မွာရႈရႈိက္ေနရၿပီလား

အဆုတ္ နဲ႔ ႏွလုံးေသြးေၾကာ စနစ္အထဲထိ အဲဒီအမႈန္ေလးေတြက နက္ရႈိင္းစြာ ဝင္ေရာက္ႏိုင္လို႔ ႏွလုံး ၊ အဆုတ္ေသြးေၾကာေတြနဲ႔ သက္ဆိုင္တဲ့ေရာဂါအျပင္ အသက္ရႈလမ္းေၾကာင္းမွာလည္း ေရာဂါျဖစ္ပြားႏိုင္ပါတယ္။
Zawgyi
ရန္ကုန္မွာ မိုးနည္းလာတဲ့အခ်ိန္နဲ႔ ပူျပင္းလာတဲ့အခ်ိန္ေရာက္တာနဲ႔ ေလထုညစ္ညမ္းမႈေတြလည္း ျဖစ္လာေနတယ္လို႔ ေလထုတိုင္းတာေရးလုပ္ၾကတဲ့ အဖြဲ႕ေတြထံက သိရပါတယ္။

ေအာက္တိုဘာလ ၂၉ ရက္ေန႔ မနက္ပိုင္းဆိုရင္ ေလထုညစ္ညမ္းမႈၫႊန္းကိန္းက ခံႏိုင္ရည္နည္း ပါးသူေတြကိုထိခိုက္တဲ့အဆင့္ (လိေမၼာ္ေရာင္) မွာ ရွိေနတယ္လို႔ Clean Air Myanmar ရဲ႕တိုင္းတားခ်က္ အရသိရပါတယ္။

ဒီေန႔ ေအာက္တိုဘာ ၃၀ရက္မွာေတာ့ အသင့္တင့္ (အဝါေရာင္) အဆင့္ကိုျပန္ေရာက္ေနေပမယ့္ ပူျပင္းလာ တာနဲ႔အမွ် ေလထုညစ္ညမ္းမႈၫႊန္းကိန္းကလည္း ျမင့္လာတာကို တိုင္းတာခ်က္ရလဒ္ေတြအရ ေတြ႕ျမင္ ရပါတယ္။

Clean Air Myanmar က ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ထားတဲ့ ျမန္မာအေျခစိုက္ တကၠသိုလ္ေတြမွာ ပညာ ဆည္းပူးေနတဲ့ လူငယ္ေတြပါဝင္ ေပါင္းစုဖြဲ႕စည္းထားတဲ့ အဖြဲ႕တခုလည္းျဖစ္ပါတယ္။

သာေကတၿမိဳ႕နယ္၊ ရႈခင္းသာအိမ္ရာမွာေနတဲ့ မျဖဴျဖဴဇင္ကေတာ့ အိမ္ရာေဘး ဘိလပ္ေျမေဖ်ာ္တဲ့ စက္႐ုံ နဲ႔ ဆီအုန္းစက္႐ုံေတြေၾကာင့္ သူတိုပတ္ဝန္းက်င္မွာ ေလထုညစ္ညမ္းမႈေတြနဲ႔ အနံ႔အသက္ေၾကာင့္ ထိခိုက္မႈ ေတြရွိေနတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

"တဘက္မွာ ဆီအုန္းစက္႐ုံ၊ တဘက္မွာက ဘိလပ္ေျမေဖ်ာ္တဲ့စက္ဆိုေတာ့ အမတို႔နားမွာ ေလထု ေတာ္ေတာ္ညစ္ညမ္းတယ္။ က်န္းမာေရးမေကာင္းတဲ့သူေတြအတြက္ဆိုရင္ ဆီအုန္းစက္႐ုံက အနံ႔ေၾကာင့္ ေခါင္းကိုက္တာ၊ အသက္ရႈမဝတာခံစားရတယ္။ က်န္းမာေရးမေကာင္းတဲ့သူဆိုရင္ ဒီထက္ပိုခံစာရမယ္" လို႔ သူကေျပာပါတယ္။

ဒါ့အျပင္ သာေကတၿမိဳ႕နယ္နဲ႔ ေဒါပုံၿမိဳ႕နယ္အၾကားကို ျဖတ္ၿပီးေဖာက္ထားတဲ့ ရႈခင္းသာၿမိဳ႕ပတ္လမ္းမေပၚကို ကားနဲ႔ ျဖတ္ေမာင္း႐ုံနဲ႔ပဲ ဘယ္သူမဆို အဲဒီလိုအနံ႔ကိုခံစားရတယ္လို႔ မျဖဴျဖဴဇင္က ေျပာပါတယ္။

ေလထုညစ္ညမ္းမႈ အဆင့္ကို ၆ဆင့္အထိသတ္မွတ္တာရွိပါတယ္။ အဲဒါေတြကေတာ့ ေကာင္းတဲ့အဆင့္ (အစိမ္းေရာင္) ၊ အသင့္တင့္ (အဝါေရာင္)နဲ႔ ခံႏိုင္ရည္နည္းပါးသူေတြကိုထိခိုက္တဲ့အဆင့္ အခုလက္တ ေလာရန္ကုန္မွာျဖစ္ေနတဲ့ ေလထုအေျခအေန (လိေမၼာ္ေရာင္)၊ က်န္းမာေရးကိုထိခိုက္တဲ့အဆင့္ (အနီေရာင္)၊ အလြန္ထိခိုက္တဲ့အဆင့္ (ခရမ္းေရာင္)ရယ္၊ အႏၲရာယ္ရွိတဲ့အဆင့္ (အညႇိေရာင္) ဆိုၿပီး သတ္မွတ္ၾကပါတယ္။
ေလထုညစ္ညမ္းမႈ ျပႆနာကို ဘယ္လို ကိုင္တြယ္ေျဖရွင္းၾကႏိုင္ပါသလဲ။

Clean Air Myanmar ရဲ႕ ေန႔စဥ္ထုတ္ျပန္ခ်က္ေတြကိုၾကည့္မယ္ဆိုရင္ ေအာက္တိုဘာ ေနာက္ဆုံးအပတ္ ထဲမွာ ေလထုညစ္ညမ္းမႈ ၫႊန္းကိန္းေတြက တေန႔ထက္ တေန႔တက္လာတာကို ေတြ႕ရပါတယ္။

အဲဒီအဖြဲ႕က ရန္ကုန္ ေလထုထဲမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္၊ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုဒ္၊ ဆာလဖာဒိုင္ ေအာက္ဆိုဒ္ တို႔လို႔ လူ႔က်န္းမာေရးကိုထိခိုက္ေစတဲ့ ဓာတုပစၥည္းအမႈန္ေတြ အိုဇုန္းလိုအရာဝတၳဳေတြ ပါဝင္မႈကို အဓိက တိုင္းတာၿပီး ၫႊန္းကိန္းေတြကို ထုတ္ေနတာပါ။

အဲဒီအမႈန္ေလးတြက ဆံပင္ထက္ အဆ ၃၀ေလာက္ ပိုေသးငယ္လို႔ လူေတြရဲ႕မ်က္စိ၊ ႏွာေခါင္း၊ လည္ေခ်ာင္းေတြထဲဝင္ေရာက္ႏိုင္ၿပီး က်န္းမာေရးအတြက္ အႏၲရယ္ျဖစ္ေစတာပါ။

အဆုတ္ နဲ႔ ႏွလုံးေသြးေၾကာ စနစ္အထဲထိ အဲဒီအမႈန္ေလးေတြက နက္ရႈိင္းစြာ ဝင္ေရာက္ႏိုင္လို႔ ႏွလုံး ၊ အဆုတ္ေသြးေၾကာေတြနဲ႔ သက္ဆိုင္တဲ့ေရာဂါအျပင္ အသက္ရႈလမ္းေၾကာင္းမွာလည္း ေရာဂါျဖစ္ပြားႏိုင္ပါတယ္။

ပြင့္လင္းရာသီေရာက္လာတဲ့အခ်ိန္ကစၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ေကာင္းကင္က မႈန္အုံ႔အုံ႔ ပုံစံရွိေနတာကို ၿမိဳ႕အဝင္ ျမစ္ကူးတံတားျဖစ္တဲ့ မဟာဗႏၶဳလတံတားေပၚက တဆင့္ ေန႔စဥ္ျမင္ေနရပါတယ္။ အခုေနာက္ပိုင္းဆိုရင္ တံတားေပၚကေန ပုဇြန္ေတာင္ျမစ္ကို ျဖတ္ေက်ာ္ၿပီး ၾကည့္လိုက္တာနဲ႔ မႈန္ျပျပေကာင္းကင္နဲ႔ တြဲလ်က္သားရွိတဲ့ ရန္ကုန္ၿမိဳ႕တြင္းကိုအၿမဲလိုျမင္ေန ေတြ႕ေနက်ျဖစ္ေနပါၿပီ။

ရန္ကုန္ရဲ႕ ေလထုအရည္အေသြးက ပြင့္လင္းရာသီေတြမွာ ဘာေၾကာင့္ ညစ္ညမ္းရတာလည္း ဆိုတာကို စိမ္းလမ္းအမိေျမဖြံ႕ၿဖိဳးေရးအသင္း ေလထုအရည္အေသြးေစာင့္ၾကည့္ေရးအဖြဲ႕က လစဥ္ေစာင့္ၾကည့္မႈေတြ လုပ္တယ္လို႔ သိရပါတယ္။

အဲဒီအဖြဲ႕က ဘုရင့္ေနာင္၊ ေျမနီကုန္း၊ တာေမြနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတို႔ေရွ႕ေတြက ေလထုနမူနာေတြကို ရယူေစာင့္ၾကည့္ တိုင္းတာ ေနတဲ့ တယ္လို႔ ေလထုအရည္အေသြးေစာင့္ၾကည့္ေရးအဖြဲ႕က သုေတသန ပညာရွင္ စေအာင္သက္ဦး ဘီဘီစီကိုေျပာပါတယ္။

 ရန္ကုန္ၿမိဳ႕က စက္မႈဇုန္ေတြပတ္လည္ဝိုင္းေနတာ၊ ပြင့္လင္းရာသီေရာက္လာရင္ စက္မႈဇုန္က အမႈန္အမႊား ေတြက ေလနဲ႔အတူပါလာၿပီး လူေနအိမ္ေတြကိုေရာက္ႏိုင္လို႔ ေန႔စဥ္ရႈတဲ့အခါ က်န္းမာေရးထိခိုက္တယ္

တိုင္းတာရရွိတာကိုလည္း လစဥ္ထုတ္ျပန္ပါတယ္။ အဲဒီထုတ္ ျပန္ခ်က္ေတြအရဆိုရင္ေတာ့ ပြင့္လင္းရာသီ ေတြမွာ ေလထုညစ္ညမ္းမႈေတြ အျမင့္ဆုံးျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

"ရန္ကုန္ၿမိဳ႕က စက္မႈဇုန္ေတြပတ္လည္ဝိုင္းေနတာ၊ ပြင့္လင္းရာသီေရာက္လာရင္ စက္မႈဇုန္က အမႈန္အမႊား ေတြက ေလနဲ႔အတူပါလာၿပီး လူေနအိမ္ေတြကိုေရာက္ႏိုင္လို႔ ေန႔စဥ္ရႈတဲ့အခါ က်န္းမာေရးထိခိုက္တယ္။ တခ်ိဳ႕စက္႐ုံေတြက ေလထုညစ္ညမ္းမႈကို အေလးေပးဂ႐ုစိုက္တာ သိပ္မရွိတာရယ္၊ စံခ်ိန္စံၫႊန္းမမွီတဲ့ မီးခိုးေခါင္းတိုင္ေတြေၾကာင့္ ေလထုညစ္ညမ္းမႈအနည္းနဲ႔ အမ်ားရွိေနတာ" လို႔ စေအာင္ သက္ဦးက ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္ရဲ႕ေလထုညစ္ညမ္းမႈက မ်ားျပားလာတဲ့ ေမာ္ေတာ္ယာဥ္အေရအတြက္ေၾကာင့္လည္း ျဖစ္တာရယ္၊ ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းတံတားေတြ သန႔္ရွင္းမႈ နည္းပါးတာေတြေၾကာင့္လည္း ေလထုညစ္ညမ္း မႈေတြျဖစ္ေနတာလို႔ သူက မွတ္ခ်က္ျပဳပါတယ္။

၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ရန္ကုန္အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔အျပားမွာေတာ့ မွတ္ပုံတင္ထားတဲ့ ကားအေရအတြက္ ေျခာက္သိန္းခြဲ ေက်ာ္အထိရွိေနတယ္လို႔ အႀကီးစားနဲ႔အေသးစား စီးပြားေရးလုပ္ငန္း ေတြဆိုင္ရာ အခ်က္အလက္ေကာက္ယူတဲ့ CEIC ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။ အဲဒီကား အေရအတြက္ရဲ႕ ရာခိုင္ႏႈန္းအမ်ားစု ကေတာ့ ရန္ကုန္မွာရွိေနတာပါ။

စက္မႈဇုန္ေတြနဲ႔ နီးစပ္တဲ့ေနရာေတြ၊ ကားေတြထူထပ္စြာသြားလာတဲ့ေနရာေတြက ေလထုညစ္ညမ္းမႈေတြ အမ်ားဆုံးျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္လည္မွာ အစိုးရအဆက္ဆက္လက္ထက္ေတြကတည္းက ေဖာ္ေဆာင္ခဲ့ၾကတဲ့ စက္မႈဇုန္ ေပါင္း ၂၉ခုအထိရွိေနပါတယ္။

လက္ရွိရန္ကုန္အစိုးရကလည္း အဲဒီစက္မႈဇုန္ေတြအျပင္ အျခားစက္မႈဥယ်ာဥ္၊ စက္မႈဇုန္ စုစုေပါင္း ေနာက္ထပ္ ၁၅ခုေလာက္ကို အေကာင္ အထည္ေဖာ္ဦးမယ္လို႔ ရန္ကုန္လႊတ္ေတာ္အတြင္းမွာ အသိေပး ထားပါေသးတယ္။

BBC Burmese
https://www.bbc.com
----------------
Unicode
မသန့်ရှင်းတဲ့ လေကို ရန်ကုန်မှာရှုရှိုက်နေရပြီလား

Image caption အဆုတ် နဲ့ နှလုံးသွေးကြော စနစ်အထဲထိ အဲဒီအမှုန်လေးတွေက နက်ရှိုင်းစွာ ဝင်ရောက်နိုင်လို့ နှလုံး ၊ အဆုတ်သွေးကြောတွေနဲ့ သက်ဆိုင်တဲ့ရောဂါအပြင် အသက်ရှုလမ်းကြောင်းမှာလည်း ရောဂါဖြစ်ပွားနိုင်ပါတယ်။

ရန်ကုန်မှာ မိုးနည်းလာတဲ့အချိန်နဲ့ ပူပြင်းလာတဲ့အချိန်ရောက်တာနဲ့ လေထုညစ်ညမ်းမှုတွေလည်း ဖြစ်လာနေတယ်လို့ လေထုတိုင်းတာရေးလုပ်ကြတဲ့ အဖွဲ့တွေထံက သိရပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းဆိုရင် လေထုညစ်ညမ်းမှုညွှန်းကိန်းက ခံနိုင်ရည်နည်း ပါးသူတွေကိုထိခိုက်တဲ့အဆင့် (လိမ္မော်ရောင်) မှာ ရှိနေတယ်လို့ Clean Air Myanmar ရဲ့တိုင်းတားချက် အရသိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၀ရက်မှာတော့ အသင့်တင့် (အဝါရောင်) အဆင့်ကိုပြန်ရောက်နေပေမယ့် ပူပြင်းလာ တာနဲ့အမျှ လေထုညစ်ညမ်းမှုညွှန်းကိန်းကလည်း မြင့်လာတာကို တိုင်းတာချက်ရလဒ်တွေအရ တွေ့မြင် ရပါတယ်။

Clean Air Myanmar က နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ မြန်မာအခြေစိုက် တက္ကသိုလ်တွေမှာ ပညာ ဆည်းပူးနေတဲ့ လူငယ်တွေပါဝင် ပေါင်းစုဖွဲ့စည်းထားတဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။

သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာမှာနေတဲ့ မဖြူဖြူဇင်ကတော့ အိမ်ရာဘေး ဘိလပ်မြေဖျော်တဲ့ စက်ရုံ နဲ့ ဆီအုန်းစက်ရုံတွေကြောင့် သူတိုပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေနဲ့ အနံ့အသက်ကြောင့် ထိခိုက်မှု တွေရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"တဘက်မှာ ဆီအုန်းစက်ရုံ၊ တဘက်မှာက ဘိလပ်မြေဖျော်တဲ့စက်ဆိုတော့ အမတို့နားမှာ လေထု တော်တော်ညစ်ညမ်းတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက်ဆိုရင် ဆီအုန်းစက်ရုံက အနံ့ကြောင့် ခေါင်းကိုက်တာ၊ အသက်ရှုမဝတာခံစားရတယ်။ ကျန်းမာရေးမကောင်းတဲ့သူဆိုရင် ဒီထက်ပိုခံစာရမယ်" လို့ သူကပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်အကြားကို ဖြတ်ပြီးဖောက်ထားတဲ့ ရှုခင်းသာမြို့ပတ်လမ်းမပေါ်ကို ကားနဲ့ ဖြတ်မောင်းရုံနဲ့ပဲ ဘယ်သူမဆို အဲဒီလိုအနံ့ကိုခံစားရတယ်လို့ မဖြူဖြူဇင်က ပြောပါတယ်။

လေထုညစ်ညမ်းမှု အဆင့်ကို ၆ဆင့်အထိသတ်မှတ်တာရှိပါတယ်။ အဲဒါတွေကတော့ ကောင်းတဲ့အဆင့် (အစိမ်းရောင်) ၊ အသင့်တင့် (အဝါရောင်)နဲ့ ခံနိုင်ရည်နည်းပါးသူတွေကိုထိခိုက်တဲ့အဆင့် အခုလက်တ လောရန်ကုန်မှာဖြစ်နေတဲ့ လေထုအခြေအနေ (လိမ္မော်ရောင်)၊ ကျန်းမာရေးကိုထိခိုက်တဲ့အဆင့် (အနီရောင်)၊ အလွန်ထိခိုက်တဲ့အဆင့် (ခရမ်းရောင်)ရယ်၊ အန္တရာယ်ရှိတဲ့အဆင့် (အညှိရောင်) ဆိုပြီး သတ်မှတ်ကြပါတယ်။
လေထုညစ်ညမ်းမှု ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြနိုင်ပါသလဲ။

Clean Air Myanmar ရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေကိုကြည့်မယ်ဆိုရင် အောက်တိုဘာ နောက်ဆုံးအပတ် ထဲမှာ လေထုညစ်ညမ်းမှု ညွှန်းကိန်းတွေက တနေ့ထက် တနေ့တက်လာတာကို တွေ့ရပါတယ်။

အဲဒီအဖွဲ့က ရန်ကုန် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင် အောက်ဆိုဒ် တို့လို့ လူ့ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓာတုပစ္စည်းအမှုန်တွေ အိုဇုန်းလိုအရာဝတ္ထုတွေ ပါဝင်မှုကို အဓိက တိုင်းတာပြီး ညွှန်းကိန်းတွေကို ထုတ်နေတာပါ။

အဲဒီအမှုန်လေးတွက ဆံပင်ထက် အဆ ၃၀လောက် ပိုသေးငယ်လို့ လူတွေရဲ့မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတွေထဲဝင်ရောက်နိုင်ပြီး ကျန်းမာရေးအတွက် အန္တရယ်ဖြစ်စေတာပါ။

အဆုတ် နဲ့ နှလုံးသွေးကြော စနစ်အထဲထိ အဲဒီအမှုန်လေးတွေက နက်ရှိုင်းစွာ ဝင်ရောက်နိုင်လို့ နှလုံး ၊ အဆုတ်သွေးကြောတွေနဲ့ သက်ဆိုင်တဲ့ရောဂါအပြင် အသက်ရှုလမ်းကြောင်းမှာလည်း ရောဂါဖြစ်ပွားနိုင်ပါတယ်။

ပွင့်လင်းရာသီရောက်လာတဲ့အချိန်ကစပြီး ရန်ကုန်မြို့ရဲ့ကောင်းကင်က မှုန်အုံ့အုံ့ ပုံစံရှိနေတာကို မြို့အဝင် မြစ်ကူးတံတားဖြစ်တဲ့ မဟာဗန္ဓုလတံတားပေါ်က တဆင့် နေ့စဉ်မြင်နေရပါတယ်။ အခုနောက်ပိုင်းဆိုရင် တံတားပေါ်ကနေ ပုဇွန်တောင်မြစ်ကို ဖြတ်ကျော်ပြီး ကြည့်လိုက်တာနဲ့ မှုန်ပြပြကောင်းကင်နဲ့ တွဲလျက်သားရှိတဲ့ ရန်ကုန်မြို့တွင်းကိုအမြဲလိုမြင်နေ တွေ့နေကျဖြစ်နေပါပြီ။

ရန်ကုန်ရဲ့ လေထုအရည်အသွေးက ပွင့်လင်းရာသီတွေမှာ ဘာကြောင့် ညစ်ညမ်းရတာလည်း ဆိုတာကို စိမ်းလမ်းအမိမြေဖွံ့ဖြိုးရေးအသင်း လေထုအရည်အသွေးစောင့်ကြည့်ရေးအဖွဲ့က လစဉ်စောင့်ကြည့်မှုတွေ လုပ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့က ဘုရင့်နောင်၊ မြေနီကုန်း၊ တာမွေနဲ့ ရန်ကုန်မြို့တော်ခန်းမတို့ရှေ့တွေက လေထုနမူနာတွေကို ရယူစောင့်ကြည့် တိုင်းတာ နေတဲ့ တယ်လို့ လေထုအရည်အသွေးစောင့်ကြည့်ရေးအဖွဲ့က သုတေသန ပညာရှင် စအောင်သက်ဦး ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရန်ကုန်မြို့က စက်မှုဇုန်တွေပတ်လည်ဝိုင်းနေတာ၊ ပွင့်လင်းရာသီရောက်လာရင် စက်မှုဇုန်က အမှုန်အမွှား တွေက လေနဲ့အတူပါလာပြီး လူနေအိမ်တွေကိုရောက်နိုင်လို့ နေ့စဉ်ရှုတဲ့အခါ ကျန်းမာရေးထိခိုက်တယ်

တိုင်းတာရရှိတာကိုလည်း လစဉ်ထုတ်ပြန်ပါတယ်။ အဲဒီထုတ် ပြန်ချက်တွေအရဆိုရင်တော့ ပွင့်လင်းရာသီ တွေမှာ လေထုညစ်ညမ်းမှုတွေ အမြင့်ဆုံးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

"ရန်ကုန်မြို့က စက်မှုဇုန်တွေပတ်လည်ဝိုင်းနေတာ၊ ပွင့်လင်းရာသီရောက်လာရင် စက်မှုဇုန်က အမှုန်အမွှား တွေက လေနဲ့အတူပါလာပြီး လူနေအိမ်တွေကိုရောက်နိုင်လို့ နေ့စဉ်ရှုတဲ့အခါ ကျန်းမာရေးထိခိုက်တယ်။ တချို့စက်ရုံတွေက လေထုညစ်ညမ်းမှုကို အလေးပေးဂရုစိုက်တာ သိပ်မရှိတာရယ်၊ စံချိန်စံညွှန်းမမှီတဲ့ မီးခိုးခေါင်းတိုင်တွေကြောင့် လေထုညစ်ညမ်းမှုအနည်းနဲ့ အများရှိနေတာ" လို့ စအောင် သက်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ရဲ့လေထုညစ်ညမ်းမှုက များပြားလာတဲ့ မော်တော်ယာဉ်အရေအတွက်ကြောင့်လည်း ဖြစ်တာရယ်၊ ရန်ကုန်မြို့ရဲ့ လမ်းတံတားတွေ သန့်ရှင်းမှု နည်းပါးတာတွေကြောင့်လည်း လေထုညစ်ညမ်း မှုတွေဖြစ်နေတာလို့ သူက မှတ်ချက်ပြုပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာတော့ မှတ်ပုံတင်ထားတဲ့ ကားအရေအတွက် ခြောက်သိန်းခွဲ ကျော်အထိရှိနေတယ်လို့ အကြီးစားနဲ့အသေးစား စီးပွားရေးလုပ်ငန်း တွေဆိုင်ရာ အချက်အလက်ကောက်ယူတဲ့ CEIC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲဒီကား အရေအတွက်ရဲ့ ရာခိုင်နှုန်းအများစု ကတော့ ရန်ကုန်မှာရှိနေတာပါ။

စက်မှုဇုန်တွေနဲ့ နီးစပ်တဲ့နေရာတွေ၊ ကားတွေထူထပ်စွာသွားလာတဲ့နေရာတွေက လေထုညစ်ညမ်းမှုတွေ အများဆုံးဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ရန်ကုန်မြို့ပတ်လည်မှာ အစိုးရအဆက်ဆက်လက်ထက်တွေကတည်းက ဖော်ဆောင်ခဲ့ကြတဲ့ စက်မှုဇုန် ပေါင်း ၂၉ခုအထိရှိနေပါတယ်။

လက်ရှိရန်ကုန်အစိုးရကလည်း အဲဒီစက်မှုဇုန်တွေအပြင် အခြားစက်မှုဥယျာဉ်၊ စက်မှုဇုန် စုစုပေါင်း နောက်ထပ် ၁၅ခုလောက်ကို အကောင် အထည်ဖော်ဦးမယ်လို့ ရန်ကုန်လွှတ်တော်အတွင်းမှာ အသိပေး ထားပါသေးတယ်။

BBC Burmese
https://www.bbc.com
မသန႔္ရွင္းတဲ့ ေလကို ရန္ကုန္မွာရႈရႈိက္ေနရၿပီလား မသန႔္ရွင္းတဲ့ ေလကို ရန္ကုန္မွာရႈရႈိက္ေနရၿပီလား Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.