အမ်ိဳးသမီးထုရဲ႕ႏွလုံးက်န္းမာေရးအတြက္ သိထားသင့္တဲ့ အႏၲရာယ္အခ်က္(၁၀)ခ်က္


ႏွလုံးမွာ မက်န္းမမာျဖစ္တဲ့ ႏွလုံးေရာဂါေတြက အမ်ိဳးအစား အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးအစားေတြက အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားတတ္သလို မိန္းကေလးနဲ႔ ေယာက်ာ္းေလးမွာ လကၡဏာေတြကလည္း ကြာျခားတတ္ပါေသးတယ္။ ဒီေတာ့ ကြၽန္မတို႔ မိန္းကေလးေတြ ကိုယ့္ႏွလုံးရဲ႕ က်န္းမာေရးအတြက္ သိထားသင့္တဲ့အခ်က္ေလးေတြ ေလ့လာၾကည့္ဖို႔လိုပါတယ္။ ဒါမွပဲ ေၾကာက္စရာေကာင္းတဲ့ ႏွလုံးေရာဂါအႏၲရာယ္ကို ကာကြယ္ႏိုင္မယ္၊ ေစာေစာကုသႏိုင္မယ္ေလ။

အမွန္ေတာ့ ႏွလုံးေရာဂါရွိသူေတြဟာ ႐ုပ္ရွင္ဇာတ္ဝင္ခန္းေတြထဲကလို ရင္ဘတ္ေလးဖိဖိၿပီး ေအးေဆးနားေနရတဲ့၊ လူတကာ အလိုလိုက္ခံရေနတဲ့ ကံေကာင္းသူေတြ မဟုတ္ၾကပါဘူး။ ကုသထိန္းခ်ဳပ္လို႔ရတဲ့ အဆင့္ေလးေတြကေန ဗုံးတစ္လုံးလို အခ်ိန္မေ႐ြး ထေပါက္ကြဲႏိုင္တဲ့ အဆင့္လည္း ျဖစ္သြားႏိုင္ပါတယ္။

သတိထားရမယ့္ လကၡဏာေတြ

႐ုပ္ရွင္ထဲမေတာ့ ႏွလုံးေရာဂါဆို ရင္ဘတ္ေအာင့္တယ္၊ ေမာတယ္။ တကယ္တမ္းက အမ်ိဳးသမီးေတြမွာ သိသိသာသာ ႏွလုံးေရာဂါလကၡဏာျပတာ နည္းပါတယ္၊ သိသာတာက အသက္ရႉမဝ၊ မြန္းက်ပ္တဲ့ ေဝဒနာကိုခံစားရတာပါ။ ေမး႐ိုး၊ ခါး ဒါမွမဟုတ္ ဝမ္းဗိုက္အေပၚပိုင္းမွာ နာက်င္မႈခံစားရႏိုင္တယ္။ ေနာက္ၿပီး မအီမသာျဖစ္တာ၊ ေခါင္းမူးတာ စတဲ့လကၡဏာေတြပါ ျဖစ္ႏိုင္ပါတယ္။

ရင္ကြဲနာ

စိတ္ဖိစီးမႈေၾကာင့္ျဖစ္လာတဲ့ ႏွလုံးႂကြက္သား အားနည္းတဲ့ေရာဂါပါ။ ဒီေရာဂါအေျခအေနက အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ား တတ္ပါတယ္။ စိတ္ဖိစီးမႈ ေဟာ္မုန္းေတြ ႐ုတ္တရက္ ထြက္လာတာေၾကာင့္၊ ဥပမာ အသည္းကြဲတာ၊ အိမ္ေထာင္ကြဲတာ၊ မိဘေဆြမ်ိဳးနဲ႔ မိသားစုဝင္ဆုံးပါးတာ လိုမ်ိဳး စိတ္ထိခိုက္ခံစားရတဲ့ ကိစၥေတြႀကဳံလာရၿပီးေနာက္ ဒီေဝဒနာ ျဖစ္လာတတ္ပါတယ္။ ဒ႑ာရီေတြ၊ ဇာတ္ေတြထဲမွာ ရင္ကြဲနာက်တယ္ဆိုတာ ဒါမ်ိဳးကို ေခၚတာျဖစ္ႏိုင္ပါတယ္။ ႏွလုံးရဲ႕ တစ္စိတ္တစ္ပိုင္းက ႀကီးလာၿပီး ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ ဒီလိုကေန ျပင္းထန္တဲ့ ရင္ဘတ္ေအာင့္ျခင္း ျဖစ္လာႏိုင္ေပမယ့္ အျမန္ဆုံးကုသႏိုင္ရင္ လုံးဝသက္သာလာႏိုင္ပါတယ္။

ေရာင္ရမ္းမႈ

ေလးဖက္နာ အဆစ္ေရာင္ေရာဂါလိုမ်ိဳး ကိုယ့္မွာရွိေနတယ္ဆိုရင္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ပိုျမင့္ပါတယ္။ ေရာင္ရမ္းမႈဆိုင္ရာ ေရာဂါေတြကို ေသခ်ာဂ႐ုစိုက္ေပးပါ၊ စတီး႐ြိဳက္ေဆးေတြကို ေရွာင္ပါ။ ႏွလုံးေရာဂါအႏၲရာယ္ ပိုမ်ားေစႏိုင္ပါတယ္။

စိတ္က်ေဝဒနာ

စိတ္က်ျခင္းေၾကာင့္ ႏွလုံးေရာဂါအႏၲရာယ္ ႏွစ္ဆတိုးေစႏိုင္သလို အမ်ိဳးသမီးေတြမွာလည္း အမ်ိဳးသားေတြထက္ ႏွစ္ဆအႏၲရာယ္ပိုမ်ားပါတယ္။ စိတ္ဓာတ္က်ေနတာေၾကာင့္ တက္ႂကြလႈပ္ရွားမႈနည္းႏိုင္သလို ကိုယ့္က်န္းမာေရးလည္း ဂ႐ုမစိုက္ႏိုင္ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္စိတ္ေတြေၾကာင့္ ႏွလုံးကိုဒဏ္ပိေစႏိုင္တာကို သတိထားပါ။

ဆီးခ်ိဳ

အမ်ိဳးသမီးေတြမွာ ဆီးခ်ိဳျဖစ္လာရင္ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ႏွစ္ဆပိုမ်ားပါတယ္။ ေသြးတြင္းသၾကားျမင့္တက္ျခင္းေၾကာင့္ ေသြးထဲက ေအာက္စီဂ်င္ေပးပို႔မႈကိုေႏွးေစၿပီး ေသြးေၾကာေတြက်ဥ္းလာေစႏိုင္တာက အေၾကာင္းရင္းတစ္ခုပါ။ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုက ဆီးခ်ိဳအမ်ိဳးသမီးေတြဟာ ပိုဝေလ့ရွိၿပီး ေသြးတိုးနဲ႔ ကိုလက္စထေရာလည္းမ်ားလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အရာရာထိန္းညႇိေနထိုင္တာ အေကာင္းဆုံးပါ။

ပိန္ေနလည္း ႏွလုံးေရာဂါ ျဖစ္ႏိုင္တယ္

ကိုယ္အေလးခ်ိန္မ်ားေနတဲ့အမ်ိဳးသမီး (အထူးသျဖင့္ ဗိုက္အဆီရွိေနတဲ့)ေတြမွာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ျမင့္မားပါတယ္။ ဒါေပမယ့္ ပိန္ရင္ေတာ့ မျဖစ္ႏိုင္ဘူးေျပာလို႔မရပါဘူး။ လူကမဝေပမယ့္ ကိုလက္စထေရာျမင့္ႏိုင္တယ္၊ ေသြးတိုး တက္ေနႏိုင္တယ္ ဆိုေတာ့ ႏွလုံးေရာဂါအတြက္ ဆက္ႏႊယ္ႏိုင္တဲ့ အႏၲရာယ္ေတြရွိလာႏိုင္ပါတယ္။

မိသားစုထဲမွာ ႏွလုံးေရာဂါရွင္ရွိသလား

ကိုယ့္ရဲ႕အေမ သို႔မဟုတ္ အစ္မက ၆၅ ႏွစ္ေအာက္အ႐ြယ္မွာ ႏွလုံးေရာဂါျဖစ္ခဲ့တယ္ဆိုရင္ ဒါမွမဟုတ္ အေမက ေလျဖတ္ခဲ့တယ္ဆိုရင္ ကိုယ္ဟာ သူမ်ားေတြထက္ ႏွလုံးေရာဂါျဖစ္လာႏိုင္ေျခ ပိုမ်ားပါတယ္။ ကိုယ့္မွာ ႏွလုံး႐ုတ္တရက္ရပ္ဆိုင္းျခင္း ဒါမွမဟုတ္ ေလျဖတ္တာေတြ မျဖစ္မေန ျဖစ္လာေတာ့မွာလို႔ မဆိုလိုေပမယ့္ မိသားစုမ်ိဳး႐ိုးရွိတယ္လို႔ သိထားၿပီး ကာကြယ္ဖို႔ အဆင့္ေတြ လုပ္ေဆာင္ရေတာ့မွာပါ။

ကိုလက္စထေရာ

ေသြးေၾကာေတြထဲမွာ ကိုလက္စထေရာေတြစုေနၿပီး အဆီေခ်းေတြျဖစ္လာမယ္၊ အခ်ိန္ၾကာလာတာနဲ႔အမွ် မာလာၿပီး ေသြးေၾကာေတြ ပိတ္ဆို႔ေစႏိုင္ပါတယ္။ ေသြးတြင္းကို လက္စထေရာ အေျခအေနကို ေသြးစစ္ၿပီးသိရွိႏိုင္ပါတယ္။ မေကာင္းတဲ့ ကိုလက္စထေရာေတြ နည္းသြားေစဖို႔ အဆီနဲ႔အခ်ိဳကို ေလွ်ာ့စားပါ၊ ေလ့က်င့္ခန္းလုပ္ပါ၊ ဘီယာေတြ၊ ဝိုင္ေတြ သိပ္မေသာက္ပါနဲ႔။

ကိုယ္အေလးခ်ိန္ကိုထိန္းပါ

လတ္လတ္ဆတ္ဆတ္ေတြစားပါ၊ ကယ္လိုရီနည္း အငန္နည္းၿပီး အဆီနည္းတာေတြစားပါ။ ႏွလုံးအတြက္ ဝိတ္ေလွ်ာ့ပါ။ က်န္းမာက်စ္လ်စ္တဲ့ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္ ႏွလုံးက်န္းမာေရး

ကိုယ္ဝန္ေဆာင္ကာလမွာ ႏွလုံးက ပိုအလုပ္လုပ္တဲ့အတြက္ ႏွလုံးနဲ႔ ေသြးေၾကာေတြကို ဝန္ပိေစႏိုင္ပါတယ္။ ကေလးေမြးဖြားတဲ့အခါ ပိုၿပီးဒဏ္ပိပါတယ္။ ႏွလုံးခုန္မမွန္၊ အဆို႔ရွင္ျပႆနာရွိတတ္တဲ့ အမ်ိဳးသမီးေတြဟာ အသက္ရႉမဝတာ၊ ႏွလုံးခုန္ျမန္တာေတြကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္မျဖစ္ သတိထားသင့္ပါတယ္။
-------------
အမျိုးသမီးထုရဲ့နှလုံးကျန်းမာရေးအတွက် သိထားသင့်တဲ့ အန္တရာယ်အချက်(၁၀)ချက်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win

နှလုံးမှာ မကျန်းမမာဖြစ်တဲ့ နှလုံးရောဂါတွေက အမျိုးအစား အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမျိုးအစားတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်သလို မိန်းကလေးနဲ့ ယောကျာ်းလေးမှာ လက္ခဏာတွေကလည်း ကွာခြားတတ်ပါသေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ ကိုယ့်နှလုံးရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်လေးတွေ လေ့လာကြည့်ဖို့လိုပါတယ်။ ဒါမှပဲ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါအန္တရာယ်ကို ကာကွယ်နိုင်မယ်၊ စောစောကုသနိုင်မယ်လေ။

အမှန်တော့ နှလုံးရောဂါရှိသူတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို ရင်ဘတ်လေးဖိဖိပြီး အေးဆေးနားနေရတဲ့၊ လူတကာ အလိုလိုက်ခံရနေတဲ့ ကံကောင်းသူတွေ မဟုတ်ကြပါဘူး။ ကုသထိန်းချုပ်လို့ရတဲ့ အဆင့်လေးတွေကနေ ဗုံးတစ်လုံးလို အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ အဆင့်လည်း ဖြစ်သွားနိုင်ပါတယ်။
သတိထားရမယ့် လက္ခဏာတွေ

ရုပ်ရှင်ထဲမတော့ နှလုံးရောဂါဆို ရင်ဘတ်အောင့်တယ်၊ မောတယ်။ တကယ်တမ်းက အမျိုးသမီးတွေမှာ သိသိသာသာ နှလုံးရောဂါလက္ခဏာပြတာ နည်းပါတယ်၊ သိသာတာက အသက်ရှူမဝ၊ မွန်းကျပ်တဲ့ ဝေဒနာကိုခံစားရတာပါ။ မေးရိုး၊ ခါး ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်မှုခံစားရနိုင်တယ်။ နောက်ပြီး မအီမသာဖြစ်တာ၊ ခေါင်းမူးတာ စတဲ့လက္ခဏာတွေပါ ဖြစ်နိုင်ပါတယ်။

ရင်ကွဲနာ

စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးကြွက်သား အားနည်းတဲ့ရောဂါပါ။ ဒီရောဂါအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များ တတ်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေ ရုတ်တရက် ထွက်လာတာကြောင့်၊ ဥပမာ အသည်းကွဲတာ၊ အိမ်ထောင်ကွဲတာ၊ မိဘဆွေမျိုးနဲ့ မိသားစုဝင်ဆုံးပါးတာ လိုမျိုး စိတ်ထိခိုက်ခံစားရတဲ့ ကိစ္စတွေကြုံလာရပြီးနောက် ဒီဝေဒနာ ဖြစ်လာတတ်ပါတယ်။ ဒဏ္ဍာရီတွေ၊ ဇာတ်တွေထဲမှာ ရင်ကွဲနာကျတယ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်နိုင်ပါတယ်။ နှလုံးရဲ့ တစ်စိတ်တစ်ပိုင်းက ကြီးလာပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုကနေ ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်လာနိုင်ပေမယ့် အမြန်ဆုံးကုသနိုင်ရင် လုံးဝသက်သာလာနိုင်ပါတယ်။

ရောင်ရမ်းမှု

လေးဖက်နာ အဆစ်ရောင်ရောဂါလိုမျိုး ကိုယ့်မှာရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမြင့်ပါတယ်။ ရောင်ရမ်းမှုဆိုင်ရာ ရောဂါတွေကို သေချာဂရုစိုက်ပေးပါ၊ စတီးရွိုက်ဆေးတွေကို ရှောင်ပါ။ နှလုံးရောဂါအန္တရာယ် ပိုများစေနိုင်ပါတယ်။

စိတ်ကျဝေဒနာ

စိတ်ကျခြင်းကြောင့် နှလုံးရောဂါအန္တရာယ် နှစ်ဆတိုးစေနိုင်သလို အမျိုးသမီးတွေမှာလည်း အမျိုးသားတွေထက် နှစ်ဆအန္တရာယ်ပိုများပါတယ်။ စိတ်ဓာတ်ကျနေတာကြောင့် တက်ကြွလှုပ်ရှားမှုနည်းနိုင်သလို ကိုယ့်ကျန်းမာရေးလည်း ဂရုမစိုက်နိုင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေကြောင့် နှလုံးကိုဒဏ်ပိစေနိုင်တာကို သတိထားပါ။

ဆီးချို

အမျိုးသမီးတွေမှာ ဆီးချိုဖြစ်လာရင် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သွေးတွင်းသကြားမြင့်တက်ခြင်းကြောင့် သွေးထဲက အောက်စီဂျင်ပေးပို့မှုကိုနှေးစေပြီး သွေးကြောတွေကျဉ်းလာစေနိုင်တာက အကြောင်းရင်းတစ်ခုပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ဆီးချိုအမျိုးသမီးတွေဟာ ပိုဝလေ့ရှိပြီး သွေးတိုးနဲ့ ကိုလက်စထရောလည်းများလာနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာထိန်းညှိနေထိုင်တာ အကောင်းဆုံးပါ။

ပိန်နေလည်း နှလုံးရောဂါ ဖြစ်နိုင်တယ်

ကိုယ်အလေးချိန်များနေတဲ့အမျိုးသမီး (အထူးသဖြင့် ဗိုက်အဆီရှိနေတဲ့)တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဒါပေမယ့် ပိန်ရင်တော့ မဖြစ်နိုင်ဘူးပြောလို့မရပါဘူး။ လူကမဝပေမယ့် ကိုလက်စထရောမြင့်နိုင်တယ်၊ သွေးတိုး တက်နေနိုင်တယ် ဆိုတော့ နှလုံးရောဂါအတွက် ဆက်နွှယ်နိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။

မိသားစုထဲမှာ နှလုံးရောဂါရှင်ရှိသလား

ကိုယ့်ရဲ့အမေ သို့မဟုတ် အစ်မက ၆၅ နှစ်အောက်အရွယ်မှာ နှလုံးရောဂါဖြစ်ခဲ့တယ်ဆိုရင် ဒါမှမဟုတ် အမေက လေဖြတ်ခဲ့တယ်ဆိုရင် ကိုယ်ဟာ သူများတွေထက် နှလုံးရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ကိုယ့်မှာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း ဒါမှမဟုတ် လေဖြတ်တာတွေ မဖြစ်မနေ ဖြစ်လာတော့မှာလို့ မဆိုလိုပေမယ့် မိသားစုမျိုးရိုးရှိတယ်လို့ သိထားပြီး ကာကွယ်ဖို့ အဆင့်တွေ လုပ်ဆောင်ရတော့မှာပါ။

ကိုလက်စထရော

သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုနေပြီး အဆီချေးတွေဖြစ်လာမယ်၊ အချိန်ကြာလာတာနဲ့အမျှ မာလာပြီး သွေးကြောတွေ ပိတ်ဆို့စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရော အခြေအနေကို သွေးစစ်ပြီးသိရှိနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ နည်းသွားစေဖို့ အဆီနဲ့အချိုကို လျှော့စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ဘီယာတွေ၊ ဝိုင်တွေ သိပ်မသောက်ပါနဲ့။

ကိုယ်အလေးချိန်ကိုထိန်းပါ

လတ်လတ်ဆတ်ဆတ်တွေစားပါ၊ ကယ်လိုရီနည်း အငန်နည်းပြီး အဆီနည်းတာတွေစားပါ။ နှလုံးအတွက် ဝိတ်လျှော့ပါ။ ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ကိုယ်ဝန်ဆောင်ချိန် နှလုံးကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလမှာ နှလုံးက ပိုအလုပ်လုပ်တဲ့အတွက် နှလုံးနဲ့ သွေးကြောတွေကို ဝန်ပိစေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါ ပိုပြီးဒဏ်ပိပါတယ်။ နှလုံးခုန်မမှန်၊ အဆို့ရှင်ပြဿနာရှိတတ်တဲ့ အမျိုးသမီးတွေဟာ အသက်ရှူမဝတာ၊ နှလုံးခုန်မြန်တာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်မဖြစ် သတိထားသင့်ပါတယ်။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာ တည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အမ်ိဳးသမီးထုရဲ႕ႏွလုံးက်န္းမာေရးအတြက္ သိထားသင့္တဲ့ အႏၲရာယ္အခ်က္(၁၀)ခ်က္ အမ်ိဳးသမီးထုရဲ႕ႏွလုံးက်န္းမာေရးအတြက္ သိထားသင့္တဲ့ အႏၲရာယ္အခ်က္(၁၀)ခ်က္ Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.